မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

အိပ္ေပ်ာ္စဥ္ေဟာက္ျခင္းကို ပါးစပ္ႏွင့္လွ်ာေလ့က်င့္ခန္းမ်ားျဖင့္ သက္သာေစႏိုင္

အိပ္ေပ်ာ္စဥ္ ေဟာက္တတ္ ျခင္းကို ကုသသည့္ နည္းလမ္းမ်ိဳးစံု ရွိၿပီး အရက္ႏွင့္အိပ္ေဆးမ်ား ေရွာင္ က်ဥ္ျခင္း၊ ပက္လက္အိပ္ျခင္းကို ေရွာင္ျခင္း၊ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ် ျခင္း၊ ႏွာေခါင္းေလ႐ွဴလမ္းေၾကာင္း ျပႆနာမ်ား ကုသျခင္း၊ ခံတြင္းႏွင့္ အသက္႐ွဴလမ္းေၾကာင္း ခြဲစိတ္ ကုသမႈမ်ားျပဳလုပ္ျခင္း၊ သြားတြင္ ကိရိယာမ်ား တပ္ဆင္ျခင္းစသည္႕ ကုထံုးမ်ိဳးစံု ရွိၾကသည္။

ဘရာဇီးႏိုင္ငံတြင္ ျပဳလုပ္ သည္႕ သုေတသနသစ္တစ္ခုအရ အိပ္ေပ်ာ္စဥ္ေဟာက္တတ္သူမ်ား သည္ ပါးစပ္ႏွင့္ လွ်ာေလ့က်င့္ခန္း မ်ားျဖင့္ ေဟာက္သည္႕အႀကိမ္ေရကို (၃၆) ရာခိုင္ႏႈန္း၊ ေဟာက္သည္႕ ျပင္းအားကို (၅၉) ရာခိုင္ႏႈန္း ေလွ်ာ့ ခ်ႏိုင္ေၾကာင္း သိရသည္။

သုေတသနတြင္ စမ္းသပ္ခဲ့ သည္႕ ေလ့က်င့္ခန္းမ်ားမွာ

(၁) လွ်ာထိပ္ကို ခံတြင္းအေပၚ ဘက္ကပ္၍ လွ်ာကိုေနာက္သို႔ အနည္းငယ္ဆြဲျခင္း

(၂) ခံတြင္းအေပၚဘက္ႏွင့္ လွ်ာ ကိုအျပားလိုက္ကပ္၍ စုပ္ယူျခင္း၊ ခံတြင္းအေပၚဘက္ႏွင့္ လွ်ာကို အျပားလိုက္ဖိထားျခင္း

(၃) လွ်ာထိပ္ကို ေအာက္ေရွ႕သြား ႏွင့္ထိထား၍ လွ်ာအရင္းပိုင္းကို လည္ေခ်ာင္း၀ႏွင့္ ဖိကပ္ျခင္း

(၄) သရအကၡရာ အ ကို အသံရွည္ ႐ြတ္ဆို၍ လွ်ာခင္ကို အေပၚသို႔ဆြဲယူ ျခင္းစသည္တို႔ျဖစ္ၾကသည္။

သုေတသနမွာ ပါ၀င္တဲ့သူ ေတြကို ခံတြင္းႏွင့္လွ်ာေလ့က်င့္ခန္း ေတြ စမ္းသပ္ျပဳလုပ္ေစတဲ့အခါ ေဟာက္တဲ့အက်င့္ သိသိသာသာ ေလ်ာ့နည္းသြားတာ ေတြ႕ရပါတယ္}} ဟု ဘရာဇီးႏိုင္ငံ University of Sao Paulo မွ သုေတသီGeraldo Lorenzi-Filho ကဆိုသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Health Updates Journal

#Unicode Version#
အိပ်ပျော်စဉ်ဟောက်ခြင်းကို ပါးစပ်နှင့်လျှာလေ့ကျင့်ခန်းများဖြင့် သက်သာစေနိုင်

အိပ်ပျော်စဉ် ဟောက်တတ် ခြင်းကို ကုသသည့် နည်းလမ်းမျိုးစုံ ရှိပြီး အရက်နှင့်အိပ်ဆေးများ ရှောင် ကျဉ်ခြင်း၊ ပက်လက်အိပ်ခြင်းကို ရှောင်ခြင်း၊ ကိုယ်အလေးချိန်လျှော့ချ ခြင်း၊ နှာခေါင်းလေရှူလမ်းကြောင်း ပြဿနာများ ကုသခြင်း၊ ခံတွင်းနှင့် အသက်ရှူလမ်းကြောင်း ခွဲစိတ် ကုသမှုများပြုလုပ်ခြင်း၊ သွားတွင် ကိရိယာများ တပ်ဆင်ခြင်းစသည့် ကုထုံးမျိုးစုံ ရှိကြသည်။

ဘရာဇီးနိုင်ငံတွင် ပြုလုပ် သည့် သုတေသနသစ်တစ်ခုအရ အိပ်ပျော်စဉ်ဟောက်တတ်သူများ သည် ပါးစပ်နှင့် လျှာလေ့ကျင့်ခန်း များဖြင့် ဟောက်သည့်အကြိမ်ရေကို (၃၆) ရာခိုင်နှုန်း၊ ဟောက်သည့် ပြင်းအားကို (၅၉) ရာခိုင်နှုန်း လျှော့ ချနိုင်ကြောင်း သိရသည်။

သုတေသနတွင် စမ်းသပ်ခဲ့ သည့် လေ့ကျင့်ခန်းများမှာ

(၁) လျှာထိပ်ကို ခံတွင်းအပေါ် ဘက်ကပ်၍ လျှာကိုနောက်သို့ အနည်းငယ်ဆွဲခြင်း

(၂) ခံတွင်းအပေါ်ဘက်နှင့် လျှာ ကိုအပြားလိုက်ကပ်၍ စုပ်ယူခြင်း၊ ခံတွင်းအပေါ်ဘက်နှင့် လျှာကို အပြားလိုက်ဖိထားခြင်း

(၃) လျှာထိပ်ကို အောက်ရှေ့သွား နှင့်ထိထား၍ လျှာအရင်းပိုင်းကို လည်ချောင်းဝနှင့် ဖိကပ်ခြင်း

(၄) သရအက္ခရာ အ ကို အသံရှည် ရွတ်ဆို၍ လျှာခင်ကို အပေါ်သို့ဆွဲယူ ခြင်းစသည်တို့ဖြစ်ကြသည်။

သုတေသနမှာ ပါဝင်တဲ့သူ တွေကို ခံတွင်းနှင့်လျှာလေ့ကျင့်ခန်း တွေ စမ်းသပ်ပြုလုပ်စေတဲ့အခါ ဟောက်တဲ့အကျင့် သိသိသာသာ လျော့နည်းသွားတာ တွေ့ရပါတယ်}} ဟု ဘရာဇီးနိုင်ငံ University of Sao Paulo မှ သုတေသီGeraldo Lorenzi-Filho ကဆိုသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: Health Updates Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top