×



#ကျော်ထက်ဇော်



#ဒေါင်း




#နန်းစန္ဒာလှထွန်း



#ညိမ်းသော်



#ချမ်းမင်းရဲထွဋ်



#Mary




#ဖြူဖြူထွေး



#မိုရီဆာကီဝင်း



Credit:Shwemom
# Unicode Version ဖြင့် ဖတ်ပါ #
(၂၀၁၇) ခုနှစ်အတွင်း နာမည်ကြီးလာတဲ့ မြန်မာဆယ်လီများ

(၂၀၁၇)ခုနှစ်အတွင်း နာမည်ကြီးလာခဲ့တဲ့ မြန်မာဆယ်လီတွေ အများကြီးရှိပါတယ်။ ဇာတ်ကားတွေမှာ သရုပ်ဆောင်ရင်း နာမည်ကြီးခဲ့ကြသူတွေရှိသလို၊ လူမှုကွန်ရက်စာမျက်နှာမှာ ဗီဒီယိုဖိုင်တွေတင်ရင်းနဲ့ နာမည်ကြီးလာသူတွေလည်းရှိပါတယ်။ (၂၀၁၇)မှာ ထွန်းတောက်ခဲ့တဲ့ ကြယ်ပွင့်ဆယ်လီတွေထဲကမှ တစ်ချို့ကို ကောက်နုတ်ဖော်ပြပေးချင်ပါတယ်။

#ကျော်ထက်ဇော်

ကျော်ထက်ဇော်ကလည်း အခုနောက်ပိုင်းမှာ ပရိသတ်တွေကြား နာမည်ရအောင်မြင်လာခဲ့သူပါ။ “အမုန်းမှ သည်” ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးလာခဲ့သူပါ။

#ဒေါင်း


ညှို့အားကောင်းတဲ့ မျက်လုံးအကြည့်တွေကြောင့် နာမည်ကြီးနေသူပါ။ မဲဆွယ်ပွဲမှာ နှင်းဆီပန်းပန်ထားတဲ့ပုံလေးတွေ၊ တက်ကြွနေတဲ့ သူ့ရဲ့ပုံရိပ်လေးတွေကို စပြီး သတိထားမိခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်လာပြီး ပိုအောင်မြင်လာတာကို တွေ့ရပါတယ်။

#နန်းစန္ဒာလှထွန်း

ပဉ္စလက်ရွာ ဇာတ်လမ်းတွဲထဲက “ရေဝတီ” ဆိုတဲ့ ဇာတ်ကောင်နဲ့ နာမည်ကြီးလာခဲ့သူပါ။ ဇာတ်လမ်းတွဲမှာ သူမရဲ့ သရုပ်ဆောင်ချက်တွေကြောင့် နာမည်ကြီးသွားခဲ့ပြီး အခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လာတာကို တွေ့ရပါတယ်။

#ညိမ်းသော်

“ည” ဇာတ်ကားနဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသားပါ။ လီမင်ဟိုနဲ့တူတယ်လို့ ချီးကျူးပြောဆိုတာကို ခံခဲ့ရဖူးပါတယ်။ အခု နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်လာပြီး ပိုမိုအောင်မြင်နေပါပြီ။

#ချမ်းမင်းရဲထွဋ်

“ည” ဇာတ်ကားနဲ့ပဲ ပရိသတ်အားပေးလက်ခံမှုရခဲ့ပြီး နာမည်ကြီးလာခဲ့သူပါ။ အဲဒီနောက်ပိုင်းမှာတော့ အနုပညာ အလုပ်တွေကို ဆက်တိုက်လုပ်ခဲ့ပါတယ်။ ဒါရိုက်တာဝိုင်း၊ ဖွေးဖွေးတို့နဲ့ အတူ “သမ္မတကြီးထံ ပေးစာ” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

#Mary

“ဝဲ” သီချင်းနဲ့ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့သူပါ။ သီချင်းတွေနဲ့တင်မဟုတ်ဘဲ မျက်လုံးလေးမှိတ်ပြပြီး ပုရိသတွေရဲ့ အသည်းကို ကိုင်လှုပ်ခဲ့သူလေးပါ။

#ဖြူဖြူထွေး

ဟာသဗီဒီယိုဖိုင်လေးတွေကိုတင်ပြီး နာမည်ကြီးလာတဲ့ တစ်ဦးတည်းသော မိန်းကလေး ဆယ်လီပါ။ ချစ်စရာကောင်းပြီး ရိုးသားတဲ့ သူမရဲ့ စကားပြောဆိုပုံနဲ့ ဟန်ပန်လေးတွေက ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တာပါ။ ဝေဖန်မှုတွေကြုံရပေမယ့် အပြုံးမပျက်ဘဲ ဆက်လက်ကြိုးစားနေခဲ့သူပါ။ အခုဆိုရင်တော့ အနုပညာအလုပ်တွေကိုပါ လုပ်နေပါပြီ။

#မိုရီဆာကီဝင်း

(၂၀၁၇)မှာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကို ကိုင်အလှုပ်နိုင်ခဲ့ဆုံးသူလို့ ပြောလို့ရပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ “အဝင်း” ဆိုပြီး ရေပန်းစားနာမည်ကြီးစေခဲ့သူပါ။ အရင်ကလည်း ဂျပန်-မြန်မာပွဲတော်မှာ သီချင်းလာရောက် သီဆိုခဲ့ဖူးပေမယ့် My Country My Home – ဇာတိမြေ ဆိုတဲ့ ဂျပန်-မြန်မာချစ်ကြည်ရေး ဇာတ်ကားအတွက် မြန်မာနိုင်ငံကို လာရောက်ပြီးနောက်ပိုင်းမှာ အရမ်းကို နာမည်ကြီးသွားခဲ့တာပါ။ ဂျပန်မှာ (၁၀)နှစ်သားတည်းကနေလာခဲ့သူမို့ မြန်မာစကားကို သေချာကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ပေမယ့် ယဉ်ကျေးတဲ့ သူ့ရဲ့စကားပြောတဲ့ ပုံစံလေးက ပရိသတ်တွေကို ကြွေစေခဲ့တာပါ။

PHOTOS FROM အနုပညာရှင်များရဲ့ FB
ဖိုးသူတော် (www.phothutaw.com)
Credit:Shwemom
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top