×

အဂၤလန္ႏိုင္ငံ မန္ခ်က္စတာျမိဳ႕က Andrew Wardle ဆိုတဲ့ အမ်ိဳးသားဟာ ေမြးကတည္က အမ်ိဳးသား အဂၤါမပါခဲ့ပါဘူး။ ဒီလိုမ်ိဳးက လူ သန္း(၂၀) ေလာက္မွာ (၁) ေယာက္ေလာက္က ျဖစ္ေလ့ရွိတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အသက္ (၃၀) ႏွစ္ေနာက္ပိုင္းအေရာက္မွာေတာ့ ေဆးပညာတိုးတက္မႈေၾကာင့္ သူအေနနဲ႔ လိင္တံအစားထိုးလို႔ရတယ္ဆိုတာကို သိသြားခဲ့ျပီး ေမွ်ာ္လင့္ခ်က္ေတြရွင္သန္ခဲ့ရတယ္။

ဒီလိုနဲ႔ တစ္ေလွ်ာက္လံုး ကိုယ့္ဘ၀ကိုယ္ မေက်နပ္ႏိုင္ခဲ့တဲ့ Andrew ဟာ ေပါင္ (၅၀,၀၀၀) ေက်ာ္ကုန္က်မယ့္ အစားထိုးတပ္ဆင္မႈကို ေဆာင္ရြက္ဖို႔ ဆံုးျဖတ္ခဲ့ပါေတာ့တယ္။ သူဟာ ဒီခြဲစိတ္မႈကို ျပီးခဲ့ ဇြန္လက လန္ဒန္ျမိဳ႕က University College Hospital မွာ စတင္ခဲ့တယ္။ သူရဲ႕ လက္က အေရျပားနဲ႔ ေျခေထာက္က အေၾကာေတြကို အသံုးျပဳျပီး အဂၤါအတုကို ဖန္တီးတပ္ဆင္ခဲ့ကာ (၁၀) နာရီေလာက္ ခြဲခန္းထဲ ၀င္ခဲ့ရတယ္လို႔ သိရပါတယ္။

ခြဲစိတ္ျပီးေတာ့လည္း မခ်ိတင္ကဲ ေထာင္မတ္မႈနဲ႔ (၁၀) ရက္ ေနခဲ့ရျပီး လိင္ဆက္ဆံဖို႔ အတြက္ အနည္းဆံုး ေျခာက္ပတ္ေလာက္ ေစာင့္ခဲ့ရပါတယ္။ ေနာက္ဆံုးမွာေတာ့ သူရဲ႕ လူပ်ိဳဘ၀ကို အသက္ (၂၈) ႏွစ္အရြယ္ ခ်စ္သူ Fedra ဆီမွာ ပံုအပ္ႏိုင္ခဲ့တယ္။ သိပ္ ထူးျခားတဲ့ အေတြ႔အၾကံဳလို႔ Andrew ကေတာ့ ေျပာပါတယ္။

ငယ္ငယ္က ဒီလို ဆီးအိပ္ ခ်ိဳ႕ယြင္းတဲ့ အေျခအေနနဲ႔ ေမြးဖြားခဲ့တာေၾကာင့္ မၾကာခဏ အျပင္းဖ်ားသလို ဆရာ၀န္ေတာ္ေတာ္မ်ားမ်ားကလည္း သူအေနနဲ႔ အသက္မရွည္ႏိုင္ဘူးလုိ႔ ေတြးခဲ့ၾကဖူးတယ္လို႔ သိရပါတယ္။ ဒါေၾကာင္ ခႏၶာကိုယ္ထဲ ဆီးအိမ္ အစားထိုးဖို႔အတြက္ ့ ေဟာင္ေကာင္က သမားေတာ္ေတြနဲ႔ ခ်ိတ္ဆက္ခဲ့ရပါတယ္။ ဒါေပမယ့္ ဒီလို အစားထိုးမႈနဲ႔ ေက်ာက္ကပ္အတြက္ ခြဲစိပ္မႈ အၾကိမ္ (၁၀၀) နဲ႔မနည္း လုပ္ေဆာင္ခဲ့ရတယ္။

Andrew ဟာ ငယ္ငယ္ကတည္းက စြန္႔ပစ္ခံရတဲ့ သူပါ။ Wardle မိသားစုက ေမြးစားတာခံရျပီး ေမြးစားအကို Calum ဆိုသူ ခႏၶာကိုယ္ခ်င္း အျမဲ ႏႈိင္းယွဥ္ခဲ့သူပါ။ သူ႔အစ္ကိုလို ျဖစ္ခ်င္လို႔ ညတိုင္းဆုေတာင္းခဲ့ရတယ္လို႔လည္း သူကေျပာျပပါတယ္။

ေက်ာင္းမွာဆိုလည္း သူ႔ဘ၀အေျခအေနကို လူသိမွာစိုးလို႔ အ၀တ္လဲခန္းထဲမွာဆိုလည္း ဖံုးဖံုးဖိဖိေနခဲ့ရတယ္။ ေနာက္ေတာ့ သူရဲ႕ အေျခအေနကို သိသြားတဲ့သူေတြက ပ်က္ရယ္ျပဳေတာ့လည္း ခံရျပန္တယ္။ အသက္ (၁၂) ႏွစ္မွာ ေသေၾကာင္းၾကံဖို႔ စီစဥ္ခဲ့ဖူးျပီး ေနာက္ထပ္ (၂) ႏွစ္အၾကာမွာ ေဆးစြဲခဲ့တယ္။

အသက္ (၂၀) ပတ္ခ်ာလည္မွာ သူအေနနဲ႔ စိတ္ခံစားမႈ ေ၀ဒနာေတြကို ေဆးမ်ိဳးသံုးျပီး ေျဖေဖ်ာက္ခဲ့တယ္။ သူ သေဘာက်တဲ့ မိန္းမေတြနဲ႔လည္း အတူမေနခဲ့ရသလို သူဒီလိုျဖစ္ေနတာေၾကာင့္နဲ႔ မ်က္ႏွာကို ဆြဲထိုးသြားတဲ့ ရည္းစားေတာင္ ရွိခဲ့တဲ့အထိပါပဲ။

အခု (၄၅) ႏွစ္အေရာက္မွာေတာ့ ပထမဆံုးေသာ ဘ၀ရဲ႕ အေတြ႔အၾကံဳကို ခ်စ္သူနဲ႔ အျပည့္အ၀ခံစားႏိုင္ျပီ ျဖစ္ျပီး သူအေနနဲ႔လည္း ေက်နပ္မႈေတြ အျပည့္အ၀ရရွိေနတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Sun

#Unicode Version#
အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့က Andrew Wardle ဆိုတဲ့ အမျိုးသားဟာ မွေးကတည်က အမျိုးသား အင်္ဂါမပါခဲ့ပါဘူး။ ဒီလိုမျိုးက လူ သန်း(၂၀) လောက်မှာ (၁) ယောက်လောက်က ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အသက် (၃၀) နှစ်နောက်ပိုင်းအရောက်မှာတော့ ဆေးပညာတိုးတက်မှုကြောင့် သူအနေနဲ့ လိင်တံအစားထိုးလို့ရတယ်ဆိုတာကို သိသွားခဲ့ပြီး မျှော်လင့်ချက်တွေရှင်သန်ခဲ့ရတယ်။

ဒီလိုနဲ့ တစ်လျှောက်လုံး ကိုယ့်ဘဝကိုယ် မကျေနပ်နိုင်ခဲ့တဲ့ Andrew ဟာ ပေါင် (၅၀,၀၀၀) ကျော်ကုန်ကျမယ့် အစားထိုးတပ်ဆင်မှုကို ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ သူဟာ ဒီခွဲစိတ်မှုကို ပြီးခဲ့ ဇွန်လက လန်ဒန်မြို့က University College Hospital မှာ စတင်ခဲ့တယ်။ သူရဲ့ လက်က အရေပြားနဲ့ ခြေထောက်က အကြောတွေကို အသုံးပြုပြီး အင်္ဂါအတုကို ဖန်တီးတပ်ဆင်ခဲ့ကာ (၁၀) နာရီလောက် ခွဲခန်းထဲ ဝင်ခဲ့ရတယ်လို့ သိရပါတယ်။

ခွဲစိတ်ပြီးတော့လည်း မချိတင်ကဲ ထောင်မတ်မှုနဲ့ (၁၀) ရက် နေခဲ့ရပြီး လိင်ဆက်ဆံဖို့ အတွက် အနည်းဆုံး ခြောက်ပတ်လောက် စောင့်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ သူရဲ့ လူပျိုဘဝကို အသက် (၂၈) နှစ်အရွယ် ချစ်သူ Fedra ဆီမှာ ပုံအပ်နိုင်ခဲ့တယ်။ သိပ် ထူးခြားတဲ့ အတွေ့အကြုံလို့ Andrew ကတော့ ပြောပါတယ်။

ငယ်ငယ်က ဒီလို ဆီးအိပ် ချို့ယွင်းတဲ့ အခြေအနေနဲ့ မွေးဖွားခဲ့တာကြောင့် မကြာခဏ အပြင်းဖျားသလို ဆရာဝန်တော်တော်များများကလည်း သူအနေနဲ့ အသက်မရှည်နိုင်ဘူးလို့ တွေးခဲ့ကြဖူးတယ်လို့ သိရပါတယ်။ ဒါကြောင် ခန္ဓာကိုယ်ထဲ ဆီးအိမ် အစားထိုးဖို့အတွက့် ဟောင်ကောင်က သမားတော်တွေနဲ့ ချိတ်ဆက်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီလို အစားထိုးမှုနဲ့ ကျောက်ကပ်အတွက် ခွဲစိပ်မှု အကြိမ် (၁၀၀) နဲ့မနည်း လုပ်ဆောင်ခဲ့ရတယ်။

Andrew ဟာ ငယ်ငယ်ကတည်းက စွန့်ပစ်ခံရတဲ့ သူပါ။ Wardle မိသားစုက မွေးစားတာခံရပြီး မွေးစားအကို Calum ဆိုသူ ခန္ဓာကိုယ်ချင်း အမြဲ နှိုင်းယှဉ်ခဲ့သူပါ။ သူ့အစ်ကိုလို ဖြစ်ချင်လို့ ညတိုင်းဆုတောင်းခဲ့ရတယ်လို့လည်း သူကပြောပြပါတယ်။

ကျောင်းမှာဆိုလည်း သူ့ဘဝအခြေအနေကို လူသိမှာစိုးလို့ အဝတ်လဲခန်းထဲမှာဆိုလည်း ဖုံးဖုံးဖိဖိနေခဲ့ရတယ်။ နောက်တော့ သူရဲ့ အခြေအနေကို သိသွားတဲ့သူတွေက ပျက်ရယ်ပြုတော့လည်း ခံရပြန်တယ်။ အသက် (၁၂) နှစ်မှာ သေကြောင်းကြံဖို့ စီစဉ်ခဲ့ဖူးပြီး နောက်ထပ် (၂) နှစ်အကြာမှာ ဆေးစွဲခဲ့တယ်။

အသက် (၂၀) ပတ်ချာလည်မှာ သူအနေနဲ့ စိတ်ခံစားမှု ဝေဒနာတွေကို ဆေးမျိုးသုံးပြီး ဖြေဖျောက်ခဲ့တယ်။ သူ သဘောကျတဲ့ မိန်းမတွေနဲ့လည်း အတူမနေခဲ့ရသလို သူဒီလိုဖြစ်နေတာကြောင့်နဲ့ မျက်နှာကို ဆွဲထိုးသွားတဲ့ ရည်းစားတောင် ရှိခဲ့တဲ့အထိပါပဲ။

အခု (၄၅) နှစ်အရောက်မှာတော့ ပထမဆုံးသော ဘဝရဲ့ အတွေ့အကြုံကို ချစ်သူနဲ့ အပြည့်အဝခံစားနိုင်ပြီ ဖြစ်ပြီး သူအနေနဲ့လည်း ကျေနပ်မှုတွေ အပြည့်အဝရရှိနေတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: The Sun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top