ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

႐ိုက္တာသတင္းေထာက္ႏွစ္ဦးကုိ ေတြ႕ရစဥ္ (ဓာတ္ပံု - ေက်ာ္ဇင္သန္း)

အေရွ႕ေတာင္အာရွရွိ ထိပ္သီးဧည့္လမ္းၫႊန္ စာအုပ္မ်ားအနက္ တစ္ခုျဖစ္ေသာ Travel Fish က ႐ိုက္တာ သတင္းေထာက္ႏွစ္ဦး ေထာင္ခ်ခံရမႈႏွင့္ ပတ္သက္၍ ျမန္မာႏုိင္ငံ၌ ၎တို႔ ေနာက္ထပ္သုေတသနျပဳေတာ့မည္မဟုတ္ဟု ေၾကညာၿပီး ၎တို႔ဝက္ဘ္ဆိုက္မွတစ္ဆင့္ ျမန္မာႏိုင္ငံတြင္ ဟိုတယ္ငွားရမ္းျခင္းအတြက္ ဝင္ေငြမ်ားကို ယင္းသတင္းေထာက္မ်ား မိသားစုအတြက္ လွဴဒါန္းမည္ဟု ေျပာသည္။

အမွီအခိုကင္းေသာ ဧည့္ လမ္းၫႊန္လုပ္ငန္း Travel Fish ကို တည္ေထာင္သူ စတုအက္မက္ ေဒၚနယ္က ရခိုင္ျပည္နယ္၌ ဘဂၤါ လီမ်ား သတ္ျဖတ္ခံရသည္ဆို ေသာသတင္း ယမန္ႏွစ္က ထြက္ ေပၚလာၿပီးေနာက္ ျမန္မာႏိုင္ငံ အေၾကာင္း ေဖာ္ျပမႈရပ္ဆိုင္းထား ခဲ့သည္ဟု ေျပာသည္။

 ႐ိုက္တာသတင္းေထာက္ ႏွစ္ဦးကို ေထာင္ခုနစ္ႏွစ္ ခ်မွတ္ ျခင္းက ၎၏ဆံုးျဖတ္ခ်က္ကို ပိုခိုင္မာေစၿပီး Travel Fish ဝက္ဘ္ဆိုက္မွတစ္ဆင့္ ျမန္မာ ႏိုင္ငံ၌ ဟိုတယ္ငွားရန္ စာရင္းေပး သြင္းမႈမ်ားမွရေသာ ဝင္ေငြမ်ား ကို ယင္းသတင္းေထာက္ႏွစ္ဦး မိသားစုမ်ားအတြက္ လွဴဒါန္းမည္ ဟု စတုအက္မက္ေဒၚနယ္က ေျပာၾကားသည္။

သို႔ေသာ္ Stubborn Mule Travel ကုမၸဏီ ၫႊန္ၾကားေရးမွဴး လစ္ဒီပေလဆန္႔က ၎တို႔အေန ျဖင့္ ခရီးသြားသပိတ္ေမွာက္မႈကို မျပဳလုပ္လိုဟု ေျပာသည္။

 ‘‘အဲဒီသပိတ္ေမွာက္မႈအ တြက္ အေၾကာင္းရင္းေတြကို ကြၽန္မ အမွန္တကယ္နားလည္ပါ တယ္။ ဒါေပမဲ့ အထီးက်န္ျဖစ္ေစ ေအာင္ အားေပးတဲ့လုပ္ရပ္မွန္သ မွ်မွာ တန္ျပန္႐ိုက္ခတ္မႈေတြရွိ တယ္လို႔ ကြၽန္မ ခံစားမိပါတယ္။ လက္ရွိ ႏိုင္ငံေရးအေျခအေနကို ထပ္ၿပီး ေရွ႕မေရာက္ေအာင္ျဖစ္ ေစတဲ့ အႏၲရာယ္ရွိတယ္လို႔ ခံစား မိပါတယ္’’ဟု ေျပာသည္။

မိမိအျမင္တြင္ ကမၻာလွည့္ ခရီးသြားမ်ား လာေရာက္ျခင္း ေၾကာင့္ ႏိုင္ငံတကာႏွင့္ ထိေတြ႕မႈပိုရွိလာႏိုင္ၿပီး ယင္းအေျခအေန အတြက္ ေကာင္းေသာအရာတစ္ခုသာ ျဖစ္ႏုိင္သည္ဟု ျမင္မိ ေၾကာင္း မစၥစ္ပေလဆန္႔ကေျပာ သည္။

သပိတ္ေမွာက္ေသာ Travel Fish လုပ္ငန္းကမူ ျမန္မာႏိုင္ငံ အတြင္း အေျခအေနေျပာင္းလဲမႈ အေပၚ မူတည္၍ ၎တို႔၏သတင္း ဆက္လက္ေဖာ္ျပေရး စဥ္းစား မည္ဟု မက္ေဒၚနယ္က ေျပာ သည္။ Travel Fish လုပ္ငန္းသည္ ျမန္မာ၊ ကေမၻာဒီးယား၊ အင္ဒိုနီး ရွား၊ လာအို၊ မေလးရွား၊ စင္ကာ ပူ၊ ထုိင္းႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔အ တြက္ ဧည့္လမ္းၫႊန္ ျပဳလုပ္ေန သည္။  
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ရိုက်တာသတင်းထောက်နှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

အရှေ့တောင်အာရှရှိ ထိပ်သီးဧည့်လမ်းညွှန် စာအုပ်များအနက် တစ်ခုဖြစ်သော Travel Fish က ရိုက်တာ သတင်းထောက်နှစ်ဦး ထောင်ချခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၌ ၎င်းတို့ နောက်ထပ်သုတေသနပြုတော့မည်မဟုတ်ဟု ကြေညာပြီး ၎င်းတို့ဝက်ဘ်ဆိုက်မှတစ်ဆင့် မြန်မာနိုင်ငံတွင် ဟိုတယ်ငှားရမ်းခြင်းအတွက် ဝင်ငွေများကို ယင်းသတင်းထောက်များ မိသားစုအတွက် လှူဒါန်းမည်ဟု ပြောသည်။

အမှီအခိုကင်းသော ဧည့် လမ်းညွှန်လုပ်ငန်း Travel Fish ကို တည်ထောင်သူ စတုအက်မက် ဒေါ်နယ်က ရခိုင်ပြည်နယ်၌ ဘင်္ဂါ လီများ သတ်ဖြတ်ခံရသည်ဆို သောသတင်း ယမန်နှစ်က ထွက် ပေါ်လာပြီးနောက် မြန်မာနိုင်ငံ အကြောင်း ဖော်ပြမှုရပ်ဆိုင်းထား ခဲ့သည်ဟု ပြောသည်။

 ရိုက်တာသတင်းထောက် နှစ်ဦးကို ထောင်ခုနစ်နှစ် ချမှတ် ခြင်းက ၎င်း၏ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေပြီး Travel Fish ဝက်ဘ်ဆိုက်မှတစ်ဆင့် မြန်မာ နိုင်ငံ၌ ဟိုတယ်ငှားရန် စာရင်းပေး သွင်းမှုများမှရသော ဝင်ငွေများ ကို ယင်းသတင်းထောက်နှစ်ဦး မိသားစုများအတွက် လှူဒါန်းမည် ဟု စတုအက်မက်ဒေါ်နယ်က ပြောကြားသည်။

သို့သော် Stubborn Mule Travel ကုမ္ပဏီ ညွှန်ကြားရေးမှူး လစ်ဒီပလေဆန့်က ၎င်းတို့အနေ ဖြင့် ခရီးသွားသပိတ်မှောက်မှုကို မပြုလုပ်လိုဟု ပြောသည်။

 ‘‘အဲဒီသပိတ်မှောက်မှုအ တွက် အကြောင်းရင်းတွေကို ကျွန်မ အမှန်တကယ်နားလည်ပါ တယ်။ ဒါပေမဲ့ အထီးကျန်ဖြစ်စေ အောင် အားပေးတဲ့လုပ်ရပ်မှန်သ မျှမှာ တန်ပြန်ရိုက်ခတ်မှုတွေရှိ တယ်လို့ ကျွန်မ ခံစားမိပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေကို ထပ်ပြီး ရှေ့မရောက်အောင်ဖြစ် စေတဲ့ အန္တရာယ်ရှိတယ်လို့ ခံစား မိပါတယ်’’ဟု ပြောသည်။

မိမိအမြင်တွင် ကမ္ဘာလှည့် ခရီးသွားများ လာရောက်ခြင်း ကြောင့် နိုင်ငံတကာနှင့် ထိတွေ့မှုပိုရှိလာနိုင်ပြီး ယင်းအခြေအနေ အတွက် ကောင်းသောအရာတစ်ခုသာ ဖြစ်နိုင်သည်ဟု မြင်မိ ကြောင်း မစ္စစ်ပလေဆန့်ကပြော သည်။

သပိတ်မှောက်သော Travel Fish လုပ်ငန်းကမူ မြန်မာနိုင်ငံ အတွင်း အခြေအနေပြောင်းလဲမှု အပေါ် မူတည်၍ ၎င်းတို့၏သတင်း ဆက်လက်ဖော်ပြရေး စဉ်းစား မည်ဟု မက်ဒေါ်နယ်က ပြော သည်။ Travel Fish လုပ်ငန်းသည် မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီး ရှား၊ လာအို၊ မလေးရှား၊ စင်ကာ ပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့အ တွက် ဧည့်လမ်းညွှန် ပြုလုပ်နေ သည်။  
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top