ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 Spicy ramen challenge ဆိုၿပီး စပ္ၿပဲေနတဲ့ ေခါက္ဆြဲထုတ္အနီေတြကို ရွဴးရွဴးရဲရဲစားျပတာေတြမွတ္မိဦးမယ္ထင္ပါတယ္ေနာ္။ ဘယ္ေလာက္စပ္သလဲဆိုတာ စားဖူးသူေတြ အသိပဲမို႔လို႔ အစာအိမ္အား မေကာင္းတဲ့သူေတြဖို႔ စားဖို႔ မသင့္ေတာ္တဲ့ အစားအေသာက္တစ္မ်ိဳးပါလို႔ ေျပာခ်င္ပါတယ္။

Double Spicy ( 2x Spicy ) လို႔ေရးထားတဲ့ အနီေရာင္အထုပ္ကို အပတ္တိုင္းလိုလိုဝ ယ္စားေနတဲ့အမ်ိဳးသမီးတစ္ေယာက္ဟာ ႐ုတ္တရက္ မခံမရပ္ႏိုင္ေလာက္ေအာင္ ဗိုက္အရမ္းေအာင့္လာတာေၾကာင့္ ေဆး႐ုံသို႔ သူမခင္ပြန္းမွ ေခၚသြားေပးၿပီး အစာအိမ္ထဲမွန္ေျပာင္းၾကည့္လိုက္တဲ့အခါ အမ်ိဳးသမီးရဲ႕အူမႀကီးမွာ အရမ္းစပ္တဲ့အစားေသာက္ေတြ ခဏခဏစားတဲ့အခါျဖစ္တတ္တဲ့ အနာလိုမ်ိဳးျဖစ္ေနတာကို သြားေတြ႕လိုက္ရပါတယ္။

ကြၽမ္းက်င္သူေတြမွ ဒီေခါက္စြဲအစပ္ကို ေသခ်ာေလ့လာလိုက္တဲ့အခါ အူနံရံမွ အက္ဆစ္စိမ့္ထြက္ျခင္းကို အားေပးအားေျမႇာက္ျပဳေစၿပီး gastritis mucosal အလႊာကို တိုက္စားသြားေစတဲ့အတြက္ အစာအိမ္နံရံေတြကိုပါ ပ်က္ဆီးေစတာကို ေတြ႕ရွိခဲ့ရပါတယ္။

ေရာဂါျဖစ္သြားတဲ့အမ်ိဳးသမီးကေတာ့ မစပ္ဘူး၊ မစပ္ဘူးနဲ႔ စားေနတာ တစ္ခါတေလက်ရင္ သူ႔ကို အထင္ေတာင္ႀကီးမိတယ္လို႔ သူမခင္ပြန္းျဖစ္သူကေျပာပါတယ္။ အစာအိမ္ထဲမွန္ေျပာင္းၾကည့္တဲ့ ကုန္က်စရိတ္ဟာလည္း အရမ္းကို ေျမာက္လြန္းပါတယ္။ ဒီအျဖစ္အပ်က္ဟာ လြန္ခဲ့တဲ့ (၂) ႏွစ္ေက်ာ္ေလာက္ကတည္းက ျဖစ္ပ်က္ခဲ့တာျဖစ္ေပမယ့္ လူမႈကြန္ယက္ေပၚကို စက္တင္ဘာလ (၁၅) ရက္ေန႔ကမွ အက်ယ္တဝင့္ေဖာ္ျပခဲ့တာပဲျဖစ္ပါတယ္။

Spicy ေခါက္ဆြဲေတြဟာ စပ္ၿပီး အရသာရွိတဲ့အျပင္ စားသုံးသူေတြကိုလည္း စားၿပီးရင္းစားခ်င္ေအာင္ ဆြဲေဆာင္ႏိုင္ပါတယ္။ ကိုယ့္ပါးစပ္က အစပ္ရဲ႕အရသာကို ခံႏိုင္ေပမယ့္ ကိုယ္တြင္းက အစာအိမ္တို႔ အူတို႔ကေတာ့ စားပါမ်ားလာတဲ့အခါ ထိခိုက္မႈတစ္စုံတစ္ရာရွိသြားႏိုင္တာမို႔ ခ်င့္ခ်င့္ခ်ိန္ခ်ိန္နဲ႔ စားၾကပါလို႔ သတိေပးပါရေစ။


 ဖိုးသူေတာ္ (www.phothutaw.com)
Credit:  shwemom။
# Unicode Version ျဖင့္ ဖတ္ပါ #
 Spicy ramen challenge ဆိုပြီး စပ်ပြဲနေတဲ့ ခေါက်ဆွဲထုတ်အနီတွေကို ရှူးရှူးရဲရဲစားပြတာတွေမှတ်မိဦးမယ်ထင်ပါတယ်နော်။ ဘယ်လောက်စပ်သလဲဆိုတာ စားဖူးသူတွေ အသိပဲမို့လို့ အစာအိမ်အား မကောင်းတဲ့သူတွေဖို့ စားဖို့ မသင့်တော်တဲ့ အစားအသောက်တစ်မျိုးပါလို့ ပြောချင်ပါတယ်။

Double Spicy ( 2x Spicy ) လို့ရေးထားတဲ့ အနီရောင်အထုပ်ကို အပတ်တိုင်းလိုလိုဝ ယ်စားနေတဲ့အမျိုးသမီးတစ်ယောက်ဟာ ရုတ်တရက် မခံမရပ်နိုင်လောက်အောင် ဗိုက်အရမ်းအောင့်လာတာကြောင့် ဆေးရုံသို့ သူမခင်ပွန်းမှ ခေါ်သွားပေးပြီး အစာအိမ်ထဲမှန်ပြောင်းကြည့်လိုက်တဲ့အခါ အမျိုးသမီးရဲ့အူမကြီးမှာ အရမ်းစပ်တဲ့အစားသောက်တွေ ခဏခဏစားတဲ့အခါဖြစ်တတ်တဲ့ အနာလိုမျိုးဖြစ်နေတာကို သွားတွေ့လိုက်ရပါတယ်။

ကျွမ်းကျင်သူတွေမှ ဒီခေါက်စွဲအစပ်ကို သေချာလေ့လာလိုက်တဲ့အခါ အူနံရံမှ အက်ဆစ်စိမ့်ထွက်ခြင်းကို အားပေးအားမြှောက်ပြုစေပြီး gastritis mucosal အလွှာကို တိုက်စားသွားစေတဲ့အတွက် အစာအိမ်နံရံတွေကိုပါ ပျက်ဆီးစေတာကို တွေ့ရှိခဲ့ရပါတယ်။

ရောဂါဖြစ်သွားတဲ့အမျိုးသမီးကတော့ မစပ်ဘူး၊ မစပ်ဘူးနဲ့ စားနေတာ တစ်ခါတလေကျရင် သူ့ကို အထင်တောင်ကြီးမိတယ်လို့ သူမခင်ပွန်းဖြစ်သူကပြောပါတယ်။ အစာအိမ်ထဲမှန်ပြောင်းကြည့်တဲ့ ကုန်ကျစရိတ်ဟာလည်း အရမ်းကို မြောက်လွန်းပါတယ်။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ (၂) နှစ်ကျော်လောက်ကတည်းက ဖြစ်ပျက်ခဲ့တာဖြစ်ပေမယ့် လူမှုကွန်ယက်ပေါ်ကို စက်တင်ဘာလ (၁၅) ရက်နေ့ကမှ အကျယ်တဝင့်ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

Spicy ခေါက်ဆွဲတွေဟာ စပ်ပြီး အရသာရှိတဲ့အပြင် စားသုံးသူတွေကိုလည်း စားပြီးရင်းစားချင်အောင် ဆွဲဆောင်နိုင်ပါတယ်။ ကိုယ့်ပါးစပ်က အစပ်ရဲ့အရသာကို ခံနိုင်ပေမယ့် ကိုယ်တွင်းက အစာအိမ်တို့ အူတို့ကတော့ စားပါများလာတဲ့အခါ ထိခိုက်မှုတစ်စုံတစ်ရာရှိသွားနိုင်တာမို့ ချင့်ချင့်ချိန်ချိန်နဲ့ စားကြပါလို့ သတိပေးပါရစေ။

 ဖိုးသူတော် (www.phothutaw.com)
Credit:  shwemom။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top