မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×





source : metro.co.uk

# Unicode Version ဖြင့် ဖတ်ပါ #

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့မှာ စုံတွဲတစ်တွဲဟာ လူနေအဆောက်ဦဝင်းရှေ့က ခင်းထားတဲ့ ခုံရှည်ပေါ်မှာ စုံတွဲတစ်တွဲဟာ ဘာသာဘာဝ ချစ်ရေးဆိုရင်း တစ်ယောက်နဲ့တစ်ယောက် ပွတ်သပ်ယုယနေကြပါတယ်။ ဒါကို မျက်နှာချင်းဆိုင် လူနေအဆောက်ဦမှာ နေထိုင်တဲ့ အဖွားက မြင်သွားပြီး ဒေါသထွက်သွားပါတယ်။

အဖွားနာမည်ကိုတော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။ အဖွားဟာ အဆိုပါစုံတွဲကို ခပ်ကြာကြာ စောင့်ကြည့်နေပုံရပြီး၊ စုံတွဲကလည်း ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ သူတို့လုပ်စရာရှိတာကို ဆက်လုပ်နေတာပါ။ သူတို့ဟာ အနမ်းချင်းဖလှယ်နေတဲ့ အခိုက်မှာတော့ အဖွားဖြစ်သူက လုံးဝ ကြည့်မရတော့ဘဲ လေသေနတ်နဲ့ ပစ်ခဲ့ပါတယ်။

လေသေနတ်ကျည်ဆံဟာ အသက်(၂၀)အရွယ် ကာယကံရှင်အမျိုးသမီးရဲ့ ညာဘက်လက်မောင်းကို လာပြီးမှန်ခဲ့ပါတယ်။ သူတို့စုံတွဲကလည်း ခဏအတွင်းမှာတော့ အလွန်အံ့သြနေပြီး နောက်မှ အမျိုးသမီးဖြစ်သူက လန့်ပြီးအော်ငိုခဲ့တာပါ။ အမျိုးသားဖြစ်သူကလည်း ချက်ချင်း အရေးပေါ်အဖွဲ့ကို ခေါ်ခဲ့ပါတယ်။

အရေးပေါ်အဖွဲ့နဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေလည်း ရောက်လာခဲ့ပြီး၊ အဖွားရဲ့ အိမ်အတွင်းကို ဝင်ရောက်ရှာဖွေတဲ့အခါမှာ လေသေနတ်၊ လေသေနတ်ကျည် အစရှိသည်တို့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဖွားဟာ ယခင်က ပစ်မှုကျူးလွန်ခဲ့ခြင်း မရှိတာကတစ်ကြောင်း၊ သူမရဲ့ အသက်ရွယ်ကြောင့်လည်းကောင်း နေအိမ်အကျယ်ချုပ်နဲ့ လောလောဆယ် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

source : metro.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: ညီလင်းထက် (MyanmarNote)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top