ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×














































Credit:7daydaily
# Unicode Version ဖြင့် ဖတ်ပါ #
ပရိသတ်တွေအတွက် ဒီကနေ့ ဖော်ပြပေးမှာက လျှို့ဝှက်ဆန်းကြယ် ဒရာမာဇာတ်ကားလေးပါ။

ဟင်နရီလောင်းမှာ နာကျင် တဲ့ ခံစားမှုကို လုံးဝမသိတဲ့ မွေး ရာပါ ထူးဆန်းတဲ့ရောဂါတစ်ခုရှိ နေပါတယ်။ သူ့ရောဂါအတွက် ထိရောက်တဲ့ ကုသမှုပေးဖို့ ဆရာဝန်တွေဟာ နှစ်ပေါင်းများစွာရှာ ဖွေခဲ့ပေမယ့် ဘာမှ ထူးခြားမလာ ပါဘူး။

ဟင်နရီရဲ့ဆရာဝန်ကတော့ ပုံမှန်ဆေးစစ်ပေးတာမျိုး လုပ်ပေး သလို အထီးမကျန်ရအောင်လို့ သူ့လိုမျိုးကြီး ပြင်းလာတဲ့ အခြား ကလေးတွေနဲ့ ချိတ်ဆက်ပေးပြီး တက်တက်ကြွကြွရှိလာအောင်လို့ ကူညီပေးခဲ့ပါတယ်။

သို့ပေမယ့် ဟင်နရီဟာ တစ် ကိုယ်တည်း အထီးကျန်နေသလို သူဘာသာသူလည်း နာကျင်မှုဆိုတာ ဘာလဲသိဖို့အတွက် အိမ်မှာဓာတ်ခွဲခန်းထားပြီး အသည်း အသန်ကိုတစ်ချိန်လုံး စမ်းသပ် နေခဲ့ပါတယ်။

ဒေါက်တာအင်ဒရူးဆိုသူက ဟင်နရီရဲ့ ဒီအင်န်အေကိုယူပြီး နာကျင်မှုမသိတဲ့ ရောဂါကုစားဖို့ နည်းလမ်း ရှာဖွေခဲ့ပါတယ်။ လူ တစ်ယောက်အသက်ရှင် သန်နေထိုင်ရာမှာ နာကျင်တဲ့ခံစားမှုဆို တာမျိုး မသိဘူးဆိုရင် နေ့စဉ်ဘဝမှာ အခက်အခဲတွေ အများကြီးဆိုတာကို ချက်ချင်းမမြင်သာပေ မယ့်  ကြုံဆုံလာမယ့် အန္တရာယ်တွေကို ခံစားမှုမရှိလို့ အသက် အန္တရာယ်ရှိရင်တောင်မှ မသိတဲ့ အတွက် ကြာလာရင်တော့ ပြဿနာ ရှိလာနိုင်ပါတယ်။

ဒီဇာတ်လမ်းလေးက သိနေမြင်နေ အကြောင်းအရာတွေနဲ့ ခွဲထွက်နေတာမို့ ပရိသတ်တွေ စိတ်ဝင်စားမယ် ထင်ပါတယ်။ နာကျင်မှုမသိတဲ့ရောဂါအတွက် ဟင်နရီတစ်ယောက် ကုသနည်း ရှာနိုင်ပါ့မလား။ ဘယ်လိုနည်း လမ်းတွေနဲ့ နာကျင်မှုသိအောင် လုပ်မလဲဆိုတာသိဖို့ ဆက်ကြည့် လိုက်ဦးနော်။

ဒီဇာတ်ကားမှာ Joey Klein,Evalena Marie, Kip Gilman, Pascal Yen Pfister, David Weindel, Eileen Paulino တို့ ပါဝင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top