ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

လူတစ္ေယာက္နဲ႔ တစ္ေယာက္ရဲ႕ ကံၾကမၼာက မတူညီၾကပါဘူး။တစ္ခိ်ဳ႕က ေမြးတည္းက ေရႊဇြန္း ေငြ ဇြန္း ကို ကုိက္ၿပီး ေမြးလာသူေတြရွိေပမယ့္ တစ္ခ်ိဳ႕က ေလာကဓံရဲ႕ အထုအေထာင္းေတြကို ခံခဲ့ရသူေတြ လည္း အမ်ားႀကီး ရွိပါတယ္။ ေလာ ကဓံရဲ႕ ထုိးႏွက္ခ်က္ေတြေၾကာင့္ ၿပိဳလဲလုနီးပါး အေျခအေနေတြနဲ႔ ရင္ဆိုင္ခဲ့ရဖူးသူေတြ ရွိပါတယ္။သူတို႔ ေတြကေတာ့…………
#Dwayne Johnson


Dwayne Johnson ကေတာ့ ေငြေရးေၾကးေရးဆင္းရဲခ်ိဳ႕တဲ့ တဲ့ မိသားစုကေန ဆင္းသက္လာခဲ့တာပါ။ဥပေဒ အရ ႏွင္ထုတ္ခံရတာမ်ိဳးေတာင္ရွိခဲ့ပါတယ္။ခိုးမႈေတြနဲ႔လည္း ေထာင္က်ခဲ့ဖူးသူပါ။ဘ၀ ေပး အေျခအေနအရ ရဲေတြနဲ႔လည္း မၾကာခဏ ဆုိသလို ထိပ္ တိုက္ေတြ႕ဆံု ျပႆနာတတ္ခဲ့သူပါ။ေဘာလံုးကို ၀ါသနာ ပါေပမယ့္ အဲ့ဒီတုန္း ကလည္္း စိတ္က်ေရာဂါနဲ႔ လံုးပန္းခဲ့ရပါတယ္။ေမွ်ာ္လင့္ထားသလို NFL မျဖစ္ခ့ဲသလို Canadian Football League ကေန လည္း ထြက္ခဲ့ရပါတယ္။ေနာက္ဆံုးမွာေတာ့ အေဖ့ေျခရာကို နင္းၿပီး နပန္းေလာကထဲကို ၀င္လာခဲ့ပါတယ္။ကံၾကမၼာအ လွည့္ အေျပာင္းေၾကာင့္ ေဟာလိ၀ုဒ္ရုပ္ရွင္ေလာကထဲကို (၂၀၀၁) မွာေျခလွမ္းခ်ႏိုင္ခဲ့ပါတယ္။အခုဆုိရင္ေတာ့ ၀င္ ေငြ အေကာင္းဆုံး မင္းသားစာရင္းမွာပါ ပါ၀င္လာခဲ့ပါၿပီ။

#Nicki Minaj


Nicki  ရဲ႕ ငယ္ဘ၀ကေတာ့ အရမ္းကို သနားစရာေကာင္းပါတယ္။ဗင္္နီဇြဲလားအနီးရွိ Trinidad and Tobago ဆိုတဲ့ ကၽြန္းမွာေမြးဖြားခဲ့တာပါ။အိမ္ေသးေသးေလးထဲမွာ လူ(၁၅)ေယာက္ေလာက္ ေနခဲ့ရတဲ့ ဘ၀ ပါ။နယူးေယာ့ခ္ ကို ေရာက္လာခ်ိန္မွာေတာ့ ဖခင္ျဖစ္သူက အရက္စြဲ ေနခဲ့ပါတယ္။အရက္ေၾကာင္ေၾကာင္ ေနတဲ့ ဖခင္က  သူမရဲ႕ မိခင္ ကို အိမ္ထဲမွာ ထားၿပီး အိမ္ကို မီးရႈိ႕ခဲ့ဖူးပါတယ္။ဖခင္ျဖစ္သူရဲ႕ ဆိုးသြမ္းမႈေၾကာင့္ Nicki  တစ္ေယာက္ ရဲကို မၾကာခဏ ဖုန္းေခၚၿပီး တိုင္တန္းခဲ့ရဖူးပါတယ္။ မိသားစုအဆင္မေျပမႈေတြအမ်ားႀကီးရွိေနတဲ့ သူမဟာ ရက္ပ္ ပါ အဆိုေတာ္ Lil Wayne နဲ႔ ေတြ႕ဆံုၿပီးေနာက္ “Pink Friday.” ဆိုတဲ့ အယ္ဘမ္ကို ထြက္ရွိႏိုင္ခဲ့ပါတယ္။(၂၀၁၇) မွာေတာ့ အေအာင္ ျမင္ဆံုး ရက္ပ္ ပါေတြထဲက တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။
#Oprah Winfrey

Oprah  ဟာ သူမရဲ႕ မိသားစုအတြင္းမွာပဲ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ အႀကိမ္ေရ မ်ားစြာနဲ႔ ရင္ ဆိုင္ ႀကံဳ ေတြ႕ ခဲ့ရဖူးသူပါ။လက္မထပ္ရေသးတဲ့ ဆယ္ေက်ာ္သက္ အရြယ္ မိခင္တစ္ေယာက္ရဲ႕ သမီး အျဖစ္နဲ႔ ေမြးဖြား လာခဲ့ရသူပါ။ မိခင္ျဖစ္သူရဲ႕ ေဆြမ်ိဳး အမ်ိဳးသားေတြန႔ဲ သူငယ္ခ်င္းေတြရဲ႕ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ၊မုဒိမ္းက်င့္မႈေတြ ကို သူမ အသက္ (၉)ႏွစ္သမီးတည္းက ခံခဲ့ရပါတယ္။ဒါေတြေၾကာင့္ပဲ သူမရဲ႕အသက္ (၁၄)ႏွစ္အရြယ္မွာ ကိုယ္၀န္ရခဲ့ပါတယ္။ အသက္ငယ္ငယ္ေလးနဲ႔ ကေလး ေမြးခဲ့ရၿပီး ရင္ေသြးကေတာ့ ေမြးၿပီး မၾကာခင္မွာပဲ ေသဆံုး သြားခဲ့ပါတယ္အဲ့ဒီလို ငယ္ဘ၀က ဇာတ္နာခဲ့ရတဲ့ သူမဟာ အခုဆိုရင္ေတာ့ “Queen of All Media”  ဆိုၿပီး လူေတြရဲ႕ အသိအမွတ္ျ ပဳျခင္းကိုခံေနရပါၿပီ။ျပည္တြင္းသတင္းေၾကညာသူအျဖစ္ကေန စခဲ့တဲ့ သူမရဲ႕ ေအာင္ ျမင္္မႈ ေျခလွမ္း ကေနOprah Winfrey Network ဆုိတဲ့ TV Channel ရဲ႕ ပဲ့ကိုင္ရွင္တစ္ေယာက္ ျဖစ္လာခဲ့ပါၿပီ။
#Charlize Theron

Charlize Theron ကေတာ့ ေအာ္စကာဆုရမင္းသမီးတစ္ေယာက္ပါ။ အရက္စြဲေနတဲ့ ဖခင္ျဖစ္သူနဲ႔ အတူ ႀကီးျပင္္း ခဲ့ရသူပါ။ ဖခင္ျဖစ္သူက မိခင္ကို မၾကာခဏ ရိုက္ႏွက္ခဲ့ပါတယ္။ သူမအသက္(၁၅)ႏွစ္ျပည့္တဲ့ေန႔မွာေတာ့ အရက္ေသာက္ ထားတဲ့ ဖခင္ကို မိခင္က ေသနတ္နဲ႔ ပစ္သတ္ခဲ့တဲ့ ျဖစ္ရပ္ဆိုးႀကီးကို သူမက မ်က္ျမင္ကိုယ္ေတြ႕  ႀကံဳခဲ့ ရပါတယ္။ ဒီ ျဖစ္ရပ္က သူမကို ေအာင္ျမင္လာဖုိ႔ တြန္းအားေတြျဖစ္ေစခဲ့ပါတယ္။မိခင္ျဖစ္သူက သူမကို ေမာ္ဒယ္ ၿပိဳင္ပြဲ ၀င္ ဖို႔ တြန္းအားေပးခဲ့တာပါ။တစ္ဖက္မွာ ဘဲေလးက သင္တန္းကို တက္ရင္း တစ္ဖက္ကလည္း ေမာ္ဒယ္ အလုပ္ ကို လုပ္ရင္း အိမ္ကို ေငြေၾကး ေထာက္ပံ့ေပးရင္း ႀကိဳးစားရုန္းကန္ေနရတဲ့ သူမရဲ႕ ဘ၀မွာ ေနာက္ထပ္ ေလာကဓံထိုးႏွက္ခ်က္ တစ္ခုနဲ႔ ထပ္ၿပီးႀကံဳခဲ့ရပါတယ္။ဒူး မွာဒဏ္ရာ ရခဲ့ၿပီး လက္ရွိသူမရဲ႕ အိမ္မက္ေတြ အားလံုး ၿပိဳကြဲသြားခဲ့ပါတယ္။ ကုန္းေကာက္စရာမရွိေတာ့တဲ့ သူမဟာ အသက္ဆက္ဖို႔ ေပါင္မုန္႔ကို ခိုးရတဲ့ အထိ ျဖစ္ခဲ့ရပါတယ္။ ဒါေပမယ့္ (၁၉၉၄) မွာေ တာ့ မန္ေနဂ်ာ တစ္ေယာက္က သူမကိုသ ေဘာက််ၿပီး ေရြးခ်ယ္ခဲ့ရာကေန အခုလိုေအာင္ျမင္တဲ့ ဘ၀ကိို ေရာက္ခဲ့တာပါ။

#Leighton Meester

Leighton Meester ကေတာ့ ငယ္ဘ၀က အရမ္းကုိ ဇာတ္နာ ခဲ့သူပါ။သူမ မေမြးခင္မွာ မိခင္္ ျဖစ္သူက ေဆးေျခာက္ ေရာင္း၀ယ္ေဖာက္ကားမႈ အဖမ္းခံခဲ့ရပါတယ္။ဒီအမႈမွာ   Leighton’ ရဲ႕ အေဖ၊အဖိုးနဲ႔ အေဒၚ တုိ႔ပါ ပါ၀င္ ပတ္သက္ ခ့ဲၿပီး မိသားစုလိုက္ေထာင္နန္းစံခဲ့ ရပါတယ္။သူမရဲ႕ အေဒၚဟာ ေထာင္ေဖာက္ခဲ့ပါတယ္။U.S. Marshals 15 Most Wanted List စာရင္းမွာ ပါ၀င္ခဲ့တဲ့ ပထမဆံုး အမ်ိဳးသမီးျဖစ္လာခဲ့ပါတယ္။ သူမရဲ႕ အေမက ေထာင္က်ေနခ်ိန္မွာ သူမကို ေမြးခဲ့တာပါ။ေမြးၿပီးေနာက္ မိခင္ကေတာ့ ဆက္လက္ အက်ဥ္္းက်ခဲ့ၿပီး Leighton ကိုေတာ့ အဖြားျဖစ္သူက ေစာင့္္ ေရွာက္ေပးခဲ့ ပါတယ္။ေထာင္နန္းစံတဲ့ဇာတ္ရႈပ္ေတြ၊မူးယစ္ေဆးဇာတ္ရႈပ္ေတြနဲ႔ ျပည့္ေနေပမယ့္လည္း သူမတို႔ မိသားစုမွာလည္း ေပ်ာ္စရာ အခ်ိန္ေတြ ရွိခဲ့ပါတယ္လို႔ Leighton ကေျပာခဲ့ဖူးပါတယ္။

Source thethings/diply

ဖိုးသူေတာ္ (www.phothutaw.com)
Credit: auntymay
# Unicode Version ျဖင့္ ဖတ္ပါ #
လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကံကြမ္မာက မတူညီကြပါဘူး။တစ်ချို့က မွေးတည်းက ရွှေဇွန်း ငွေ ဇွန်း ကို ကိုက်ပြီး မွေးလာသူတွေရှိပေမယ့် တစ်ချို့က လောကဓံရဲ့ အထုအထောင်းတွေကို ခံခဲ့ရသူတွေ လည်း အများကြီး ရှိပါတယ်။ လော ကဓံရဲ့ ထိုးနှက်ချက်တွေကြောင့် ပြိုလဲလုနီးပါး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးသူတွေ ရှိပါတယ်။သူတို့ တွေကတော့…………
#Dwayne Johnson

Dwayne Johnson ကတော့ ငွေရေးကြေးရေးဆင်းရဲချို့တဲ့ တဲ့ မိသားစုကနေ ဆင်းသက်လာခဲ့တာပါ။ဥပဒေ အရ နှင်ထုတ်ခံရတာမျိုးတောင်ရှိခဲ့ပါတယ်။ခိုးမှုတွေနဲ့လည်း ထောင်ကျခဲ့ဖူးသူပါ။ဘ၀ ပေး အခြေအနေအရ ရဲတွေနဲ့လည်း မကြာခဏ ဆိုသလို ထိပ် တိုက်တွေ့ဆုံ ပြဿနာတတ်ခဲ့သူပါ။ဘောလုံးကို ဝါသနာ ပါပေမယ့် အဲ့ဒီတုန်း ကလည်း စိတ်ကျရောဂါနဲ့ လုံးပန်းခဲ့ရပါတယ်။မျှော်လင့်ထားသလို NFL မဖြစ်ခဲ့သလို Canadian Football League ကနေ လည်း ထွက်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ အဖေ့ခြေရာကို နင်းပြီး နပန်းလောကထဲကို ဝင်လာခဲ့ပါတယ်။ကံကြမ္မာအ လှည့် အပြောင်းကြောင့် ဟောလိဝုဒ်ရုပ်ရှင်လောကထဲကို (၂၀၀၁) မှာခြေလှမ်းချနိုင်ခဲ့ပါတယ်။အခုဆိုရင်တော့ ဝင် ငွေ အကောင်းဆုံး မင်းသားစာရင်းမှာပါ ပါဝင်လာခဲ့ပါပြီ။

#Nicki Minaj

Nicki  ရဲ့ ငယ်ဘဝကတော့ အရမ်းကို သနားစရာကောင်းပါတယ်။ဗင်နီဇွဲလားအနီးရှိ Trinidad and Tobago ဆိုတဲ့ ကျွန်းမှာမွေးဖွားခဲ့တာပါ။အိမ်သေးသေးလေးထဲမှာ လူ(၁၅)ယောက်လောက် နေခဲ့ရတဲ့ ဘ၀ ပါ။နယူးယော့ခ် ကို ရောက်လာချိန်မှာတော့ ဖခင်ဖြစ်သူက အရက်စွဲ နေခဲ့ပါတယ်။အရက်ကြောင်ကြောင် နေတဲ့ ဖခင်က  သူမရဲ့ မိခင် ကို အိမ်ထဲမှာ ထားပြီး အိမ်ကို မီးရှို့ခဲ့ဖူးပါတယ်။ဖခင်ဖြစ်သူရဲ့ ဆိုးသွမ်းမှုကြောင့် Nicki  တစ်ယောက် ရဲကို မကြာခဏ ဖုန်းခေါ်ပြီး တိုင်တန်းခဲ့ရဖူးပါတယ်။ မိသားစုအဆင်မပြေမှုတွေအများကြီးရှိနေတဲ့ သူမဟာ ရက်ပ် ပါ အဆိုတော် Lil Wayne နဲ့ တွေ့ဆုံပြီးနောက် “Pink Friday.” ဆိုတဲ့ အယ်ဘမ်ကို ထွက်ရှိနိုင်ခဲ့ပါတယ်။(၂၀၁၇) မှာတော့ အအောင် မြင်ဆုံး ရက်ပ် ပါတွေထဲက တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
#Oprah Winfrey
Oprah  ဟာ သူမရဲ့ မိသားစုအတွင်းမှာပဲ လိင်ပိုင်းဆိုင်ရာ စော်ကားမှု အကြိမ်ရေ များစွာနဲ့ ရင် ဆိုင် ကြုံ တွေ့ ခဲ့ရဖူးသူပါ။လက်မထပ်ရသေးတဲ့ ဆယ်ကျော်သက် အရွယ် မိခင်တစ်ယောက်ရဲ့ သမီး အဖြစ်နဲ့ မွေးဖွား လာခဲ့ရသူပါ။ မိခင်ဖြစ်သူရဲ့ ဆွေမျိုး အမျိုးသားတွေနဲ့ သူငယ်ချင်းတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊မုဒိမ်းကျင့်မှုတွေ ကို သူမ အသက် (၉)နှစ်သမီးတည်းက ခံခဲ့ရပါတယ်။ဒါတွေကြောင့်ပဲ သူမရဲ့အသက် (၁၄)နှစ်အရွယ်မှာ ကိုယ်ဝန်ရခဲ့ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ ကလေး မွေးခဲ့ရပြီး ရင်သွေးကတော့ မွေးပြီး မကြာခင်မှာပဲ သေဆုံး သွားခဲ့ပါတယ်အဲ့ဒီလို ငယ်ဘဝက ဇာတ်နာခဲ့ရတဲ့ သူမဟာ အခုဆိုရင်တော့ “Queen of All Media”  ဆိုပြီး လူတွေရဲ့ အသိအမှတ်ြ ပုခြင်းကိုခံနေရပါပြီ။ပြည်တွင်းသတင်းကြေညာသူအဖြစ်ကနေ စခဲ့တဲ့ သူမရဲ့ အောင် မြင်မှု ခြေလှမ်း ကနေOprah Winfrey Network ဆိုတဲ့ TV Channel ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။
#Charlize Theron
Charlize Theron ကတော့ အော်စကာဆုရမင်းသမီးတစ်ယောက်ပါ။ အရက်စွဲနေတဲ့ ဖခင်ဖြစ်သူနဲ့ အတူ ကြီးပြင်း ခဲ့ရသူပါ။ ဖခင်ဖြစ်သူက မိခင်ကို မကြာခဏ ရိုက်နှက်ခဲ့ပါတယ်။ သူမအသက်(၁၅)နှစ်ပြည့်တဲ့နေ့မှာတော့ အရက်သောက် ထားတဲ့ ဖခင်ကို မိခင်က သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးကို သူမက မျက်မြင်ကိုယ်တွေ့  ကြုံခဲ့ ရပါတယ်။ ဒီ ဖြစ်ရပ်က သူမကို အောင်မြင်လာဖို့ တွန်းအားတွေဖြစ်စေခဲ့ပါတယ်။မိခင်ဖြစ်သူက သူမကို မော်ဒယ် ပြိုင်ပွဲ ဝင် ဖို့ တွန်းအားပေးခဲ့တာပါ။တစ်ဖက်မှာ ဘဲလေးက သင်တန်းကို တက်ရင်း တစ်ဖက်ကလည်း မော်ဒယ် အလုပ် ကို လုပ်ရင်း အိမ်ကို ငွေကြေး ထောက်ပံ့ပေးရင်း ကြိုးစားရုန်းကန်နေရတဲ့ သူမရဲ့ ဘဝမှာ နောက်ထပ် လောကဓံထိုးနှက်ချက် တစ်ခုနဲ့ ထပ်ပြီးကြုံခဲ့ရပါတယ်။ဒူး မှာဒဏ်ရာ ရခဲ့ပြီး လက်ရှိသူမရဲ့ အိမ်မက်တွေ အားလုံး ပြိုကွဲသွားခဲ့ပါတယ်။ ကုန်းကောက်စရာမရှိတော့တဲ့ သူမဟာ အသက်ဆက်ဖို့ ပေါင်မုန့်ကို ခိုးရတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် (၁၉၉၄) မှာေ တာ့ မန်နေဂျာ တစ်ယောက်က သူမကိုသ ဘောကျျပြီး ရွေးချယ်ခဲ့ရာကနေ အခုလိုအောင်မြင်တဲ့ ဘဝကို ရောက်ခဲ့တာပါ။

#Leighton Meester
Leighton Meester ကတော့ ငယ်ဘဝက အရမ်းကို ဇာတ်နာ ခဲ့သူပါ။သူမ မမွေးခင်မှာ မိခင် ဖြစ်သူက ဆေးခြောက် ရောင်းဝယ်ဖောက်ကားမှု အဖမ်းခံခဲ့ရပါတယ်။ဒီအမှုမှာ   Leighton’ ရဲ့ အဖေ၊အဖိုးနဲ့ အဒေါ် တို့ပါ ပါဝင် ပတ်သက် ခဲ့ပြီး မိသားစုလိုက်ထောင်နန်းစံခဲ့ ရပါတယ်။သူမရဲ့ အဒေါ်ဟာ ထောင်ဖောက်ခဲ့ပါတယ်။U.S. Marshals 15 Most Wanted List စာရင်းမှာ ပါဝင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့ပါတယ်။ သူမရဲ့ အမေက ထောင်ကျနေချိန်မှာ သူမကို မွေးခဲ့တာပါ။မွေးပြီးနောက် မိခင်ကတော့ ဆက်လက် အကျဉ်းကျခဲ့ပြီး Leighton ကိုတော့ အဖွားဖြစ်သူက စောင့်် ရှောက်ပေးခဲ့ ပါတယ်။ထောင်နန်းစံတဲ့ဇာတ်ရှုပ်တွေ၊မူးယစ်ဆေးဇာတ်ရှုပ်တွေနဲ့ ပြည့်နေပေမယ့်လည်း သူမတို့ မိသားစုမှာလည်း ပျော်စရာ အချိန်တွေ ရှိခဲ့ပါတယ်လို့ Leighton ကပြောခဲ့ဖူးပါတယ်။

Source thethings/diply

ဖိုးသူတော် (www.phothutaw.com)
Credit: auntymay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top