ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 ယိုးဒယားမင္းသမီး ဆုပန္ကလ်ာသည္ ဘုရင့္ေနာင္မင္းႀကီး ကိုယ္ေတာ္တိုင္ ထီးျဖဴေပး၍ အယုဒၶယဘုရင္အျဖစ္ ခန႔္အပ္ေပးခဲ့ေသာ ျဗမဟာဓမၼရာဇာမင္းႏွင့္ မိဖုရား ျဗဝိသုဒၶိေကသထရီတို႔၏ သမီးေတာ္ျဖစ္ပါသည္။ ေ႐ႊအဆင္းကဲ့သို႔ အသားအေရေခ်ာေမြ႕သူ (ျဗသုဝဏၰေဒဝီ) အျဖစ္ ယိုးဒယားရာဇဝင္မ်ားက မွတ္တမ္းတင္ခဲ့ၾကၿပီး ျမန္မာရာဇဝင္မ်ားကလည္း ထိုအခ်က္ကို အစြဲျပဳကာ ျဗသဝန္ ဟု သုံးႏႈံးမွတ္တမ္း တင္ခဲ့ၾကပါသည္။

၁၅၆၉ ခုႏွစ္တြင္ ဘုရင့္ေနာင္ကိုယ္ေတာ္တိုင္ အယုဒၶယသို႔ ခ်ီတက္သိမ္းယူကာ မိမိသစၥာခံ ျဗမဟာဓမၼရာဇာကို နန္းတင္ ေပးေတာ္မူခဲ့ပါသည္။ ျဗမဟာဓမၼရာဇာ ကလည္း မိမိ၏ ဆယ့္ခုနစ္ႏွစ္အ႐ြယ္ သမီးေတာ္ ဆုပန္ကလ်ာကို ဘုရင့္ေနာင္ထံ ဆက္သခဲ့ပါသည္။ ဆုပန္ကလ်ာသည္ ဘုရင့္ေနာင္ မင္းႀကီးႏွင့္ သမီးေတာ္တစ္ပါး ရရွိခဲ့ပါသည္။ မင္းအေထြး ဟု ျမန္မာမွတ္တမ္းမ်ားက တညီတၫြတ္တည္း ျပဆိုၾကပါသည္။

ယိုးဒယားတို႔ကမူ ဆုပန္ကလ်ာသည္ ကိုယ္ဝန္အရင့္အမာျဖင့္ ရွိေနစဥ္ နႏၵဘုရင္ ( ဘုရင့္ေနာင္၏သားေတာ္) က ဓါးျဖင့္ ခုတ္သတ္ခဲ့သည္ဟု ဆိုထားၾကပါသည္။ မည္သည့္ဘက္က မွန္သည္မွားသည္ဟု မဆိုသာလွေသာ္လည္း ဆုပန္ကလ်ာ၏ ဇာတ္သိမ္းမွာမူ ယေန႔တိုင္ ေပ်ာက္ကြယ္ ေနပါေသးသည္။ယိုးဒယားလူမ်ိဳးမ်ား (အထူးသျဖင့္ အမ်ိဳးသမီးစီးပြားေရးသမားမ်ား) သည္ ယေန႔တိုင္ ဆုပန္ကလ်ာကို ႐ုပ္တုမ်ား ႐ုပ္ပုံမ်ားျဖင့္ ကိုးကြယ္ေနၾကသည္ကိုလည္း ေလ့လာေတြ႕ရွိ႕ၾကရပါသည္။

ဖီခ်စ္ျပည္နယ္မွ ဘုန္းႀကီးတစ္ပါးကမူ ဆုပန္ကလ်ာဝိညာဥ္သည္ ျမန္မာျပည္မွ မထြက္ခြာႏိုင္ေသးသျဖင့္ မိမိကိုယ္တိုင္ ယၾတာမႏၲရားမ်ားျဖင့္ ဆုပန္ကလ်ာကို ခ်ဳပ္ေႏွာင္ထားေသာ ျမန္မာတို႔၏ ေမွာ္အတတ္ကို ဖယ္ရွားေပးႏိုင္ခဲ့ေၾကာင္းကို ေျပာၾကားခဲ့ရာ (၁၉၉၇) ခုႏွစ္ အာရွစီးပြားပ်က္ကပ္တြင္ ဆုပန္ကလ်ာကို ကိုးကြယ္ၾကသူမ်ား မ်ားျပားလာခဲ့ပါသည္။ေခတ္ပ်က္တြင္ ထိုဆုပန္ကလ်ာဇာတ္လမ္းကို မွီး၍ ခ်မ္းသာသြားၾက သူမ်ားပင္ရွိခဲ့ၾကပါသည္။


ကြၽန္ေတာ့္အျမင္ကို ေျပာရလွ်င္မူ ဆုပန္ကလ်ာသည္ ဘုရင့္ေနာင္မင္းႀကီး နတ္႐ြာစံၿပီးေနာက္ နန္းတက္ေသာ နႏၵဘုရင္၏ အမ်က္ေဒါသကို တိမ္းေရွာင္ရန္ အင္းစိန္အရပ္သို႔ ေနာက္လိုက္မ်ားျဖင့္ ထြက္ခြာခဲ့ဟန္တူပါသည္။ အေၾကာင္းမွာ မဂၤလာဒုံၿမိဳ႕နယ္တြင္းရွိ က်ိဳက္ကလို႔ ေစတီတြင္ ဆုပန္ကလ်ာကို နတ္ကြန္းကဲ့သို႔ ေနရာေပးကာ ကိုးကြယ္ ထားၾကေသာေၾကာင့္ ျဖစ္ပါသည္။✍️✍


ဖိုးသူေတာ္ (www.phothutaw.com)
Credit:wavecele
# Unicode Version ျဖင့္ ဖတ္ပါ #
 ယိုးဒယားမင်းသမီး ဆုပန်ကလျာသည် ဘုရင့်နောင်မင်းကြီး ကိုယ်တော်တိုင် ထီးဖြူပေး၍ အယုဒ္ဓယဘုရင်အဖြစ် ခန့်အပ်ပေးခဲ့သော ဗြမဟာဓမ္မရာဇာမင်းနှင့် မိဖုရား ဗြဝိသုဒ္ဓိကေသထရီတို့၏ သမီးတော်ဖြစ်ပါသည်။ ရွှေအဆင်းကဲ့သို့ အသားအရေချောမွေ့သူ (ဗြသုဝဏ္ဏဒေဝီ) အဖြစ် ယိုးဒယားရာဇဝင်များက မှတ်တမ်းတင်ခဲ့ကြပြီး မြန်မာရာဇဝင်များကလည်း ထိုအချက်ကို အစွဲပြုကာ ဗြသဝန် ဟု သုံးနှုံးမှတ်တမ်း တင်ခဲ့ကြပါသည်။

၁၅၆၉ ခုနှစ်တွင် ဘုရင့်နောင်ကိုယ်တော်တိုင် အယုဒ္ဓယသို့ ချီတက်သိမ်းယူကာ မိမိသစ္စာခံ ဗြမဟာဓမ္မရာဇာကို နန်းတင် ပေးတော်မူခဲ့ပါသည်။ ဗြမဟာဓမ္မရာဇာ ကလည်း မိမိ၏ ဆယ့်ခုနစ်နှစ်အရွယ် သမီးတော် ဆုပန်ကလျာကို ဘုရင့်နောင်ထံ ဆက်သခဲ့ပါသည်။ ဆုပန်ကလျာသည် ဘုရင့်နောင် မင်းကြီးနှင့် သမီးတော်တစ်ပါး ရရှိခဲ့ပါသည်။ မင်းအထွေး ဟု မြန်မာမှတ်တမ်းများက တညီတညွတ်တည်း ပြဆိုကြပါသည်။

ယိုးဒယားတို့ကမူ ဆုပန်ကလျာသည် ကိုယ်ဝန်အရင့်အမာဖြင့် ရှိနေစဉ် နန္ဒဘုရင် ( ဘုရင့်နောင်၏သားတော်) က ဓါးဖြင့် ခုတ်သတ်ခဲ့သည်ဟု ဆိုထားကြပါသည်။ မည်သည့်ဘက်က မှန်သည်မှားသည်ဟု မဆိုသာလှသော်လည်း ဆုပန်ကလျာ၏ ဇာတ်သိမ်းမှာမူ ယနေ့တိုင် ပျောက်ကွယ် နေပါသေးသည်။ယိုးဒယားလူမျိုးများ (အထူးသဖြင့် အမျိုးသမီးစီးပွားရေးသမားများ) သည် ယနေ့တိုင် ဆုပန်ကလျာကို ရုပ်တုများ ရုပ်ပုံများဖြင့် ကိုးကွယ်နေကြသည်ကိုလည်း လေ့လာတွေ့ရှိ့ကြရပါသည်။

ဖီချစ်ပြည်နယ်မှ ဘုန်းကြီးတစ်ပါးကမူ ဆုပန်ကလျာဝိညာဉ်သည် မြန်မာပြည်မှ မထွက်ခွာနိုင်သေးသဖြင့် မိမိကိုယ်တိုင် ယတြာမန္တရားများဖြင့် ဆုပန်ကလျာကို ချုပ်နှောင်ထားသော မြန်မာတို့၏ မှော်အတတ်ကို ဖယ်ရှားပေးနိုင်ခဲ့ကြောင်းကို ပြောကြားခဲ့ရာ (၁၉၉၇) ခုနှစ် အာရှစီးပွားပျက်ကပ်တွင် ဆုပန်ကလျာကို ကိုးကွယ်ကြသူများ များပြားလာခဲ့ပါသည်။ခေတ်ပျက်တွင် ထိုဆုပန်ကလျာဇာတ်လမ်းကို မှီး၍ ချမ်းသာသွားကြ သူများပင်ရှိခဲ့ကြပါသည်။

ကျွန်တော့်အမြင်ကို ပြောရလျှင်မူ ဆုပန်ကလျာသည် ဘုရင့်နောင်မင်းကြီး နတ်ရွာစံပြီးနောက် နန်းတက်သော နန္ဒဘုရင်၏ အမျက်ဒေါသကို တိမ်းရှောင်ရန် အင်းစိန်အရပ်သို့ နောက်လိုက်များဖြင့် ထွက်ခွာခဲ့ဟန်တူပါသည်။ အကြောင်းမှာ မင်္ဂလာဒုံမြို့နယ်တွင်းရှိ ကျိုက်ကလို့ စေတီတွင် ဆုပန်ကလျာကို နတ်ကွန်းကဲ့သို့ နေရာပေးကာ ကိုးကွယ် ထားကြသောကြောင့် ဖြစ်ပါသည်။✍️✍


ဖိုးသူတော် (www.phothutaw.com)
Credit:wavecele

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top