လုပ်နည်းလုပ်ဟန်
ဖို့တော့ လိုပါတယ်။
Credit:အိမ့်သံစဉ် ~
# Unicode Version ဖြင့် ဖတ်ပါ #
ဆီးချိုရောဂါ သည်တွေ အတွက် ကိုယ်တွေ့ကြုံခဲ့ရသူတွေ ဆီက ဓာတ်စာ ဆေးနည်းကို တဆင့်ပြန်လည်
ဖောက်သည်ချ လိုက်ပါရစေ။
ဆီးချိုရောဂါရဲ့ လက္ခဏာများ
ဆီးချိုရောဂါ သည်တွေ အနေနဲ့ ဆီးချို တိုင်းတာပြီး ဆီးချို အမှတ် အရမ်းတက်နေတယ်ဆိုရင် လုပ်ရမယ့် အစားအသောက် ဆေးနည်းတမျိုးပါ။
လုပ်နည်းလုပ်ဟန်
ကြက်သား ၁၀ ကျပ်သားကို ဆားနဲ့ နနွင်း နယ်ပြီး ( ကျန်တာ ဘာဆို ဘာမျှ မထည့်ရ) သံပုရာသီး စစ်စစ်
တလုံး( မခွဲမစိပ်ပဲ သဘာဝ အလုံးအတိုင်း ) နဲ့ အတူ ရောပြီး ပေါင်းရပါမယ်။ အကယ်၍ ကြက်သား ကို
၂၀ ကျပ် သားဆိုရင် သံပုရာသီးက ၂ လုံး ဖြစ်ပါမယ်။
ပေါင်းပြီးသား ကြက်သားနဲ့ ပေါင်းရည်ကို သောက်ခြင်းဖြင့် ဆီးချို အမှတ် တက်မှုဟာ သိသိသာသာ ကျ
လာမှာ ဖြစ်ပါတယ်။ အရသာ ကတော့ နည်းနည်း ခါးသက်သက်နေ ပါလိမ့်မယ်။
ဒီနေရာမှာ အထူး သတိပြုစရာ တခုကတော့ ကြက် သံပုရာပေါင်းရည်ကို သောက်လို့ ဆီးချို အမှတ်ကျ
လာ မှာဖြစ်ပေမယ့် ဆီးချို တိုင်းတာတဲ့ ကိရိယာနဲ့ တိုင်းတာခြင်း သို့မဟုတ် ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး
ဆီးချို အမှတ် ကျနေပြီဆိုရင် ကြက် သံပုရာ ပေါင်းရည်သောက်တာကို ရပ်ဆိုင်းထားရပါလိမ့်မယ်။
အကယ်၍ ဆီးချိုအမှတ်ကျနေ ပါလျှက် ပုံမှန် ဆီးအနေ အထား ရောက်နေပြီး ဆက်သောက်မယ်ဆိုရင်
လူ့ ခန္ဓာကိုယ်မှာ သကြားဓာတ် အလွန်ကျဆင်းသွားပြီး အခက်တွေ့ပါလိမ့်မယ်။ ဒါကို အထူးသတိထား
ဖို့တော့ လိုပါတယ်။
ဆီးချိုရောဂါ ၂ မျိုး ရှိပါတယ်။ တမျိုးက ခန္ဓာကိုယ် ထဲက အင်ဆူလင်ဓာတ် ထုတ်လုပ်မှု မလုပ်နိုင်တော့
တာ မျိုး ဖြစ် ပါ တယ်။ ဒါကို အင်္ဂလိပ်လို “insulin-dependent diabetes mellitus” (IDDM) or
“juvenile diabetes” လို့ လည်း ခေါ်ဆိုပါတယ်။
နောက်တမျိုးကတော့ ခန္ဓကိုယ်ထဲက အင်ဆူလင်ဓာတ်ကို သုံးစွဲမယ့် ဆဲလ် ပျက်စီးတာမျိုးပါ။ သူ့ကိုတော့
non insulin-dependent diabetes mellitus (NIDDM) or “adult-onset diabetes” ခေါ်ပါတယ်။
ဆီးချိုရောဂါ ဆိုတာ တကယ်တော့ သွေးထဲမှာ သကြားဓာတ်လွန်ကဲမှုဖြစ်နေတာကို ခေါ်ဆိုတာပါဘဲ။
ဆီးချိုရောဂါ ခံစားရပြီ ဆိုရင် သွေးထဲမှာ သကြားဓာတ်လွန်ကဲမှုကြောင့် ခကြာခဏဆီးသွားတာ မျိုး
တွေ ဖြစ်ပြီး ရေငတ်ခြင်း၊ မကြာခဏ ဆာ လောင် မွတ်သိပ် တာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဆီးချိုရောဂါရဲ့ ဆိုးကျိုးတွေကြောင့် နောက်ဆက်တွဲ အနေနဲ့ နှလုံးရောဂါ ဖြစ်နိုင်သလို ကျောက်ကပ်လည်း ပျက်ဆီးနိုင်ပါတယ်။ ဒီအပြင် မျက်လုံးလည်း အမြင်အာရုံပျက်စီးစေတတ်ပါတယ်။ ဒီအပြင် အနာတခု ခန္ဓာ ကိုယ်မှာ ဖြစ်ခဲ့ရင် သွေးထဲမှာ သကြားဓာတ်လွန်ကဲမှုကြောင့် သွေးဖြူဥ အားနည်းပြီး အနာကို အမြန်ကျက်ပြီး ပျောက်ကင်းစေမှုအားနည်းကာ တော်တော်နဲ့ အနာမကျက်ပဲဖြစ်တတ်ပါသေးတယ်။
ဒါကြောင့် ဆီးချိုရောဂါသည်တွေအတွက် အခု ကြက်သံပုရာပေါင်း ဆေးနည်းကို သုံးဆောင်ခြင်းဖြင့် သွေး
ထဲက သကြား ဓာတ်လွန်ကဲမှုကို လျော့ကျစေနိုင်မှာဖြစ်ပါတယ်။
ကြက်သားနဲ့ သံပုရာသီးကို ပေါင်းလိုက်လို့ ထွက်လာတဲ့ ဓာတ်တမျိုးဟာ သွေးထဲက သကြား ဓာတ် လွန်
ကဲနေတာတွေကို လျှော့ချနိုင်စွမ်းရှိပါတယ်။
ဆီးချိုရောဂါသည်များ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သက်သာ ပျောက်ကင်းနိုင်ကြပါစေ။
ဖိုးသူတော် (www.phothutaw.com)
Credit:အိမ့်သံစဉ် ~