ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

 ေပ်ာ္႐ႊင္မႈဆိုတဲ့ စိတၱဇနာမ္ကို ေငြေၾကးဥစၥာဆိုတဲ့ ႐ုပ္ပိုင္းဆိုင္ရာ ပစၥည္းေတြနဲ႔ တိုက္႐ိုက္ဝယ္လို႔မရတာ အမွန္ပါပဲ။

လူသိမ်ားတဲ့ စကားတစ္ခြန္း႐ွိပါတယ္။ "ေပ်ာ္႐ႊင္မႈကို ေငြေပးၿပီး ဝယ္လို႔မရ" တဲ့။ အမွန္ပါပဲ။ ေပ်ာ္႐ႊင္မႈဆိုတဲ့ စိတၱဇနာမ္ကို ေငြေၾကးဥစၥာဆိုတဲ့ ႐ုပ္ပိုင္းဆိုင္ရာ ပစၥည္းေတြနဲ႔ တိုက္႐ိုက္ဝယ္လို႔မရတာ အမွန္ပါပဲ။ ဒါေပမယ့္ ေပ်ာ္႐ႊင္မႈကို ျဖစ္ေစတဲ့ အရာေတြကိုေကာ ေငြေပးၿပီး ဝယ္လို႔မရဘူးလား။ ဒီေမးခြန္းကို သိပၸံနည္းက် သုေတသနျပဳလုပ္ ေလ့လာထားပါတယ္။

ေငြေၾကးဥစၥာက ေပ်ာ္႐ႊင္မႈကို ဝယ္လို႔မရဘူးဆိုေပမယ့္ ေပ်ာ္႐ႊင္မႈကိုျဖစ္ေစတဲ့ အရာဝတၳဳေတြကိုေတာ့ ဝယ္လို႔ရတာ အမွန္ပါပဲ။ အနည္းဆံုးေတာ့ စိတ္ဖိစီးမႈနဲ႔ စိတ္ေသာကကို အတိုင္းအတာတစ္ခုအထိ ေလ်ာ့က်ေအာင္ ေငြေၾကးဥစၥာက ဖန္တီးေပးႏိုင္ပါတယ္။ ဒီအခ်က္ကို ေထာက္ခံေပးတဲ့ သက္ေသျပခ်က္အျဖစ္ ကယ္လီဖိုးနီးယားတကၠသိုလ္က သိပၸံပညာ႐ွင္ေတြဟာ မိမိပိုက္ဆံ ဘယ္ေလာက္႐ွာႏိုင္လဲ ဆိုတဲ့အခ်က္က ေပ်ာ္႐ႊင္မႈကို ဘယ္လိုခံစားရႏိုင္လဲ ဆိုတဲ့အခ်က္ေပၚ သက္ေရာက္မႈ႐ွိေနႏိုင္ေၾကာင္း သုေတသနျပဳလုပ္ၿပီး ႐ွာေဖြေတြ႕႐ွိခဲ့ပါတယ္။


သုေတသနအရ ဝင္ေငြေကာင္းသူေတြဟာ သူတို႔ရဲ႕အတၱေပၚမွာ အေျခခံတဲ့ ေကာင္းမြန္တဲ့စိတ္ခံစားခ်က္ေတြကို ခံစားရႏိုင္ေျခ ပိုမ်ားသလို၊ ဝင္ေငြနည္းသူေတြကေတာ့ တျခားသူေတြနဲ႔ ဆက္စပ္ၿပီးမွ ရ႐ွိတဲ့ ေကာင္းမြန္တဲ့စိတ္ခံစားခ်က္ေတြကို ခံစားရႏိုင္ေျခ ပိုမ်ားပါသတဲ့။ သူတို႔ရဲ႕ေလ့လာေတြ႕႐ွိခ်က္ကို အေမရိကန္စိတ္ပညာ အစည္းအ႐ံုးက ထုတ္ေဝတဲ့ Emotion ဆိုတဲ့ ဂ်ာနယ္တစ္ေစာင္မွာ ေဖာ္ျပခဲ့ပါတယ္။

Paul K. Piff (PhD) နဲ႔ Jake Moskowitz ဆိုတဲ့ ဘြဲ႕လြန္သုေတသီ ေက်ာင္းသားႏွစ္ဦးဟာ အသက္ (၂၄) ႏွစ္နဲ႔ (၉၃) ႏွစ္ၾကား အေမရိကန္ အ႐ြယ္ေရာက္ၿပီးသား ပုဂၢိဳလ္ (၁၅၁၉) ေယာက္ကို ေလ့လာထားတဲ့ ဆာေဗးေဒတာေတြကို အသံုးခ်ၿပီး လူတစ္ဦးခ်င္းစီရဲ႕ ပ်မ္းမွ်ဝင္ေငြနဲ႔ ေပ်ာ္႐ႊင္မႈနဲ႔ ဆက္ႏြယ္ေနတဲ့ စိတ္ခံစားခ်က္ (၇) မ်ိဳးၾကားက ပတ္သက္မႈကို ခ်ိန္ထိုးေလ့လာခဲ့ၾကပါတယ္။ ေပ်ာ္႐ႊင္မႈနဲ႔ ဆက္ႏြယ္ေနတဲ့ စိတ္ခံစားခ်က္ (၇) မ်ိဳးဆိုတာကေတာ့ သေဘာက်ျခင္း၊ အံ့ၾသျခင္း၊ က႐ုဏာသက္ျခင္း၊ အားရေက်နပ္ျခင္း၊ တက္ၾကြျခင္း၊ အခ်စ္နဲ႔ ဂုဏ္ယူဝင့္ၾကြားျခင္း တို႔ပဲျဖစ္ပါတယ္။
 
သူတို႔ရဲ႕ေလ့လာခ်က္အရ ဝင္ေငြေကာင္းသူေတြဟာ အတၱအေျခခံတဲ့ စိတ္ခံစားခ်က္ေတြျဖစ္တဲ့ ဂုဏ္ယူဝင့္ၾကြားျခင္း၊ သေဘာက်ျခင္းနဲ႔ အားရေက်နပ္ျခင္းတို႔ကို ပိုမိုခံစားရေလ့႐ွိၿပီး ဝင္ေငြနည္းသူေတြကေတာ့ တျခားသူေတြနဲ႔ ဆက္ႏြယ္မွရတဲ့ ေပ်ာ္႐ႊင္စိတ္ေတြျဖစ္တဲ့ အံ့ၾသျခင္း၊ က႐ုဏာသက္ျခင္းနဲ႔ အခ်စ္တို႔ကို ပိုမိုခံစားရေလ့႐ွိပါတယ္တဲ့။ တက္ၾကြျခင္းနဲ႔ ပတ္သက္လာရင္ေတာ့ တိက်တဲ့ အဆိုျပဳခ်က္ မေတြ႕ရပါဘူး။

သုေတသနကို ေကာက္ခ်က္ခ်လိုက္မယ္ဆိုရင္ ေပ်ာ္႐ႊင္မႈကို ေငြနဲ႔ တိုက္႐ိုက္ဝယ္လို႔မရဘူးဆိုေပမယ့္ ေငြ႐ွာေကာင္းသူေတြကေတာ့ ေပ်ာ္႐ႊင္မႈကို အမွီအခိုကင္းစြာနဲ႔ ပိုမိုခံစားရႏိုင္ေျခ ႐ွိတာအမွန္ပါပဲ။ ပစၥည္းဥစၥာ မၾကြယ္ဝရင္ မိမိရဲ႕ေပ်ာ္႐ႊင္မႈကို တစ္ပါးသူေတြအေပၚ မွီခိုေနရမွာျဖစ္ၿပီး မွီခိုစရာလူမရွိတဲ့အခါ ေပ်ာ္႐ႊင္မႈကို ခံစားႏိုင္ေျခ ေလ်ာ့နည္းသြားမွာ အမွန္ပါပဲ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
Source: Reader's Digest
 ပျော်ရွှင်မှုဆိုတဲ့ စိတ္တဇနာမ်ကို ငွေကြေးဥစ္စာဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းတွေနဲ့ တိုက်ရိုက်ဝယ်လို့မရတာ အမှန်ပါပဲ။

လူသိများတဲ့ စကားတစ်ခွန်းရှိပါတယ်။ "ပျော်ရွှင်မှုကို ငွေပေးပြီး ဝယ်လို့မရ" တဲ့။ အမှန်ပါပဲ။ ပျော်ရွှင်မှုဆိုတဲ့ စိတ္တဇနာမ်ကို ငွေကြေးဥစ္စာဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းတွေနဲ့ တိုက်ရိုက်ဝယ်လို့မရတာ အမှန်ပါပဲ။ ဒါပေမယ့် ပျော်ရွှင်မှုကို ဖြစ်စေတဲ့ အရာတွေကိုကော ငွေပေးပြီး ဝယ်လို့မရဘူးလား။ ဒီမေးခွန်းကို သိပ္ပံနည်းကျ သုတေသနပြုလုပ် လေ့လာထားပါတယ်။

ငွေကြေးဥစ္စာက ပျော်ရွှင်မှုကို ဝယ်လို့မရဘူးဆိုပေမယ့် ပျော်ရွှင်မှုကိုဖြစ်စေတဲ့ အရာဝတ္ထုတွေကိုတော့ ဝယ်လို့ရတာ အမှန်ပါပဲ။ အနည်းဆုံးတော့ စိတ်ဖိစီးမှုနဲ့ စိတ်သောကကို အတိုင်းအတာတစ်ခုအထိ လျော့ကျအောင် ငွေကြေးဥစ္စာက ဖန်တီးပေးနိုင်ပါတယ်။ ဒီအချက်ကို ထောက်ခံပေးတဲ့ သက်သေပြချက်အဖြစ် ကယ်လီဖိုးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ မိမိပိုက်ဆံ ဘယ်လောက်ရှာနိုင်လဲ ဆိုတဲ့အချက်က ပျော်ရွှင်မှုကို ဘယ်လိုခံစားရနိုင်လဲ ဆိုတဲ့အချက်ပေါ် သက်ရောက်မှုရှိနေနိုင်ကြောင်း သုတေသနပြုလုပ်ပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သုတေသနအရ ဝင်ငွေကောင်းသူတွေဟာ သူတို့ရဲ့အတ္တပေါ်မှာ အခြေခံတဲ့ ကောင်းမွန်တဲ့စိတ်ခံစားချက်တွေကို ခံစားရနိုင်ခြေ ပိုများသလို၊ ဝင်ငွေနည်းသူတွေကတော့ တခြားသူတွေနဲ့ ဆက်စပ်ပြီးမှ ရရှိတဲ့ ကောင်းမွန်တဲ့စိတ်ခံစားချက်တွေကို ခံစားရနိုင်ခြေ ပိုများပါသတဲ့။ သူတို့ရဲ့လေ့လာတွေ့ရှိချက်ကို အမေရိကန်စိတ်ပညာ အစည်းအရုံးက ထုတ်ဝေတဲ့ Emotion ဆိုတဲ့ ဂျာနယ်တစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။

Paul K. Piff (PhD) နဲ့ Jake Moskowitz ဆိုတဲ့ ဘွဲ့လွန်သုတေသီ ကျောင်းသားနှစ်ဦးဟာ အသက် (၂၄) နှစ်နဲ့ (၉၃) နှစ်ကြား အမေရိကန် အရွယ်ရောက်ပြီးသား ပုဂ္ဂိုလ် (၁၅၁၉) ယောက်ကို လေ့လာထားတဲ့ ဆာဗေးဒေတာတွေကို အသုံးချပြီး လူတစ်ဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေနဲ့ ပျော်ရွှင်မှုနဲ့ ဆက်နွယ်နေတဲ့ စိတ်ခံစားချက် (၇) မျိုးကြားက ပတ်သက်မှုကို ချိန်ထိုးလေ့လာခဲ့ကြပါတယ်။ ပျော်ရွှင်မှုနဲ့ ဆက်နွယ်နေတဲ့ စိတ်ခံစားချက် (၇) မျိုးဆိုတာကတော့ သဘောကျခြင်း၊ အံ့သြခြင်း၊ ကရုဏာသက်ခြင်း၊ အားရကျေနပ်ခြင်း၊ တက်ကြွခြင်း၊ အချစ်နဲ့ ဂုဏ်ယူဝင့်ကြွားခြင်း တို့ပဲဖြစ်ပါတယ်။
သူတို့ရဲ့လေ့လာချက်အရ ဝင်ငွေကောင်းသူတွေဟာ အတ္တအခြေခံတဲ့ စိတ်ခံစားချက်တွေဖြစ်တဲ့ ဂုဏ်ယူဝင့်ကြွားခြင်း၊ သဘောကျခြင်းနဲ့ အားရကျေနပ်ခြင်းတို့ကို ပိုမိုခံစားရလေ့ရှိပြီး ဝင်ငွေနည်းသူတွေကတော့ တခြားသူတွေနဲ့ ဆက်နွယ်မှရတဲ့ ပျော်ရွှင်စိတ်တွေဖြစ်တဲ့ အံ့သြခြင်း၊ ကရုဏာသက်ခြင်းနဲ့ အချစ်တို့ကို ပိုမိုခံစားရလေ့ရှိပါတယ်တဲ့။ တက်ကြွခြင်းနဲ့ ပတ်သက်လာရင်တော့ တိကျတဲ့ အဆိုပြုချက် မတွေ့ရပါဘူး။

သုတေသနကို ကောက်ချက်ချလိုက်မယ်ဆိုရင် ပျော်ရွှင်မှုကို ငွေနဲ့ တိုက်ရိုက်ဝယ်လို့မရဘူးဆိုပေမယ့် ငွေရှာကောင်းသူတွေကတော့ ပျော်ရွှင်မှုကို အမှီအခိုကင်းစွာနဲ့ ပိုမိုခံစားရနိုင်ခြေ ရှိတာအမှန်ပါပဲ။ ပစ္စည်းဥစ္စာ မကြွယ်ဝရင် မိမိရဲ့ပျော်ရွှင်မှုကို တစ်ပါးသူတွေအပေါ် မှီခိုနေရမှာဖြစ်ပြီး မှီခိုစရာလူမရှိတဲ့အခါ ပျော်ရွှင်မှုကို ခံစားနိုင်ခြေ လျော့နည်းသွားမှာ အမှန်ပါပဲ။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
Source: Reader's Digest
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top