ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 ၿမတ္စြာဘုရားႏွင့္ သံဃာေတာ္မ်ား ရာဇၿဂိဳဟ္ၿမိဳ႔တြင္းသို႔ ဆြမ္းခံ၀င္ရင္းၿဖင့္ ၿမိဳပ၀င္ေပါက္နားတြင္
မစင္ကို စားေနေသာ ၀က္မေလးတစ္ေကာင္ကို
ေတြ႕ရာမွ ထုိ၀က္မေလး၏ အတိတ္ဘ၀ကို အရွင္အာနႏၵာ၏ ေမးေလွ်ာက္မႈေၾကာင့္
ဗုဒၶက – ထို၀က္မေလးသည္ အတိတ္ဘ၀က ကကုသန္ၿမတ္စြာဘုရားလက္ထက္တုန္းက ဆြမ္းစားေက်ာင္းအနီးမွာ ၾကက္မတစ္ေကာင္း ၿဖစ္ခဲ့ရတယ္။

ရဟန္းေတာ္မ်ားရဲ႕တရားေဒသနာရြတ္ဖတ္သရဇၥ်ာယ္သံေတြကို နားေထာင္ခဲ့ရတဲ့ ကုသိုလ္ေၾကာင့္ ၾကက္မဘ၀ကေသတဲ့အခါ ဥဗၺရီ အမည္ရွိ မင္းသမီးတစ္ေယာက္ ၿဖစ္ခဲ့၏။ တစ္ေန႔ေသာအခါမွာ ေရအိမ္၀င္ရင္း ပိုးေလာက္တို႔ကို ေတြ႔ၿမင္ရတဲ့အခါ ပိုေလာက္ဟူေသာ အမွတ္သညာကို အၿခခံထားၿပီး သမထဘာ၀နာကိုပြားမ်ားလိုက္တာ ပထမစ်ာန္ကို ရသြားခဲ့သည္။ ထိုစ်ာန္ေၾကာင့္ ၿဗဟၼာဘံုသို႔ ေရာက္၏။ ထို ၿဗဟၼာဘံုမွ စုေတေသာအခါ လူအမ်ိဳးသမီးတစ္ေယာက္ ၿဖစ္ရ၏။ ထိုလူ႔ဘ၀မွေသေသာ္ ၀က္မေလး ဘ၀ၿဖစ္ရတာလို႔ မိန္႔ေတာ္မူခဲ့တာေၾကာင့္ အရွင္အာနႏၵာနဲ႔ ရဟန္းမ်ားစြာဟာ ပုထုဇဥ္မွန္သမွ် ၀ိနိပါတေဘးက မလြတ္ပံုကိုေတြးၿပီး သံေ၀ဂ ၿဖစ္ၾကပါတယ္။

ဒ့ါေၾကာင့္ ေလာကီကုသုိလ္ဘယ္ေလာက္လုပ္လုပ္၊ သူ႔အရွိန္ကုန္ရင္ ၿပန္ၿပီးက်ရပါပဲ။ ေလာကီကုသိုလ္ေတြက မႈိင္းနဲ႔တူပါတယ္တဲ့။ ပုထုဇဥ္ေတြကေတာ့ မီးပံုးပ်ံနဲ႔တူပါတယ္တဲ့။ မီးပံုးပ်ံဟာ မိႈင္းအားေကာင္းသေလာက္ အေပၚကိုတက္ေနတာပါပဲ။ မႈိင္းအားကုန္တာနဲ႔ ေအာက္ကို ေဇာက္ထိုးမိုးေမွ်ာက္ၿပန္ရတာပါတဲ့။ ေတာ္ေတာ္ေကာင္းတဲ့ ဥပမာေလးပါ။

၀ိဘင္း ပါဠိေတာ္ ၌လည္း
ဥကၡိတၱာ ပုညေတေဇန
ကာမရူပ ဂတိ ံဂတာ
ဘ၀ဂၢႏ ၱမၸိသမၸတၱာ
ပုနဂစ ၦႏိ ၱ ဒုဂၢတိ ံ။

ပုညေတေဇန – ဒါန သီလ သမာထ ဟု ၿပဳၾက ရွိန္ေစာ္ေကာင္းမႈ အာႏုေဘာ္သည္။

ဥကၡိတၱာ – ပင့္ေကာ္ေၿမွာက္ၾကြ၊ ေတာင့္တခ်ီငင္၊ ၿမွင့္တင္ ေသြးေဆာင္အပ္ကုန္သည္ၿဖစ္၍

ကာမရူပ ဂတိ ံဂတာ – လူ႔ၿပည္ နတ္ၿပည္ ၿဗဟာၼၿပည္သို႔၊ ကတုိက္ကရိုက္ႏွင့္ ေရာက္ဆိုက္လာၾကေသာ ပုဂၢိဳလ္တုိ႔သည္

ဘ၀ဂၢႏ ၱမၸိ – ဘံုထြဋ္ဘံုဖ်ား၊ အၿမင့္စားအေက်ာ္၊ ေန၀သညာနာသညာေခၚတဲ့ အရူပဘံုသို႔လည္း

မၸိသမၸတၱာ – သမာဓိေၿမာက္၊ စ်ာန္ဘံုေပါက္၍ သကၠာယဒိ႒ိမေသ၊ ကမာၻၾကီးရွစ္ေသာင္းေလးေထာင္ပင္ ေနရၿငားေသာ္လည္းပဲ

ပုန – အ၀ီစိေရာက္၊ ဒိုးယိုေပါက္၍၊ ေအာက္သို႔တုန္႔ၿပန္၊ တစ္ေခါက္တစ္ဖန္

ဒုဂၢတိ ံ – မေကာင္းသူတို႔လားရာ ပူဆာထန္ၿပင္း၊ မဆန္မၿငင္းႏိုင္တဲ့ ငရဲ၊ တိရစာၦန္၊ ၿပိတၱာ၊ အသူရကာယ္ အပါယ္ေလးဘံုသို႔

အာဂစ ၦႏိ ၱ – ငါ ငါဆိုတဲ့ တရားကဆြဲငင္သၿဖင့္ ကတိုက္ကရိုက္ႏွင့္ ေဇာက္ထိုးကၽြမ္းၿပန္၊ ခ်က္ၿခင္းမၾကာ၊ သက္ဆင္း၍လာၾကရေလကုန္၏။

ေလာကုတၱရာကုသိုလ္ကေတာ့ အခုရတာနဲ႔ အခုေကာင္းက်ိဳးေပးပါတယ္။ ေသာတာပတၱိမဂ္ကုသိုလ္ရတာနဲ႔ ဖိုလ္ဆိုတဲ့ ေကာင္းက်ိဳးကို ခ်က္ခ်င္းခံစားရပါတယ္။ စကၠန္႔ေတာင္ မၿခားပါဘူး။ ေသာတာပတၱိမဂ္က အပါယ္ကိုဆဲြခ်တတ္တဲ့ ဒိ႒ိနဲ႔ ၀ိစိကိစာၦ ကို အၿမစ္ၿဖတ္ပယ္သတ္လိုက္ပါတယ္။ ဒါ့ေၾကာင့္ ေသာတာပတၱိမဂ္ ရၿပီးသူဟာ သံသရာတေလွ်ာက္မွာ ဘယ္ေတာ့မွအပါယ္မက်ေတာ့ပါဘူး။
နာမရူပ ပရိေစၦဒဉာဏ္နဲ႔ ပစၥယပရိဂၢဟဉာဏ္ကို ပိုင္ပိုင္ႏိုင္ႏိုင္ရသြားတဲ့ စူဠေသာတာပန္ပုထုဇဥ္ ေရာက္သြားရင္ေတာင္ အပါယ္တံခါးပိတ္သားပါၿပီ။ ဂတိၿမဲသြားၿပီးလို႔ ၀ိသုဒၶိမဂ္မွာ ဖြင့္ၿပထားပါတယ္။ ဒါေၾကာင့္ စူဠေသာတာပန္ပုထုဇဥ္ အဆင့္ေရာက္ေအာင္ ၾကိဳးစားသင့္ပါတယ္။

မ်က္ရည္မက်ခင္သိေစခ်င္ စာအုပ္မွ
အရွင္ဇ၀န (ေရြွျပည္သာ)
ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဓမၼရတနာ
# Unicode Version ျဖင့္ ဖတ္ပါ #
 မြတ်စွာဘုရားနှင့် သံဃာတော်များ ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်ရင်းဖြင့် မြိုပဝင်ပေါက်နားတွင်
မစင်ကို စားနေသော ဝက်မလေးတစ်ကောင်ကို
တွေ့ရာမှ ထိုဝက်မလေး၏ အတိတ်ဘဝကို အရှင်အာနန္ဒာ၏ မေးလျှောက်မှုကြောင့်
ဗုဒ္ဓက – ထိုဝက်မလေးသည် အတိတ်ဘဝက ကကုသန်မြတ်စွာဘုရားလက်ထက်တုန်းက ဆွမ်းစားကျောင်းအနီးမှာ ကြက်မတစ်ကောင်း ဖြစ်ခဲ့ရတယ်။

ရဟန်းတော်များရဲ့တရားဒေသနာရွတ်ဖတ်သရဇ္ဈာယ်သံတွေကို နားထောင်ခဲ့ရတဲ့ ကုသိုလ်ကြောင့် ကြက်မဘဝကသေတဲ့အခါ ဥဗ္ဗရီ အမည်ရှိ မင်းသမီးတစ်ယောက် ဖြစ်ခဲ့၏။ တစ်နေ့သောအခါမှာ ရေအိမ်ဝင်ရင်း ပိုးလောက်တို့ကို တွေ့မြင်ရတဲ့အခါ ပိုလောက်ဟူသော အမှတ်သညာကို အခြခံထားပြီး သမထဘာဝနာကိုပွားများလိုက်တာ ပထမဈာန်ကို ရသွားခဲ့သည်။ ထိုဈာန်ကြောင့် ဗြဟ္မာဘုံသို့ ရောက်၏။ ထို ဗြဟ္မာဘုံမှ စုတေသောအခါ လူအမျိုးသမီးတစ်ယောက် ဖြစ်ရ၏။ ထိုလူ့ဘဝမှသေသော် ဝက်မလေး ဘဝဖြစ်ရတာလို့ မိန့်တော်မူခဲ့တာကြောင့် အရှင်အာနန္ဒာနဲ့ ရဟန်းများစွာဟာ ပုထုဇဉ်မှန်သမျှ ဝိနိပါတဘေးက မလွတ်ပုံကိုတွေးပြီး သံဝေဂ ဖြစ်ကြပါတယ်။

ဒ့ါကြောင့် လောကီကုသိုလ်ဘယ်လောက်လုပ်လုပ်၊ သူ့အရှိန်ကုန်ရင် ပြန်ပြီးကျရပါပဲ။ လောကီကုသိုလ်တွေက မှိုင်းနဲ့တူပါတယ်တဲ့။ ပုထုဇဉ်တွေကတော့ မီးပုံးပျံနဲ့တူပါတယ်တဲ့။ မီးပုံးပျံဟာ မှိုင်းအားကောင်းသလောက် အပေါ်ကိုတက်နေတာပါပဲ။ မှိုင်းအားကုန်တာနဲ့ အောက်ကို ဇောက်ထိုးမိုးမျှောက်ပြန်ရတာပါတဲ့။ တော်တော်ကောင်းတဲ့ ဥပမာလေးပါ။

ဝိဘင်း ပါဠိတော် ၌လည်း
ဥက္ခိတ္တာ ပုညတေဇေန
ကာမရူပ ဂတိ ံဂတာ
ဘဝဂ္ဂန ္တမ္ပိသမ္ပတ္တာ
ပုနဂစ ္ဆနိ ္တ ဒုဂ္ဂတိ ံ။

ပုညတေဇေန – ဒါန သီလ သမာထ ဟု ပြုကြ ရှိန်စော်ကောင်းမှု အာနုဘော်သည်။

ဥက္ခိတ္တာ – ပင့်ကော်မြှောက်ကြွ၊ တောင့်တချီငင်၊ မြှင့်တင် သွေးဆောင်အပ်ကုန်သည်ဖြစ်၍

ကာမရူပ ဂတိ ံဂတာ – လူ့ပြည် နတ်ပြည် ဗြဟ္မာပြည်သို့၊ ကတိုက်ကရိုက်နှင့် ရောက်ဆိုက်လာကြသော ပုဂ္ဂိုလ်တို့သည်

ဘဝဂ္ဂန ္တမ္ပိ – ဘုံထွဋ်ဘုံဖျား၊ အမြင့်စားအကျော်၊ နေဝသညာနာသညာခေါ်တဲ့ အရူပဘုံသို့လည်း

မ္ပိသမ္ပတ္တာ – သမာဓိမြောက်၊ ဈာန်ဘုံပေါက်၍ သက္ကာယဒိဋ္ဌိမသေ၊ ကမ္ဘာကြီးရှစ်သောင်းလေးထောင်ပင် နေရငြားသော်လည်းပဲ

ပုန – အဝီစိရောက်၊ ဒိုးယိုပေါက်၍၊ အောက်သို့တုန့်ပြန်၊ တစ်ခေါက်တစ်ဖန်

ဒုဂ္ဂတိ ံ – မကောင်းသူတို့လားရာ ပူဆာထန်ပြင်း၊ မဆန်မငြင်းနိုင်တဲ့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးဘုံသို့

အာဂစ ္ဆနိ ္တ – ငါ ငါဆိုတဲ့ တရားကဆွဲငင်သဖြင့် ကတိုက်ကရိုက်နှင့် ဇောက်ထိုးကျွမ်းပြန်၊ ချက်ခြင်းမကြာ၊ သက်ဆင်း၍လာကြရလေကုန်၏။

လောကုတ္တရာကုသိုလ်ကတော့ အခုရတာနဲ့ အခုကောင်းကျိုးပေးပါတယ်။ သောတာပတ္တိမဂ်ကုသိုလ်ရတာနဲ့ ဖိုလ်ဆိုတဲ့ ကောင်းကျိုးကို ချက်ချင်းခံစားရပါတယ်။ စက္ကန့်တောင် မခြားပါဘူး။ သောတာပတ္တိမဂ်က အပါယ်ကိုဆွဲချတတ်တဲ့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ကို အမြစ်ဖြတ်ပယ်သတ်လိုက်ပါတယ်။ ဒါ့ကြောင့် သောတာပတ္တိမဂ် ရပြီးသူဟာ သံသရာတလျှောက်မှာ ဘယ်တော့မှအပါယ်မကျတော့ပါဘူး။
နာမရူပ ပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ကို ပိုင်ပိုင်နိုင်နိုင်ရသွားတဲ့ စူဠသောတာပန်ပုထုဇဉ် ရောက်သွားရင်တောင် အပါယ်တံခါးပိတ်သားပါပြီ။ ဂတိမြဲသွားပြီးလို့ ဝိသုဒ္ဓိမဂ်မှာ ဖွင့်ပြထားပါတယ်။ ဒါကြောင့် စူဠသောတာပန်ပုထုဇဉ် အဆင့်ရောက်အောင် ကြိုးစားသင့်ပါတယ်။

မျက်ရည်မကျခင်သိစေချင် စာအုပ်မှ
အရှင်ဇဝန (ရွှေပြည်သာ)
ဖိုးသူတော် (www.phothutaw.com)
Credit:ဓမ္မရတနာ


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top