ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အိမ္ထိန္းေတြရဲ႕ အလုပ္ဟာ ျမင့္ျမတ္ပါတယ္။ သူတို႔မရိွဘဲ အျပင္မွာအလုပ္ထြက္လုပ္ရတဲ့ အိမ္ရွင္ေတြရဲ႕ ဘဝဟာ ေျဖာင့္ျဖဴးစြာ ျဖတ္သန္းႏုိင္မွာမဟုတ္ပါဘူး။ သူတို႔ရဲ႕ ဝန္ေဆာင္မွဳက အဖိုးတန္ေပမယ့္ သူတို႔ရဲ႕ လုပ္အားခလစာကေတာ့ နည္းေလ့ရိွပါတယ္။ ဒါေပမယ့္ ဒီထုိင္ဝမ္အမ်ိဳးသားအတြက္ေတာ့ မဟုတ္ပါဘူး။

Lee လို႔အမည္ရတဲ့ ထိုင္ဝမ္အမ်ိဳးသားတစ္္ဦးဟာ အိမ္ထိန္းလုပ္ျပီး တစ္လကို ထိုင္ဝမ္ေဒၚလာ ၈ ေသာင္း (အေမရိကန္ေဒၚလာ ၂၇၀၀ ေက်ာ္) ရရိွတဲ့အတြက္ နာမည္ႀကီးလ်က္ရိွေၾကာင္းသိရပါတယ္။ Lee ဟာ အရင္က စားေသာက္ဆိုင္မွာ အလုပ္လုပ္ခဲ့ျပီး တစ္လကို ထိုင္ဝမ္ေဒၚလာ ၃ေသာင္း (အေမရိကန္ေဒၚလာ ၁၀၀၀ ေက်ာ္)သာရခဲ့တာပါ။

ဒါေပမယ့္တစ္ေန႔မွာ သူဟာ အခ်ိန္ျပည့္အိမ္ထိန္းအလုပ္ကို ေျပာင္းလိုက္ျပီး ဒါဟာသူ႔အတြက္ေတာ့ ဆံုးျဖတ္ခ်က္မွန္ကန္ခဲ့ပါတယ္။ ထိုင္ဝမ္ရိွ မိသားစုေတာ္ေတာ္မ်ားမ်ားဟာ ဇနီးေရာ ခင္ပြန္းပါ အလုပ္ထြက္လုပ္ၾကျပီး အိမ္ကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ လူလိုအပ္တဲ့အတြက္ အိမ္ထိန္းအလုပ္ဟာ အေရးပါေၾကာင္း Lee က ေျပာပါတယ္။

Lee ဟာ အိမ္သန္႔ရွင္းေရးနဲ႔ အျခားအိမ္ထိန္းတစ္ဦးရဲ႕ တာဝန္ေတြအျပင္ အိမ္ရွင္ရဲ႕ လိပ္ေလးကိုလည္း သန္႔ရွင္းေရးလုပ္ေပးရပါေသးတယ္။ လိပ္ကို သန္႔ရွင္းေရးလုပ္ေပးရတယ္ဆိုတာ လြယ္သလိုထင္ရေပမယ့္ ကၽြမ္းက်င္မွဳနဲ႔ အထူးဂ႐ုစိုက္မွဳတို႔ လိုအပ္ပါတယ္။ လိပ္ရဲ႕ ေက်ာခြံနဲ႔ ဝမ္းဗိုက္တို႔ကို စုတ္တံေလးနဲ႔ ပြတ္ေပးရျပီး အခြံထဲက အျခားအညစ္အေၾကးေတြကို ဖယ္ရွားေပးရပါတယ္။

ဒါေပမယ့္ ေဒၚလာ (၂၇၀၀)တန္အလုပ္ကို မဆံုး႐ံွဳးခ်င္ရင္ေတာ့ လိပ္ခံြကို ျခစ္မိျပီး ထိခိုက္မွဳေတြ မျဖစ္ေအာင္ေတာ့ အထူးဂ႐ုျပဳဖို႔ လုိပါတယ္။ Lee ဟာ ကၽြနု္ပ္တို႔လိုပဲ တစ္ေန႔ကို အလုပ္ခ်ိန္ (၁၀)နာရီလုပ္ေပမယ့္ ၄င္းအလုပ္ေၾကာင့္ ကၽြနု္ပ္တို႔ထက္ (၂)ဆ (၃)ဆေလာက္ လုပ္အားခပိုမ်ားတာကို ေတြ႔ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: gyanpone

#Unicode Version#
အိမ်ထိန်းတွေရဲ့ အလုပ်ဟာ မြင့်မြတ်ပါတယ်။ သူတို့မရှိဘဲ အပြင်မှာအလုပ်ထွက်လုပ်ရတဲ့ အိမ်ရှင်တွေရဲ့ ဘဝဟာ ဖြောင့်ဖြူးစွာ ဖြတ်သန်းနိုင်မှာမဟုတ်ပါဘူး။ သူတို့ရဲ့ ဝန်ဆောင်မှုက အဖိုးတန်ပေမယ့် သူတို့ရဲ့ လုပ်အားခလစာကတော့ နည်းလေ့ရှိပါတယ်။ ဒါပေမယ့် ဒီထိုင်ဝမ်အမျိုးသားအတွက်တော့ မဟုတ်ပါဘူး။

Lee လို့အမည်ရတဲ့ ထိုင်ဝမ်အမျိုးသားတစ်ဦးဟာ အိမ်ထိန်းလုပ်ပြီး တစ်လကို ထိုင်ဝမ်ဒေါ်လာ ၈ သောင်း (အမေရိကန်ဒေါ်လာ ၂၇၀၀ ကျော်) ရရှိတဲ့အတွက် နာမည်ကြီးလျက်ရှိကြောင်းသိရပါတယ်။ Lee ဟာ အရင်က စားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့ပြီး တစ်လကို ထိုင်ဝမ်ဒေါ်လာ ၃သောင်း (အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော်)သာရခဲ့တာပါ။

ဒါပေမယ့်တစ်နေ့မှာ သူဟာ အချိန်ပြည့်အိမ်ထိန်းအလုပ်ကို ပြောင်းလိုက်ပြီး ဒါဟာသူ့အတွက်တော့ ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပါတယ်။ ထိုင်ဝမ်ရှိ မိသားစုတော်တော်များများဟာ ဇနီးရော ခင်ပွန်းပါ အလုပ်ထွက်လုပ်ကြပြီး အိမ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လူလိုအပ်တဲ့အတွက် အိမ်ထိန်းအလုပ်ဟာ အရေးပါကြောင်း Lee က ပြောပါတယ်။

Lee ဟာ အိမ်သန့်ရှင်းရေးနဲ့ အခြားအိမ်ထိန်းတစ်ဦးရဲ့ တာဝန်တွေအပြင် အိမ်ရှင်ရဲ့ လိပ်လေးကိုလည်း သန့်ရှင်းရေးလုပ်ပေးရပါသေးတယ်။ လိပ်ကို သန့်ရှင်းရေးလုပ်ပေးရတယ်ဆိုတာ လွယ်သလိုထင်ရပေမယ့် ကျွမ်းကျင်မှုနဲ့ အထူးဂရုစိုက်မှုတို့ လိုအပ်ပါတယ်။ လိပ်ရဲ့ ကျောခွံနဲ့ ဝမ်းဗိုက်တို့ကို စုတ်တံလေးနဲ့ ပွတ်ပေးရပြီး အခွံထဲက အခြားအညစ်အကြေးတွေကို ဖယ်ရှားပေးရပါတယ်။

ဒါပေမယ့် ဒေါ်လာ (၂၇၀၀)တန်အလုပ်ကို မဆုံးရံှုးချင်ရင်တော့ လိပ်ခွံကို ခြစ်မိပြီး ထိခိုက်မှုတွေ မဖြစ်အောင်တော့ အထူးဂရုပြုဖို့ လိုပါတယ်။ Lee ဟာ ကျွနု်ပ်တို့လိုပဲ တစ်နေ့ကို အလုပ်ချိန် (၁၀)နာရီလုပ်ပေမယ့် ၎င်းအလုပ်ကြောင့် ကျွနု်ပ်တို့ထက် (၂)ဆ (၃)ဆလောက် လုပ်အားခပိုများတာကို တွေ့ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: gyanpone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top