iMyanmarHouse.com - Best Property Website for Myanmar
×

 ကင္ဆာေရာဂါကုသေရးအတြက္ ေဆးပညာနယ္ပယ္မွာ အေရးပါၿပီး စိတ္ဝင္စားဖြယ္ေကာင္းလွပါတယ္။

ကင္ဆာဆုိတဲ့ ေရာဂါအမည္ၾကားရတာနဲ႕ လူေတြေၾကာက္႐ြံ႕ၾကပါတယ္။ အရင္ေခတ္ေတြမွာဆုိရင္ ကင္ဆာျဖစ္ေနၿပီလို႕ စစ္ေဆးသိ႐ွိရသူေတြဟာ ေသမိန္႕က်သလုိပဲ ျဖစ္ခဲ့ပါတယ္။ ဒီကေန႕ေခတ္မွာေတာ့ တုိးတက္လာတဲ့ ေဆးဝါးနဲ႕ကုထုံးေတြေၾကာင့္ ကင္ဆာေရာဂါသည္ေတြဟာ ကုသႏုိင္တဲ့ အခြင့္အလမ္းေတြ အရင္ထက္ပုိၿပီး ႐ွိလာခဲ့ပါၿပီ။

ဒါေပမဲ့လည္း ကင္ဆာေရာဂါဟာ လူေတြရဲ႕က်န္းမာေရးကုိ အၿခိမ္းေျခာက္ႏုိင္ဆုံး ေရာဂါျဖစ္ေနဆဲလုိ႕ ဆိုရမွာပါ။ ယခုေနာက္ဆုံး သိပၸံပညာ႐ွင္ေတြ စမ္းသပ္ႏုိင္ခဲ့တဲ့ နည္းလမ္းတစ္ခုကေတာ့ ကင္ဆာေရာဂါေၾကာင့္ ေသဆုံးရမႈေတြကုိ ရပ္တန္႕ပစ္ႏုိင္မလားဆုိတဲ့ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ကုိ ျမင္ေတြ႕လာရၿပီလို႕ ဆုိႏုိင္ပါတယ္။
သိပၸံပညာ႐ွင္ေတြ ဘာကုိစမ္းသပ္ႏုိင္ခဲ့လဲ?

ၿဗိတိန္ႏုိင္ငံမွ သိပၸံပညာ႐ွင္ေတြ ထုတ္ေဖာ္ေၾကညာခဲ့မႈအရ ကင္ဆာျဖစ္ပြားမႈကုိ ေစာစီးစြာသိႏုိင္တဲ့ ေသြးစစ္ေဆးမႈနည္းပညာကုိ စမ္းသပ္ႏုိင္ခဲ့တယ္လို႕ သိရပါတယ္။ ဒီစမ္းသပ္မႈဟာ ကင္ဆာေရာဂါကုသေရးအတြက္ ေဆးပညာနယ္ပယ္မွာ အေရးပါၿပီး စိတ္ဝင္စားဖြယ္ေကာင္းလွပါတယ္။

ဂၽြန္စ္ေဟာ့ပ္ကင္း တကၠသုိလ္မွ (Johns Hopkins University) ပညာ႐ွင္အဖြဲ႕တစ္ဖြဲ႕က ကမာၻမွာျဖစ္ပြားေနတဲ့ ကင္ဆာေရာဂါ ၈ မ်ဳိးကုိ ေစာစီးစြာ စစ္ေဆးသိ႐ွိႏုိင္တဲ့ နည္းလမ္းကုိ စမ္းသပ္ခဲ့ၾကပါတယ္။


သူတုိ႕ရဲ႕ စိတ္ကူးနဲ႕ ရည္႐ြယ္ခ်က္က တစ္ႏွစ္တစ္ႀကိမ္ ေသြးစစ္ေဆးမႈျဖင့္ ကင္ဆာေရာဂါျဖစ္ပြားမႈကုိ အသက္အႏၱရာယ္မ႐ွိႏုိင္ေသးတဲ့ အဆင့္မွာပင္ ေစာစီးစြာသိ႐ွိႏုိင္ၿပီး လူ႕အသက္ေတြကုိ ကယ္တင္ႏုိင္ဖို႕ပဲ ျဖစ္ပါတယ္။

ၿဗိတိန္မွ ပညာ႐ွင္ေတြက ယခု စမ္းသပ္မႈဟာ အလြန္စိတ္လႈပ္႐ွားစရာေကာင္းတယ္လုိ႕လည္း ေျပာခဲ့ပါတယ္။ ယခုေတြ႕႐ွိခဲ့တဲ့ ေသြးစစ္ေဆးမႈနည္းလမ္းျဖင့္ ကင္ဆာေရာဂါ ကနဦးအဆင့္မွာပင္ ထိေရာက္စြာ စစ္ေဆးသိရွိႏုိင္ဖုိ႕ ေနာက္ထပ္ စမ္းသပ္မႈေတြ ဆက္လက္ ျပဳလုပ္ရအုံးမယ္လုိ႕လည္း သိပၸံပညာ႐ွင္တစ္ဦးက ဆုိပါတယ္။
ဘယ္လုိ ေသြးစစ္ေဆးမႈမ်ဳိးလဲ?

ပညာ႐ွင္ေတြရဲ႕ အဆုိအရ ကင္ဆာအႀကိတ္အဖုေတြရဲ႕ DNA နဲ႕ ပ႐ုိတိန္းေျပာင္းလဲမႈကေန ေသြးအတြင္းကုိ အလြန္ေသးငယ္တဲ့ ဓာတ္ပစၥည္းမ်ား လႊတ္ထုတ္ပါတယ္။ CancerSEEK လို႕ အမည္ေပးထားတဲ့ ေသြးစစ္ေဆးမႈက ကင္ဆာေရာဂါ ၈ မ်ဳိးမွာ ေတြ႕ရေလ့႐ွိတဲ့ မ်ဳိးဗီဇ ၁၆ ခုကုိ ႐ွာေဖြစစ္ေဆးတယ္လို႕ ဆုိပါတယ္။

သိပၸံပညာ႐ွင္ေတြရဲ႕ CancerSEEK စစ္ေဆးမႈကုိ သားအိမ္၊ အသည္း၊ အစာအိမ္၊ ပန္ကရိယ၊ အစာျပြန္၊ အူမႀကီး၊ အဆုတ္နဲ႕ ရင္သားကင္ဆာ ျဖစ္ေနၿပီး ခႏၶာကိုယ္ရဲ႕ အျခားတစ္႐ွဴးေတြထံ ကင္ဆာဆဲလ္မ်ား ပ်ံ႕ႏွံ႕ျခင္းမ႐ွိေသးတဲ့ လူနာ ၁,၀၀၅ ဦးမွာ ျပဳလုပ္ခဲ့ပါတယ္။ အဆုိပါ စစ္ေဆးမႈရလဒ္က ကင္ဆာေရဂါ ၇၀ ရာခုိင္ႏႈန္းကုိ ေတြ႕႐ွိႏုိင္ခဲ့ေၾကာင္း သိရပါတယ္။


"ကင္ဆာေရာဂါကုိ အခုလုိ ကနဦးအဆင့္မွာ ေစာစီးစြာ စစ္ေဆးသိ႐ွိႏုိင္မႈက အလြန္အေရးပါပါတယ္" လုိ႕ ဂၽြန္စ္ေဟာ့ပ္ကင္းတကၠသုိလ္ ေဆးပညာဌာနမွ ေဒါက္တာ ခရစၥတီယန္ တုိမတ္ဆတ္တီက ေျပာပါတယ္။

"ဒီလုိ စစ္ေဆးသိ႐ွိႏုိင္မႈက ကင္ဆာေၾကာင့္ ေသဆုံးေနရမႈေတြအေပၚ အလြန္ႀကီးမားတဲ့ အက်ဳိးသက္ေရာက္မႈ ႐ွိႏုိင္တယ္လုိ႕ ကၽြန္ေတာ္ထင္ပါတယ္" လုိ႕လည္း ေဒါက္တာခရစၥတီယန္က ဆုိပါတယ္။
ကင္ဆာေရာဂါေတြဆုိတာ

ကင္ဆာေရာဂါကုိ ေစာစီးစြာ သိ႐ွိပါ ကုသႏုိင္ရန္ အခြင့္အေရးပုိမ်ားေၾကာင္းလည္း ပညာ႐ွင္ေတြက ေျပာထားပါတယ္။ လကိ႐ွိအခ်ိန္ထိ ကမာၻမွာျဖစ္ပြားေနတဲ့ ကင္ဆာေရာဂါ ၈ မ်ဳိးအနက္ ၅ မ်ဳိးဟာ ကနဦးအဆင့္မွာပင္ ေစာစီးစြာ စစ္ေဆးသိ႐ွိႏုိင္ျခင္း မ႐ွိေၾကာင္းလည္း သိရပါတယ္။


ဥပမာအားျဖင့္ ပန္ကရိယကင္ဆာဟာ ေရာဂါလကၡဏာ အနည္းငယ္မွ်သာ ျပသေလ့႐ွိၿပီး အလြန္ေနာက္က်ၿပီးမွသာ သိ႐ွိႏုိင္တာေၾကာင့္ ေရာဂါျဖစ္ပြားသူ ငါးဦးအနက္ ေလးဦးဟာ စစ္ေဆးသိ႐ွိရတဲ့ ႏွစ္အတြင္းမွာပင္ ေသဆုံးေလ့႐ွိပါတယ္။

ဒါေၾကာင့္ သိပၸံပညာ႐ွင္ေတြ စမ္းသပ္ခဲ့တဲ့ ကင္ဆာေရာဂါအတြက္ ေသြးစစ္ေဆးမႈဟာ ေဆးပညာနယ္ပယ္မွာ အႀကီးမားဆုံး ရည္မွန္းခ်က္တစ္ခုေရာက္ဖုိ႕ ေျခတစ္လွမ္း ပုိမုိနီးစပ္လာၿပီလုိ႕ ဆုိရမွာပါ။
ျမန္မာနဲ႕ကင္ဆာ

ျမန္မာႏုိင္ငံမွာလည္း ကင္ဆာေရာဂါက လူထုက်န္းမာေရးကို ၿခိမ္းေျခာက္မႈ႐ွိေနဆဲ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွ အမ်ဳိးသမီးေတြမွာ ရင္သားကင္ဆာ၊ သားအိမ္ေခါင္းကင္ဆာ၊ အူမႀကီးကင္ဆာနဲ႕ သားဥအိမ္ကင္ဆာတုိ႕ ျဖစ္ပြားမႈမ်ားတယ္လို႕ သိရပါတယ္။ အမ်ဳိးသားေတြမွာေတာ့ အဆုတ္ကင္ဆာ၊ ပါးေစာင္ကင္ဆာ၊ ခံတြင္းကင္ဆာနဲ႕ အူမႀကီးကင္ဆာတုိ႕ အျဖစ္မ်ားတယ္လုိ႕ ဆုိပါတယ္။

ျမန္မာႏုိင္ငံမွာ ၂၀၁၅ နဲ႕ ၂၀၁၆ ခုႏွစ္ စာရင္းေတြအရ ကင္ဆာေရာဂါဌာနသုိ႕ လာေရာက္ျပသသူ တစ္ႏွစ္လွ်င္ ၉,၀၀၀ ခန္႕႐ွိခဲ့ပါတယ္။ ဒါ့အျပင္ ရင္သားကင္ဆာျဖစ္ပြားမႈဟာ တစ္ႏွစ္ထက္တစ္ႏွစ္ ပုိမိုမ်ားျပားလာေၾကာင္းလည္း ရန္ကုန္ေဆး႐ုံႀကီး ဓာတ္ေရာင္ျခည္ကင္ဆာဌာနရဲ႕ စာရင္းေတြက ေဖာ္ျပပါတယ္။
 ၂၀၁၂ ခုႏွစ္မွာ ရင္သားကင္ဆာ လူနာကုိးရာေက်ာ္သာ႐ွိခဲ့ၿပီး ၂၀၁၆ ခုႏွစ္မွာေတာ့ ၁,၃၀၀ ေက်ာ္႐ွိလာခဲ့ေၾကာင္း ရန္ကုန္ေဆး႐ုံႀကီး လူနာမွတ္တမ္းအရ သိရပါတယ္။ ျမန္မာႏုိင္ငံမွာ ရင္သားကင္ဆာ ျဖစ္ပြားမႈဟာ ၂၀၁၁ ခုႏွစ္မွာ ၉၁၃ ဦး၊ ၂၀၁၂ ခုႏွစ္မွာ ၉၈၈ ဦး၊ ၂၀၁၃ ခုႏွစ္မွာ ၁,၃၆၀ ဦး၊ ၂၀၁၄ ခုႏွစ္မွာ ၁,၂၄၈ ဦးနဲ႕ ၂၀၁၅ ခုႏွစ္မွာ ၁,၃၅၄ ဦးရွိခဲ့ပါတယ္။

ဒ့ါအျပင္ ရင္သားကင္ဆာဟာ အမ်ဳိးသမီးေတြမွာသာ အျဖစ္မ်ားခဲ့ရာက ျမန္မာအမ်ဳိးသားမ်ားမွာလည္း ျဖစ္ပြားမႈေတြ ႐ွိလာတယ္လုိ႕ ဆုိပါတယ္။ ရန္ကုန္ေဆး႐ုံႀကီးရဲ႕ စာရင္းေတြအရ ၂၀၁၃ ခုႏွစ္မွစၿပီး အမ်ဳိးသားတစ္ဦး၊ ၂၀၁၄ နဲ႕ ၂၀၁၅ ခုႏွစ္တုိ႕မွာ အမ်ဳိးသားေျခာက္ဦးအထိ ရင္သားကင္ဆာ ျဖစ္ပြားမႈ႐ွိလာခဲ့တယ္လုိ႕ သိရပါတယ္။


ရင္သားကင္ဆာကို ေစာစီးစြာသိ႐ွိၿပီး ကုသပါက ၉၀ ရာခုိင္ႏႈန္း ေပ်ာက္ကင္းႏုိင္ေျခ႐ွိေၾကာင္း ရန္ကုန္ေဆး႐ံုႀကီး ဓာတ္ေရာင္ျခည္ကင္ဆာဌာန ပါေမာကၡ ေဒါက္တာခင္ခ်ိဳဝင္းက ယမန္ႏွစ္ ႏွစ္ကုန္ပုိင္းမွာ ေျပာခဲ့ပါတယ္။

ရင္သားကင္ဆာဟာ ေရာဂါအ ဆင့္(၁) ဆိုပါက ေပ်ာက္ကင္းႏုိင္ ေျခ ၈၅ ရာခိုင္ႏႈန္းမွ ၉၀ ရာခိုင္ႏႈန္း၊ အဆင့္(၂) တြင္ ေပ်ာက္ကင္းႏိုင္ေျခ ၆၅ ရာခိုင္ႏႈန္းမွ ၇၀ ရာ ခိုင္ႏႈန္း၊ အဆင့္(၃) တြင္ ေပ်ာက္ ကင္းႏုိင္ေျခ ၃၅ ရာခိုင္ႏႈန္းႏွင့္ အဆင့္(၄)တြင္မူ ေပ်ာက္ကင္းႏိုင္ ေျခ ၁၀ ရာခိုင္ႏႈန္းရွိတယ္လို႕လည္း သိရပါတယ္။

ထုိအေျခအေနေတြအရ ၿဗိတိန္သိပၸံပညာ႐ွင္ေတြ စမ္းသပ္ခဲ့တဲ့ CancerSEEK နည္းလမ္းျဖင့္ တစ္ႏွစ္တစ္ႀကိမ္ ေသြးစစ္ေဆးကာ ရင္သားကင္ဆာကုိ ေစာစီးစြာသိ႐ွိႏုိင္ပါက ကုသေပ်ာက္ကင္းႏုိင္မယ့္ အလားအလာေကာင္းေတြ ႐ွိေနပါတယ္။
ကင္ဆာကုိ ကုိယ္ေတြ႕ႀကဳံရသူက ဘာေျပာလဲ?

- ကုိေဝဘုန္းလူ

ကင္ဆာဆိုတာက အေရျပား၊ ရင္သား၊ ခံတြင္းတို႔လို သိသာျမင္သာတဲ့ ေနရာေတြမွာျဖစ္ရင္ အတြင္းပိုင္း ကလီစာေတြမွာ ျဖစ္တာထက္ ေစာေစာစီးစီးသိႏိုင္ဖို႔ အခြင့္အလမ္း ပိုမ်ားပါတယ္။ ခႏၶာကိုယ္အတြင္းပိုင္းမွာ ျဖစ္ရင္က်ေတာ့ မ်ားေသာအားျဖင့္ ေနာက္က်ၿပီးမွ သိရတတ္ေတာ့ ကုရတာ သိပ္မလြယ္ဘူး။


ကုိေဝဘုန္းလူ
အခု ေသြးစစ္႐ံုနဲ႔ ေစာေစာသိႏိုင္မယ့္ ကင္ဆာအမ်ိဳးစား ၈ မ်ိဳးထဲမွာ အသည္းတို႔ ပန္ခရိယတို႔လို ကင္ဆာမ်ိဳးေတြပါ ပါေနေတာ့ ဝမ္းသာစရာေပါ့ဗ်ာ။ ေဆးပညာတိုးတက္လာတာရဲ႕ အက်ိဳးေက်းဇူး ေတြေပါ့။ ေသြးစစ္႐ံုနဲ႔ သိႏိုင္တဲ့ နည္းပညာ ဒီႏိုင္ငံကိုလည္းေရာက္လာရင္ အတိုင္းအထက္အလြန္ပါပဲ။
ျမန္မာမွာ ကင္ဆာနဲ႕ ပတ္သက္ၿပီး

ျမန္မာႏုိင္ငံမွာ ကင္ဆာေရာဂါကုိ လူထုအသိပညာေပးျခင္း၊ စစ္ေဆးျခင္း၊ ကာကြယ္ျခင္းတုိ႕ကုိ စီမံကိန္းမ်ား ခ်မွတ္ေဆာင္႐ြက္ေနၿပီး ကုသေရးအပုိင္းမွာလည္း တုိးခ်ဲ႕ေဆာင္႐ြက္ေနတာ ေတြ႕ရပါတယ္။ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးအတြင္း ကင္ဆာလူနာေဆာင္တစ္ခု တုိးခ်ဲ႕ေဆာက္လုပ္ခဲ့ပါတယ္။

ရန္ကုန္ေဆး႐ုံႀကီးမွာ ကင္ဆာေရာဂါနဲ႕ ပတ္သက္ၿပီး ဓာတ္ေရာင္ျခည္စက္ေလးလုံးျဖင့္ ေန႕စဥ္ အတြင္းလူနာ ၃၀၀ ေက်ာ္ကုိ ေဆးကုသေပးေနေၾကာင္း ယမန္ႏွစ္ ေအာက္တုိဘာလအတြင္းက သတင္းတစ္ပုဒ္မွာ ေရးသားထားပါတယ္။

ျမန္မာႏုိင္ငံမွာ ကင္ဆာေရာဂါကုိ ဓာတ္ကင္ကုသေပးႏုိင္တဲ့ အစုိးရေဆး႐ုံႀကီးမ်ားမွာ ရန္ကုန္ျပည္သူ႕ေဆး႐ုံႀကီး၊ ရွမ္းျပည္နယ္ေတာင္ပုိင္း ျပည္သူ႕ေဆး႐ုံႀကီး၊ မႏၲေလး ျပည္သူ႔ေဆး႐ုံႀကီးႏွင့္ ေနျပည္ ေတာ္ခုတင္ ၁,၀၀၀ ေဆး႐ုံႀကီးတုိ႕ ျဖစ္ေၾကာင္းလည္း သိရပါတယ္။ ရန္ကုန္ျပည္သူ႕ေဆး႐ုံႀကီးသုိ႔ မြန္ျပည္နယ္၊ တနသၤာရီ၊ ဧရာ၀တီႏွင့္ ပဲခူးတိုင္း တို႔မွ လူနာမ်ား အမ်ားဆုံး လာေရာက္ျပသေလ့႐ွိတယ္လုိ႕ ဆုိပါတယ္။
ေမွ်ာ္လင့္ခ်က္ေရာင္ျခည္

ၿဗိတိန္သိပံၸပညာ႐ွင္ေတြရဲ႕ CancerSEEK ေသြးစစ္ေဆးမႈကုိ ကမာၻတစ္ဝွမ္းမွာ ခ်က္ခ်င္း အသုံးျပဳႏုိင္မွာ မဟုတ္ေသးေပမဲ့ ကင္ဆာကုိ ေစာစီးစြာသိ႐ွိ ကုသႏုိင္ၿပီး ေသဆုံးမႈေတြ ရပ္တန္႕ႏုိင္မယ့္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္သမ္းလာခဲ့ၿပီ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 ကင်ဆာရောဂါကုသရေးအတွက် ဆေးပညာနယ်ပယ်မှာ အရေးပါပြီး စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။

ကင်ဆာဆိုတဲ့ ရောဂါအမည်ကြားရတာနဲ့ လူတွေကြောက်ရွံ့ကြပါတယ်။ အရင်ခေတ်တွေမှာဆိုရင် ကင်ဆာဖြစ်နေပြီလို့ စစ်ဆေးသိရှိရသူတွေဟာ သေမိန့်ကျသလိုပဲ ဖြစ်ခဲ့ပါတယ်။ ဒီကနေ့ခေတ်မှာတော့ တိုးတက်လာတဲ့ ဆေးဝါးနဲ့ကုထုံးတွေကြောင့် ကင်ဆာရောဂါသည်တွေဟာ ကုသနိုင်တဲ့ အခွင့်အလမ်းတွေ အရင်ထက်ပိုပြီး ရှိလာခဲ့ပါပြီ။

ဒါပေမဲ့လည်း ကင်ဆာရောဂါဟာ လူတွေရဲ့ကျန်းမာရေးကို အခြိမ်းခြောက်နိုင်ဆုံး ရောဂါဖြစ်နေဆဲလို့ ဆိုရမှာပါ။ ယခုနောက်ဆုံး သိပ္ပံပညာရှင်တွေ စမ်းသပ်နိုင်ခဲ့တဲ့ နည်းလမ်းတစ်ခုကတော့ ကင်ဆာရောဂါကြောင့် သေဆုံးရမှုတွေကို ရပ်တန့်ပစ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်ကို မြင်တွေ့လာရပြီလို့ ဆိုနိုင်ပါတယ်။
သိပ္ပံပညာရှင်တွေ ဘာကိုစမ်းသပ်နိုင်ခဲ့လဲ?

ဗြိတိန်နိုင်ငံမှ သိပ္ပံပညာရှင်တွေ ထုတ်ဖော်ကြေညာခဲ့မှုအရ ကင်ဆာဖြစ်ပွားမှုကို စောစီးစွာသိနိုင်တဲ့ သွေးစစ်ဆေးမှုနည်းပညာကို စမ်းသပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီစမ်းသပ်မှုဟာ ကင်ဆာရောဂါကုသရေးအတွက် ဆေးပညာနယ်ပယ်မှာ အရေးပါပြီး စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။

ဂျွန်စ်ဟော့ပ်ကင်း တက္ကသိုလ်မှ (Johns Hopkins University) ပညာရှင်အဖွဲ့တစ်ဖွဲ့က ကမ္ဘာမှာဖြစ်ပွားနေတဲ့ ကင်ဆာရောဂါ ၈ မျိုးကို စောစီးစွာ စစ်ဆေးသိရှိနိုင်တဲ့ နည်းလမ်းကို စမ်းသပ်ခဲ့ကြပါတယ်။

သူတို့ရဲ့ စိတ်ကူးနဲ့ ရည်ရွယ်ချက်က တစ်နှစ်တစ်ကြိမ် သွေးစစ်ဆေးမှုဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုကို အသက်အန္တရာယ်မရှိနိုင်သေးတဲ့ အဆင့်မှာပင် စောစီးစွာသိရှိနိုင်ပြီး လူ့အသက်တွေကို ကယ်တင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

ဗြိတိန်မှ ပညာရှင်တွေက ယခု စမ်းသပ်မှုဟာ အလွန်စိတ်လှုပ်ရှားစရာကောင်းတယ်လို့လည်း ပြောခဲ့ပါတယ်။ ယခုတွေ့ရှိခဲ့တဲ့ သွေးစစ်ဆေးမှုနည်းလမ်းဖြင့် ကင်ဆာရောဂါ ကနဦးအဆင့်မှာပင် ထိရောက်စွာ စစ်ဆေးသိရှိနိုင်ဖို့ နောက်ထပ် စမ်းသပ်မှုတွေ ဆက်လက် ပြုလုပ်ရအုံးမယ်လို့လည်း သိပ္ပံပညာရှင်တစ်ဦးက ဆိုပါတယ်။
ဘယ်လို သွေးစစ်ဆေးမှုမျိုးလဲ?

ပညာရှင်တွေရဲ့ အဆိုအရ ကင်ဆာအကြိတ်အဖုတွေရဲ့ DNA နဲ့ ပရိုတိန်းပြောင်းလဲမှုကနေ သွေးအတွင်းကို အလွန်သေးငယ်တဲ့ ဓာတ်ပစ္စည်းများ လွှတ်ထုတ်ပါတယ်။ CancerSEEK လို့ အမည်ပေးထားတဲ့ သွေးစစ်ဆေးမှုက ကင်ဆာရောဂါ ၈ မျိုးမှာ တွေ့ရလေ့ရှိတဲ့ မျိုးဗီဇ ၁၆ ခုကို ရှာဖွေစစ်ဆေးတယ်လို့ ဆိုပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ CancerSEEK စစ်ဆေးမှုကို သားအိမ်၊ အသည်း၊ အစာအိမ်၊ ပန်ကရိယ၊ အစာပြွန်၊ အူမကြီး၊ အဆုတ်နဲ့ ရင်သားကင်ဆာ ဖြစ်နေပြီး ခန္ဓာကိုယ်ရဲ့ အခြားတစ်ရှူးတွေထံ ကင်ဆာဆဲလ်များ ပျံ့နှံ့ခြင်းမရှိသေးတဲ့ လူနာ ၁,၀၀၅ ဦးမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ စစ်ဆေးမှုရလဒ်က ကင်ဆာရေဂါ ၇၀ ရာခိုင်နှုန်းကို တွေ့ရှိနိုင်ခဲ့ကြောင်း သိရပါတယ်။

"ကင်ဆာရောဂါကို အခုလို ကနဦးအဆင့်မှာ စောစီးစွာ စစ်ဆေးသိရှိနိုင်မှုက အလွန်အရေးပါပါတယ်" လို့ ဂျွန်စ်ဟော့ပ်ကင်းတက္ကသိုလ် ဆေးပညာဌာနမှ ဒေါက်တာ ခရစ္စတီယန် တိုမတ်ဆတ်တီက ပြောပါတယ်။

"ဒီလို စစ်ဆေးသိရှိနိုင်မှုက ကင်ဆာကြောင့် သေဆုံးနေရမှုတွေအပေါ် အလွန်ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်" လို့လည်း ဒေါက်တာခရစ္စတီယန်က ဆိုပါတယ်။
ကင်ဆာရောဂါတွေဆိုတာ

ကင်ဆာရောဂါကို စောစီးစွာ သိရှိပါ ကုသနိုင်ရန် အခွင့်အရေးပိုများကြောင်းလည်း ပညာရှင်တွေက ပြောထားပါတယ်။ လကိရှိအချိန်ထိ ကမ္ဘာမှာဖြစ်ပွားနေတဲ့ ကင်ဆာရောဂါ ၈ မျိုးအနက် ၅ မျိုးဟာ ကနဦးအဆင့်မှာပင် စောစီးစွာ စစ်ဆေးသိရှိနိုင်ခြင်း မရှိကြောင်းလည်း သိရပါတယ်။

ဥပမာအားဖြင့် ပန်ကရိယကင်ဆာဟာ ရောဂါလက္ခဏာ အနည်းငယ်မျှသာ ပြသလေ့ရှိပြီး အလွန်နောက်ကျပြီးမှသာ သိရှိနိုင်တာကြောင့် ရောဂါဖြစ်ပွားသူ ငါးဦးအနက် လေးဦးဟာ စစ်ဆေးသိရှိရတဲ့ နှစ်အတွင်းမှာပင် သေဆုံးလေ့ရှိပါတယ်။

ဒါကြောင့် သိပ္ပံပညာရှင်တွေ စမ်းသပ်ခဲ့တဲ့ ကင်ဆာရောဂါအတွက် သွေးစစ်ဆေးမှုဟာ ဆေးပညာနယ်ပယ်မှာ အကြီးမားဆုံး ရည်မှန်းချက်တစ်ခုရောက်ဖို့ ခြေတစ်လှမ်း ပိုမိုနီးစပ်လာပြီလို့ ဆိုရမှာပါ။
မြန်မာနဲ့ကင်ဆာ

မြန်မာနိုင်ငံမှာလည်း ကင်ဆာရောဂါက လူထုကျန်းမာရေးကို ခြိမ်းခြောက်မှုရှိနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အူမကြီးကင်ဆာနဲ့ သားဥအိမ်ကင်ဆာတို့ ဖြစ်ပွားမှုများတယ်လို့ သိရပါတယ်။ အမျိုးသားတွေမှာတော့ အဆုတ်ကင်ဆာ၊ ပါးစောင်ကင်ဆာ၊ ခံတွင်းကင်ဆာနဲ့ အူမကြီးကင်ဆာတို့ အဖြစ်များတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ် စာရင်းတွေအရ ကင်ဆာရောဂါဌာနသို့ လာရောက်ပြသသူ တစ်နှစ်လျှင် ၉,၀၀၀ ခန့်ရှိခဲ့ပါတယ်။ ဒါ့အပြင် ရင်သားကင်ဆာဖြစ်ပွားမှုဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်းလည်း ရန်ကုန်ဆေးရုံကြီး ဓာတ်ရောင်ခြည်ကင်ဆာဌာနရဲ့ စာရင်းတွေက ဖော်ပြပါတယ်။

၂၀၁၂ ခုနှစ်မှာ ရင်သားကင်ဆာ လူနာကိုးရာကျော်သာရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ ၁,၃၀၀ ကျော်ရှိလာခဲ့ကြောင်း ရန်ကုန်ဆေးရုံကြီး လူနာမှတ်တမ်းအရ သိရပါတယ်။ မြန်မာနိုင်ငံမှာ ရင်သားကင်ဆာ ဖြစ်ပွားမှုဟာ ၂၀၁၁ ခုနှစ်မှာ ၉၁၃ ဦး၊ ၂၀၁၂ ခုနှစ်မှာ ၉၈၈ ဦး၊ ၂၀၁၃ ခုနှစ်မှာ ၁,၃၆၀ ဦး၊ ၂၀၁၄ ခုနှစ်မှာ ၁,၂၄၈ ဦးနဲ့ ၂၀၁၅ ခုနှစ်မှာ ၁,၃၅၄ ဦးရှိခဲ့ပါတယ်။

ဒ့ါအပြင် ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာသာ အဖြစ်များခဲ့ရာက မြန်မာအမျိုးသားများမှာလည်း ဖြစ်ပွားမှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။ ရန်ကုန်ဆေးရုံကြီးရဲ့ စာရင်းတွေအရ ၂၀၁၃ ခုနှစ်မှစပြီး အမျိုးသားတစ်ဦး၊ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တို့မှာ အမျိုးသားခြောက်ဦးအထိ ရင်သားကင်ဆာ ဖြစ်ပွားမှုရှိလာခဲ့တယ်လို့ သိရပါတယ်။

ရင်သားကင်ဆာကို စောစီးစွာသိရှိပြီး ကုသပါက ၉၀ ရာခိုင်နှုန်း ပျောက်ကင်းနိုင်ခြေရှိကြောင်း ရန်ကုန်ဆေးရုံကြီး ဓာတ်ရောင်ခြည်ကင်ဆာဌာန ပါမောက္ခ ဒေါက်တာခင်ချိုဝင်းက ယမန်နှစ် နှစ်ကုန်ပိုင်းမှာ ပြောခဲ့ပါတယ်။

ရင်သားကင်ဆာဟာ ရောဂါအ ဆင့်(၁) ဆိုပါက ပျောက်ကင်းနိုင် ခြေ ၈၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်း၊ အဆင့်(၂) တွင် ပျောက်ကင်းနိုင်ခြေ ၆၅ ရာခိုင်နှုန်းမှ ၇၀ ရာ ခိုင်နှုန်း၊ အဆင့်(၃) တွင် ပျောက် ကင်းနိုင်ခြေ ၃၅ ရာခိုင်နှုန်းနှင့် အဆင့်(၄)တွင်မူ ပျောက်ကင်းနိုင် ခြေ ၁၀ ရာခိုင်နှုန်းရှိတယ်လို့လည်း သိရပါတယ်။

ထိုအခြေအနေတွေအရ ဗြိတိန်သိပ္ပံပညာရှင်တွေ စမ်းသပ်ခဲ့တဲ့ CancerSEEK နည်းလမ်းဖြင့် တစ်နှစ်တစ်ကြိမ် သွေးစစ်ဆေးကာ ရင်သားကင်ဆာကို စောစီးစွာသိရှိနိုင်ပါက ကုသပျောက်ကင်းနိုင်မယ့် အလားအလာကောင်းတွေ ရှိနေပါတယ်။
ကင်ဆာကို ကိုယ်တွေ့ကြုံရသူက ဘာပြောလဲ?

- ကိုဝေဘုန်းလူ

ကင်ဆာဆိုတာက အရေပြား၊ ရင်သား၊ ခံတွင်းတို့လို သိသာမြင်သာတဲ့ နေရာတွေမှာဖြစ်ရင် အတွင်းပိုင်း ကလီစာတွေမှာ ဖြစ်တာထက် စောစောစီးစီးသိနိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်းမှာ ဖြစ်ရင်ကျတော့ များသောအားဖြင့် နောက်ကျပြီးမှ သိရတတ်တော့ ကုရတာ သိပ်မလွယ်ဘူး။
play
ကိုဝေဘုန်းလူ


အခု သွေးစစ်ရုံနဲ့ စောစောသိနိုင်မယ့် ကင်ဆာအမျိုးစား ၈ မျိုးထဲမှာ အသည်းတို့ ပန်ခရိယတို့လို ကင်ဆာမျိုးတွေပါ ပါနေတော့ ဝမ်းသာစရာပေါ့ဗျာ။ ဆေးပညာတိုးတက်လာတာရဲ့ အကျိုးကျေးဇူး တွေပေါ့။ သွေးစစ်ရုံနဲ့ သိနိုင်တဲ့ နည်းပညာ ဒီနိုင်ငံကိုလည်းရောက်လာရင် အတိုင်းအထက်အလွန်ပါပဲ။
မြန်မာမှာ ကင်ဆာနဲ့ ပတ်သက်ပြီး

မြန်မာနိုင်ငံမှာ ကင်ဆာရောဂါကို လူထုအသိပညာပေးခြင်း၊ စစ်ဆေးခြင်း၊ ကာကွယ်ခြင်းတို့ကို စီမံကိန်းများ ချမှတ်ဆောင်ရွက်နေပြီး ကုသရေးအပိုင်းမှာလည်း တိုးချဲ့ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်း ကင်ဆာလူနာဆောင်တစ်ခု တိုးချဲ့ဆောက်လုပ်ခဲ့ပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး ဓာတ်ရောင်ခြည်စက်လေးလုံးဖြင့် နေ့စဉ် အတွင်းလူနာ ၃၀၀ ကျော်ကို ဆေးကုသပေးနေကြောင်း ယမန်နှစ် အောက်တိုဘာလအတွင်းက သတင်းတစ်ပုဒ်မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ ကင်ဆာရောဂါကို ဓာတ်ကင်ကုသပေးနိုင်တဲ့ အစိုးရဆေးရုံကြီးများမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်သူ့ဆေးရုံကြီး၊ မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် နေပြည် တော်ခုတင် ၁,၀၀၀ ဆေးရုံကြီးတို့ ဖြစ်ကြောင်းလည်း သိရပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မွန်ပြည်နယ်၊ တနင်္သာရီ၊ ဧရာဝတီနှင့် ပဲခူးတိုင်း တို့မှ လူနာများ အများဆုံး လာရောက်ပြသလေ့ရှိတယ်လို့ ဆိုပါတယ်။
မျှော်လင့်ချက်ရောင်ခြည်

ဗြိတိန်သိပ္ပံပညာရှင်တွေရဲ့ CancerSEEK သွေးစစ်ဆေးမှုကို ကမ္ဘာတစ်ဝှမ်းမှာ ချက်ချင်း အသုံးပြုနိုင်မှာ မဟုတ်သေးပေမဲ့ ကင်ဆာကို စောစီးစွာသိရှိ ကုသနိုင်ပြီး သေဆုံးမှုတွေ ရပ်တန့်နိုင်မယ့် မျှော်လင့်ချက်ရောင်ခြည်သမ်းလာခဲ့ပြီ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top