iMyanmarHouse.com - Best Property Website for Myanmar
×

ဘန္ေကာက္ၿမိဳ႕ရွိ ထိုင္းႏိုင္ငံ ႏိုင္ငံျခားသတင္းေထာက္မ်ားအသင္း(FCCT)တြင္ ရဲအရာရွိတစ္ဦးႏွင့္ ႏိုင္ငံျခားသတင္းေထာက္အခ်ိဳ႕ကို ယမန္ေန႔က ေတြ႕ရစဥ္ (ဓာတ္ပံု − ေအပီ)

ဘဂၤါလီမ်ားႏွင့္ အျခား လူနည္းစုဝင္မ်ားအေပၚ အစိုးရတပ္ဖြဲ႕က က်ဴးလြန္ခဲ့သည္ ဟု စြပ္စြဲထားေသာ လူ႔အခြင့္အ ေရး ခ်ိဳးေဖာက္မႈမ်ားအတြက္ ျမန္မာစစ္ဘက္ အႀကီးတန္းအရာ ရွိမ်ား တရားဥပေဒႏွင့္ ရင္ဆိုင္ သင့္၊ မသင့္ ႏိုင္ငံျခားဂ်ာနယ္လစ္ မ်ား ဦးေဆာင္ျပဳလုပ္သည့္ ေဆြး ေႏြးပြဲကို ထိုင္းရဲတပ္ဖြဲ႕က တား ဆီးပိတ္ပင္ခဲ့ေၾကာင္း ေအပီ သတင္းကေဖာ္ျပသည္။

ဘန္ေကာက္ၿမိဳ႕ရွိ ထိုင္း ႏိုင္ငံ ႏုိင္ငံျခားသတင္းေထာက္ မ်ားအသင္း၌ စက္တင္ဘာ ၁၀ ရက္ညေနတြင္ ေဆြးေႏြးရန္စီစဥ္ မႈမတိုင္မီ ထုိင္းရဲတပ္ဖြဲ႕ဝင္တစ္ဒါ ဇင္ခန္႔က လာေရာက္တားဆီးၿပီး ပါဝင္ ေဆြးေႏြးမည့္သူမ်ား မေဟာေျပာရန္ ၫႊန္ၾကားခဲ့သည္။ စီစဥ္ထားေသာ ယင္းေဆြးေႏြး ပြဲတြင္ ၿဗိတိန္အေျခစိုက္ ဘဂၤါလီအေရး တက္ႂကြလႈပ္ရွားသူအထင္ကရ ပုဂၢိဳလ္တစ္ဦး၊ထိုင္းသံတမန္ေဟာင္းတစ္ဦး၊ တရားသူႀကီးမ်ားဆိုင္ရာ ႏိုင္ငံတကာေကာ္မရွင္ ကိုယ္စားလွယ္တစ္ဦး ႏွင့္ လူ႔အခြင့္အေရး လႈပ္ရွားေရးအဖြဲ႕တစ္ဖြဲ႕တို႔ ပါဝင္သည္။

ၿပီးခဲ့သည့္လက အထူးခန္႔ အပ္ခဲ့သည့္ ကုလသမဂၢလူ႔အခြင့္ အေရး အဖြဲ႕တစ္ဖြဲ႕က ျမန္မာစစ္ ဘက္ေခါင္းေဆာင္မ်ားအား ဘဂၤါ လီမ်ားအေပၚ လူမ်ိဳးတံုးသတ္ ျဖတ္သည္ဆိုျခင္းအတြက္ ဥပေဒ အတိုင္း ႐ံုးတင္ စစ္ေဆးသင့္ ေၾကာင္း အႀကံျပဳခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း(FCCT)တွင် ရဲအရာရှိတစ်ဦးနှင့် နိုင်ငံခြားသတင်းထောက်အချို့ကို ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ − အေပီ)

ဘင်္ဂါလီများနှင့် အခြား လူနည်းစုဝင်များအပေါ် အစိုးရတပ်ဖွဲ့က ကျူးလွန်ခဲ့သည် ဟု စွပ်စွဲထားသော လူ့အခွင့်အ ရေး ချိုးဖောက်မှုများအတွက် မြန်မာစစ်ဘက် အကြီးတန်းအရာ ရှိများ တရားဥပဒေနှင့် ရင်ဆိုင် သင့်၊ မသင့် နိုင်ငံခြားဂျာနယ်လစ် များ ဦးဆောင်ပြုလုပ်သည့် ဆွေး နွေးပွဲကို ထိုင်းရဲတပ်ဖွဲ့က တား ဆီးပိတ်ပင်ခဲ့ကြောင်း အေပီ သတင်းကဖော်ပြသည်။

ဘန်ကောက်မြို့ရှိ ထိုင်း နိုင်ငံ နိုင်ငံခြားသတင်းထောက် များအသင်း၌ စက်တင်ဘာ ၁၀ ရက်ညနေတွင် ဆွေးနွေးရန်စီစဉ် မှုမတိုင်မီ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဒါ ဇင်ခန့်က လာရောက်တားဆီးပြီး ပါဝင် ဆွေးနွေးမည့်သူများ မဟောပြောရန် ညွှန်ကြားခဲ့သည်။ စီစဉ်ထားသော ယင်းဆွေးနွေး ပွဲတွင် ဗြိတိန်အခြေစိုက် ဘင်္ဂါလီအရေး တက်ကြွလှုပ်ရှားသူအထင်ကရ ပုဂ္ဂိုလ်တစ်ဦး၊ထိုင်းသံတမန်ဟောင်းတစ်ဦး၊ တရားသူကြီးများဆိုင်ရာ နိုင်ငံတကာကော်မရှင် ကိုယ်စားလှယ်တစ်ဦး နှင့် လူ့အခွင့်အရေး လှုပ်ရှားရေးအဖွဲ့တစ်ဖွဲ့တို့ ပါဝင်သည်။

ပြီးခဲ့သည့်လက အထူးခန့် အပ်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့် အရေး အဖွဲ့တစ်ဖွဲ့က မြန်မာစစ် ဘက်ခေါင်းဆောင်များအား ဘင်္ဂါ လီများအပေါ် လူမျိုးတုံးသတ် ဖြတ်သည်ဆိုခြင်းအတွက် ဥပဒေ အတိုင်း ရုံးတင် စစ်ဆေးသင့် ကြောင်း အကြံပြုခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top