ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





Credit –  Shwemom
# Unicode Version ဖြင့် ဖတ်ပါ #
နတ်ကတော်တစ်ဦးဟာ နတ်ပွဲတစ်ခုမှာ မိမိကိုယ်ကို ဓားပြီးကြောင်း သက်သေပြရင်း၊ ရင်ဘတ်အတွင်းကို ဓားထိုးသွင်းမိကာ အသက်သေဆုံးခဲ့ရကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့အနီးက ကျေးလက်တစ်ခုမှာ ဖြစ်ခဲ့တာပါ။ သေဆုံးသူကတော့ Clairvoyant Theprit Palee လို့အမည်ရတဲ့ နတ်ကတော် ဖြစ်ပါတယ်။

Palee ဟာ အသက်(၂၅)နှစ်သာ ရှိသေးပြီး သူရဲ့အဖြစ်အပျက်က နတ်ပွဲလာပရိသတ်တွေအားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ထိုင်းနိုင်ငံကျေးလက်ဒေသတွေမှာ နတ်တွေ ပူဇော်ပသတဲ့ပွဲတွေကို အကြီးအကျယ် ကျင်းပကြလေ့ရှိပြီး၊ တစ်ချို့သော နတ်ကတော်တွေက ဓားပြီးတယ်၊ တုတ်ပြီးတယ်ဆိုတဲ့ ဖြီးလုံးတွေနဲ့ သူများထက် ပွဲရေပိုကရတယ်လို့ ဆိုပါတယ်။

အခုလည်း Palee က သူ့မှာ တကယ်နတ်ဝိဉာဉ်သာ ဝင်ရောက်ပူးအောင်းတယ်ဆိုရင် ဓားပြီးတယ်ဆိုပြီး သက်သေပြခဲ့ရာ၊ ဓားက သူရဲ့နှလုံးတည့်တည့်ကို ထိုးမိခဲ့တာဖြစ်ပါတယ်။ သူဟာ နေရာမှာပင် ချက်ချင်းလဲကျပြီး၊ ဆေးရုံကို သယ်ဆောင်သွားတဲ့လမ်းမှာပင် အသက်သေဆုံးခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit –  Shwemom
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top