ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×






































 ေလာကမွာ လူေတြဟာ ယွဥ္ျပိဳင္ေနၾကတာခ်ည္းပဲ။ အကုန္လံုး တစ္ဦးနဲ႔တစ္ဦး၊ တစ္ဖြဲ႔နဲ႔တစ္ဖြဲ႔၊ တစ္ရြာနဲ႔တစ္ရြာ၊ ရပ္ကြက္တစ္ခုနဲ႔တစ္ခု၊ တစ္ျမိဳ႕နဲ႔တစ္ျမိဳ႕၊ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ ယွဥ္ျပိဳင္ၾကတယ္။ အဲဒီယွဥ္ျပိဳင္မႈဟာ ဘယ္ေတာ့မွ နိဂံုးခ်ဳပ္မလဲဆိုတာ သိဖို႔လိုတယ္ မဟုတ္လား။

ေလာကႀကီးဟာ ယွဥ္ျပိဳင္မႈနဲ႔ သြားေနတာ။ ယွဥ္ျပိဳင္မႈဆိုတာ ေကာင္းတာရွိသလို မေကာင္းတာေတြလည္း ျဖစ္ေပၚေစတတ္တယ္။ ဘုန္းႀကီးတို႔တစ္ေတြဟာ အေကာင္းဆံုး ယွဥ္ျပိဳင္မႈကို ေရြးခ်ယ္နိုင္မွသာ ယွဥ္ျပိဳင္မႈရဲ႕ နိဂံုးအဆံုး ကို ေရာက္မွာ ျဖစ္တယ္။

ျမတ္စြာဘုရားက ဘုန္းႀကီးတို႔ကို ဆံုးမၾသဝါဒ ေပးထားတဲ႔ စကားေလး တစ္ခြန္းရွိတယ္။ ယွဥ္ျပိဳင္နိုင္ဖို႔အတြက္ ႀကိဳးစားၾကရမယ္။ ဘာနဲ႔ ပတ္သက္ျပီး ယွဥ္ျပိဳင္ရမလဲ။ တစ္ဦးနဲ႔တစ္ဦး အဆင့္ျမင့္သထက္ျမင့္၊ ေကာင္းသထက္ ေကာင္းေအာင္ ႀကိဳးပမ္းအားထုတ္ျခင္းျဖင့္ ေနာက္ဆံုး အျမတ္ဆံုး လြတ္ေျမာက္မႈကို ရရွိသြားေအာင္ ႀကိဳးစားၾကရမယ္။ ဒါယွဥ္ျပိဳင္မႈကို ေျပာတာ။ အဲဒီေတာ့မွ ယွဥ္ျပိဳင္မႈရဲ႕ နိဂံုးကို ေတြ႔မယ္။ အဲဒီ နိဂံုးဟာ ေအးခ်မ္းတဲ႔ နိဂံုးေပါ့။ တကယ့္အျဖစ္အပ်က္နဲ႔ ပတ္သက္ျပီးေတာ့ ျမတ္စြာဘုရား ေဟာၾကားထားခဲ႔တယ္။

လြန္ခဲ႔တဲ႔ ႏွစ္ေပါင္း ( ၂၅၀၀ ) က အိႏၵိယနိုင္ငံမွာ ေကာသလတိုင္း ဆိုတာ ရွိတယ္။ အဲဒီေကာသလတိုင္းမွာ ျမတ္စြာဘုရားက ရဟန္းေတာ္ေတြနဲ႔ ေဒသစာရီႂကြတယ္။ လမ္းမွာ ေတာအုပ္ႀကီးတစ္ခုေတြ႔တယ္။ အဲဒီေတာအုပ္ႀကီးထဲမွာ အင္ၾကင္းပင္ အမ်ားအျပားရွိတယ္။ အဲဒီအင္ၾကင္းေတာႀကီးကို ၾကည့္ျပီး ျမတ္စြာဘုရား ရုတ္တရက္ ျပံဳးလိုက္တယ္ ။

ဒီလို ျပံဳးတာကို အနီးနားမွာ ခစားလုပ္ေက်ြးေနတဲ႔ အရွင္အာနႏၵာမေထရ္က သတိထားမိလိုက္တယ္။ အရွင္ဘုရား တဲ႔ ဘုရားရွင္တို႔မည္သည္ ဘယ္ေတာ့မွ အေၾကာင္းမဲ႔ၿပံဳးတာ မရွိပါဘူး။ ဘာလို႔ ၿပံဳးရသလဲ။ ဒီေနရာကို ၾကည့္ျပီးေတာ့ ျပံဳးတာဟာ အေၾကာင္းတစ္ခု ရွိပါသလား တဲ႔။

ျမတ္စြာဘုရားက - အာနႏၵာ ကႆ ပဘုရားရွင္ လက္ထက္တုန္းက ဒီေနရာဟာ တကယ့္ကို စည္ကားတဲ႔ ၿမိဳ႕ႀကီး ျဖစ္ခဲ႔တယ္။ အဲဒီၿမိဳ႕ႀကီးမွာ ထူးထူးျခားျခား ယွဴဥ္ျပိဳင္တဲ႔ ဒကာတစ္ေယာက္ ရွိတယ္။ သူ႔နာမည္က "ဂေဝသီ" လို႔ ေခၚတယ္။ သူ႔အဖြဲ႔ထဲမွာ လူ ၅၀၀ ပါတယ္။

အဲဒီလူဟာ ဘုရားရဲ႕ ဥပသကာ , ဘုရားကို ကိုးကြယ္သူလို႔သာ ဆိုတယ္။ သူက ကိုယ္က်င့္တရား ေကာင္းသူ မဟုတ္ဘူး။ အက်င့္သီလ မျပည့္စံုဘူး။ သူ႔အဖြဲ႕သား ၅၀၀ ဟာလည္း ကိုယ္က်င့္သီလ မျပည့္စံုဘူးတဲ႔။

ဂေဝသီ ဟာ စဥ္းစားတယ္။ သူစဥ္းစားပံုေလးက ေကာင္းတယ္။ ဒီလူေတြ ငါ့ေၾကာင့္ ဗုဒၶဘာသာ ျဖစ္ျပီး ဘုရားတရား ကိုးကြယ္လာတယ္။ ငါက ကိုယ္က်င့္သီလ မျပည့္စံုဘူး။ ငါ့အဖြဲ႔သားေတြလည္း တစ္ေယာက္မွ ကိုယ္က်င့္သီလ မျပည့္စံုဘူး။ ငါက ေခါင္းေဆာင္ ဆိုေတာ့ သူတို႔နဲ႔ မတူသင့္ဘူး ငါက တစ္ခုခုေတာ့ သာသင့္တယ္။

သူတို႔က သီလမရွိဘူးဆိုရင္ ငါက သီလရွိသူျဖစ္ေအာင္ လုပ္မယ္ဆိုျပီး ငါးပါးသီလကို တိတိက်က် ေဆာက္တည္ျပီး သီလရွိတဲ႔ပုဂၢိဳလ္အျဖစ္ ေၾကျငာလိုက္တယ္။

သူ႔ေနာက္က လူေတြကလည္း " ဟာ တို႔ရဲဲ႕ ေခါင္းေဆာင္ႀကီး သီလရွိျပီ။ တို႔လဲ သီလရွိေအာင္ လုပ္မယ္ " ဆိုျပီး ယွဥ္ျပိဳင္ေတာ့ တူသြားတယ္ေပါ့။ တစ္ခါ အရည္အခ်င္း တူလာေတာ့ ေခါင္းေဆာင္ႀကီးက " မျဖစ္ဘူး ငါအိမ္ေထာင္နဲ႔ မေနေတာ့ဘူး " ဆိုျပီး ဂေဝသီက အျဗဟၼစရိယ သိကၡာပုဒ္ကို ေဆာက္တည္လိုက္တယ္။

က်န္သူေတြလည္း တို႔ဆရာႀကီးေတာင္ လုပ္နိုင္တာ တို႔လည္း ေဆာက္တည္မယ္ ဆိုျပီး အကုန္လံုး အိမ္ေထာင္နဲ႔ ခြာၾကမယ္ေပါ့။ လူ ငါးရာ ကိုယ္က်င့္သီလကို တိုးျမွင့္ေဆာက္တည္လိုက္ၾကတယ္။

အဲဒါနဲ႔ ဂေဝသီက စဥ္းစားျပန္တယ္။ အကုန္လံုး ငါနဲ႔ တူေနျပီ။ သူတို႔ထက္ သာေအာင္ လုပ္မယ္ ဆိုျပီး သူတို႔က ညေနစာ စားတယ္။ ဒီေန႔ကစ ေန႔လြဲညစာ မစားေတာ့ဘူးဆိုၿပီး က်င့္လိုက္တယ္။ က်န္တဲ႔သူေတြကလည္း လိုက္ျပီးေတာ့ ယွဥ္ျပိဳင္တယ္။ ညေနစာ မစားေတာ့ဘူး ဆိုျပီး အကုန္ေရွာင္လိုက္ေတာ့ " ဟာ ငါနဲ႔သူတို႔ တူေနျပန္ျပီ။ မတူေစရဘူး။ ဒီေကာင္ေတြ ငါလုပ္တာ မလုပ္နိုင္ေအာင္ ငါလုပ္မယ္။

ကႆ ပ ဘုရားရွင္ထံသြားျပီး ရဟန္းခံေပးပါဘုရား လို႔ ေတာင္းဆိုတယ္။ ဆံ မုတ္ဆိတ္ေတြ ပယ္ျပီး သကၤန္း ဝတ္လိုက္တယ္။ သကၤန္းဝတ္ျပီး ကႆ ပဘုရားရွင္ထံမွာ ကမၼ႒ာန္းယူ တစ္ပါးထဲ ဆိတ္ျငိမ္တဲ႔ အရပ္မွာ နိဗၺာန္ကို ဦတည္ျပီး တရားဓမၼကို က်င့္ႀကံအားထုတ္လိုက္တာ ရဟႏၲာ ျဖစ္သြားတယ္။

သူ႔ကိုယ္သူ အကုန္လံုး သိသြားတယ္။ ငါ့ဘဝဟာ အျပီးသတ္သြားျပီ။ ေနာင္ဘဝဆိုတာ မရွိေတာ့ဘူး။ သူ႔ရဲ႕ နိဂံုးကို သူ ျမင္လိုက္တယ္။ အဲဒီအခ်ိန္ သူ႔ဘက္က ယွဥ္ျပိဳင္မႈ ျပီးဆံုးသြားျပီ။

က်န္တဲ႔သူေတြက သူ႔ကို အားက်တယ္။ ဆရာႀကီးေတာင္ ဝတ္နိုင္ေသးတာပဲ။ ဒို႔ဘာလို႔ မဝတ္နိုင္ရမွာလဲ။ အားလံုး ကတံုးတံုးျပီး ဘုန္းႀကီးဝတ္လာတဲ႔အခါက်ေတာ့ ဒီတစ္ခါ ေခါင္းေဆာင္ ဂေဝသီ ရဟန္းက ခါတိုင္းလိုစိတ္ မရွိေတာ့ဘူး။
လံုးဝ လြတ္လပ္တဲ႔ ခ်မ္းသာကို ငါရထားသလို သူတို႔တေတြ ရရွိရင္လည္း ေကာင္းမွာပဲ တဲ႔။

ဒါက ယွဥ္ျပိဳင္မႈ အဆံုးသတ္သြားတာ ျဖစ္တယ္။
ယွဥ္ျပိဳင္မႈရဲ႕ နိဂံုး သို႔ ေရာက္လာတယ္။ အဲဒီေတာ့ သူက ႀကိဳးစားအားထုတ္ဖို႔ တိုက္တြန္းတယ္။ မၾကာခင္ သူ႔တပည့္ေတြလည္း ကိေလသာ အာသေဝါေတြ ကင္းကြာျပီး ရဟႏၲာရွင္ေတြ ျဖစ္သြားတယ္။ အားလံုးဟာ လြတ္ေျမာက္မႈ ဆိုတဲ႔အေပၚမွာ တူညီတဲ႔ နိဂံုးကို ရရွိသြားၾကတယ္ တဲ႔။

အဲဒီလို ယွဥ္ျပိဳင္မႈဟာ အင္မတန္ မြန္ျမတ္တဲ႔ ယွဥ္ျပိဳင္မႈနဲ႔ ယွဥ္ျပိဳင္လိုက္ၾကတာ။ ေနာက္ဆံုးမွာ ရဟႏၲာျဖစ္ျပီး ဝိမုတၱိသုခ ပန္းတိုင္ႀကီးကို လွမ္းကိုင္နိုင္သည္အထိ သူတို႔ဟာ ယွဥ္ျပိဳင္ၾကတယ္။ ေနာက္ဆံုး ယွဥ္ျပိဳင္မႈကို အဆံုးသတ္သြားၾကတယ္။ အဲဒီ ယွဥ္ျပိဳင္မႈကသာလ်ွင္ အေကာင္းဆံုး ယွဥ္ျပိဳင္မႈ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ျမတ္စြာဘုရားရွင္ က အဲဒီသုတၱန္အဆံုးမွာ
ခ်စ္သား ရဟန္းတို႔ ဒီလို က်င့္ၾကရမယ္ တဲ႔။ သူမ်ားထက္ သာေအာင္ ဆိုတာ ေကာင္းသထက္ေကာင္းေအာင္ ႀကိဳးစားအားထုတ္ျခင္းျဖင့္ အေကာင္းဆံုးေသာ လြတ္ေျမာက္တဲ႔ ခ်မ္းသာကို ရေအာင္ ယူနိုင္ေအာင္ ႀကိဳးစားၾကရမယ္ လို႔ ဒီလိုသာ ယွဥ္ျပိဳင္သင့္တယ္၊ ယွဥ္ျပိဳင္ရမယ္ လို႔ ဒီသုတၱန္မွာ ျမတ္စြာဘုရားက ညႊန္ၾကား ဆံုးမေပးတာ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ယွဥ္ျပိဳင္မႈရဲ႕ နိဂံုးဆိုတာ ရဟႏၲာျဖစ္မွ နိဂံုးဆြဲႏိုင္တာ။ အဲဒီ ေနာက္မွာ ယွဥ္ျပိဳင္စရာ မရွိေတာ့ဘူးတဲ႔။ လူေတြရဲ႕ ယွဥ္ျပိဳင္လိုစိတ္ဟာ အရဟတၱဖိုလ္မွာပဲ အဆံုးသတ္သြားပါၿပီ တဲ႔။

ဒါေၾကာင့္မို႔ တရားခ်စ္ခင္သူေတာ္စင္ပရိတ္သတ္တို႔ ဟာလည္းပဲ ယွဥ္ျပိဳင္မႈရဲ႕ နိဂံုးျဖစ္တဲ႔ အရဟတၱဖိုလ္ကို ေရာက္ရွိေအာင္ ဝိမုတၱိသုခ ရရွိေအာင္ တစ္ဦးထက္ တစ္ဦးသာေအာင္ မြန္ျမတ္သထက္ မြန္ျမတ္ေအာင္ ႀကိဳးပမ္းအားထုတ္နိုင္ၾကပါကုန္သတည္း။

ေက်းဇူးေတာ္႐ွင္
ေဒါက္တာအရွင္နႏၵမာလာဘိဝံသ

( ယွဥ္ျပိဳင္ျခင္း၏ နိဂံုး ) မွ
အက်ဥ္းအားျဖင့္
ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဓမၼ ႏွစ္သက္သူ
# Unicode Version ျဖင့္ ဖတ္ပါ #
ပြိုင်မှုနဲ့ သွားနေတာ။ ယှဉ်ပြိုင်မှုဆိုတာ ကောင်းတာရှိသလို မကောင်းတာတွေလည်း ဖြစ်ပေါ်စေတတ်တယ်။ ဘုန်းကြီးတို့တစ်တွေဟာ အကောင်းဆုံး ယှဉ်ပြိုင်မှုကို ရွေးချယ်နိုင်မှသာ ယှဉ်ပြိုင်မှုရဲ့ နိဂုံးအဆုံး ကို ရောက်မှာ ဖြစ်တယ်။

မြတ်စွာဘုရားက ဘုန်းကြီးတို့ကို ဆုံးမသြဝါဒ ပေးထားတဲ့ စကားလေး တစ်ခွန်းရှိတယ်။ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုးစားကြရမယ်။ ဘာနဲ့ ပတ်သက်ပြီး ယှဉ်ပြိုင်ရမလဲ။ တစ်ဦးနဲ့တစ်ဦး အဆင့်မြင့်သထက်မြင့်၊ ကောင်းသထက် ကောင်းအောင် ကြိုးပမ်းအားထုတ်ခြင်းဖြင့် နောက်ဆုံး အမြတ်ဆုံး လွတ်မြောက်မှုကို ရရှိသွားအောင် ကြိုးစားကြရမယ်။ ဒါယှဉ်ပြိုင်မှုကို ပြောတာ။ အဲဒီတော့မှ ယှဉ်ပြိုင်မှုရဲ့ နိဂုံးကို တွေ့မယ်။ အဲဒီ နိဂုံးဟာ အေးချမ်းတဲ့ နိဂုံးပေါ့။ တကယ့်အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား ဟောကြားထားခဲ့တယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၅၀၀ ) က အိန္ဒိယနိုင်ငံမှာ ကောသလတိုင်း ဆိုတာ ရှိတယ်။ အဲဒီကောသလတိုင်းမှာ မြတ်စွာဘုရားက ရဟန်းတော်တွေနဲ့ ဒေသစာရီကြွတယ်။ လမ်းမှာ တောအုပ်ကြီးတစ်ခုတွေ့တယ်။ အဲဒီတောအုပ်ကြီးထဲမှာ အင်ကြင်းပင် အများအပြားရှိတယ်။ အဲဒီအင်ကြင်းတောကြီးကို ကြည့်ပြီး မြတ်စွာဘုရား ရုတ်တရက် ပြုံးလိုက်တယ် ။

ဒီလို ပြုံးတာကို အနီးနားမှာ ခစားလုပ်ကျွေးနေတဲ့ အရှင်အာနန္ဒာမထေရ်က သတိထားမိလိုက်တယ်။ အရှင်ဘုရား တဲ့ ဘုရားရှင်တို့မည်သည် ဘယ်တော့မှ အကြောင်းမဲ့ပြုံးတာ မရှိပါဘူး။ ဘာလို့ ပြုံးရသလဲ။ ဒီနေရာကို ကြည့်ပြီးတော့ ပြုံးတာဟာ အကြောင်းတစ်ခု ရှိပါသလား တဲ့။

မြတ်စွာဘုရားက - အာနန္ဒာ ကဿ ပဘုရားရှင် လက်ထက်တုန်းက ဒီနေရာဟာ တကယ့်ကို စည်ကားတဲ့ မြို့ကြီး ဖြစ်ခဲ့တယ်။ အဲဒီမြို့ကြီးမှာ ထူးထူးခြားခြား ယှူဉ်ပြိုင်တဲ့ ဒကာတစ်ယောက် ရှိတယ်။ သူ့နာမည်က "ဂဝေသီ" လို့ ခေါ်တယ်။ သူ့အဖွဲ့ထဲမှာ လူ ၅၀၀ ပါတယ်။

အဲဒီလူဟာ ဘုရားရဲ့ ဥပသကာ , ဘုရားကို ကိုးကွယ်သူလို့သာ ဆိုတယ်။ သူက ကိုယ်ကျင့်တရား ကောင်းသူ မဟုတ်ဘူး။ အကျင့်သီလ မပြည့်စုံဘူး။ သူ့အဖွဲ့သား ၅၀၀ ဟာလည်း ကိုယ်ကျင့်သီလ မပြည့်စုံဘူးတဲ့။

ဂဝေသီ ဟာ စဉ်းစားတယ်။ သူစဉ်းစားပုံလေးက ကောင်းတယ်။ ဒီလူတွေ ငါ့ကြောင့် ဗုဒ္ဓဘာသာ ဖြစ်ပြီး ဘုရားတရား ကိုးကွယ်လာတယ်။ ငါက ကိုယ်ကျင့်သီလ မပြည့်စုံဘူး။ ငါ့အဖွဲ့သားတွေလည်း တစ်ယောက်မှ ကိုယ်ကျင့်သီလ မပြည့်စုံဘူး။ ငါက ခေါင်းဆောင် ဆိုတော့ သူတို့နဲ့ မတူသင့်ဘူး ငါက တစ်ခုခုတော့ သာသင့်တယ်။

သူတို့က သီလမရှိဘူးဆိုရင် ငါက သီလရှိသူဖြစ်အောင် လုပ်မယ်ဆိုပြီး ငါးပါးသီလကို တိတိကျကျ ဆောက်တည်ပြီး သီလရှိတဲ့ပုဂ္ဂိုလ်အဖြစ် ကြေငြာလိုက်တယ်။

သူ့နောက်က လူတွေကလည်း " ဟာ တို့ရဲ့ ခေါင်းဆောင်ကြီး သီလရှိပြီ။ တို့လဲ သီလရှိအောင် လုပ်မယ် " ဆိုပြီး ယှဉ်ပြိုင်တော့ တူသွားတယ်ပေါ့။ တစ်ခါ အရည်အချင်း တူလာတော့ ခေါင်းဆောင်ကြီးက " မဖြစ်ဘူး ငါအိမ်ထောင်နဲ့ မနေတော့ဘူး " ဆိုပြီး ဂဝေသီက အဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည်လိုက်တယ်။

ကျန်သူတွေလည်း တို့ဆရာကြီးတောင် လုပ်နိုင်တာ တို့လည်း ဆောက်တည်မယ် ဆိုပြီး အကုန်လုံး အိမ်ထောင်နဲ့ ခွာကြမယ်ပေါ့။ လူ ငါးရာ ကိုယ်ကျင့်သီလကို တိုးမြှင့်ဆောက်တည်လိုက်ကြတယ်။

အဲဒါနဲ့ ဂဝေသီက စဉ်းစားပြန်တယ်။ အကုန်လုံး ငါနဲ့ တူနေပြီ။ သူတို့ထက် သာအောင် လုပ်မယ် ဆိုပြီး သူတို့က ညနေစာ စားတယ်။ ဒီနေ့ကစ နေ့လွဲညစာ မစားတော့ဘူးဆိုပြီး ကျင့်လိုက်တယ်။ ကျန်တဲ့သူတွေကလည်း လိုက်ပြီးတော့ ယှဉ်ပြိုင်တယ်။ ညနေစာ မစားတော့ဘူး ဆိုပြီး အကုန်ရှောင်လိုက်တော့ " ဟာ ငါနဲ့သူတို့ တူနေပြန်ပြီ။ မတူစေရဘူး။ ဒီကောင်တွေ ငါလုပ်တာ မလုပ်နိုင်အောင် ငါလုပ်မယ်။

ကဿ ပ ဘုရားရှင်ထံသွားပြီး ရဟန်းခံပေးပါဘုရား လို့ တောင်းဆိုတယ်။ ဆံ မုတ်ဆိတ်တွေ ပယ်ပြီး သင်္ကန်း ဝတ်လိုက်တယ်။ သင်္ကန်းဝတ်ပြီး ကဿ ပဘုရားရှင်ထံမှာ ကမ္မဋ္ဌာန်းယူ တစ်ပါးထဲ ဆိတ်ငြိမ်တဲ့ အရပ်မှာ နိဗ္ဗာန်ကို ဦတည်ပြီး တရားဓမ္မကို ကျင့်ကြံအားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားတယ်။

သူ့ကိုယ်သူ အကုန်လုံး သိသွားတယ်။ ငါ့ဘဝဟာ အပြီးသတ်သွားပြီ။ နောင်ဘဝဆိုတာ မရှိတော့ဘူး။ သူ့ရဲ့ နိဂုံးကို သူ မြင်လိုက်တယ်။ အဲဒီအချိန် သူ့ဘက်က ယှဉ်ပြိုင်မှု ပြီးဆုံးသွားပြီ။

ကျန်တဲ့သူတွေက သူ့ကို အားကျတယ်။ ဆရာကြီးတောင် ဝတ်နိုင်သေးတာပဲ။ ဒို့ဘာလို့ မဝတ်နိုင်ရမှာလဲ။ အားလုံး ကတုံးတုံးပြီး ဘုန်းကြီးဝတ်လာတဲ့အခါကျတော့ ဒီတစ်ခါ ခေါင်းဆောင် ဂဝေသီ ရဟန်းက ခါတိုင်းလိုစိတ် မရှိတော့ဘူး။
လုံးဝ လွတ်လပ်တဲ့ ချမ်းသာကို ငါရထားသလို သူတို့တတွေ ရရှိရင်လည်း ကောင်းမှာပဲ တဲ့။

ဒါက ယှဉ်ပြိုင်မှု အဆုံးသတ်သွားတာ ဖြစ်တယ်။
ယှဉ်ပြိုင်မှုရဲ့ နိဂုံး သို့ ရောက်လာတယ်။ အဲဒီတော့ သူက ကြိုးစားအားထုတ်ဖို့ တိုက်တွန်းတယ်။ မကြာခင် သူ့တပည့်တွေလည်း ကိလေသာ အာသဝေါတွေ ကင်းကွာပြီး ရဟန္တာရှင်တွေ ဖြစ်သွားတယ်။ အားလုံးဟာ လွတ်မြောက်မှု ဆိုတဲ့အပေါ်မှာ တူညီတဲ့ နိဂုံးကို ရရှိသွားကြတယ် တဲ့။

အဲဒီလို ယှဉ်ပြိုင်မှုဟာ အင်မတန် မွန်မြတ်တဲ့ ယှဉ်ပြိုင်မှုနဲ့ ယှဉ်ပြိုင်လိုက်ကြတာ။ နောက်ဆုံးမှာ ရဟန္တာဖြစ်ပြီး ဝိမုတ္တိသုခ ပန်းတိုင်ကြီးကို လှမ်းကိုင်နိုင်သည်အထိ သူတို့ဟာ ယှဉ်ပြိုင်ကြတယ်။ နောက်ဆုံး ယှဉ်ပြိုင်မှုကို အဆုံးသတ်သွားကြတယ်။ အဲဒီ ယှဉ်ပြိုင်မှုကသာလျှင် အကောင်းဆုံး ယှဉ်ပြိုင်မှု ဖြစ်ပါတယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားရှင် က အဲဒီသုတ္တန်အဆုံးမှာ
ချစ်သား ရဟန်းတို့ ဒီလို ကျင့်ကြရမယ် တဲ့။ သူများထက် သာအောင် ဆိုတာ ကောင်းသထက်ကောင်းအောင် ကြိုးစားအားထုတ်ခြင်းဖြင့် အကောင်းဆုံးသော လွတ်မြောက်တဲ့ ချမ်းသာကို ရအောင် ယူနိုင်အောင် ကြိုးစားကြရမယ် လို့ ဒီလိုသာ ယှဉ်ပြိုင်သင့်တယ်၊ ယှဉ်ပြိုင်ရမယ် လို့ ဒီသုတ္တန်မှာ မြတ်စွာဘုရားက ညွှန်ကြား ဆုံးမပေးတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ယှဉ်ပြိုင်မှုရဲ့ နိဂုံးဆိုတာ ရဟန္တာဖြစ်မှ နိဂုံးဆွဲနိုင်တာ။ အဲဒီ နောက်မှာ ယှဉ်ပြိုင်စရာ မရှိတော့ဘူးတဲ့။ လူတွေရဲ့ ယှဉ်ပြိုင်လိုစိတ်ဟာ အရဟတ္တဖိုလ်မှာပဲ အဆုံးသတ်သွားပါပြီ တဲ့။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိတ်သတ်တို့ ဟာလည်းပဲ ယှဉ်ပြိုင်မှုရဲ့ နိဂုံးဖြစ်တဲ့ အရဟတ္တဖိုလ်ကို ရောက်ရှိအောင် ဝိမုတ္တိသုခ ရရှိအောင် တစ်ဦးထက် တစ်ဦးသာအောင် မွန်မြတ်သထက် မွန်မြတ်အောင် ကြိုးပမ်းအားထုတ်နိုင်ကြပါကုန်သတည်း။

ကျေးဇူးတော်ရှင်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

( ယှဉ်ပြိုင်ခြင်း၏ နိဂုံး ) မှ
အကျဉ်းအားဖြင့်
ဖိုးသူတော် (www.phothutaw.com)
Credit:ဓမ္မ နှစ်သက်သူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top