(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

ေလဆိပ္၊ သေဘာၤဆိပ္၊ ကားအေဝးေျပးကြင္းေရာက္ၿပီးမွ ကိုယ္သြားမယ့္ ခရီးစဥ္မရွိဘူးလို႔သိလိုက္ရတာက ခရီးသြားတိုင္းအတြက္ အိမ္မက္ဆိုးပါ။ ဒါေပမယ့္ ဒါဟာ ခရီးသြားဘေလာ့ဂါ တစ္ေယာက္ျဖစ္တဲ့ အဲရင္လီဗိုင္း(Erin Levi) အတြက္ေတာ့ တကယ္ႀကဳံေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္တစ္ခုျဖစ္ပါတယ္။

အဲရင္ဟာ ပဲရစ္ (Paris) မွာ က်င္းပမယ့္ သူငယ္ခ်င္းရဲ႕ လက္ထပ္ပြဲကိုတက္ေရာက္ဖို႔အတြက္ ေလယာဥ္လက္မွတ္ကို စက္တင္ဘာလ ၉ရက္ေန႔မွာ ထြက္ခြာမယ့္ ၁၇၉ ေဒၚလာတန္ အသြားတစ္ေၾကာင္းတည္းခရီးစဥ္ကို “လယ္ဗယ္” ေလေၾကာင္းလိုင္း(Level Airlines) ကေန ဝယ္ယူခဲ့ပါတယ္။


သြားရမယ့္ ေန႔ ေလဆိပ္မဆင္းခင္ နာရီပိုင္းအလိုအထိ အဲရင္က ေသခ်ာေအာင္ လယ္ဗယ္ေလေၾကာင္းလိုင္းရဲ႕ ကုမၸဏီ ဝက္ဆိုဒ္အေပၚမွာ သူ႕ခရီးစဥ္အေၾကာင္း စစ္ေဆးခဲ့ေပမယ့္ တကယ္တမ္း အျပည္ျပည္ဆိုင္ရာနယူးဝက္ခ္ေလဘာတီေလဆိပ္ (Newark Liberty International Airport) ကို ေရာက္တဲ့ အခ်ိန္မွာေတာ့ သူ မ ေလယာဥ္ရဲ႕ဂိတ္ကိုေတာင္ရွာမေတြ႕ခဲ့ပါဘူး။

ၿဗိတိန္အဲေဝးက ေအးဂ်င့္ကို ဆက္သြယ္ေမးျမန္းစုံစမ္းေတာ့မွ သူ႕ခရီးစဥ္ျဖစ္တဲ့ နယူးဝက္ခ္ (Newark) ကေန ပဲရစ္(Paris) ခရီးစဥ္ဟာ စက္တင္ဘာလ ၁၈ရက္ေန႔ကို ေ႐ႊ႕ဆိုင္းေျပာင္းလဲသြားခဲ့တယ္လို႔သိရွိရတာပါ။ ဒီလိုခရီးစဥ္ေ႐ႊ႕ဆိုင္းသြားတဲ့အေၾကာင္းကို ႀကိဳတင္အသိမေပးခဲ့သလို ကုမၸဏီဝက္ဆိုဒ္ေပၚမွာလည္း မေဖာ္ျပထားခဲ့ပါဘူး။

“ကၽြန္မႏ္ိုင္ငံေပါင္း ၄၀ ေက်ာ္ကို ခရီးသြားခဲ့ဖူးပါတယ္။ အဲဒီအထဲမွာ အူဇဘက္ကာစတန္(Uzbekistan) ကို သြားဖို အတြက္လက္ေရးနဲ႔ေရးထားတဲ့ ေလယာဥ္လက္မွတ္နဲ႔ ေတာင္ သြားဖူးပါတယ္။ ဒါေပမယ့္ ဒီလိုအျဖစ္မ်ိဳးေတာ့ တစ္ခါမွ မႀကဳံဖူးပါဘူး။ ကၽြန္မသူငယ္ခ်င္းဆီကိုသြားဖို႔အတြက္ ေနာက္ဆုံး အခ်ိန္က်မွ တျခားေလေၾကာင္းလိုင္းဆီ ကေန ကမန္းကတန္း လက္မွတ္ဝယ္လိုက္ရတဲ့အတြက္ ေဒၚလာ ၃၁၉.၉၈ ေတာင္ ေပးလိုက္ရပါတယ္” လို႔အဲရင္က ေျပာပါတယ္။

လယ္ဗယ္ေလေၾကာင္းလိုင္းရဲ႕တျခား ခရီးသည္ေတြကလည္း ဒီေလေၾကာင္းလိုင္းဟာ ခရီးစဥ္ဖ်က္သိမ္းေၾကာင္းကို ဘယ္ေတာ့မွ အီးေမးလ္မပို႔သလို တစ္ခါတေလ ေလဆိပ္ ေရာက္မွ ခရီးစဥ္ဖ်က္သိမ္းေၾကာင္း စာ႐ြက္ေလးလာေပးတာမ်ိဳးပဲ ရွိတယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

လယ္ဗယ္ေလေၾကာင္းလိုင္းကေတာ့ ယခုျဖစ္စဥ္နဲ႔ ပတ္သက္ၿပီးေတာ့ တစ္စုံတစ္ရာ မွတ္ခ်က္ေပးျခင္းမရွိေသးပါဘူး။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Elsa (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
လေဆိပ်၊ သဘောၤဆိပ်၊ ကားအဝေးပြေးကွင်းရောက်ပြီးမှ ကိုယ်သွားမယ့် ခရီးစဉ်မရှိဘူးလို့သိလိုက်ရတာက ခရီးသွားတိုင်းအတွက် အိမ်မက်ဆိုးပါ။ ဒါပေမယ့် ဒါဟာ ခရီးသွားဘလော့ဂါ တစ်ယောက်ဖြစ်တဲ့ အဲရင်လီဗိုင်း(Erin Levi) အတွက်တော့ တကယ်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။

အဲရင်ဟာ ပဲရစ် (Paris) မှာ ကျင်းပမယ့် သူငယ်ချင်းရဲ့ လက်ထပ်ပွဲကိုတက်ရောက်ဖို့အတွက် လေယာဉ်လက်မှတ်ကို စက်တင်ဘာလ ၉ရက်နေ့မှာ ထွက်ခွာမယ့် ၁၇၉ ဒေါ်လာတန် အသွားတစ်ကြောင်းတည်းခရီးစဉ်ကို “လယ်ဗယ်” လေကြောင်းလိုင်း(Level Airlines) ကနေ ဝယ်ယူခဲ့ပါတယ်။

သွားရမယ့် နေ့ လေဆိပ်မဆင်းခင် နာရီပိုင်းအလိုအထိ အဲရင်က သေချာအောင် လယ်ဗယ်လေကြောင်းလိုင်းရဲ့ ကုမ္ပဏီ ဝက်ဆိုဒ်အပေါ်မှာ သူ့ခရီးစဉ်အကြောင်း စစ်ဆေးခဲ့ပေမယ့် တကယ်တမ်း အပြည်ပြည်ဆိုင်ရာနယူးဝက်ခ်လေဘာတီလေဆိပ် (Newark Liberty International Airport) ကို ရောက်တဲ့ အချိန်မှာတော့ သူ မ လေယာဉ်ရဲ့ဂိတ်ကိုတောင်ရှာမတွေ့ခဲ့ပါဘူး။

ဗြိတိန်အဲဝေးက အေးဂျင့်ကို ဆက်သွယ်မေးမြန်းစုံစမ်းတော့မှ သူ့ခရီးစဉ်ဖြစ်တဲ့ နယူးဝက်ခ် (Newark) ကနေ ပဲရစ်(Paris) ခရီးစဉ်ဟာ စက်တင်ဘာလ ၁၈ရက်နေ့ကို ရွှေ့ဆိုင်းပြောင်းလဲသွားခဲ့တယ်လို့သိရှိရတာပါ။ ဒီလိုခရီးစဉ်ရွှေ့ဆိုင်းသွားတဲ့အကြောင်းကို ကြိုတင်အသိမပေးခဲ့သလို ကုမ္ပဏီဝက်ဆိုဒ်ပေါ်မှာလည်း မဖော်ပြထားခဲ့ပါဘူး။

“ကျွန်မနိုင်ငံပေါင်း ၄၀ ကျော်ကို ခရီးသွားခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ အူဇဘက်ကာစတန်(Uzbekistan) ကို သွားဖို အတွက်လက်ရေးနဲ့ရေးထားတဲ့ လေယာဉ်လက်မှတ်နဲ့ တောင် သွားဖူးပါတယ်။ ဒါပေမယ့် ဒီလိုအဖြစ်မျိုးတော့ တစ်ခါမှ မကြုံဖူးပါဘူး။ ကျွန်မသူငယ်ချင်းဆီကိုသွားဖို့အတွက် နောက်ဆုံး အချိန်ကျမှ တခြားလေကြောင်းလိုင်းဆီ ကနေ ကမန်းကတန်း လက်မှတ်ဝယ်လိုက်ရတဲ့အတွက် ဒေါ်လာ ၃၁၉.၉၈ တောင် ပေးလိုက်ရပါတယ်” လို့အဲရင်က ပြောပါတယ်။

လယ်ဗယ်လေကြောင်းလိုင်းရဲ့တခြား ခရီးသည်တွေကလည်း ဒီလေကြောင်းလိုင်းဟာ ခရီးစဉ်ဖျက်သိမ်းကြောင်းကို ဘယ်တော့မှ အီးမေးလ်မပို့သလို တစ်ခါတလေ လေဆိပ် ရောက်မှ ခရီးစဉ်ဖျက်သိမ်းကြောင်း စာရွက်လေးလာပေးတာမျိုးပဲ ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

လယ်ဗယ်လေကြောင်းလိုင်းကတော့ ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိသေးပါဘူး။


ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top