×

ဇဏ္ခီ နဲ ့အတူ သရုပ္ေဆာင္ႏုိင္မယ့္ အခြင့္အေရး

ဥပါယ္တံမ်ဥ္ ရုပ္ရွင္ဇာတ္ကားနဲ ့ မုျႏၵာေခၚသံ ရုပ္ရွင္ဇာတ္ကား နွစ္ကားနဲ ့ပရိသတ္အားေပးမႈကို အျပည့္အ၀ရရွိခဲ့သူ ဒါရုိက္တာ ခရစၥတီးနားခီ နဲ ့ဇဏ္ခီ တို ့ ဇာတ္ကားေတြထုတ္လုပ္ခဲ့တဲ့ Central Base Production ကေန သရုပ္ေဆာင္အသစ္မ်ားေခၚယူေနတယ္လို ့သိရပါတယ္။

ဇာတ္ကားေတြကို ပံုေဖာ္ရုိက္ကူးမယ့္ ဒါရုိ္က္တာ ခရစၥတီးနားခီက”မင္းသားတေယာက္ရဲ႕ခႏၶာကိုယ္နဲ႔ ႐ုပ္ရည္ကို မင္းသားကပိုင္တယ္။ ပရိသတ္ကလည္းပိုင္တယ္။ သ႐ုပ္ေဆာင္တစ္ေယာက္ အတြက္က်ေတာ့ ဘယ္သူမွ မပိုင္ေတာ့ဘူး။ ကာ႐ိုက္တာကပဲပိုင္ေတာ့တယ္။လိုအပ္ရင္လိုအပ္သလို ေနထိုင္ရမယ္။ပံုေျပာင္းသင့္ရင္ေျပာင္းရမယ္”ဆိုၿပီးသူမလိုခ်င္တဲ့ ပံုစံေတြကို ေျပာျပထားခဲ့ပါတယ္။

ဇာတ္ကားႏွစ္ကား နဲ ့ပရိသတ္အားေပးမႈကို ရရွိသြားတဲ့ဇဏ္ခီက လာေရာက္ေလွ်ာက္ထားမယ့္သူမ်ားအတြက္”ေလွ်ာက္ဖို႔ျပင္ဆင္ေနတဲ့သူေတြကိုတစ္ခုေဝမွ်ခ်င္တာက Casting ဆိုတာ သ႐ုပ္ေဆာင္ေရြးပြဲပါ။ သ႐ုပ္ေဆာင္ ၿပိဳင္ပြဲမဟုတ္ပါဘူး။ တကယ္လို႔ အေရြးမခံရရင္ စိတ္ဓါတ္မက်ပါနဲ႔။ ေရြးတဲ့သူေတြက ဇာတ္လမ္းထဲက ကာ႐ိုက္တာနဲ႔ လိုက္မလိုက္ကိုအဓိကၾကည့္ၾကတာပါ။ ကိုယ္ညံ့လို႔ ကိုယ့္ကိုမႀကိဳက္လို႔ မဟုတ္ပါဘူး။ ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိပါ။ ၾကည္ၾကည္လင္လင္ နဲ႔ ေလးေလးစားစား ျပဳမူေျပာဆိုပါ ဒါေပမယ့္ ကိုယ္ပိုင္ဟန္မေပ်ာက္ပါေစနဲ႔။ ကိုယ္ပိုင္ဟန္ရွိတဲ့သူေတြကို Casting ေရြးတဲ့သူေတြက ပိုၿပီးေတာ့စိတ္ဝင္စားတယ္ သတိလဲထားမိတယ္။ အခုခ်က္ခ်င္းမဟုတ္ေတာင္ ေနာက္ေနာင္ project ေတြမွာ ပါဖို႔အခြင့္အေရးေတြရႏိုင္တယ္။

ေနာက္ဆံုးတစ္ခုေျပာခ်င္တာကေတာ့ ကၽြန္ေတာ္တို႔ဆီမွာက လွမွ ေခ်ာမွ သ႐ုပ္ေဆာင္ျဖစ္ႏိုင္မယ္လို႔ထင္ေနၾကတယ္။ အဲဒီအယူအဆကို ေျမာင္းထဲ လႊင့္ပစ္လိုက္ပါ”ဆိုၿပီး အားေပးစကားဆိုပါတယ္။

၂၀၁၈-၂၀၁၉ တြင္ထုတ္လုပ္ၿပီး ဒါရိုက္တာခရစၥတီးနားခီရိုက္ကူးပံုေဖာ္မည့္ “Now & Ever” ရုပ္ရွင္ဇာတ္ကားႀကီး၊ “သီတာ” ရုပ္ရွင္ဇာတ္ကားႀကီး နဲ ့TV series ဇာတ္လမ္းတြဲမ်ားတြင္ သရုပ္ေဆာင္ဇဏ္ခီႏွင့္အတူ ပါ၀င္ သရုပ္ေဆာင္ရန္ သရုပ္ေဆာင္ေရြးခ်ယ္ျခင္းျဖစ္တယ္လို ့သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lucky Myanmar

#Unicode Version#
ဇဏ်ခီ နဲ့အတူ သရုပ်ဆောင်နိုင်မယ့် အခွင့်အရေး

ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားနဲ့ မုန္ဒြာခေါ်သံ ရုပ်ရှင်ဇာတ်ကား နှစ်ကားနဲ့ပရိသတ်အားပေးမှုကို အပြည့်အဝရရှိခဲ့သူ ဒါရိုက်တာ ခရစ္စတီးနားခီ နဲ့ဇဏ်ခီ တို့ ဇာတ်ကားတွေထုတ်လုပ်ခဲ့တဲ့ Central Base Production ကနေ သရုပ်ဆောင်အသစ်များခေါ်ယူနေတယ်လို့သိရပါတယ်။


ဇာတ်ကားတွေကို ပုံဖော်ရိုက်ကူးမယ့် ဒါရိုက်တာ ခရစ္စတီးနားခီက”မင်းသားတယောက်ရဲ့ခန္ဓာကိုယ်နဲ့ ရုပ်ရည်ကို မင်းသားကပိုင်တယ်။ ပရိသတ်ကလည်းပိုင်တယ်။ သရုပ်ဆောင်တစ်ယောက် အတွက်ကျတော့ ဘယ်သူမှ မပိုင်တော့ဘူး။ ကာရိုက်တာကပဲပိုင်တော့တယ်။လိုအပ်ရင်လိုအပ်သလို နေထိုင်ရမယ်။ပုံပြောင်းသင့်ရင်ပြောင်းရမယ်”ဆိုပြီးသူမလိုချင်တဲ့ ပုံစံတွေကို ပြောပြထားခဲ့ပါတယ်။

ဇာတ်ကားနှစ်ကား နဲ့ပရိသတ်အားပေးမှုကို ရရှိသွားတဲ့ဇဏ်ခီက လာရောက်လျှောက်ထားမယ့်သူများအတွက်”လျှောက်ဖို့ပြင်ဆင်နေတဲ့သူတွေကိုတစ်ခုဝေမျှချင်တာက Casting ဆိုတာ သရုပ်ဆောင်ရွေးပွဲပါ။ သရုပ်ဆောင် ပြိုင်ပွဲမဟုတ်ပါဘူး။ တကယ်လို့ အရွေးမခံရရင် စိတ်ဓါတ်မကျပါနဲ့။ ရွေးတဲ့သူတွေက ဇာတ်လမ်းထဲက ကာရိုက်တာနဲ့ လိုက်မလိုက်ကိုအဓိကကြည့်ကြတာပါ။ ကိုယ်ညံ့လို့ ကိုယ့်ကိုမကြိုက်လို့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ကြည်ကြည်လင်လင် နဲ့ လေးလေးစားစား ပြုမူပြောဆိုပါ ဒါပေမယ့် ကိုယ်ပိုင်ဟန်မပျောက်ပါစေနဲ့။ ကိုယ်ပိုင်ဟန်ရှိတဲ့သူတွေကို Casting ရွေးတဲ့သူတွေက ပိုပြီးတော့စိတ်ဝင်စားတယ် သတိလဲထားမိတယ်။ အခုချက်ချင်းမဟုတ်တောင် နောက်နောင် project တွေမှာ ပါဖို့အခွင့်အရေးတွေရနိုင်တယ်။

နောက်ဆုံးတစ်ခုပြောချင်တာကတော့ ကျွန်တော်တို့ဆီမှာက လှမှ ချောမှ သရုပ်ဆောင်ဖြစ်နိုင်မယ်လို့ထင်နေကြတယ်။ အဲဒီအယူအဆကို မြောင်းထဲ လွှင့်ပစ်လိုက်ပါ”ဆိုပြီး အားပေးစကားဆိုပါတယ်။

၂၀၁၈-၂၀၁၉ တွင်ထုတ်လုပ်ပြီး ဒါရိုက်တာခရစ္စတီးနားခီရိုက်ကူးပုံဖော်မည့် “Now & Ever” ရုပ်ရှင်ဇာတ်ကားကြီး၊ “သီတာ” ရုပ်ရှင်ဇာတ်ကားကြီး နဲ့TV series ဇာတ်လမ်းတွဲများတွင် သရုပ်ဆောင်ဇဏ်ခီနှင့်အတူ ပါဝင် သရုပ်ဆောင်ရန် သရုပ်ဆောင်ရွေးချယ်ခြင်းဖြစ်တယ်လို့သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Lucky Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top