×


ဖြစ်စဉ်မှာ စက်တင်ဘာ ၆ ရက် နေ့လည် ၁ နာရီ ၁၅ မိနစ် ခန့်က နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်၊ ဟိုတယ်ဇုံ(၁)ရှိ NIRVANA ဟိုတယ်မှ မန်နေဂျာဖြစ်သူ ဦးအာကာစိုးမှ ဒက္ခိဏသီရိမြို့နယ် ဧည့်ဂေဟာ ရဲစခန်းသို့ လာရောက်တိုင်တန်းသည်မှာ ယင်းဟိုတယ်အခန်းအမှတ်(၂ဝ၇)နှင့် (၁၁၃)တို့တွင် တည်းခိုနေထိုင်သော မြန်မာနိုင်ငံသားတစ်ဦးနှင့် အိန္ဒိယနိုင်ငံသားတစ်ဦးတို့မှ ၄င်းတို့၏အခန်းအတွင်း ထားရှိသော U$(၂ဝဝ)၊ ထိုင်းဘတ် (၂ဝဝဝ)၊ မြန်မာငွေ(၃၉ဝဝဝဝိ/-)တို့ ပျောက်ဆုံးသည့်အတွက် စုံစမ်းဖော်ထုတ်ပေးပါရန် တိုင်တန်းချက်အရ ဒက္ခိဏသီရိ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကျော်၊ ဧည့်ဂေဟာနယ်မြေရဲစခန်းမှူး ရဲအုပ် ဇော်မိုးလွင်၊ ခေတ္တနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ် လွင်နောင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များမှNIRVANA ဟိုတယ်သို့ သွားရောက်ခဲ့ပြီး ဟိုတယ်ရှိ CCTV မှတ်တမ်း များအား စစ်ဆေးခဲ့ရာ မသင်္ကာသူများဖြစ်သော အဆိုပါဟိုတယ်သန့်ရှင်းရေးဝန်ထမ်း မသန်းသန်းညိုနှင့် ၄င်း၏ခင်ပွန်း သိန်းမင်းထိုက်(ခ)ကိုထိုက်တို့အား ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ၄င်းတို့နှစ်ဦးအား ဧည့်ဂေဟာနယ်မြေရဲစခန်းကအမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Myanmaalinn

#Unicode Version#
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဟိုတယ်ဇုံ(၁)ရှိ ဟိုတယ်တွင် တည်းခိုနေသော ဧည့်သည်ထံမှ ပိုက်ဆံများခိုးယူသော ဟိုတယ်ဝန်ထမ်းအား ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၆ ရက် နေ့လည် ၁ နာရီ ၁၅ မိနစ် ခန့်က နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်၊ ဟိုတယ်ဇုံ(၁)ရှိ NIRVANA ဟိုတယ်မှ မန်နေဂျာဖြစ်သူ ဦးအာကာစိုးမှ ဒက္ခိဏသီရိမြို့နယ် ဧည့်ဂေဟာ ရဲစခန်းသို့ လာရောက်တိုင်တန်းသည်မှာ ယင်းဟိုတယ်အခန်းအမှတ်(၂ဝ၇)နှင့် (၁၁၃)တို့တွင် တည်းခိုနေထိုင်သော မြန်မာနိုင်ငံသားတစ်ဦးနှင့် အိန္ဒိယနိုင်ငံသားတစ်ဦးတို့မှ ၎င်းတို့၏အခန်းအတွင်း ထားရှိသော U$(၂ဝဝ)၊ ထိုင်းဘတ် (၂ဝဝဝ)၊ မြန်မာငွေ(၃၉ဝဝဝဝိ/-)တို့ ပျောက်ဆုံးသည့်အတွက် စုံစမ်းဖော်ထုတ်ပေးပါရန် တိုင်တန်းချက်အရ ဒက္ခိဏသီရိ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကျော်၊ ဧည့်ဂေဟာနယ်မြေရဲစခန်းမှူး ရဲအုပ် ဇော်မိုးလွင်၊ ခေတ္တနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ် လွင်နောင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များမှNIRVANA ဟိုတယ်သို့ သွားရောက်ခဲ့ပြီး ဟိုတယ်ရှိ CCTV မှတ်တမ်း များအား စစ်ဆေးခဲ့ရာ မသင်္ကာသူများဖြစ်သော အဆိုပါဟိုတယ်သန့်ရှင်းရေးဝန်ထမ်း မသန်းသန်းညိုနှင့် ၎င်း၏ခင်ပွန်း သိန်းမင်းထိုက်(ခ)ကိုထိုက်တို့အား ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ၎င်းတို့နှစ်ဦးအား ဧည့်ဂေဟာနယ်မြေရဲစခန်းကအမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မင်းမင်းလတ်(မန်းတက္ကသိုလ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top