(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

လက္ရွိအခ်ိန္မွာ အသက္(၄၃)ႏွစ္ကို ေရာက္ေနၿပီျဖစ္တဲ့ Sun Gongguang အမည္ရတဲ့ အမ်ိဳးသားဟာ သူ႔အသက္ (၅)ႏွစ္အ႐ြယ္ကတည္းက ျပန္ေပးဆြဲျခင္း ခံခဲ့ရပါတယ္။ သူဟာ ႏွစ္ေပါင္း (၄၀)နီးပါးအၾကာမွာ တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း Zhong မွာေနထိုင္တဲ့ မိဘေဆြမ်ိဳးေတြဆီကို ျပန္လည္ေရာက္လာခဲ့တာပါ။

ပရဟိတအဖြဲ႕တစ္ခုရဲ႕ စြမ္းေဆာင္မႈေၾကာင့္ Sun ရဲ႕ DNA ဟာ ေပ်ာက္ဆုံးေနသူတစ္ဦးရဲ႕ DNA နဲ႔ ထပ္တူက်ေနခဲ့ပါတယ္။ ဒါေၾကာင့္ ထပ္မံတိုက္ဆိုင္စစ္ေဆးမႈေတြျပဳလုပ္တဲ့အခါမွာ Sun ဟာ ကာယကံရွင္မိသားစုရဲ႕ လြန္ခဲ့တဲ့(၃၈)ႏွစ္ေလာက္က ျပန္ေပးဆြဲခံခဲ့ရတဲ့သားျဖစ္တယ္ဆိုတာ သက္ေသျပႏိုင္ခဲ့ပါတယ္။

မိသားစုဝင္နဲ႔ ေဆြမ်ိဳးသားခ်င္းေတြဟာ စက္တင္ဘာလ(၉)ရက္ေန႔မွာ ရပ္ေဆြရပ္မ်ိဳးေတြရဲ႕ ေရွ႕ေမွာက္မွာ ျပန္လည္ေတြ႕ဆုံႏိုင္ခဲ့ၾကပါတယ္။ သတင္းမွာေတာ့ ဒီလိုေတြ႕ဆုံခြင့္ရဖို႔ ႏွစ္ေပါင္း (၃၈)ႏွစ္ေက်ာ္ ေစာင့္ဆိုင္းခဲ့ရတယ္လို႔ ေျပာပါတယ္။ Sun ဟာ (၁၉၈၀)ခုႏွစ္က Xuchang Railway Station ဘူတာမွာ ျပန္ေပးဆြဲခံခဲ့ရတာပါ။





































ေနာက္ပိုင္းမွာ Sun ကို မိဘမဲ့ေဂဟာဆီ ပို႔ခံခဲ့ရၿပီး၊ ဟီနန္စီရင္စု၊ ဆူအီမွာေနထိုင္တဲ့ သားသမီးမရွိတဲ့မိသားစုထံကို ေရာင္းစားခံခဲ့ရပါတယ္။ Sun ဟာ ေမြးစားမိဘေတြဟာ သူရဲ႕မိဘအရင္းမဟုတ္ဘူးဆိုတာကို သိလိုက္ရတဲ့အခါမွာေတာ့ (၂၀၁၆)ခုႏွစ္မွာ သူရဲ႕ DNA ကို ေပ်ာက္ဆုံးသူမ်ားျပန္လည္ဆုံးစည္းႏိုင္ေရး NGO အဖြဲ႕တစ္ခုကို ေပးပို႔ခဲ့ပါတယ္။

သူရဲ႕ DNA ဟာ Deng Xianyu ရဲ႕ DNA နဲ႔ ဆင္တူေနတဲ့အတြက္ ေနာက္ပိုင္း စစ္ေဆးမႈေတြ ဆက္လက္ျပဳလုပ္တဲ့အခါမွာေတာ့ Deng ဟာ Sun ရဲ႕မိခင္ျဖစ္ေနတာကို သက္ေသျပႏိုင္ခဲ့ပါတယ္။ ဒီလိုနဲ႔ Sun ဟာ မိဘေတြ ညီအစ္ကိုေမာင္ႏွမေတြနဲ႔ ျပန္လည္ဆုံစည္းႏိုင္ခဲ့ၾကၿပီး သူတို႔ရဲ႕ဆုံစည္းမႈမွာ အားလုံးအား ဝမ္းသာမ်က္ရည္ေတြနဲ႔ အုတ္ေအာ္ေသာင္းတင္း ျဖစ္ခဲ့ၾကတယ္လို႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:လင္းသုတ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
လက်ရှိအချိန်မှာ အသက်(၄၃)နှစ်ကို ရောက်နေပြီဖြစ်တဲ့ Sun Gongguang အမည်ရတဲ့ အမျိုးသားဟာ သူ့အသက် (၅)နှစ်အရွယ်ကတည်းက ပြန်ပေးဆွဲခြင်း ခံခဲ့ရပါတယ်။ သူဟာ နှစ်ပေါင်း (၄၀)နီးပါးအကြာမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Zhong မှာနေထိုင်တဲ့ မိဘဆွေမျိုးတွေဆီကို ပြန်လည်ရောက်လာခဲ့တာပါ။

ပရဟိတအဖွဲ့တစ်ခုရဲ့ စွမ်းဆောင်မှုကြောင့် Sun ရဲ့ DNA ဟာ ပျောက်ဆုံးနေသူတစ်ဦးရဲ့ DNA နဲ့ ထပ်တူကျနေခဲ့ပါတယ်။ ဒါကြောင့် ထပ်မံတိုက်ဆိုင်စစ်ဆေးမှုတွေပြုလုပ်တဲ့အခါမှာ Sun ဟာ ကာယကံရှင်မိသားစုရဲ့ လွန်ခဲ့တဲ့(၃၈)နှစ်လောက်က ပြန်ပေးဆွဲခံခဲ့ရတဲ့သားဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။

မိသားစုဝင်နဲ့ ဆွေမျိုးသားချင်းတွေဟာ စက်တင်ဘာလ(၉)ရက်နေ့မှာ ရပ်ဆွေရပ်မျိုးတွေရဲ့ ရှေ့မှောက်မှာ ပြန်လည်တွေ့ဆုံနိုင်ခဲ့ကြပါတယ်။ သတင်းမှာတော့ ဒီလိုတွေ့ဆုံခွင့်ရဖို့ နှစ်ပေါင်း (၃၈)နှစ်ကျော် စောင့်ဆိုင်းခဲ့ရတယ်လို့ ပြောပါတယ်။ Sun ဟာ (၁၉၈၀)ခုနှစ်က Xuchang Railway Station ဘူတာမှာ ပြန်ပေးဆွဲခံခဲ့ရတာပါ။

နောက်ပိုင်းမှာ Sun ကို မိဘမဲ့ဂေဟာဆီ ပို့ခံခဲ့ရပြီး၊ ဟီနန်စီရင်စု၊ ဆူအီမှာနေထိုင်တဲ့ သားသမီးမရှိတဲ့မိသားစုထံကို ရောင်းစားခံခဲ့ရပါတယ်။ Sun ဟာ မွေးစားမိဘတွေဟာ သူရဲ့မိဘအရင်းမဟုတ်ဘူးဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ (၂၀၁၆)ခုနှစ်မှာ သူရဲ့ DNA ကို ပျောက်ဆုံးသူများပြန်လည်ဆုံးစည်းနိုင်ရေး NGO အဖွဲ့တစ်ခုကို ပေးပို့ခဲ့ပါတယ်။

သူရဲ့ DNA ဟာ Deng Xianyu ရဲ့ DNA နဲ့ ဆင်တူနေတဲ့အတွက် နောက်ပိုင်း စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်တဲ့အခါမှာတော့ Deng ဟာ Sun ရဲ့မိခင်ဖြစ်နေတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ Sun ဟာ မိဘတွေ ညီအစ်ကိုမောင်နှမတွေနဲ့ ပြန်လည်ဆုံစည်းနိုင်ခဲ့ကြပြီး သူတို့ရဲ့ဆုံစည်းမှုမှာ အားလုံးအား ဝမ်းသာမျက်ရည်တွေနဲ့ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:လင်းသုတ (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top