ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ၿပံဳယမ္းၿမိဳ႕ေတာ္သို႔ အလည္အပတ္ ခရီး ေရာက္ရွိလာသည့္ ေတာင္ကိုရီးယား သမၼတ မြန္းေဂ်အင္းကို ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္မ္ဂ်ံဳအန္းက ရင္းႏွွီးစြာ ႀကိဳဆိုခဲ့သည္။

ကိုရီးယား ႏွစ္ႏုိင္ငံ ေခါင္းေဆာင္မ်ားသည္ အျပန္အလွန္ သင့္ျမတ္ အဆင္ေျပေရးႏွင့္ ကိုရီးယားကၽြန္းဆြယ္ ႏ်ဴကလီးယားလက္နက္ ကင္းစင္ေရး ကိစၥမ်ားကို ၿပံဳယမ္းတြင္ ေဆြးေႏြးသြားဖြယ္ ရွိေနသည္။ သို႔ေသာ္ အေသးစိတ္ အခ်က္အလက္မ်ားကို မထုတ္ျပန္ခဲ့ေခ်။

မြန္းႏွင့္ ကင္မ္တို႔သည္ သမိုင္းတေလွ်ာက္ ပထမဆံုးအႀကိမ္ လူခ်င္းေတြ႕ဆံုသည့္ ေတာင္ႏွင့္ေျမာက္ ကိုရီးယား အာဏာရ ေခါင္းေဆာင္မ်ား အေနျဖင့္ မွတ္တမ္းဝင္ခဲ့ၾကသည္။ ၎တို႔ ယခုတစ္ႀကိမ္ ေတြ႕ဆံုမႈမွာ တတိယေျမာက္ ျဖစ္သည္။

ပထမဆံုးအႀကိမ္ ေတြ႕ဆံုစဉ္က ၿပံဳယမ္းသို႔ လာေရာက္ လည္ပတ္ရန္ ကင္မ္၏ ဖိတ္ၾကားမႈကို လက္ခံခဲ့သည့္ ကတိအတိုင္း မြန္းက စက္တင္ဘာ ၁၈ ရက္တြင္ သြားေရာက္ခဲ့ျခင္း ျဖစ္သည္။ မြန္းႏွင့္ ဇနီးျဖစ္သူ ကင္မ္ဂၽြန္ဆြတ္ခ္တို႔ကို ၿပံဳယမ္းေလဆိပ္တြင္ ကင္မ္ႏွင့္ ဇနီးျဖစ္သူ ရီဆိုလ္ဂ်ဴတို႔ကိုယ္တိုင္ သြားေရာက္ ႀကိဳဆိုခဲ့သည္။

မြန္းသည္ ၿပံဳယမ္းတြင္ သံုးရက္ၾကာ ေနထိုင္ရန္ စီစဉ္ထားသည္။ ေတာင္ႏွင့္ေျမာက္ ကိုရီးယား ႏွစ္ႏုိင္ငံသည္ ကၽြန္းဆြယ္စစ္ပြဲအၿပီး ၁၉၅၃ ခုႏွစ္ကတည္းက အပစ္အခတ္ ရပ္စဲထားေသာ္လည္း ၿငိမ္းခ်မ္းေရး စာခ်ဳပ္ထားျခင္း မရွိသည့္အတြက္ လက္ရွိ အခ်ိန္ထိ စစ္ျဖစ္ေနဆဲဟု ယူဆႏုိင္သည္။

ကင္မ္ႏွင့္ မြန္းတို႔သည္ ဧၿပီလက ႏွစ္ႏုိင္ငံ နယ္စပ္အနီးတြင္ ပထမဆံုးအႀကိမ္ ေတြ႕ဆံုခဲ့ၾကသည္။ မြန္းသည္ အေမရိကန္ သမၼတ ေဒၚနယ္လ္ထရမ့္ႏွင့္ ကင္မ္တို႔ၾကား ေစ့စပ္ ညႇိႏိႈင္းမႈမ်ား အတြက္လည္း အေရးပါသည့္ ၾကားခံ ပုဂၢိဳလ္အေနျဖင့္ ပါဝင္ကူညီေပးခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ပြုံယမ်းမြို့တော်သို့ အလည်အပတ် ခရီး ရောက်ရှိလာသည့် တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ရင်းနှီးစွာ ကြိုဆိုခဲ့သည်။

ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များသည် အပြန်အလှန် သင့်မြတ် အဆင်ပြေရေးနှင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ကင်းစင်ရေး ကိစ္စများကို ပြုံယမ်းတွင် ဆွေးနွေးသွားဖွယ် ရှိနေသည်။ သို့သော် အသေးစိတ် အချက်အလက်များကို မထုတ်ပြန်ခဲ့ချေ။

မွန်းနှင့် ကင်မ်တို့သည် သမိုင်းတလျှောက် ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံသည့် တောင်နှင့်မြောက် ကိုရီးယား အာဏာရ ခေါင်းဆောင်များ အနေဖြင့် မှတ်တမ်းဝင်ခဲ့ကြသည်။ ၎င်းတို့ ယခုတစ်ကြိမ် တွေ့ဆုံမှုမှာ တတိယမြောက် ဖြစ်သည်။

ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က ပြုံယမ်းသို့ လာရောက် လည်ပတ်ရန် ကင်မ်၏ ဖိတ်ကြားမှုကို လက်ခံခဲ့သည့် ကတိအတိုင်း မွန်းက စက်တင်ဘာ ၁၈ ရက်တွင် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ မွန်းနှင့် ဇနီးဖြစ်သူ ကင်မ်ဂျွန်ဆွတ်ခ်တို့ကို ပြုံယမ်းလေဆိပ်တွင် ကင်မ်နှင့် ဇနီးဖြစ်သူ ရီဆိုလ်ဂျူတို့ကိုယ်တိုင် သွားရောက် ကြိုဆိုခဲ့သည်။

မွန်းသည် ပြုံယမ်းတွင် သုံးရက်ကြာ နေထိုင်ရန် စီစဉ်ထားသည်။ တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံသည် ကျွန်းဆွယ်စစ်ပွဲအပြီး ၁၉၅၃ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲထားသော်လည်း ငြိမ်းချမ်းရေး စာချုပ်ထားခြင်း မရှိသည့်အတွက် လက်ရှိ အချိန်ထိ စစ်ဖြစ်နေဆဲဟု ယူဆနိုင်သည်။

ကင်မ်နှင့် မွန်းတို့သည် ဧပြီလက နှစ်နိုင်ငံ နယ်စပ်အနီးတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။ မွန်းသည် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် ကင်မ်တို့ကြား စေ့စပ် ညှိနှိုင်းမှုများ အတွက်လည်း အရေးပါသည့် ကြားခံ ပုဂ္ဂိုလ်အနေဖြင့် ပါဝင်ကူညီပေးခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top