iMyanmarHouse.com - Best Property Website for Myanmar
×

 ေတာ္သလင္းလျပည့္ ဂရုဓမၼ အခါေတာ္ေန႔အေၾကာင္းကို ေမးထားတာ ၾကာပါၿပီ၊ အေၾကာင္းေၾကာင္းေတြ ေၾကာင့္ လျပည့္ ေန႔ကို ေက်ာ္လြန္သြားမွပဲ ေရးျဖစ္ေတာ့တယ္၊ ငယ္စဥ္ကေတာ့ ဂရုဓမၼအခါေတာ္ေန႔ဆုိတာ သိပ္ၿပီး ထူးျခားတဲ့ ေန႔လို႔ မခံ စားခဲ့ဖူးဘူး၊ သို႔ေသာ္ သူ႔သမိုင္းေၾကာင္းကို လိုက္ၿပီးေျခရာခံလိုက္ေတာ့မွ အစဥ္အလာေကာင္းခဲ့တဲ့ ေန႔ထူးေန႔ျမတ္ တေန႔ ဆုိတာကို သိခဲ့ရတယ္။ ဂရုဓမၼ အခါေတာ္ေန႔ဆုိတာ ယေန႔ေခတ္မွာ ငါးပါးသီလကို မလုံၿခဳံပဲ အစဆုံးသိကၡာပုဒ္ကုိ ခ်ိဳးဖ်က္လိုက္၊ အလယ္ က ေဖာက္ ဖ်က္ လိုက္၊ ေနာက္ဆုံးက တခုကို လႊတ္ထားလိုက္ လုပ္ေနၾကတဲ့ လူသားမ်ား အတြက္ ေတာ္သ လင္း လျပည့္ေ န႔ ေရာ က္တုိင္း သတိရစရာ၊ အတုယူစရာ၊ လိုက္နာစရာေတြနဲ႔ ျပည့္ႏွက္လို႔ ေနပါတယ္။ ကုရုဓမၼဇာတ္ေတာ္ ေဟာရေၾကာင္း  ဗုဒၶျမတ္စြာ သက္ေတာ္ထင္ရွားရွိစဥ္အခါ ရဟန္းေတာ္ ႏွစ္ပါး ဟသၤာတေကာင္ကို အေလာင္းအစားနဲ႔ သတ္ဖို႔ ႀကိဳးစား ၾကရင္း ေကာင္းကင္ပ်ံ၀ဲေနတဲ့ ဟသၤာကို ေက်ာက္ခဲျဖင့္ လွမ္းျပစ္ေလရာ ေက်ာက္ခဲမွန္ေသာ ဟသၤာသည္ ေအာ္ဟစ္ျမည္ တမ္းရင္း ေျမျပင္က်ၿပီး ေသဆုံးခဲ့ရတယ္။

 ဒီအေၾကာင္းကို ျမတ္ဘုရား သိေတာ္မူေတာ့ ခ်စ္သားရဟန္း သင္ဟာ သာသနာေတာ္မွာ ေနၿပီး ရဟန္း၀တ္ေန ပါလ်က္ ပါဏာတိပါတအမႈကုိ လုပ္တာ လက္ေဆာ့ ေျခေဆာ့ရွိလွပါလား၊ ဟိုေရွးေရွးတုံးက ပညာရွိေတြ က သာသနာပကာလမွာ သတ္ဖို ႔ေနေနသာသာ သီလတရားေတြကုိ အသက္တမွ် တန္ဖိုး ထား ေစာင့္ေရွာက္ ခဲ့ၾကတယ္ ဆုိၿပီး ကုရုဓမၼ ဇာတ္ေတာ္ ကို ေဟာေ တာ္ မူခဲ့ပါတယ္။ ယေန႔အခ်ိန္ မွာေတာ့ ကုရုတုိင္း ဆုိတာ အိႏိၵယနိုင္ငံ နယူးေဒလီ New Delhi ၿမိဳ႕ေတာ္ ၀န္းက်င္လို႔ မွတ္တမ္းမ်ားအရ သိရတယ္၊ ဒါဆုိရင္ေတာ့ ကုရုတုိင္းသားေတြဟာ ေခတ္အဆက္ဆက္ ႏွစ္ေပါင္းမ်ားစြာ တရားေစာင့္ခဲ့ၾက တယ္၊လို႔ ဆုိရမ လိုပါ၊ ျမတ္ဘုရား မပြင့္ခင္ကလဲ သာသနာပကာလမွာ ငါးပါးသီလ ၿမဲခဲ့ၾကသလို ျမတ္ဘုရား လက္ထက္ေတာ္မွာလဲ ကုရုတုိင္းသားေတြဟာ အဆင့္ျ မင့္ လာၿပီး သမထ၊ ကမၼ႒ာန္းတစ္မ်ိဳးမ်ိဳးကို လက္ကိုင္ ထား က်င့္သုံးခဲ့ၾကတာမို႔ ဘုရားရွင္ က ကုရုတုိင္းကို ၾကြေတာ္မူၿပီး ခက္ခဲ နက္နဲလွတဲ့ မဟာသတိပ႒ာန သုတ္ေတာ္ ကို ေဟာေတာ္မူခဲ့ဖူးတယ္၊ စာေရးသူတို႔ ဘုံေဘ ( Mumbai ) ၿမိဳ႕ကေတာ့ သီရိဓမၼာေသာက မင္းႀကီးရဲ႕ ကိုးတုိင္းကုိး႒ာ႒ သာသနာျပဳ အစီအ စဥ္ မွာ ေရွးယခင္က မဟာရ႒တုိင္း လို႔ အမည္တြင္ခဲ့ၿပီး အရွင္မဟာ ဓမၼရကၡိတမေထရ္ ဦးေဆာင္ေသာ သံဃာ ငါးပါး ၾကြေရာက္ လာကာ မဟာနာရဒဇာတ္ေတာ္ႀကီးကုိ ေဟာၾကားေတာ္မူခဲ့ၿပီး သာသနာမ်ိဳးေစ့ ခ်ခဲ့တယ္လို႔ ဆိုတယ္၊ ယေန႔ေခတ္ မွာေတာ့ Maharashatra မဟာရရွ္ထရ ျပည္နယ္ေပါ့၊ ဘုံေဘၿမိဳ႕ပုေနး Pune ၿမိဳ႕တို႔ဟာျပည္နယ္အလယ္ပုိင္းမွာ တည္ရွိၿပီး သီေပါ မင္းေနထုိင္ခဲ့ရာ ရတနာဂီရိ Ratnagiri ၿမိဳ႕ကေတာ့ မဟာရရွ္ထရ ျပည္နယ္ရဲ႕ အေနာက္ေတာင္ပိုင္း အစြန္အဖ်ားမွာ တည္ရွိတယ္ လို႔ ေျမပုံအေနအထားမ်ားအရ သိရပါတယ္။

ကုရုဓမၼ ဇာတ္ေတာ္

 ေဂါတမ ဘုရားအေလာင္း
ပါရမီေတာ္မ်ားကို ျဖည့္က်င့္စဥ္ ႏုစဥ္အခါတုံးက ကုရုတုိင္း ဣႏၵပတၱၿမိဳ႕ေတာ္ မွာ မင္းက်င့္ တရားဆယ္ပါးႏွင့္အညီ မင္းျပဳေတာ္မူတဲ့ ရွင္ဘုရင္အျဖစ္ ထီးနန္းစိုးစံခ်ိန္မွာ ကုရုဓမၼ ( ကုရုတုိင္းသားေတြ ေစာင့္ထိန္းၾက လို႔ ကုရု ဓမၼ ) တရားဆုိတာ ျဖစ္ေပၚလာရ တယ္ လို႔ ဆုိတယ္၊ ကုရုဓမၼ ဆုိတာ တျခားမဟုတ္ပါ၊ ယေန႔လူတိုင္းေစာင့္ထိန္းေနၾကတဲ့ ငါးပါးသီလကိုပဲ ကုရုဓမၼ ( တနည္းအားျဖင့္ အခ်ိန္ ကာလေတြ ၾကာလာသည္ႏွင့္ အမွ် ) ဂရုဓမၼ ( ဂရု - လူတုိင္း တေလးတစား ေစာင့္ထိန္းသင့္ေသာ၊ ဓမၼ - ငါးပါးသီလ တရားမ်ား ) လို႔ အဓိပၸါယ္ ေခၚဆိုရပါမယ္။ အတိတ္တခ်ိန္က ဘုရားေလာင္း မင္းျပဳေနခ်ိန္ မင္းက်င့္တရား ဆယ္ပါးနဲ႔ အညီ အုပ္ခ်ဳပ္ေလ ေတာ့ တုိင္းျပည္ မွာ စည္ပင္ ၀ေျပာၿပီး ေအးေအးခ်မ္းခ်မ္း ရွိေနခဲ့တယ္၊ အဲဒါတင္မကပဲ ဘုရားအေလာင္း ရွင္ဘုရင္ႀကီး ဟာ ၿမိဳ႕ရဲ႕ အရပ္ေလးမ်က္ႏွာ၊ ၿမိဳ႕လယ္ေခါင္ေနရာ နဲ႔ မိမိနန္းေတာ္တခါး၀ ဆုိတဲ့ ေနရာ( ၆ ) ခုမွာအလွဴဒါနကို စိတ္ႀကိဳက္လွဴဒါန္းေပးကမ္းေလ့ရွိခဲ့တယ္၊ တစ္တုိင္းျပည္လုံးလဲ ငါးပါးသီလကုိ ေစာင့္ထိန္း ၾကတယ္၊ တတုိင္းျပည္လုံးထဲမွာမွ ေအာက္ပါ ( ၁၁ ) ေယာက္ကေတာ့ သီလကို အသက္ႏွင့္ လဲၿပီးကို ထိန္း သိမ္းၾကပါသတဲ့။ အဲဒီပုဂိၢဳလ္ေတြကေတာ့ … ၁။ ဘုရားေလာင္း ဘုရင္၊ ၂။ အိမ္ေရွ႕မင္းသား၊ ၃။ မယ္ေတာ္ႀကီး၊ ၄။ မိဖုရားေခါင္၊ ၅။ မင္းအတုိင္ပင္ခံ ပုေရာဟိတ္ ပုဏၰားႀကီး ၆။ ေျမတုိင္းအမတ္ႀကီး၊ ၇။ ရွင္ဘုရင္၏ ရထားထိန္းေတာ္၊ ၈။ တုိင္းျပည္၏ အႀကီးဆုံး ကုန္သည္ႀကီး၊ ၉။ နန္းေတာ္ တံခါးမႈး ၁၀။ တုိင္းျပည္ က်က္သေရေဆာင္ သူေ႒းႀကီး ၁၁။ ျပည့္တန္ဆာမ အထက္ပါလူေတြကေတာ့ သီလ၀ႏၱေတြလို႔ ဆုိရမွာပါ၊ ဘာျဖစ္လုိ႔လဲဆုိ ေတာ့ ဘုရားအေလာင္း ကုရုမင္းႀကီး ဟာ ပါဏာ တိပါတသိကၡာပုဒ္နဲ႔ ပက္သက္ၿပီး တေန႔မွာ ေရကန္ထဲကို ခဲလုံးတစ္လုံး ပစ္ခ်ရင္း ငါးေလးတေကာင္ ကို ထိမွန္သြားတာ ေသသလား ရွင္သလား မသိရဘူး၊ အဲဒီအေၾကာင္းကုိ ေတြးၿပီး သူ႔သီလကို သံသယ ျဖစ္မိပါသတဲ့။

 ျပည့္တန္ဆာမ၏ သီလေစာင့္ထိန္းပုံ

 ျပည့္တန္ဆာမ၏ သီလကို စမ္းသပ္လိုတဲ့့ သိၾကားမင္းဟာ တေန႔မွာေတာ့ လုလင္တေယာက္အသြင္ ဖန္ဆင္းၿပီး အသျပာ ေငြ တစ္ေထာင္ထုပ္ကုိ ေပးကာ နတ္ျပည္ ျပန္သြားခဲ့တယ္၊ စရံသတ္ထားတယ္ ဆုိတဲ့သေဘာ ထင္ပါရဲ႕၊ သိၾကားလုလင္ လာမယ့္ ရက္ကို ေမွ်ာ္ရင္းေမွ်ာ္ရင္းနဲ႔ ေစာင့္ထိန္းေနခဲ့တယ္၊ ဘယ္သူက လာေခၚသည္ျဖစ္ေစ မလုိက္ပါဘူး တဲ့၊ ၃ ႏွစ္တိတိ ၾကာတဲ့ အခါမွာေတာ့ အသျပာ ၁ေထာင္လဲ ကုန္ၿပီ၊ စားစရာလဲမရွိ ဆင္းရဲလာတဲ့အ ခါမွာ တရားသူႀကီးဆီ သြားၿပီး အက်ိဳး အေၾကာင္း ေျပာျပေတာ့ ၃ ႏွစ္အတိုင္းအတာဆုိရင္ လုံေလာက္ပါၿပီ၊ ေစာင့္မေနပါနဲ႔ေတာ့ လို႔ ဆုံးျဖတ္ေပးလိုက္တယ္၊ ဒီေတာ့ ေနာက္လူ အသစ္ကို လက္ခံမယ္ လို႔ ၀န္ခံလိုက္တဲ့ အခ်ိန္မွာပဲ တုိက္တုိက္ဆိုင္ဆုိင္ သိၾကားမင္းက ေပၚလာၿပီး သီလကို စမ္းသပ္လိုတာေၾကာင့္ ဒီလို လုပ္ခဲ့ရတဲ့အေၾကာင္း တတိုင္းျပည္လုံးကို တရားေဟာၿပီး ျပည့္တန္ဆာမ အိမ္ကိုလဲ ေရႊေငြ စတဲ့ ရတနာ ၇ ပါးနဲ႔ ျဖည့္ဆည္းေပးခဲ့ၿပီး နတ္ျပည္ျပန္သြားခဲ့တယ္၊ ဒီေနရာမွာ အဲဒီအမ်ိဳးသမီးေလးက သူ႔သီလကို သံသယျဖစ္မိ တာက ေစာေစာက လူသစ္ကို လက္ခံမိတာ ကို စိတ္ထဲမွာ တနဳံ႕နဳံ႕နဲ႔ မေပ်ာ္ရႊင္ပါဘူး တဲ့။ ကုရုဓမၼအေၾကာင္းကို ေျပာရင္းနဲ႔ လိုရင္း ကို မေရာက္နုိင္ ျဖစ္ေနမိပါတယ္၊ ေဖာ္ျပခ်င္တာက သူတို႔ရဲ႕ငါးပါး သီလကုိ အေလးထားပုံေတြကို ရိပ္မိေစလိုတာေၾကာင့္ တင္ျပ လိုက္တာပါ၊ ရွိေစေတာ့ … တုိက္တုိက္ဆုိင္ဆုိင္ ကုရုတိုင္းနဲ႔ မနီးမေ၀း က ကာလိဂၤတုိင္း ဒႏၱပုရ ၿမိဳ႕မွာလည္းပဲ ကာလိဂၤရွင္ဘုရင္ႀကီး အုပ္ခ်ဳပ္ေနတဲ့ အခ်ိန္၊ သူတို႔ တုိင္းျပည္မွာေတာ့ မုိးေခါင္တဲ့ ေဘး ဆုိးႀကီး က်ေနတာ ႏွစ္ေပါင္းမ်ားစြာ ၾကာေနၿပီ၊ မုိးေခါင္ေလေတာ့ သီးႏွံ ေတြလဲ မျဖစ္ထြန္းပဲ တုိင္းသူျပည္သားေတြ စားရမဲ့ ေသာက္ရမဲ့ အငတ္ေဘး ဆုိက္လာျပန္တယ္၊ အငတ္ေဘး ဆိုက္ရုံ မကပဲ လူေတြ မသန္႔မရွင္းျဖစ္ၿပီး အနာေရာဂါေတြ ထူေျပာလာၿပီး ကူးစက္တတ္တဲ့ ေရာဂါကပ္ဆိုးႀကီး ေရာက္လာျပန္ေရာ .. ဒီေတာ့ တုိင္းသူျပည္သားေတြက ကာလိဂၤဘုရင္ႀကီးဆီ အက်ိဳးအေၾကာင္းေျပာျပၿပီး .. ဒီလို တတိုင္းျပည္လုံး ကပ္ဆုိက္ေနခ်ိန္မွာ အရွင္မင္းႀကီး ဒါန သီလေတြ မ်ားမ်ားျပဳၿပီး (၇) ရက္တိတိ ဥပုသ္ေစာင့္ပါက မိုးရြာပါလိမ့္မယ္ လို႔ ေလ်ာက္ၾကတယ္၊ အဲဒီလို ေစာင့္ေသာ္လည္း မုိးမရြာေလေတာ့ ေနာက္တဖန္ ကုရုတုိင္းမွာ အဥၨန၀ဏၰ မဂၤလာဆင္ေတာ္ႀကီး ရွိတယ္၊ သူတို႔ ဆီကို ဆင္ေတာ္အလွဴခံၿပီး သယ္လာခဲ့ရင္ မုိးရြာနုိင္ပါတယ္ လို႔ ဆုိျပန္တယ္၊ ဒီလို လုပ္ေပမယ့္ အဆင္မေျပျပန္ဘူး၊ ဇာတ္ေတာ္ကုိ အက်ဥ္းခ်ဳံးရလ်င္ ေနာက္ဆုံးမွာ ကုရုတုိင္းသားေတြ ေစာင့္ထိန္းၾကတဲ့ ငါးပါးသီလကို ေရႊေပလႊာမွာ ကူးယူ ေစကာ ကာလိဂၤတုိင္းသူ ျပည္သားေတြ အားလုံး ေစာင့္ထိန္းၾကမွ မုိုးေလ၀သေတြ မွန္လာၿပီး တတိုင္းျပည္လုံးသာယာ၀ေျပာစည္ပင္ လာခဲ့ တယ္၊ တတိုင္းျပည္လုံး အသက္ခ်မ္းသာရာ ရခဲ့ၾကတယ္ လို႔ ဆုိပါတယ္။

ဇာတ္ေတာ္ ႏွင့္ သဘာ၀ေဘးဒဏ္မ်ား သုံးသပ္ခ်က္

ဤေနရာတြင္ ယခုလို ဆုတ္ကပ္ကာလႀကီးထဲမွာ မုိးေလ၀သ မမွန္တာ၊ ေကာက္ပဲ သီးႏွံမ်ား မေအာင္ျမင္တာ၊ ေလမုန္ တုိင္း နာဂစ္မုန္တုိင္း၊ ဆူနာမီ စတဲ့ သဘာ၀ေဘးဒဏ္ေတြဟာ လူေတြ တရားပ်က္ အက်င့္သီလ ပ်က္စီးေနတာနဲ႔ လည္း သက္ဆုိင္ေနတယ္ လို႔ ေကာက္ခ်က္ဆြဲနုိင္ပါတယ္၊ စာေပမ်ားမွာေတာ့ လူေတြ တရားပ်က္လာၿပီ ဆုိရင္ ေကာင္းကင္က ပုံမွန္ သြားလာေနၾကတဲ့ ၿဂိဳလ္ နကၡတ္ ၾကယ္ တာရာ စတာေတြလဲ လမ္းေၾကာင္း မမွန္ေတာ့ဘူး၊ သူတို႔ လမ္းေၾကာင္း ေျပာင္းသြာေတာ့ ေလမတုိက္သင့္ပဲ တုိက္တယ္၊ မုိးမရြာသင့္ပဲ ရြာခ်ၿပီး ေရႀကီးတဲ့ဒုကၡ၊စတာေတြ ႀကဳံရတယ္၊ မိုးက ရြာသင့္တဲ့ အခ်ိန္မွာ မရြာျပန္ေတာ့ ကမၻာႀကီး ပူေႏြးလာတာမ်ိဳး၊ အိုဇုန္းလႊာ ပါးလာတယ္၊ ေပါက္လာတယ္ ဆုိတာမ်ိဳး၊ ေနာက္ဆုံးမွာ သဘာ၀မီး ေတာင္ႀကီးေတြ မၾကာခဏ ေပါက္ကြဲလာတာမ်ိဳးေတြကုိ လူသားေတြမွာ ေနရာတုိင္း ခံေန ၾကရတယ္။ ဘာသာေရး ရႈေထာင့္ တခုတည္းကေန သုံးသပ္ရမည္ဆုိလ်င္ လူေတြ တရားပ်က္၊ အက်င့္သီလပ်က္စီးကာ အကုသိုလ္ ေတြ မ်ားမ်ား လုပ္ေလေလ၊ အဲဒီေဒသ ေနရာ တုိင္းျပည္ေတြမွာ သဘာ၀ေဘးဒဏ္ေတြကုိ မၾကာခဏ ခံရေလေလလို႔ ဆုိရ မလို ျဖစ္ေ န တယ္၊ အခုလဲ ကာလိဂၤတုိင္းသားေတြ သီလၿမဲကာတရားေစာင့္ၾကေတာ့ ခ်က္ခ်င္းမိုးေလ၀သ မွန္လာတာ ဟာ သက္ရွိလူသားမ်ားနဲ႔ သက္မဲ့ကမၻာႀကီးတုိ႔ ဆက္စပ္မႈရွိေနတယ္ဆုိတာ သက္ေသပါပဲ၊ ဒါဟာ ဗုဒၶစာေပမ်ားကို ေထာက္ ၿပီး ကိုယ့္ဘာသာ သုံးသပ္ၾကည့္ မိတာ သက္သက္ပါ၊ အျခား မျမင္နုိင္ေသာ သဘာ၀ ေရေျမအေနအထား စတဲ့ အခ်က္ ေတြလဲ ရွိေကာင္း ရွိနုိင္ပါလိမ့္မယ္၊ ( ဥပမာ- ဂ်ပန္နုိင္ငံတခုလုံး သဘာ၀ငလ်င္ေၾကာေပၚမွာ တည္ရွိေနတယ္ ဆုိတာက ေတာ့ ယေန႔ေခတ္ ပစၥဳပၸန္အေနအထားေတြလဲ အမ်ားႀကီး သက္ဆုိင္တယ္လို႔ ဆုိရပါမယ္ ) ဇာတ္ေတာ္ ေပါင္းခန္းမွာေတာ့ … ဂါထာ ။ ။ ဂဏိကာ ဥပၸလ၀ဏၰာ၊ ပုေဏၰာ ေဒါ၀ါရိေကာ တဒါ၊ ရဇၨဳဂါေဟာ ကစၥာယေနာ၊ ေမာဂၢလာေနာ ေဒါဏမာပေကာ၊ သာရိပုေတၱာ တဒါ ေသ႒ိ၊ အနုရုေဒၶါ စ သာရထိ၊ ျဗဟၼေဏာ ကႆေပါ ေထေရာ၊ ဥပရာဇာ နႏၵပ႑ိေတာ၊ မေဟသီ ရာဟုလမာတာ၊ မာယာေဒ၀ီ ဇေနတၱိယာ၊ ကုရုရာဇာ ေဗာဓိသေတၱာ၊ ဧ၀ံ ဓာေရထ ဇာတကံ။ အထက္ပါ ကုရုဓမၼ ဇာတ္ေတာ္၌ပါေသာ ျပည့္တန္ဆာမသည္ ဘုရားရွင္သာသနာေတာ္၌ တန္ခိုးအရာတြင္ ဧတဒဂ္ ရာထူးရရွိေသာ ဥပၸလ၀ဏၰာ ဘိကၡဳနီမ ျဖစ္လာသည္ ( သံသရာ ေၾကာက္စရာ ေကာင္းပုံက ျပည့္တန္ဆာမေတာင္ ျဖစ္ခဲ့ဖူး သတဲ့ ) အရွင္ပုဏၰ ရဟႏၱာ မေထရ္သည္ ထုိအခါက တံခါးမႈး၊ အရွင္မဟာကစၥည္းမေထရ္သည္ ထုိအခါက ေျမတိုင္းအမတ္ႀကီး၊ အရွင္ေမာဂၢလာန္မေထရ္သည္ ထုိအခါက အႀကီးဆုံး ကုန္သည္ႀကီး၊ အရွင္သာရိပုတၱရာသည္ ထုိအခါက သူေ႒းႀကီး၊ အရွင္အနဳရုဒၶါသည္ ထုိအခါက ရထားထိန္း၊ အရွင္မဟာကႆပမေထရ္ႀကီးသည္ ထုိအခါက ပုေရာဟိတ္ပုဏၰားႀကီး၊ အရွင္နႏၵ မေထရ္သည္ ထုိအခါက အိမ္ေရွ႔မင္းသား၊ ယေသာ္ဓရာ သည္ ထုိအခါက မိဖုရားေခါင္ႀကီး၊ မယ္ေတာ္မာယာ တျဖစ္လဲ သႏၱဳႆိတနတ္သားသည္ ထုိအခါက ကုရုမင္းႀကီး၏ မယ္ေတာ္၊ ေဂါတမဘုရားရွင္သည္ ထုိအခါက ကုရုမင္းႀကီး အျဖစ္ျဖင့္ သံသရာက်င္လည္ခဲ့ဖူးသည္။ ဤျဖစ္စဥ္ႏွင့္ ဆက္စပ္ေတြးမိသည္ကား ကုရုဓမၼအေၾကာင္းေဖာ္ျပေသာ ဤဇာတ္ေတာ္ကုိ ဘုရားရွင္သည္ ေတာ္သလင္း လျပည့္ေန႔ တြင္ ေဟာခဲ့ေသာေၾကာင့္ ယင္းေန႔ကို ဂရုဓမၼ အခါေတာ္ေန႔ဟု သတ္မွတ္ခဲ့ေလသလား၊ ေနာက္တခ်က္အ ေနျဖင့္ ကာလိဂၤတုိင္းသားတို႔အား ငါးပါးသီလ ကို ေရႊေပလႊာတြင္ ေရးကူးေစကာ ေတာ္သလင္းလျပည့္ေန႔တြင္ ေပးခဲ့ေလ ေသာေၾကာင့္ ကုရုဓမၼ အခါေတာ္ေန႔ ဂရုဓမၼအခါေတာ္ ေန႔ဟု သတ္မွတ္ ေခၚဆုိခဲ့ေလသလား ေတြးေတာစရာပင္။ အဘယ့္ေၾကာင့္ ဆုိေသာ္ ဇာတ္ေတာ္ထဲတြင္ ဘုရားအေလာင္း ကုရုမင္းႀကီးသည္ လျပည့္ေန႔ ( ၁၅ ) ရက္ေခၚ ပႏၷရသီ ဥပုသ္ေန႔၌ ကိုယ္ေတာ္တုိင္ အလွဴေပးရန္ ပရိသတ္အၾကား လာေရာက္စဥ္ ကာလိဂၤတိုင္းမွ ပုဏၰားမ်ားအား ငါးပါးသီလ ကို ေရႊေပလႊာ မွာ ေရးကူးေစသည္ ဟု ဆုိေသာေၾကာင့္ ဒုတိယအခ်က္ကို ေထာက္ေသာအားျဖင့္ ဂရုဓမၼ အခါေတာ္ေန႔ဟု သတ္မွတ္ခဲ့ တာ ေသခ်ာသေလာက္ ရွိေပသည္။ အခ်ဳပ္ဆုိရေသာ္ ေတာ္သလင္းလျပည့္ ဂရုဓမၼ အခါေတာ္ေန႔သည္ ကိုယ္က်င့္သီလ moralityမ်ား၊ ဂုဏ္သိကၡာ characters ပိုင္း ဆုိင္ရာမ်ား ပ်က္ရြင္းေနေသာ ယေန႔ေခတ္ အခါႀကီးတြင္ ေတာ္သလင္း လျပည့္ေန႔ ကို ေရာက္တုိင္း လူသားမ်ားအား အက်င့္သီလမ်ား အားေကာင္းေစဖုိ႔၊ ငါးပါးသီလ၊ ရွစ္ပါးသီလ စတာေတြကို တေလးတစား ေစာင့္ထိန္း ၾကေစဖို႔ ဘုရား အေလာင္း ကုရုမင္းႀကီးက သတိေပးေနသည္ သတိေပးခဲ့သည္ ဟုပင္ ဆုိခ်င္ပါေတာ့သည္။

 ေမတၱာျဖင့္ အရွင္သုနႏၵာလကၤာရ M.A ( ပန္းကမၻာ ) Date .15.Sep.2011 စာညႊန္း။ ။ ကုရုဓမၼဇာတက၊ ဒုကနိပါတ္၊ ဇာတကအ႒ကထာ ဒုတိယအုပ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: shwemintharlay
#Unicode Version#
 တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့အကြောင်းကို မေးထားတာ ကြာပါပြီ၊ အကြောင်းကြောင်းတွေ ကြောင့် လပြည့် နေ့ကို ကျော်လွန်သွားမှပဲ ရေးဖြစ်တော့တယ်၊ ငယ်စဉ်ကတော့ ဂရုဓမ္မအခါတော်နေ့ဆိုတာ သိပ်ပြီး ထူးခြားတဲ့ နေ့လို့ မခံ စားခဲ့ဖူးဘူး၊ သို့သော် သူ့သမိုင်းကြောင်းကို လိုက်ပြီးခြေရာခံလိုက်တော့မှ အစဉ်အလာကောင်းခဲ့တဲ့ နေ့ထူးနေ့မြတ် တနေ့ ဆိုတာကို သိခဲ့ရတယ်။ ဂရုဓမ္မ အခါတော်နေ့ဆိုတာ ယနေ့ခေတ်မှာ ငါးပါးသီလကို မလုံခြုံပဲ အစဆုံးသိက္ခာပုဒ်ကို ချိုးဖျက်လိုက်၊ အလယ် က ဖောက် ဖျက် လိုက်၊ နောက်ဆုံးက တခုကို လွှတ်ထားလိုက် လုပ်နေကြတဲ့ လူသားများ အတွက် တော်သ လင်း လပြည့်ေ န့ ရော က်တိုင်း သတိရစရာ၊ အတုယူစရာ၊ လိုက်နာစရာတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ကုရုဓမ္မဇာတ်တော် ဟောရကြောင်း  ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်အခါ ရဟန်းတော် နှစ်ပါး ဟင်္သာတကောင်ကို အလောင်းအစားနဲ့ သတ်ဖို့ ကြိုးစား ကြရင်း ကောင်းကင်ပျံဝဲနေတဲ့ ဟင်္သာကို ကျောက်ခဲဖြင့် လှမ်းပြစ်လေရာ ကျောက်ခဲမှန်သော ဟင်္သာသည် အော်ဟစ်မြည် တမ်းရင်း မြေပြင်ကျပြီး သေဆုံးခဲ့ရတယ်။

 ဒီအကြောင်းကို မြတ်ဘုရား သိတော်မူတော့ ချစ်သားရဟန်း သင်ဟာ သာသနာတော်မှာ နေပြီး ရဟန်းဝတ်နေ ပါလျက် ပါဏာတိပါတအမှုကို လုပ်တာ လက်ဆော့ ခြေဆော့ရှိလှပါလား၊ ဟိုရှေးရှေးတုံးက ပညာရှိတွေ က သာသနာပကာလမှာ သတ်ဖို့နေနေသာသာ သီလတရားတွေကို အသက်တမျှ တန်ဖိုး ထား စောင့်ရှောက် ခဲ့ကြတယ် ဆိုပြီး ကုရုဓမ္မ ဇာတ်တော် ကို ဟောေ တာ် မူခဲ့ပါတယ်။ ယနေ့အချိန် မှာတော့ ကုရုတိုင်း ဆိုတာ အိန္ဒိယနိုင်ငံ နယူးဒေလီ New Delhi မြို့တော် ဝန်းကျင်လို့ မှတ်တမ်းများအရ သိရတယ်၊ ဒါဆိုရင်တော့ ကုရုတိုင်းသားတွေဟာ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ တရားစောင့်ခဲ့ကြ တယ်၊လို့ ဆိုရမ လိုပါ၊ မြတ်ဘုရား မပွင့်ခင်ကလဲ သာသနာပကာလမှာ ငါးပါးသီလ မြဲခဲ့ကြသလို မြတ်ဘုရား လက်ထက်တော်မှာလဲ ကုရုတိုင်းသားတွေဟာ အဆင့်ြ မင့် လာပြီး သမထ၊ ကမ္မဋ္ဌာန်းတစ်မျိုးမျိုးကို လက်ကိုင် ထား ကျင့်သုံးခဲ့ကြတာမို့ ဘုရားရှင် က ကုရုတိုင်းကို ကြွတော်မူပြီး ခက်ခဲ နက်နဲလှတဲ့ မဟာသတိပဋ္ဌာန သုတ်တော် ကို ဟောတော်မူခဲ့ဖူးတယ်၊ စာရေးသူတို့ ဘုံဘေ ( Mumbai ) မြို့ကတော့ သီရိဓမ္မာသောက မင်းကြီးရဲ့ ကိုးတိုင်းကိုးဋ္ဌာဋ္ဌ သာသနာပြု အစီအ စဉ် မှာ ရှေးယခင်က မဟာရဋ္ဌတိုင်း လို့ အမည်တွင်ခဲ့ပြီး အရှင်မဟာ ဓမ္မရက္ခိတမထေရ် ဦးဆောင်သော သံဃာ ငါးပါး ကြွရောက် လာကာ မဟာနာရဒဇာတ်တော်ကြီးကို ဟောကြားတော်မူခဲ့ပြီး သာသနာမျိုးစေ့ ချခဲ့တယ်လို့ ဆိုတယ်၊ ယနေ့ခေတ် မှာတော့ Maharashatra မဟာရရှ်ထရ ပြည်နယ်ပေါ့၊ ဘုံဘေမြို့ပုနေး Pune မြို့တို့ဟာပြည်နယ်အလယ်ပိုင်းမှာ တည်ရှိပြီး သီပေါ မင်းနေထိုင်ခဲ့ရာ ရတနာဂီရိ Ratnagiri မြို့ကတော့ မဟာရရှ်ထရ ပြည်နယ်ရဲ့ အနောက်တောင်ပိုင်း အစွန်အဖျားမှာ တည်ရှိတယ် လို့ မြေပုံအနေအထားများအရ သိရပါတယ်။

ကုရုဓမ္မ ဇာတ်တော်

 ဂေါတမ ဘုရားအလောင်း

ပါရမီတော်များကို ဖြည့်ကျင့်စဉ် နုစဉ်အခါတုံးက ကုရုတိုင်း ဣန္ဒပတ္တမြို့တော် မှာ မင်းကျင့် တရားဆယ်ပါးနှင့်အညီ မင်းပြုတော်မူတဲ့ ရှင်ဘုရင်အဖြစ် ထီးနန်းစိုးစံချိန်မှာ ကုရုဓမ္မ ( ကုရုတိုင်းသားတွေ စောင့်ထိန်းကြ လို့ ကုရု ဓမ္မ ) တရားဆိုတာ ဖြစ်ပေါ်လာရ တယ် လို့ ဆိုတယ်၊ ကုရုဓမ္မ ဆိုတာ တခြားမဟုတ်ပါ၊ ယနေ့လူတိုင်းစောင့်ထိန်းနေကြတဲ့ ငါးပါးသီလကိုပဲ ကုရုဓမ္မ ( တနည်းအားဖြင့် အချိန် ကာလတွေ ကြာလာသည်နှင့် အမျှ ) ဂရုဓမ္မ ( ဂရု - လူတိုင်း တလေးတစား စောင့်ထိန်းသင့်သော၊ ဓမ္မ - ငါးပါးသီလ တရားများ ) လို့ အဓိပ္ပါယ် ခေါ်ဆိုရပါမယ်။ အတိတ်တချိန်က ဘုရားလောင်း မင်းပြုနေချိန် မင်းကျင့်တရား ဆယ်ပါးနဲ့ အညီ အုပ်ချုပ်လေ တော့ တိုင်းပြည် မှာ စည်ပင် ဝပြောပြီး အေးအေးချမ်းချမ်း ရှိနေခဲ့တယ်၊ အဲဒါတင်မကပဲ ဘုရားအလောင်း ရှင်ဘုရင်ကြီး ဟာ မြို့ရဲ့ အရပ်လေးမျက်နှာ၊ မြို့လယ်ခေါင်နေရာ နဲ့ မိမိနန်းတော်တခါး၀ ဆိုတဲ့ နေရာ( ၆ ) ခုမှာအလှူဒါနကို စိတ်ကြိုက်လှူဒါန်းပေးကမ်းလေ့ရှိခဲ့တယ်၊ တစ်တိုင်းပြည်လုံးလဲ ငါးပါးသီလကို စောင့်ထိန်း ကြတယ်၊ တတိုင်းပြည်လုံးထဲမှာမှ အောက်ပါ ( ၁၁ ) ယောက်ကတော့ သီလကို အသက်နှင့် လဲပြီးကို ထိန်း သိမ်းကြပါသတဲ့။ အဲဒီပုဂ္ဂိုလ်တွေကတော့ … ၁။ ဘုရားလောင်း ဘုရင်၊ ၂။ အိမ်ရှေ့မင်းသား၊ ၃။ မယ်တော်ကြီး၊ ၄။ မိဖုရားခေါင်၊ ၅။ မင်းအတိုင်ပင်ခံ ပုရောဟိတ် ပုဏ္ဏားကြီး ၆။ မြေတိုင်းအမတ်ကြီး၊ ၇။ ရှင်ဘုရင်၏ ရထားထိန်းတော်၊ ၈။ တိုင်းပြည်၏ အကြီးဆုံး ကုန်သည်ကြီး၊ ၉။ နန်းတော် တံခါးမှုး ၁၀။ တိုင်းပြည် ကျက်သရေဆောင် သူေဋ္ဌးကြီး ၁၁။ ပြည့်တန်ဆာမ အထက်ပါလူတွေကတော့ သီလဝန္တတွေလို့ ဆိုရမှာပါ၊ ဘာဖြစ်လို့လဲဆို တော့ ဘုရားအလောင်း ကုရုမင်းကြီး ဟာ ပါဏာ တိပါတသိက္ခာပုဒ်နဲ့ ပက်သက်ပြီး တနေ့မှာ ရေကန်ထဲကို ခဲလုံးတစ်လုံး ပစ်ချရင်း ငါးလေးတကောင် ကို ထိမှန်သွားတာ သေသလား ရှင်သလား မသိရဘူး၊ အဲဒီအကြောင်းကို တွေးပြီး သူ့သီလကို သံသယ ဖြစ်မိပါသတဲ့။

 ပြည့်တန်ဆာမ၏ သီလစောင့်ထိန်းပုံ

 ပြည့်တန်ဆာမ၏ သီလကို စမ်းသပ်လိုတဲ့ သိကြားမင်းဟာ တနေ့မှာတော့ လုလင်တယောက်အသွင် ဖန်ဆင်းပြီး အသပြာ ငွေ တစ်ထောင်ထုပ်ကို ပေးကာ နတ်ပြည် ပြန်သွားခဲ့တယ်၊ စရံသတ်ထားတယ် ဆိုတဲ့သဘော ထင်ပါရဲ့၊ သိကြားလုလင် လာမယ့် ရက်ကို မျှော်ရင်းမျှော်ရင်းနဲ့ စောင့်ထိန်းနေခဲ့တယ်၊ ဘယ်သူက လာခေါ်သည်ဖြစ်စေ မလိုက်ပါဘူး တဲ့၊ ၃ နှစ်တိတိ ကြာတဲ့ အခါမှာတော့ အသပြာ ၁ထောင်လဲ ကုန်ပြီ၊ စားစရာလဲမရှိ ဆင်းရဲလာတဲ့အ ခါမှာ တရားသူကြီးဆီ သွားပြီး အကျိုး အကြောင်း ပြောပြတော့ ၃ နှစ်အတိုင်းအတာဆိုရင် လုံလောက်ပါပြီ၊ စောင့်မနေပါနဲ့တော့ လို့ ဆုံးဖြတ်ပေးလိုက်တယ်၊ ဒီတော့ နောက်လူ အသစ်ကို လက်ခံမယ် လို့ ဝန်ခံလိုက်တဲ့ အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သိကြားမင်းက ပေါ်လာပြီး သီလကို စမ်းသပ်လိုတာကြောင့် ဒီလို လုပ်ခဲ့ရတဲ့အကြောင်း တတိုင်းပြည်လုံးကို တရားဟောပြီး ပြည့်တန်ဆာမ အိမ်ကိုလဲ ရွှေငွေ စတဲ့ ရတနာ ၇ ပါးနဲ့ ဖြည့်ဆည်းပေးခဲ့ပြီး နတ်ပြည်ပြန်သွားခဲ့တယ်၊ ဒီနေရာမှာ အဲဒီအမျိုးသမီးလေးက သူ့သီလကို သံသယဖြစ်မိ တာက စောစောက လူသစ်ကို လက်ခံမိတာ ကို စိတ်ထဲမှာ တနုံ့နုံ့နဲ့ မပျော်ရွှင်ပါဘူး တဲ့။ ကုရုဓမ္မအကြောင်းကို ပြောရင်းနဲ့ လိုရင်း ကို မရောက်နိုင် ဖြစ်နေမိပါတယ်၊ ဖော်ပြချင်တာက သူတို့ရဲ့ငါးပါး သီလကို အလေးထားပုံတွေကို ရိပ်မိစေလိုတာကြောင့် တင်ပြ လိုက်တာပါ၊ ရှိစေတော့ … တိုက်တိုက်ဆိုင်ဆိုင် ကုရုတိုင်းနဲ့ မနီးမဝေး က ကာလိင်္ဂတိုင်း ဒန္တပုရ မြို့မှာလည်းပဲ ကာလိင်္ဂရှင်ဘုရင်ကြီး အုပ်ချုပ်နေတဲ့ အချိန်၊ သူတို့ တိုင်းပြည်မှာတော့ မိုးခေါင်တဲ့ ဘေး ဆိုးကြီး ကျနေတာ နှစ်ပေါင်းများစွာ ကြာနေပြီ၊ မိုးခေါင်လေတော့ သီးနှံ တွေလဲ မဖြစ်ထွန်းပဲ တိုင်းသူပြည်သားတွေ စားရမဲ့ သောက်ရမဲ့ အငတ်ဘေး ဆိုက်လာပြန်တယ်၊ အငတ်ဘေး ဆိုက်ရုံ မကပဲ လူတွေ မသန့်မရှင်းဖြစ်ပြီး အနာရောဂါတွေ ထူပြောလာပြီး ကူးစက်တတ်တဲ့ ရောဂါကပ်ဆိုးကြီး ရောက်လာပြန်ရော .. ဒီတော့ တိုင်းသူပြည်သားတွေက ကာလိင်္ဂဘုရင်ကြီးဆီ အကျိုးအကြောင်းပြောပြပြီး .. ဒီလို တတိုင်းပြည်လုံး ကပ်ဆိုက်နေချိန်မှာ အရှင်မင်းကြီး ဒါန သီလတွေ များများပြုပြီး (၇) ရက်တိတိ ဥပုသ်စောင့်ပါက မိုးရွာပါလိမ့်မယ် လို့ လျောက်ကြတယ်၊ အဲဒီလို စောင့်သော်လည်း မိုးမရွာလေတော့ နောက်တဖန် ကုရုတိုင်းမှာ အဉ္ဇနဝဏ္ဏ မင်္ဂလာဆင်တော်ကြီး ရှိတယ်၊ သူတို့ ဆီကို ဆင်တော်အလှူခံပြီး သယ်လာခဲ့ရင် မိုးရွာနိုင်ပါတယ် လို့ ဆိုပြန်တယ်၊ ဒီလို လုပ်ပေမယ့် အဆင်မပြေပြန်ဘူး၊ ဇာတ်တော်ကို အကျဉ်းချုံးရလျင် နောက်ဆုံးမှာ ကုရုတိုင်းသားတွေ စောင့်ထိန်းကြတဲ့ ငါးပါးသီလကို ရွှေပေလွှာမှာ ကူးယူ စေကာ ကာလိင်္ဂတိုင်းသူ ပြည်သားတွေ အားလုံး စောင့်ထိန်းကြမှ မိုးလေဝသတွေ မှန်လာပြီး တတိုင်းပြည်လုံးသာယာဝပြောစည်ပင် လာခဲ့ တယ်၊ တတိုင်းပြည်လုံး အသက်ချမ်းသာရာ ရခဲ့ကြတယ် လို့ ဆိုပါတယ်။

ဇာတ်တော် နှင့် သဘာဝဘေးဒဏ်များ သုံးသပ်ချက်

ဤနေရာတွင် ယခုလို ဆုတ်ကပ်ကာလကြီးထဲမှာ မိုးလေဝသ မမှန်တာ၊ ကောက်ပဲ သီးနှံများ မအောင်မြင်တာ၊ လေမုန် တိုင်း နာဂစ်မုန်တိုင်း၊ ဆူနာမီ စတဲ့ သဘာဝဘေးဒဏ်တွေဟာ လူတွေ တရားပျက် အကျင့်သီလ ပျက်စီးနေတာနဲ့ လည်း သက်ဆိုင်နေတယ် လို့ ကောက်ချက်ဆွဲနိုင်ပါတယ်၊ စာပေများမှာတော့ လူတွေ တရားပျက်လာပြီ ဆိုရင် ကောင်းကင်က ပုံမှန် သွားလာနေကြတဲ့ ဂြိုလ် နက္ခတ် ကြယ် တာရာ စတာတွေလဲ လမ်းကြောင်း မမှန်တော့ဘူး၊ သူတို့ လမ်းကြောင်း ပြောင်းသွာတော့ လေမတိုက်သင့်ပဲ တိုက်တယ်၊ မိုးမရွာသင့်ပဲ ရွာချပြီး ရေကြီးတဲ့ဒုက္ခ၊စတာတွေ ကြုံရတယ်၊ မိုးက ရွာသင့်တဲ့ အချိန်မှာ မရွာပြန်တော့ ကမ္ဘာကြီး ပူနွေးလာတာမျိုး၊ အိုဇုန်းလွှာ ပါးလာတယ်၊ ပေါက်လာတယ် ဆိုတာမျိုး၊ နောက်ဆုံးမှာ သဘာဝမီး တောင်ကြီးတွေ မကြာခဏ ပေါက်ကွဲလာတာမျိုးတွေကို လူသားတွေမှာ နေရာတိုင်း ခံနေ ကြရတယ်။ ဘာသာရေး ရှုထောင့် တခုတည်းကနေ သုံးသပ်ရမည်ဆိုလျင် လူတွေ တရားပျက်၊ အကျင့်သီလပျက်စီးကာ အကုသိုလ် တွေ များများ လုပ်လေလေ၊ အဲဒီဒေသ နေရာ တိုင်းပြည်တွေမှာ သဘာဝဘေးဒဏ်တွေကို မကြာခဏ ခံရလေလေလို့ ဆိုရ မလို ဖြစ်ေ န တယ်၊ အခုလဲ ကာလိင်္ဂတိုင်းသားတွေ သီလမြဲကာတရားစောင့်ကြတော့ ချက်ချင်းမိုးလေဝသ မှန်လာတာ ဟာ သက်ရှိလူသားများနဲ့ သက်မဲ့ကမ္ဘာကြီးတို့ ဆက်စပ်မှုရှိနေတယ်ဆိုတာ သက်သေပါပဲ၊ ဒါဟာ ဗုဒ္ဓစာပေများကို ထောက် ပြီး ကိုယ့်ဘာသာ သုံးသပ်ကြည့် မိတာ သက်သက်ပါ၊ အခြား မမြင်နိုင်သော သဘာ၀ ရေမြေအနေအထား စတဲ့ အချက် တွေလဲ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်၊ ( ဥပမာ- ဂျပန်နိုင်ငံတခုလုံး သဘာဝငလျင်ကြောပေါ်မှာ တည်ရှိနေတယ် ဆိုတာက တော့ ယနေ့ခေတ် ပစ္စုပ္ပန်အနေအထားတွေလဲ အများကြီး သက်ဆိုင်တယ်လို့ ဆိုရပါမယ် ) ဇာတ်တော် ပေါင်းခန်းမှာတော့ … ဂါထာ ။ ။ ဂဏိကာ ဥပ္ပလဝဏ္ဏာ၊ ပုဏ္ဏော ဒေါဝါရိကော တဒါ၊ ရဇ္ဇုဂါဟော ကစ္စာယနော၊ မောဂ္ဂလာနော ဒေါဏမာပကော၊ သာရိပုတ္တော တဒါ သေဋ္ဌိ၊ အနုရုဒ္ဓေါ စ သာရထိ၊ ဗြဟ္မဏော ကဿပေါ ထေရော၊ ဥပရာဇာ နန္ဒပဏ္ဍိတော၊ မဟေသီ ရာဟုလမာတာ၊ မာယာဒေဝီ ဇနေတ္တိယာ၊ ကုရုရာဇာ ဗောဓိသတ္တော၊ ဧဝံ ဓာရေထ ဇာတကံ။ အထက်ပါ ကုရုဓမ္မ ဇာတ်တော်၌ပါသော ပြည့်တန်ဆာမသည် ဘုရားရှင်သာသနာတော်၌ တန်ခိုးအရာတွင် ဧတဒဂ် ရာထူးရရှိသော ဥပ္ပလဝဏ္ဏာ ဘိက္ခုနီမ ဖြစ်လာသည် ( သံသရာ ကြောက်စရာ ကောင်းပုံက ပြည့်တန်ဆာမတောင် ဖြစ်ခဲ့ဖူး သတဲ့ ) အရှင်ပုဏ္ဏ ရဟန္တာ မထေရ်သည် ထိုအခါက တံခါးမှုး၊ အရှင်မဟာကစ္စည်းမထေရ်သည် ထိုအခါက မြေတိုင်းအမတ်ကြီး၊ အရှင်မောဂ္ဂလာန်မထေရ်သည် ထိုအခါက အကြီးဆုံး ကုန်သည်ကြီး၊ အရှင်သာရိပုတ္တရာသည် ထိုအခါက သူေဋ္ဌးကြီး၊ အရှင်အနုရုဒ္ဓါသည် ထိုအခါက ရထားထိန်း၊ အရှင်မဟာကဿပမထေရ်ကြီးသည် ထိုအခါက ပုရောဟိတ်ပုဏ္ဏားကြီး၊ အရှင်နန္ဒ မထေရ်သည် ထိုအခါက အိမ်ရှေ့မင်းသား၊ ယသော်ဓရာ သည် ထိုအခါက မိဖုရားခေါင်ကြီး၊ မယ်တော်မာယာ တဖြစ်လဲ သန္တုဿိတနတ်သားသည် ထိုအခါက ကုရုမင်းကြီး၏ မယ်တော်၊ ဂေါတမဘုရားရှင်သည် ထိုအခါက ကုရုမင်းကြီး အဖြစ်ဖြင့် သံသရာကျင်လည်ခဲ့ဖူးသည်။ ဤဖြစ်စဉ်နှင့် ဆက်စပ်တွေးမိသည်ကား ကုရုဓမ္မအကြောင်းဖော်ပြသော ဤဇာတ်တော်ကို ဘုရားရှင်သည် တော်သလင်း လပြည့်နေ့ တွင် ဟောခဲ့သောကြောင့် ယင်းနေ့ကို ဂရုဓမ္မ အခါတော်နေ့ဟု သတ်မှတ်ခဲ့လေသလား၊ နောက်တချက်အ နေဖြင့် ကာလိင်္ဂတိုင်းသားတို့အား ငါးပါးသီလ ကို ရွှေပေလွှာတွင် ရေးကူးစေကာ တော်သလင်းလပြည့်နေ့တွင် ပေးခဲ့လေ သောကြောင့် ကုရုဓမ္မ အခါတော်နေ့ ဂရုဓမ္မအခါတော် နေ့ဟု သတ်မှတ် ခေါ်ဆိုခဲ့လေသလား တွေးတောစရာပင်။ အဘယ့်ကြောင့် ဆိုသော် ဇာတ်တော်ထဲတွင် ဘုရားအလောင်း ကုရုမင်းကြီးသည် လပြည့်နေ့ ( ၁၅ ) ရက်ခေါ် ပန္နရသီ ဥပုသ်နေ့၌ ကိုယ်တော်တိုင် အလှူပေးရန် ပရိသတ်အကြား လာရောက်စဉ် ကာလိင်္ဂတိုင်းမှ ပုဏ္ဏားများအား ငါးပါးသီလ ကို ရွှေပေလွှာ မှာ ရေးကူးစေသည် ဟု ဆိုသောကြောင့် ဒုတိယအချက်ကို ထောက်သောအားဖြင့် ဂရုဓမ္မ အခါတော်နေ့ဟု သတ်မှတ်ခဲ့ တာ သေချာသလောက် ရှိပေသည်။ အချုပ်ဆိုရသော် တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့သည် ကိုယ်ကျင့်သီလ moralityများ၊ ဂုဏ်သိက္ခာ characters ပိုင်း ဆိုင်ရာများ ပျက်ရွင်းနေသော ယနေ့ခေတ် အခါကြီးတွင် တော်သလင်း လပြည့်နေ့ ကို ရောက်တိုင်း လူသားများအား အကျင့်သီလများ အားကောင်းစေဖို့၊ ငါးပါးသီလ၊ ရှစ်ပါးသီလ စတာတွေကို တလေးတစား စောင့်ထိန်း ကြစေဖို့ ဘုရား အလောင်း ကုရုမင်းကြီးက သတိပေးနေသည် သတိပေးခဲ့သည် ဟုပင် ဆိုချင်ပါတော့သည်။

 မေတ္တာဖြင့် အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ ) Date .15.Sep.2011 စာညွှန်း။ ။ ကုရုဓမ္မဇာတက၊ ဒုကနိပါတ်၊ ဇာတကအဋ္ဌကထာ ဒုတိယအုပ်။

ဖိုးသူတော် (www.phothutaw.com)
Credit: shwemintharlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top