ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×







# Unicode Version ဖြင့် ဖတ်ပါ #
အကိုဖြစ်သူက ညီမအရင်းကို သားမယားပြုကျင့်မိန်းကလေး တွင် ကိုယ်ဝန်ရှိနေ။

ပဉ္စမ တန်း ကျောင်းသူ လေးက စာဖတ်နေရင်းဗိုက်အောင့်လာလို့ ဆေးခန်း သွားပြရာကအကိုဖြစ်သူရဲ့ သားမယားပြုကျင့် ခြင်းခံရတာပေါ်ပေါက်။

သြဂုတ်လ ၂၈ ရက်နေ့က မန္တလေး တိုင်းဒေသကြီးမိထ္တီလာ ခရိုင် သာစည်မြို့နယ် ကျေးရွာ တွင်ပဉ္စမ တန်း ကျောင်းသူလေးအား အစ်ကိုဖြစ်သူက သားမယားအဖြစ် ပြုကျင့် ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၈.၈.၂၀၁၈ ရက်နေ့က သာစည်မြို့နယ်ကျေးရွာ နေ ဒေါ်၄၈ နှစ်သည် နေအိမ်၌ ရှိနေစဉ် သမီးဖြစ်သူ မ ၁၅ နှစ်ပဉ္စမ တန်း ကျောင်းသူ က စာရေးနေရင်းဗိုက်အောင့် လာလို့ စာမရေးနိုင်  ဟု ၎င်းအားပြောပြခဲ့သဖြင့် သြဂုတ်လ ၃၁ ရက် တွင် ညီမဖြစ်သူနှင့်အတူ သမီးဖြစ်သူ အား ယင်းမာပင် တိုက်နယ်ဆေးရုံ သို့ ခေါ်ဆောင်ပြသရာ

ဆရာဝန်က မိထ္တီလာ မြို့ သို့ သွားရောက် ပြသရန် ပြောသဖြင့်မိထ္တီလာ မြို့ရှိ အပြင်ဆေးခန်း တခုသို့ သွားရောက်ပြသခဲ့ရာ ဆရာဝန် က သမီး ဖြစ်သူ မ တွင် ကိုယ်ဝန် ၆ လ ရှိနေပြီဟု ပြောသဖြင့် ရွာသို့ပြန်လာကြ၏။

နေအိမ်ရောက်သောအခါ သမီးဖြစ်သူ အားဘယ်သူနဲ့ရတဲ့ ကိုယ်ဝန်လည်းဟု မေးရာ သမီးဖြစ်သူ က ဘာမှ ပြန်မဖြေသဖြင့်စက်တင်ဘာလ. ၁ ရက်နေ့ တွင် သမီးဖြစ်သူ
အား ဝိုင်းဝန်း ချော့မော့မေးမြန်းကြရာ ယခုကိုယ်ဝန် မှာ အစ်ကိုအရင်းဖြစ်သူ မျိုးညွန့် (ခ)နေမျိုး ၂၀ နှစ် နှင့် ရသည့် ကိုယ်ဝန် ဖြစ်ကြောင်းပြောပြသိရှိခဲ့သည်။

သားဖြစ်သူ မျိုးညွန့် (ခ) နေမျိုးအား မေးမြန်းရာသားဖြစ်သူ ကလည်း ၎င်း၏ ညီမဖြစ်သူ အားအလိုမတူဘဲ သားမယားအဖြစ် ပြုကျင့် ခဲ့ကြောင်း ဝန်ခံသဖြင့် မျိုးညွန့် (ခ)နေမျိုးအား ဥပဒေ အရအရေးယူပေးရန် ယင်းမာပင် နယ်မြေ ရဲစခန်း သို့ဒေါ် မှ တရာလိုပြုလုပ်ပြီး တိုင်တန်းရာရဲစခန်း မှ ရာ/ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှု့ဖွင့် ဖမ်းဆီး အရေးယူ ဆောင်ရွက်နေကြောင်းဂျာနယ် တွင် ရေးသားဖော်ပြထားပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: tinlayzaw  မှု့ခင်းသတင်းဂျာနယ်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top