မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

အေမရိကန္ ပိုင္နက္အနီးသို႔ ႐ုရွား မဟာဗ်ဴဟာ ဗံုးႀကဲေလယာဉ္မ်ား ခ်ဉ္းကပ္ခဲ့မႈေၾကာင့္ အေမရိကန္ တိုက္ေလယာဉ္မ်ား ပ်ံတက္ၿပီး ၾကားျဖတ္ ေစာင့္ၾကည့္ခဲ့ရေၾကာင္း သိရသည္။

အေမရိကန္ စစ္တပ္၏ ေျမာက္အေမရိက ေလေၾကာင္းကာကြယ္ေရး ဦးစီးဌာနက စက္တင္ဘာ ၁၁ ရက္တြင္ ႐ုရွား၏ TU-95 ဗံုးႀကဲေလယာဉ္ႏွစ္စီး အလာစကာ ျပည္နယ္အနီးထိ ခ်ဉ္းကပ္ ပ်ံသန္းလာေၾကာင္း အတည္ျပဳခဲ့သည္။ ယင္းအေျခအေနကို အေရးေပၚ တံု႔ျပန္သည့္ အေနျဖင့္ အေမရိကန္က F-22 ပဉၥမမ်ိဳးဆက္ တိုက္ေလယာဉ္ ႏွစ္စီးကို ခ်က္ခ်င္း ေစလႊတ္ခဲ့သည္။

TU-95မ်ားကို ႐ုရွား၏ SU-35 တိုက္ေလယာဉ္ ႏွစ္စီးက ၿခံရံလုိက္ပါ ပ်ံသန္းခဲ့ေၾကာင္း၊ ႐ုရွား စစ္ေလယာဉ္မ်ားသည္ ႏိုင္ငံတကာ ေလပိုင္နက္ထဲတြင္သာ ရွိေနၿပီး အေမရိကန္ ေလပိုင္နက္ထိ က်ဴးေက်ာ္ဝင္ေရာက္မႈ မေတြ႕ခဲ့ရေၾကာင္း အေမရိကန္ စစ္ဘက္က ေျပာၾကားခဲ့သည္။

သို႔ေသာ္ ထိုေလယာဉ္မ်ားသည္ အလက္စကာျပည္နယ္ ကမ္း႐ိုးတန္း အေနာက္ဖက္ မုိင္ ၂၀၀ နီးပါးထိ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။ ႐ုရွားတြင္ ဆိုဗီယက္ ယူနီယံေခတ္ေနာက္ပို္င္း အႀကီးမားဆံုး စစ္ေရးေလ့က်င့္မႈ အစီအစဉ္တစ္ရပ္ စတင္ေနသည့္ ကာလႏွင့္ တိုက္ဆုိင္စြာ ယခုလို မဟာဗ်ဴဟာ ဗံုးႀကဲေလယာဉ္မ်ား အေမရိကန္ ပိုင္နက္အနီးထိ ခ်ဉ္းကပ္လာျခင္း ျဖစ္သည္။

႐ုရွားတြင္ က်င္းပေနသည့္ Vostok-2018 စစ္ေရးေလ့က်င့္မႈတြင္ ႐ုရွားစစ္သည္ သံုးသိန္းေက်ာ္၊ တင့္ကား သံုးေသာင္းႏွစ္ေထာင္ေက်ာ္ႏွင့္ စစ္ေလယာဉ္ေပါင္း တစ္ေထာင္ေက်ာ္ ပါဝင္လ်က္ရွိသည္။ ထုိ႔အျပင္ တ႐ုတ္ကလည္း စစ္တပ္မ်ား ေစလႊတ္၍ ေလ့က်င့္မႈ က႑တြင္ ပူးေပါင္း ပါဝင္ေစခဲ့သည္။

ေမလအတြင္းကလည္း TU-95 ဗံုးႀကဲေလယာဉ္ႏွစ္စီး အလက္စကာ အနီးသို႔ ေရာက္လာသျဖင့္ အေမရိကန္က F-22မ်ား ေစလႊတ္၍ ေစာင့္ၾကည့္ခဲ့ရဖူးသည္။

Ref: CNN
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily.
# Unicode Version ျဖင့္ ဖတ္ပါ #
အမေရိကန် ပိုင်နက်အနီးသို့ ရုရှား မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ ချဉ်းကပ်ခဲ့မှုကြောင့် အမေရိကန် တိုက်လေယာဉ်များ ပျံတက်ပြီး ကြားဖြတ် စောင့်ကြည့်ခဲ့ရကြောင်း သိရသည်။

အမေရိကန် စစ်တပ်၏ မြောက်အမေရိက လေကြောင်းကာကွယ်ရေး ဦးစီးဌာနက စက်တင်ဘာ ၁၁ ရက်တွင် ရုရှား၏ TU-95 ဗုံးကြဲလေယာဉ်နှစ်စီး အလာစကာ ပြည်နယ်အနီးထိ ချဉ်းကပ် ပျံသန်းလာကြောင်း အတည်ပြုခဲ့သည်။ ယင်းအခြေအနေကို အရေးပေါ် တုံ့ပြန်သည့် အနေဖြင့် အမေရိကန်က F-22 ပဉ္စမမျိုးဆက် တိုက်လေယာဉ် နှစ်စီးကို ချက်ချင်း စေလွှတ်ခဲ့သည်။

TU-95များကို ရုရှား၏ SU-35 တိုက်လေယာဉ် နှစ်စီးက ခြံရံလိုက်ပါ ပျံသန်းခဲ့ကြောင်း၊ ရုရှား စစ်လေယာဉ်များသည် နိုင်ငံတကာ လေပိုင်နက်ထဲတွင်သာ ရှိနေပြီး အမေရိကန် လေပိုင်နက်ထိ ကျူးကျော်ဝင်ရောက်မှု မတွေ့ခဲ့ရကြောင်း အမေရိကန် စစ်ဘက်က ပြောကြားခဲ့သည်။

သို့သော် ထိုလေယာဉ်များသည် အလက်စကာပြည်နယ် ကမ်းရိုးတန်း အနောက်ဖက် မိုင် ၂၀၀ နီးပါးထိ ရောက်ရှိခဲ့ကြောင်း သိရသည်။ ရုရှားတွင် ဆိုဗီယက် ယူနီယံခေတ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု အစီအစဉ်တစ်ရပ် စတင်နေသည့် ကာလနှင့် တိုက်ဆိုင်စွာ ယခုလို မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ အမေရိကန် ပိုင်နက်အနီးထိ ချဉ်းကပ်လာခြင်း ဖြစ်သည်။

ရုရှားတွင် ကျင်းပနေသည့် Vostok-2018 စစ်ရေးလေ့ကျင့်မှုတွင် ရုရှားစစ်သည် သုံးသိန်းကျော်၊ တင့်ကား သုံးသောင်းနှစ်ထောင်ကျော်နှင့် စစ်လေယာဉ်ပေါင်း တစ်ထောင်ကျော် ပါဝင်လျက်ရှိသည်။ ထို့အပြင် တရုတ်ကလည်း စစ်တပ်များ စေလွှတ်၍ လေ့ကျင့်မှု ကဏ္ဍတွင် ပူးပေါင်း ပါဝင်စေခဲ့သည်။

မေလအတွင်းကလည်း TU-95 ဗုံးကြဲလေယာဉ်နှစ်စီး အလက်စကာ အနီးသို့ ရောက်လာသဖြင့် အမေရိကန်က F-22များ စေလွှတ်၍ စောင့်ကြည့်ခဲ့ရဖူးသည်။

Ref: CNN
ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top