ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ကားလမ္းေပၚရွိ ေရအိုင္အတြင္း လမ္းျဖတ္ေလွ်ာက္စဥ္ ျပတ္က်ေနေသာဓာတ္ႀကိဳးကို နင္းမိရာမွ ေသဆံုးခဲ့ေသာ ေက်ာင္းသား၏နာေရး (ဓာတ္ပံု - နစ္ကီ)

 ေတာင္ဥကၠလာပၿမိဳ႕နယ္၌ ဓာတ္ႀကိဳးျပတ္က်ျခင္းေၾကာင့္ အ႒မတန္းေက်ာင္းသား ေသဆုံးမႈအတြက္ ၿမိဳ႕နယ္လွ်ပ္စစ္မွ တာ၀န္ရွိသူ ခုနစ္ဦးကို ရာထူးခ်၊ ရာထူးတိုးရပ္၍အေရးယူခဲ့ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနဦးေဆာင္ၫႊန္ၾကားေရးမွဴး ဦးေစာ၀င္းေမာင္က ေျပာသည္။


‘‘အဲဒီမွာရွိတဲ့ ေျခာက္ေယာက္ကေန ခုနစ္ေယာက္အထိကို အေရးယူလုိက္တယ္။ ၿမိဳ႕နယ္က တာ၀န္ရွိတဲ့သူ၊ သက္ဆုိင္တဲ့လူအကုန္လုံးကို အေရးယူတယ္။ အလုပ္ထုတ္တဲ့အထိ မပါဘူး။ ရာထူးခ်တာပါပဲ’’ဟု ဦးေစာ၀င္း ေမာင္က ေျပာသည္။

(၁၃)ႏွစ္အရြယ္ အ႒မတန္းေက်ာင္းသား ေမာင္မ်ိဳးမင္းထြန္းသည္ ျပတ္က်ေနသည့္ ဓာတ္ႀကိဳးေၾကာင့္ ဇူလုိင္ ၁၃ ရက္တြင္ ေသဆုံးခဲ့သည္။ ထုိေသဆုံးမႈအတြက္ ျပည္ေထာင္စု၀န္ႀကီး႐ုံးက အထူးစုံစမ္းစစ္ေဆးေရးခုံ႐ုံးဖဲြ႕ စစ္ေဆးကာ ၾသဂုတ္လကုန္ပိုင္းက အေရးယူခဲ့သည္။

ထိုသို႔အေရးယူရာတြင္ ၿမိဳ႕နယ္လွ်ပ္စစ္အေထြေထြမန္ေနဂ်ာ၊ အင္ဂ်င္နီယာႏွင့္ တိုက္႐ုိက္တာ၀န္ရွိသူမ်ားကို အေရးယူထားၿပီး တုိက္႐ုိက္တာ၀န္ရွိသူကို အျပစ္ႀကီးႀကီးေပးထားသည္ဟု ရန္ကုန္တုိင္းလွ်ပ္စစ္ဓာတ္အားေပး ေကာ္ပိုေရးရွင္းမွ တာ၀န္ရွိသူတစ္ဦးကေျပာသည္။

‘‘ေအာက္ေျခကေနၿပီး ၿမိဳ႕ နယ္တာ၀န္ရွိတဲ့သူအထိ အကုန္ ပါတယ္ ’’ဟု ၎ကဆက္လက္ေျပာသည္။ ၿမိဳ႕နယ္မွ တာ၀န္္ရွိ သူႏွစ္ဦးကို ရာထူးတိုးရပ္ကာ စာထုတ္သတိေပးခဲ့ၿပီး က်န္၀န္ ထမ္းငါးဦးကို ရာထူးခ်ခဲ့ေၾကာင္း ၎က ရွင္းျပသည္။

ရန္ကုန္အပါအ၀င္ေဒသအ ခ်ိဳ႕၌ ယခုႏွစ္ပိုင္းအတြင္း ဓာတ္လိုက္ ေသဆံုးမႈ မၾကာခဏျဖစ္ပြားခဲ့ေသာ္လည္း ေတာင္ဥကၠလာၿမိဳ႕နယ္၌ ေက်ာင္းသားတစ္ဦးဓာတ္လိုက္ေသဆံုးခဲ့ျခင္းအေပၚ တာ၀န္ရွိသူမ်ားကို စံုစမ္းစစ္ေဆးအေရးယူမႈသည္ ပထမဆံုးျဖစ္ သည္။

ယခုစစ္ေဆးမႈကို ၀န္ႀကီး ဌာနက တုိက္႐ုိက္ကိုင္တြယ္ခဲ့ၿပီး ရန္ကုန္တုိင္းအဆင့္က ပါ၀င္ျခင္းမရွိေၾကာင္းႏွင့္ ေသဆုံးမႈတြင္ ဌာန၌တာ၀န္ရွိေၾကာင္း ရန္ကုန္

တုိင္းလွ်ပ္စစ္ ဓာတ္အားေပးေကာ္ပိုေရးရွင္း ဥကၠ႒ဦးေမာင္ေမာင္ လတ္က ၾသဂုတ္ ၂၄ ရက္တြင္ ေျပာၾကားသည္။

ျမန္မာႏုိင္ငံ၌ အေၾကာင္း အမ်ဳိးမ်ဳိးေၾကာင့္ ဓာတ္လုိက္ေသ ဆုံးမႈ ၂၀၁၆ တြင္ ၅၁ ဦး၊ ၂၀၁၇ တြင္ ၄၀ ဦးရွိခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
 # Unicode Version ျဖင့္ ဖတ္ပါ #
ကားလမ်းပေါ်ရှိ ရေအိုင်အတွင်း လမ်းဖြတ်လျှောက်စဉ် ပြတ်ကျနေသောဓာတ်ကြိုးကို နင်းမိရာမှ သေဆုံးခဲ့သော ကျောင်းသား၏နာရေး (ဓာတ်ပုံ - နစ်ကီ)

 တောင်ဥက္ကလာပမြို့နယ်၌ ဓာတ်ကြိုးပြတ်ကျခြင်းကြောင့် အဋ္ဌမတန်းကျောင်းသား သေဆုံးမှုအတွက် မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူ ခုနစ်ဦးကို ရာထူးချ၊ ရာထူးတိုးရပ်၍အရေးယူခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်က ပြောသည်။


‘‘အဲဒီမှာရှိတဲ့ ခြောက်ယောက်ကနေ ခုနစ်ယောက်အထိကို အရေးယူလိုက်တယ်။ မြို့နယ်က တာဝန်ရှိတဲ့သူ၊ သက်ဆိုင်တဲ့လူအကုန်လုံးကို အရေးယူတယ်။ အလုပ်ထုတ်တဲ့အထိ မပါဘူး။ ရာထူးချတာပါပဲ’’ဟု ဦးစောဝင်း မောင်က ပြောသည်။

(၁၃)နှစ်အရွယ် အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်းသည် ပြတ်ကျနေသည့် ဓာတ်ကြိုးကြောင့် ဇူလိုင် ၁၃ ရက်တွင် သေဆုံးခဲ့သည်။ ထိုသေဆုံးမှုအတွက် ပြည်ထောင်စုဝန်ကြီးရုံးက အထူးစုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးကာ သြဂုတ်လကုန်ပိုင်းက အရေးယူခဲ့သည်။

ထိုသို့အရေးယူရာတွင် မြို့နယ်လျှပ်စစ်အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာနှင့် တိုက်ရိုက်တာဝန်ရှိသူများကို အရေးယူထားပြီး တိုက်ရိုက်တာဝန်ရှိသူကို အပြစ်ကြီးကြီးပေးထားသည်ဟု ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘အောက်ခြေကနေပြီး မြို့ နယ်တာဝန်ရှိတဲ့သူအထိ အကုန် ပါတယ် ’’ဟု ၎င်းကဆက်လက်ပြောသည်။ မြို့နယ်မှ တာဝန်ရှိ သူနှစ်ဦးကို ရာထူးတိုးရပ်ကာ စာထုတ်သတိပေးခဲ့ပြီး ကျန်ဝန် ထမ်းငါးဦးကို ရာထူးချခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ရန်ကုန်အပါအဝင်ဒေသအ ချို့၌ ယခုနှစ်ပိုင်းအတွင်း ဓာတ်လိုက် သေဆုံးမှု မကြာခဏဖြစ်ပွားခဲ့သော်လည်း တောင်ဥက္ကလာမြို့နယ်၌ ကျောင်းသားတစ်ဦးဓာတ်လိုက်သေဆုံးခဲ့ခြင်းအပေါ် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးအရေးယူမှုသည် ပထမဆုံးဖြစ် သည်။

ယခုစစ်ဆေးမှုကို ဝန်ကြီး ဌာနက တိုက်ရိုက်ကိုင်တွယ်ခဲ့ပြီး ရန်ကုန်တိုင်းအဆင့်က ပါဝင်ခြင်းမရှိကြောင်းနှင့် သေဆုံးမှုတွင် ဌာန၌တာဝန်ရှိကြောင်း ရန်ကုန်

တိုင်းလျှပ်စစ် ဓာတ်အားပေးကော်ပိုရေးရှင်း ဥက္ကဋ္ဌဦးမောင်မောင် လတ်က သြဂုတ် ၂၄ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံ၌ အကြောင်း အမျိုးမျိုးကြောင့် ဓာတ်လိုက်သေ ဆုံးမှု ၂၀၁၆ တွင် ၅၁ ဦး၊ ၂၀၁၇ တွင် ၄၀ ဦးရှိခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top