iMyanmarHouse.com - Best Property Website for Myanmar
×

မေလးရွားႏုိင္ငံမွာ အရက္တုေတြေသာက္မိလုိ႔ သီတင္းတပတ္အတြင္း ျမန္မာႏုိင္ငံသား ၁၆ ဦးေသဆုံးၿပီး ၃ ဦးေဆးရုံမွာ ေဆးကုသေနရတယ္လုိ႔ ကပုန္းနာေရးအသင္း(မေလးရွား) ဥကၠ႒ ဦးစန္း၀င္းက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔ စက္တင္ဘာလ ၁၄ ရက္ေန႔ကစၿပီး အရက္တုေတြေသာက္မိတဲ့ ျမန္မာႏုိင္ငံသားေတြ ေသဆုံးတာျဖစ္ၿပီးတယ္လုိ႔ ဦးစန္း၀င္းက ေျပာပါတယ္။

“အားလုံးေပါင္းဆုိရင္ နဂုိစာရင္းအရ ၁၃ ေယာက္၊ ၃ ေယာက္ထပ္ေသတယ္ဆုိေတာ့ ၁၆ ေယာက္ျဖစ္သြားတယ္ေပါ့။ ေဆး႐ုံမွာအတြင္းလူနာနဲ႔ ၃ ေယာက္ရွိတယ္။ ေသဆုံးတာက ေသာၾကာေန႔ကေန ဒီေန႔အထိ အားလုံးစုစုေပါင္း ၁၆ ေယာက္ရွိသြားၿပီ။ ”

ေသဆုံးသူေတြဟာ ျမန္မာႏုိင္ငံထုတ္တံဆိပ္ပါတဲ့ အရက္နဲ႔ဘီယာတုေတြကုိ ေသာက္မိလုိ႔ ေသဆုံးတာလုိ႔လည္းေျပာပါတယ္။

“သူက ျမန္မာတံဆိပ္ပါတဲ့ အရက္ေတြေပါ့ေလ။ ဥပမာအားျဖင့္ Myanmar ၀ီစကီတုိ႔၊ Grand Royal တို႔၊ PMG တို႔ စသျဖင့္ေပါ့ေလ။ အဲလုိတံဆိပ္ပါတဲ့ အရက္ေတြေပါ့ေလ။ ေနာက္ဘီယာအတုေတြလည္း ေပါတယ္ေပါ့။ ဘီယာဗူးထက္ နည္းနည္းေလးရွည္တဲ့ ဗူးတမ်ဳိး ရွိတယ္။ ဗူးရွည္လုိ႔ေခၚတယ္ မေလးရွားမွာေတာ့ အဲဒါေတြအရမ္းျပင္းတယ္။ ေသာက္ၿပီး ရင္ေတြ တုန္တယ္။ အဲဒါေတြ ေသာက္ၿပီးေသတာေပါ့။ ျမန္မာတံဆိပ္တပ္ထားတာ။ စီးပြားေရးသမားေတြက ကုိယ့္ဘာသာကုိယ္လုပ္တာ အိမ္ေတြမွာခုိးလုပ္တဲ့ဟာေတြေပါ့။”

ေသဆုံးသူ ၁၆ ဦးဟာ ျမန္မာႏုိင္ငံသားေတြသာျဖစ္ၿပီး တျခား အိႏၵိယ၊ ဘဂၤလာေဒ့ရွ္နဲ႔ မေလးရွားႏုိင္ငံသားေတြလည္း အဲဒီလုိအရက္ေသာက္မိလုိ႔ ေသဆုံးတာေတြရွိတယ္လုိ႔လည္း ေျပာပါတယ္။

အဆုိပါအရက္တုေသာက္မိရင္ ရင္ေတြပူၿပီး မခံစားႏုိင္တဲ့အထိျဖစ္ၿပီး ေအာ့အန္၊ ရင္ဘတ္ေအာင့္ ေသဆုံးတာေတြမ်ားတယ္လုိ႔လည္း ဦးစန္း၀င္းက ေျပာပါတယ္။

ေသဆုံးမႈျဖစ္တဲ့ေနရာေတြကေတာ့ မေလးရွားႏုိင္ငံ စမံုညႇင္းၿမိဳ႕နယ္၊ ကပံုးၿမိဳ႕နယ္၊ ဂ်ိဳဟိုးျပည္နယ္၊ မႊားၿမိဳ႕နဲ႔ ကြာလာလမ္ပူၿမိဳ႕ေတြမွာျဖစ္ၿပီး ေသဆုံးသူေတြထဲမွာ ျမန္မာႏုိင္ငံက ခ်င္း၊ မြန္၊ ရခုိင္ျပည္နယ္နဲ႔ မေကြး၊ စစ္ကုိင္းတုိင္းေတြက ျဖစ္တယ္လုိ႔ လည္းဆုိပါတယ္။

ျမန္မာႏုိင္ငံသားေတြ ေသဆုံးမႈနဲ႔ပတ္သက္ၿပီး ကပုန္းနာေရးကူညီမႈအသင္းအပါအ၀င္ မေလးရွားျမန္မာသံရုံးကလည္း ကြင္းဆင္းကူညီေပးတာ၊ မိသားစု၀င္ေတြကုိ အေၾကာင္းၾကားေပးတာေတြ လုပ္ေဆာင္ေနပါတယ္။

မေလးရွားႏုိင္ငံမွာ ၿပီးခဲ့တဲ့ ၂၀၁၂ ခုႏွစ္တုန္းကလည္း အရက္တုေတြေသာက္မိလုိ႔ ျမန္မာႏုိင္ငံသား ၃၅ ဦးအထိ ေသဆုံးခဲ့ဖူးတာရွိသလုိ ၂၀၁၃ ခုႏွစ္ကလည္း ၅ ဦးေသဆုံးခဲ့ဖူးပါတယ္။

ဒီလုိ အရက္တုေသာက္မိလုိ႔ ေသဆုံးမႈေတြနဲ႔ပတ္သက္လို႔ မေလးရွားအာဏာပုိင္ေတြက အရက္ဆုိင္ေတြကုိ ကြင္းဆင္းစစ္ေဆး အေရးယူဖို႔ ရွိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version#


မလေးရှားနိုင်ငံမှာ အရက်တုတွေသောက်မိလို့ သီတင်းတပတ်အတွင်း မြန်မာနိုင်ငံသား ၁၆ ဦးသေဆုံးပြီး ၃ ဦးဆေးရုံမှာ ဆေးကုသနေရတယ်လို့ ကပုန်းနာရေးအသင်း(မလေးရှား) ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ကစပြီး အရက်တုတွေသောက်မိတဲ့ မြန်မာနိုင်ငံသားတွေ သေဆုံးတာဖြစ်ပြီးတယ်လို့ ဦးစန်းဝင်းက ပြောပါတယ်။

“အားလုံးပေါင်းဆိုရင် နဂိုစာရင်းအရ ၁၃ ယောက်၊ ၃ ယောက်ထပ်သေတယ်ဆိုတော့ ၁၆ ယောက်ဖြစ်သွားတယ်ပေါ့။ ဆေးရုံမှာအတွင်းလူနာနဲ့ ၃ ယောက်ရှိတယ်။ သေဆုံးတာက သောကြာနေ့ကနေ ဒီနေ့အထိ အားလုံးစုစုပေါင်း ၁၆ ယောက်ရှိသွားပြီ။ ”

သေဆုံးသူတွေဟာ မြန်မာနိုင်ငံထုတ်တံဆိပ်ပါတဲ့ အရက်နဲ့ဘီယာတုတွေကို သောက်မိလို့ သေဆုံးတာလို့လည်းပြောပါတယ်။

“သူက မြန်မာတံဆိပ်ပါတဲ့ အရက်တွေပေါ့လေ။ ဥပမာအားဖြင့် Myanmar ၀ီစကီတို့၊ Grand Royal တို့၊ PMG တို့ စသဖြင့်ပေါ့လေ။ အဲလိုတံဆိပ်ပါတဲ့ အရက်တွေပေါ့လေ။ နောက်ဘီယာအတုတွေလည်း ပေါတယ်ပေါ့။ ဘီယာဗူးထက် နည်းနည်းလေးရှည်တဲ့ ဗူးတမျိုး ရှိတယ်။ ဗူးရှည်လို့ခေါ်တယ် မလေးရှားမှာတော့ အဲဒါတွေအရမ်းပြင်းတယ်။ သောက်ပြီး ရင်တွေ တုန်တယ်။ အဲဒါတွေ သောက်ပြီးသေတာပေါ့။ မြန်မာတံဆိပ်တပ်ထားတာ။ စီးပွားရေးသမားတွေက ကိုယ့်ဘာသာကိုယ်လုပ်တာ အိမ်တွေမှာခိုးလုပ်တဲ့ဟာတွေပေါ့။”

သေဆုံးသူ ၁၆ ဦးဟာ မြန်မာနိုင်ငံသားတွေသာဖြစ်ပြီး တခြား အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်နဲ့ မလေးရှားနိုင်ငံသားတွေလည်း အဲဒီလိုအရက်သောက်မိလို့ သေဆုံးတာတွေရှိတယ်လို့လည်း ပြောပါတယ်။

အဆိုပါအရက်တုသောက်မိရင် ရင်တွေပူပြီး မခံစားနိုင်တဲ့အထိဖြစ်ပြီး အော့အန်၊ ရင်ဘတ်အောင့် သေဆုံးတာတွေများတယ်လို့လည်း ဦးစန်းဝင်းက ပြောပါတယ်။

သေဆုံးမှုဖြစ်တဲ့နေရာတွေကတော့ မလေးရှားနိုင်ငံ စမုံညှင်းမြို့နယ်၊ ကပုံးမြို့နယ်၊ ဂျိုဟိုးပြည်နယ်၊ မွှားမြို့နဲ့ ကွာလာလမ်ပူမြို့တွေမှာဖြစ်ပြီး သေဆုံးသူတွေထဲမှာ မြန်မာနိုင်ငံက ချင်း၊ မွန်၊ ရခိုင်ပြည်နယ်နဲ့ မကွေး၊ စစ်ကိုင်းတိုင်းတွေက ဖြစ်တယ်လို့ လည်းဆိုပါတယ်။

မြန်မာနိုင်ငံသားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး ကပုန်းနာရေးကူညီမှုအသင်းအပါအဝင် မလေးရှားမြန်မာသံရုံးကလည်း ကွင်းဆင်းကူညီပေးတာ၊ မိသားစုဝင်တွေကို အကြောင်းကြားပေးတာတွေ လုပ်ဆောင်နေပါတယ်။

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း အရက်တုတွေသောက်မိလို့ မြန်မာနိုင်ငံသား ၃၅ ဦးအထိ သေဆုံးခဲ့ဖူးတာရှိသလို ၂၀၁၃ ခုနှစ်ကလည်း ၅ ဦးသေဆုံးခဲ့ဖူးပါတယ်။

ဒီလို အရက်တုသောက်မိလို့ သေဆုံးမှုတွေနဲ့ပတ်သက်လို့ မလေးရှားအာဏာပိုင်တွေက အရက်ဆိုင်တွေကို ကွင်းဆင်းစစ်ဆေး အရေးယူဖို့ ရှိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top