ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေတာင္က်ေရေၾကာင့္ ေျမၿပိဳမႈျဖစ္ပြားခဲ့သည့္ မယ္လအူးဒုကၡသည္စခန္းတစ္ေနရာကို ေတြ႕ရစဥ္ (ဓာတ္ပံု − ေစာမိုးဇက္)

ထုိင္း-ျမန္မာနယ္စပ္ရွိ မယ္လအူးဒုကၡသည္စခန္းတြင္ စက္တင္ဘာ ၁၆ ရက္က ေတာင္ က်ေခ်ာင္းေရစီး၍ ေျမၿပိဳမႈ ေၾကာင့္ ေပ်ာက္ဆံုးေနသူမ်ားကို တစ္ပတ္ၾကာသည္အထိ ရွာမေတြ႕ေသးေၾကာင္း ကရင္ဒုကၡသည္မ်ားေကာ္မတီ (KRC) တာ၀န္ရွိသူက ေျပာသည္။

‘‘ေပ်ာက္ေနတဲ့သူေတြကို ေသဆံုးၿပီလို႔ေတာ့ သတ္မွတ္ထား ၾကပါတယ္။ ေပ်ာက္ဆံုးသူ ခုနစ္ ဦးမွာ ကေလးေလးရဲ႕ အေလာင္း ကိုေတာ့ ေခ်ာင္းေအာက္ပိုင္းမွာ ျပန္ရွာေတြ႕တယ္။ က်န္တဲ့သူေတြ ရွာမေတြ႕ေသးဘူး။ ရွာေဖြေရး လုပ္ငန္းစဥ္ကေတာ့ ထုိင္းအစိုးရ နဲ႔ ဒီလူမႈအဖြဲ႕အစည္းေတြ ပူးေပါင္းၿပီး ဆက္လုပ္ေနတယ္’’ဟု KRC အတြင္းေရးမွဴး ဦးဘြယ္ေစးက ယမန္ေန႔က ေျပာသည္။

မယ္ေဟာင္ေဆာင္ခ႐ိုင္ မဲ့ စရီးယန္းၿမိဳ႕နယ္ရွိ မယ္လအူး ဒုကၡသည္စခန္းအမွတ္ (၁) ရပ္ ကြက္တြင္ ေတာင္က်ေခ်ာင္းေရစီးဆင္းမႈေၾကာင့္ ေျမၿပိဳမႈျဖစ္ပြား သျဖင့္ ကေလးငယ္တစ္ဦးေသ ဆံုးၿပီး ခုနစ္ဦးေပ်ာက္ဆံုးခဲ့သည္။ ထို႔ေနာက္ ေပ်ာက္ဆံုးေနသူမ်ား အနက္ ကေလးတစ္ဦးအေလာင္း ကို ထပ္မံေတြ႕ရွိခဲ့ၿပီး ေျခာက္ဦး သည္ ေပ်ာက္ဆံုးေနဆဲ ျဖစ္သည္။ ထို႔အျပင္ ဒုကၡသည္ ၁၁ ဦးဒဏ္ရာရရွိခဲ့သည္။

လက္ရွိတြင္ ေနအိမ္ပ်က္စီး သူမ်ားအတြက္ စခန္းတာ၀န္ရွိသူ မ်ားက ကနဦးေနရာခ်ထားေရး အစီအစဥ္မ်ားေဆာင္ရြက္ေပး ထားေၾကာင္း မယ္လအူးဒုကၡ သည္စခန္းတာ၀န္ရွိသူတစ္ဦးက ေျပာသည္။ စခန္းတြင္ ျပန္လည္ ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရန္ ထုိင္းအစိုးရ၊ ေဒသတြင္းလူမႈအဖြဲ႕အစည္းမ်ားႏွင့္ နယ္စပ္ေဒသကူညီ ေပးေရးၫြန္႔ေပါင္းအဖြဲ႕ (TBC) တို႔ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္း ဦးဘြယ္ေစးက ေျပာသည္။

‘‘ထိုင္းအစိုးရက သူတို႔က ဒီစခန္းကို စီမံခန္႔ခြဲအုပ္ခ်ဳပ္တဲ့ အခါက်ေတာ့ ကူညီတဲ့ အဖြဲ႕အ စည္းအားလံုး၊ NGO အဖြဲ႕အစည္း အားလံုးက သူတို႔စီမံခန္႔ခြဲတဲ့ ေအာက္မွာ ရွိတဲ့အတြက္ အဲဒီလို ကိစၥမ်ဳိးျဖစ္ၿပီဆိုရင္ အဲဒီအဖြဲ႕အ စည္းေတြကို အကုန္လံုးေခၚ တယ္။ ဘယ္သူကေနၿပီးေတာ့ ၀ိုင္း၀န္းကူညီဖို႔အတြက္ေပါ့ေနာ္။ ဒုကၡေရာက္ေနတဲ့သူေတြ လိုအပ္ ေနတဲ့အရာေတြကို သူတို႔ တာ၀န္ခြဲလုပ္ေနပါတယ္’’ဟု ဦးဘြယ္ေစး က ေျပာသည္။ ေဒသတြင္းရွိ ဘာသာေရးအဖြဲ႕အစည္းမ်ားက လည္း ကူညီေဆာင္ရြက္မႈမ်ားရွိေၾကာင္း ၎က ေျပာသည္။

မယ္လအူးဒုကၡသည္စခန္း တြင္  လူတစ္ေသာင္းခန္႔ေနထုိင္ကာ အမ်ားစုသည္ ကရင္လူမ်ဳိး မ်ားျဖစ္ေၾကာင္း KRC အတြင္းေရး မွဴးက ေျပာသည္။ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ မ်ားၾကား တိုက္ပြဲမ်ားေၾကာင့္ ၁၉၈၈ မတိုင္မီက ထိုင္း-ျမန္မာ နယ္စပ္ရွိ ဒုကၡသည္စခန္းမ်ားတြင္ လူေသာင္းႏွင့္ခ်ီ၍ ခိုလႈံေနရသည္။မယ္လအူးဒုကၡသည္စခန္းႏွင့္ ထိုင္း-ျမန္မာနယ္စပ္တြင္ရွိေသာ အျခားစခန္းရွစ္ခု၌ လူတစ္သိန္းခန္႔ရွိၿပီး ႏိုင္ငံတကာ အလွဴရွင္အဖြဲ႕အစည္းမ်ား၏ ေထာက္ပံ့မႈအေပၚမူတည္၍ TBC က စားနပ္ရိကၡာႏွင့္  အမိုးအကာမ်ားစီစဥ္ေထာက္ပံ့ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
တောင်ကျရေကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သည့် မယ်လအူးဒုက္ခသည်စခန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ − စောမိုးဇက်)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လအူးဒုက္ခသည်စခန်းတွင် စက်တင်ဘာ ၁၆ ရက်က တောင် ကျချောင်းရေစီး၍ မြေပြိုမှု ကြောင့် ပျောက်ဆုံးနေသူများကို တစ်ပတ်ကြာသည်အထိ ရှာမတွေ့သေးကြောင်း ကရင်ဒုက္ခသည်များကော်မတီ (KRC) တာဝန်ရှိသူက ပြောသည်။

‘‘ပျောက်နေတဲ့သူတွေကို သေဆုံးပြီလို့တော့ သတ်မှတ်ထား ကြပါတယ်။ ပျောက်ဆုံးသူ ခုနစ် ဦးမှာ ကလေးလေးရဲ့ အလောင်း ကိုတော့ ချောင်းအောက်ပိုင်းမှာ ပြန်ရှာတွေ့တယ်။ ကျန်တဲ့သူတွေ ရှာမတွေ့သေးဘူး။ ရှာဖွေရေး လုပ်ငန်းစဉ်ကတော့ ထိုင်းအစိုးရ နဲ့ ဒီလူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဆက်လုပ်နေတယ်’’ဟု KRC အတွင်းရေးမှူး ဦးဘွယ်စေးက ယမန်နေ့က ပြောသည်။

မယ်ဟောင်ဆောင်ခရိုင် မဲ့ စရီးယန်းမြို့နယ်ရှိ မယ်လအူး ဒုက္ခသည်စခန်းအမှတ် (၁) ရပ် ကွက်တွင် တောင်ကျချောင်းရေစီးဆင်းမှုကြောင့် မြေပြိုမှုဖြစ်ပွား သဖြင့် ကလေးငယ်တစ်ဦးသေ ဆုံးပြီး ခုနစ်ဦးပျောက်ဆုံးခဲ့သည်။ ထို့နောက် ပျောက်ဆုံးနေသူများ အနက် ကလေးတစ်ဦးအလောင်း ကို ထပ်မံတွေ့ရှိခဲ့ပြီး ခြောက်ဦး သည် ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ထို့အပြင် ဒုက္ခသည် ၁၁ ဦးဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် နေအိမ်ပျက်စီး သူများအတွက် စခန်းတာဝန်ရှိသူ များက ကနဦးနေရာချထားရေး အစီအစဉ်များဆောင်ရွက်ပေး ထားကြောင်း မယ်လအူးဒုက္ခ သည်စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ စခန်းတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ထိုင်းအစိုးရ၊ ဒေသတွင်းလူမှုအဖွဲ့အစည်းများနှင့် နယ်စပ်ဒေသကူညီ ပေးရေးညွန့်ပေါင်းအဖွဲ့ (TBC) တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း ဦးဘွယ်စေးက ပြောသည်။

‘‘ထိုင်းအစိုးရက သူတို့က ဒီစခန်းကို စီမံခန့်ခွဲအုပ်ချုပ်တဲ့ အခါကျတော့ ကူညီတဲ့ အဖွဲ့အ စည်းအားလုံး၊ NGO အဖွဲ့အစည်း အားလုံးက သူတို့စီမံခန့်ခွဲတဲ့ အောက်မှာ ရှိတဲ့အတွက် အဲဒီလို ကိစ္စမျိုးဖြစ်ပြီဆိုရင် အဲဒီအဖွဲ့အ စည်းတွေကို အကုန်လုံးခေါ် တယ်။ ဘယ်သူကနေပြီးတော့ ဝိုင်းဝန်းကူညီဖို့အတွက်ပေါ့နော်။ ဒုက္ခရောက်နေတဲ့သူတွေ လိုအပ် နေတဲ့အရာတွေကို သူတို့ တာဝန်ခွဲလုပ်နေပါတယ်’’ဟု ဦးဘွယ်စေး က ပြောသည်။ ဒေသတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများက လည်း ကူညီဆောင်ရွက်မှုများရှိကြောင်း ၎င်းက ပြောသည်။

မယ်လအူးဒုက္ခသည်စခန်း တွင်  လူတစ်သောင်းခန့်နေထိုင်ကာ အများစုသည် ကရင်လူမျိုး များဖြစ်ကြောင်း KRC အတွင်းရေး မှူးက ပြောသည်။ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကြား တိုက်ပွဲများကြောင့် ၁၉၈၈ မတိုင်မီက ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် လူသောင်းနှင့်ချီ၍ ခိုလှုံနေရသည်။မယ်လအူးဒုက္ခသည်စခန်းနှင့် ထိုင်း-မြန်မာနယ်စပ်တွင်ရှိသော အခြားစခန်းရှစ်ခု၌ လူတစ်သိန်းခန့်ရှိပြီး နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းများ၏ ထောက်ပံ့မှုအပေါ်မူတည်၍ TBC က စားနပ်ရိက္ခာနှင့်  အမိုးအကာများစီစဉ်ထောက်ပံ့နေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top