




Credit:bahuthuta.
# Unicode Version ဖြင့် ဖတ်ပါ
ခင်လေးနွယ် ဓာတ်ပုံရိုက်နေတာကို စပြီး လိုက်နှောက်ယှက်နေတဲ့ ချစ်သက်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သူငယ်ချင်းတွေနဲ့ အလည်ရောက်နေတဲ့ ချသ်သက်တို့ သူငယ်ချင်းတစ်စုကတော့ တစ်နေ့တစ်နေ့ လျှောက်လည်ရင်း ပျော်နေကြပါတယ်..။
ခရီးသွားပုံရိပ်လေးတွေကို သူမတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို အမြဲပြန်လည်မျှဝေလေ့ရှိသလို ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းတွေ လျှောက်လည်ရင်း ခင်င်လေး ဓာတ်ဖမ်းနေတာကို ချစ်သက်တစ်ယောက် လိုက်နှောက်ယှက်နေပါတယ်တဲ့.. ။
ခင်လေးကဓာတ်ဖမ်းနေတာကို ချစ်သက်လိုက်နှောက်ယှက်နေတဲ့ ပုံလေးတွေကိုတော့ “ပြေးပြေးလွှားလွှား ဓါတ်ပုံရိုက်လိုက်အုံးမယ်ဆိုကာမှ နောက်ယှက်တဲ့သူကရှိနေတော့ ဘယ်လိုလုပ်ရပါ့..” ဆိုပြီး ခင်လေးက ချစ်စဖွယ်လေးရေးသားပြောပြပြီး ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပါ..။
ခင်လေးကို လိုက်စပြီး လိုက်နှောက်ယှက်နေတဲ့ ချစ်သက်တို့သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို ချစ်စရာလေးတွေမို့ ပရိသတ်တွေကို သဘောကျစေတာ တွေ့ရပါတယ်..။
အသက်တွေ ဘယ်လောက်ကြီးကြီး အနုပညာလောကမှာ ဘယ်လောက်ပဲ အောင်မြင်နေ အောင်မြင်နေ သူငယ်ချင်းတွေနဲ့တွေ့ဆုံရင် ချစ်သက်တို့ သူငယ်ချင်းတစ်စုကတော့ တကယ့်ကို ကလေးလေးတွေလိုပါပဲနော်..။
ပရိသတ်တွေရဲ့ အချစ်တော်လေးတွေကတော့ ဘန်ကောက်မှာ လျှောက်လည်ရင်း ပျော်နေတာမို့ ချစ်ဏတဲ့ fan လေးတွေလည်း အပျော်လေးတွေ ကူးစက်စေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.. ။
ဖိုးသူတော် (www.phothutaw.com)
Credit:bahuthuta.