iMyanmarHouse.com - Best Property Website for Myanmar
×

အိႏၵိယႏုိင္ငံမွာ အသက္(၁၁)ႏွစ္အရြယ္ ေကာင္မေလးတစ္ေယာက္ကို ျပန္ေပးဆြဲဖုိ႔ ႀကိဳးစားခဲ့သူ (၃)ဦးဟာ အႀကံမေအာင္ခဲ့ဘဲ လူအုပ္ႀကီးရဲ႕ဖမ္းဆီးမႈကို ခံခဲ့ရပါတယ္။ ၎အမ်ိဳးသား(၃)ဦးဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က ေကာင္မေလးစာသင္ေနတဲ့ ေက်ာင္းထဲအထိ အတင့္ရဲစြာ ဝင္ေရာက္ခဲ့ၿပီး အတင္းဆြဲေခၚဖုိ႔ ႀကိဳးစားခဲ့တာပါ။

ေသဆုံးသူ ျပန္ေပးသမား(၃)ဦးအနက္ ႏွစ္ဦးမွာ ယခင္ကတည္းက ရာဇဝတ္မႈေတြ အႀကိမ္ႀကိမ္ က်ဴးလြန္ခဲ့သူေတြျဖစ္ၿပီး၊ လူသတ္မႈေတြလည္း က်ဴးလြန္ခဲ့သူေတြျဖစ္တယ္လုိ႔ သိရပါတယ္။ ျပန္ေပးသမား(၃)ဦးကို ေသသည္အထိ ဝုိင္းဝန္း႐ုိက္ႏွက္ခဲ့ၾကသူေတြထဲမွာ ေက်ာင္းသားေက်ာင္းသူေတြ၊ ဆရာေတြလည္း ရြာသားေတြနဲ႔အတူ ပါဝင္ခဲ့ပါတယ္။

အခင္းျဖစ္ခဲ့ရာေက်းရြာကေတာ့ အိႏၵိယႏုိင္ငံအေရွ႕ပုိင္း Begusarai ၿမိဳ႕အနီးမွာ တည္ရွိပါတယ္။ သူတုိ႔သုံးဦးဟာ ေက်ာင္းကို မနက္ (၁၀.၃၀)ေလာက္မွာ ေရာက္ရွိလာခဲ့ၿပီး ကေလးမေလးကို အတင္းဝင္ဆြဲခဲ့ပါတယ္။ ေက်ာင္းအုပ္ဆရာမႀကီး Neema Kumari ကိုလည္း ေသနတ္နဲ႔ ၿခိမ္းေျခာက္ခဲ့ၿပီး၊ ေက်ာင္းထဲကေန ကေလးမေလးကို ဆြဲၿပီးထြက္ဖုိ႔အလုပ္ ရြာသားေတြ ေရာက္လာခဲ့ပါတယ္။

ရြာသားတစ္ဦးက အရင္ဆုံး ျပန္ေပးသမားတစ္ဦးကို ဝင္႐ိုက္ခဲ့ရာကေန ခ်က္ခ်င္းလူအုပ္ႀကီးက ေပါင္းစည္းမိသြားၿပီး၊ ျပန္ေပးသမား(၃)ဦးကို ဝုိင္းၿပီး႐ုိက္ႏွက္ၾကရာ အသတ္ေသဆုံးသည္အထိ ျဖစ္ခဲ့ရပါတယ္။ တစ္ဦးကေတာ့ ႐ုိက္ႏွက္ခံရတဲ့ေနရာမွာပင္ ေသဆုံးခဲ့တာျဖစ္ၿပီး၊ က်န္ႏွစ္ဦးကေတာ့ ေဆး႐ုံေရာက္ၿပီးမွ ေသဆုံးခဲ့တာပါ။

ဒါေပမယ့္ အေပါင္းအပါ တစ္ဦးကေတာ့ ထြက္ေျပးလြတ္ေျမာက္ခဲ့တယ္လုိ႔ သိရပါတယ္။ ဘီဟာျပည္နယ္ရဲတပ္ဖြဲ႕က ျပစ္မႈက်ဴးလြန္သူ (၃)ဦးကို အတင္းဝင္ဆြဲဖုိ႔ ႀကိဳးစားေပမယ့္လည္း လူအုပ္က မ်ားလြန္းတာေၾကာင့္ မေအာင္ျမင္ခဲ့ဘူးလုိ႔ သိရပါတယ္။

ရဲတပ္ဖြဲ႕အဆုိအရ ေသဆုံးသူေတြအနက္ Mahto အမည္ရ အမ်ိဳးသားဟာ ေထာင္ကေန လြတ္တာ မၾကာေသးေၾကာင္း၊  ေခါင္းေဆာင္လုိ႔ယူဆရတဲ့ Bauna ကေတာ့ လူသတ္မႈအပါအဝင္၊ အျခားရာဇဝတ္မႈေတြနဲ႔ ရဲကအလုိရွိေနသူျဖစ္ေၾကာင္း၊ အျခားတစ္ဦးအေၾကာင္းကိုေတာ့ သူတုိ႔လည္း စုံစမ္းစစ္ေဆးေနဆဲလုိ႔ ဆုိပါတယ္။ အခင္းျဖစ္စဥ္ကို ရဲက ဆက္လက္စုံစမ္းစစ္ေဆးေနဆဲပါ။

source : thesun.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယနိုင်ငံမှာ အသက်(၁၁)နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့သူ (၃)ဦးဟာ အကြံမအောင်ခဲ့ဘဲ လူအုပ်ကြီးရဲ့ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ ၎င်းအမျိုးသား(၃)ဦးဟာ ပြီးခဲ့တဲ့သောကြာနေ့က ကောင်မလေးစာသင်နေတဲ့ ကျောင်းထဲအထိ အတင့်ရဲစွာ ဝင်ရောက်ခဲ့ပြီး အတင်းဆွဲခေါ်ဖို့ ကြိုးစားခဲ့တာပါ။

သေဆုံးသူ ပြန်ပေးသမား(၃)ဦးအနက် နှစ်ဦးမှာ ယခင်ကတည်းက ရာဇဝတ်မှုတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့သူတွေဖြစ်ပြီး၊ လူသတ်မှုတွေလည်း ကျူးလွန်ခဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။ ပြန်ပေးသမား(၃)ဦးကို သေသည်အထိ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသူတွေထဲမှာ ကျောင်းသားကျောင်းသူတွေ၊ ဆရာတွေလည်း ရွာသားတွေနဲ့အတူ ပါဝင်ခဲ့ပါတယ်။

အခင်းဖြစ်ခဲ့ရာကျေးရွာကတော့ အိန္ဒိယနိုင်ငံအရှေ့ပိုင်း Begusarai မြို့အနီးမှာ တည်ရှိပါတယ်။ သူတို့သုံးဦးဟာ ကျောင်းကို မနက် (၁၀.၃၀)လောက်မှာ ရောက်ရှိလာခဲ့ပြီး ကလေးမလေးကို အတင်းဝင်ဆွဲခဲ့ပါတယ်။ ကျောင်းအုပ်ဆရာမကြီး Neema Kumari ကိုလည်း သေနတ်နဲ့ ခြိမ်းခြောက်ခဲ့ပြီး၊ ကျောင်းထဲကနေ ကလေးမလေးကို ဆွဲပြီးထွက်ဖို့အလုပ် ရွာသားတွေ ရောက်လာခဲ့ပါတယ်။

ရွာသားတစ်ဦးက အရင်ဆုံး ပြန်ပေးသမားတစ်ဦးကို ဝင်ရိုက်ခဲ့ရာကနေ ချက်ချင်းလူအုပ်ကြီးက ပေါင်းစည်းမိသွားပြီး၊ ပြန်ပေးသမား(၃)ဦးကို ဝိုင်းပြီးရိုက်နှက်ကြရာ အသတ်သေဆုံးသည်အထိ ဖြစ်ခဲ့ရပါတယ်။ တစ်ဦးကတော့ ရိုက်နှက်ခံရတဲ့နေရာမှာပင် သေဆုံးခဲ့တာဖြစ်ပြီး၊ ကျန်နှစ်ဦးကတော့ ဆေးရုံရောက်ပြီးမှ သေဆုံးခဲ့တာပါ။

ဒါပေမယ့် အပေါင်းအပါ တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ ဘီဟာပြည်နယ်ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ (၃)ဦးကို အတင်းဝင်ဆွဲဖို့ ကြိုးစားပေမယ့်လည်း လူအုပ်က များလွန်းတာကြောင့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

ရဲတပ်ဖွဲ့အဆိုအရ သေဆုံးသူတွေအနက် Mahto အမည်ရ အမျိုးသားဟာ ထောင်ကနေ လွတ်တာ မကြာသေးကြောင်း၊  ခေါင်းဆောင်လို့ယူဆရတဲ့ Bauna ကတော့ လူသတ်မှုအပါအဝင်၊ အခြားရာဇဝတ်မှုတွေနဲ့ ရဲကအလိုရှိနေသူဖြစ်ကြောင်း၊ အခြားတစ်ဦးအကြောင်းကိုတော့ သူတို့လည်း စုံစမ်းစစ်ဆေးနေဆဲလို့ ဆိုပါတယ်။ အခင်းဖြစ်စဉ်ကို ရဲက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲပါ။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top