ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 ေဖေဖ ကေတာ့ အႏုပညာအလုပ္ေတြ ဆက္မလုပ္ေစခ်င္ေတာ့ဘူးတဲ့။

ဘန္ေကာက္မွာ မ်က္စိေဆးကုသမႈ ခံယူေနရတဲ့ သမီးေလး ေအးဝတ္ရည္ေသာင္းအတြက္ ဖခင္တစ္ေယာက္ရဲ႕ ခံစားခ်က္ေတြ ကုိ ဦးJoseph Myint Aung က အခုလုိ ေျပာျပထားပါတယ္။ ေအးဝတ္ရည္ေသာင္းဟာ စက္တင္ဘာလ ၂၂ ရက္ေန႔က မ်က္စိ ကုသဖုိ႔အတြက္ ဘန္ေကာက္ ကုိ ထြက္သြားခဲ့ပါတယ္။

Photo: Joseph Myint Aung acbook
သရုပ္ေဆာင္ ေအးဝတ္ရည္ေသာင္းဟာ စက္တင္ဘာလ ၂၂ ရက္ေန႔ ည ၉ နာရီက ထိုင္းႏုိင္ငံ ဘန္ေကာက္မွာ မ်က္စိကုသမႈ ခံယူဖိ႔ု ထြက္သြားတယ္လုိ႔ သိရပါတယ္။ ေအးဝတ္ရည္ေသာင္းဟာ မ်က္စိမေကာင္းတဲ့ ၾကားက သူ႔ပရိသတ္ေတြအေပၚ ထားတဲ့ ေမတၱာ၊ ေစတနာ ေတြနဲ႔ ပုံလွလွေလးေတြ တင္ေပးျဖစ္တယ္လုိ႔ သိရပါတယ္။

''သူခ်စ္တဲ့FBကပရိတ္သတ္ေတြအတြက္ ပံုတင္ေပးရအံုးမွာဆိုၿပီး မ်က္စိမသက္သာတဲ့ၾကားကပံုလွလွေလးေတြတင္ေပးေနတာက သမီးရဲ႕ ပရိသတ္ အေပၚထားတဲ့ေမတၱာကိုအေဖသိလိုက္ပါၿပီ။ အခုဒီစာကိုဖတ္ေနရသူေတြ မ်က္စိႏွစ္လံုးနဲ႔ ဖတ္ေနရတာ အရမ္း ကံေကာင္းပါတယ္ ဗ်ာ။ သမီးေလးကေတာ့မ်က္လံုးတလံုးထဲန႔ဲဖတ္ေနရ႐ွာတာပါ။ Bangkok ကိုေဆးကုသြားတဲ့ သမီးေလးရဲ႕ မ်က္လံုးေလး အျမန္သက္သာ ေပ်ာက္ကင္းပါေစ''ဆိုၿပီးေတာ့ ေအးဝတ္ရည္ေသာင္းရဲ႕ ဖခင္ျဖစ္သူ Joseph Myint Aung ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ စက္တင္ဘာလ ၂၂ ရက္ေန႔ ညက ေရးသားခဲ့တာျဖစ္ပါတယ္။


Photo: Joseph Myint Aung acbook
အႏုပညာအလုပ္ေတြ ဆက္တုိက္လုပ္ေနရတဲ့ သမီးျဖစ္သူ ေအးဝတ္ရည္ေသာင္းအေပၚ ထားတဲ့ ဖခင္ေမတၱာေတြကေတာ့ အံ့မခန္းေအာင္ ပါပဲ။ မ်က္စိမေကာင္းတဲ့ ၾကားက ပရိသတ္ေတြနဲ႔ အဆက္မျပတ္ေစဖုိ႔ အႏုပညာအလုပ္ကုိ ႀကိဳးစားပမ္းစား ေဆာင္ရြက္ေနတဲ့ ေအးဝတ္ရည္ ေသာင္းအေၾကာင္းကုိလည္း ဆက္လက္ေျပာျပထားပါေသးတယ္။

''ကိုယ့္မ်က္လံုးေလးမသက္သာရင္ လက္ခံထားတဲ့အလုပ္ေတြကို အတတ္ႏိုင္ဆံုးေလ်ာ့ရမွာေလ။ ခက္တာက သမီးကအလုပ္ လုပ္ရင္ ေလာဘ ႀကီးလြန္းတယ္။ ခုရက္အတြင္းမွာဘဲ ႐ိုက္လိုက္တဲ့ေၾကာ္ျငာေတြ Photo Shooting ေတြပြဲတက္ေတြ ဇယ္ဆက္ေနတာဘဲ စားခ်ိန္ လည္း မမွန္ ဘူး'' လုိ႔ သူကဆုိပါတယ္။

Photo: Joseph Myint Aung acbook

 ကုိယ့္က်န္းမာေရးထက္ အႏုပညာအလုပ္ေတြကုိ ဦးစားေပးတတ္တဲ့ ေအးဝတ္ရည္ေသာင္းကုိ ဇာတ္ကားေတြ ဆက္ရုိက္ဖုိ႔ လက္မခံသင့္ေတာ့ တဲ့အေၾကာင္းကုိလည္း စိတ္မေကာင္းစြာနဲ႔ ဆက္လက္ေရးသားခဲ့ပါေသးတယ္။

''သမီးကအလုပ္လုပ္ေနရင္စားဖို႔ေမ့ေနေရာ၊ ညဆိုလဲမိုးႀကီးခ်ဳပ္မွ ျပန္ေရာက္ရတဲ့ရက္ေတြမ်ားေနၿပီ ဆိုတာ သမီးကိုလိုက္ေစာင့္ေ႐ွာက္တဲ့ အေဖအသိဆံုးပါ။ကိုယ့္မ်က္လံုးမွမသက္သာတာ လက္ခံထားတဲ့ကား႐ိုက္ေတြဖ်က္ပစ္သင့္ရင္ဖ်က္ပစ္ရမွာ အလုပ္ေတြလည္း ထပ္ၿပီး လက္မခံပါနဲ႔ ေတာ့သမီးေလးရယ္။ ကိုယ့္မ်က္ေစ့ေလးသက္သာေအာင္သာဂ႐ုစိုက္ေပးပါေတာ့'' လုိ႔ ဆုိပါတယ္။

Photo: Joseph Myint Aung acbook
Joseph Myint Aung ဟာ သရုပ္ေဆာင္ ႏွင္းဝတ္ရည္ေသာင္း၊ ေအးဝတ္ရည္ေသာင္း၊ ဆြိဝတ္ရည္ေသာင္းတုိ႔ရဲ႕ ဖခင္ျဖစ္ပါတယ္။ သမီး ၃ ေယာက္စလုံးက ေလးစားခ်စ္ခင္ရတဲ့ ဖခင္ပါ။ သမီး ၃ ေယာက္ အထဲမွာမွ မေအးေသာင္းရဲ႕ အေၾကာင္းေတြကုိ ေရးသားထားတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 ဖေဖေ ကတော့ အနုပညာအလုပ်တွေ ဆက်မလုပ်စေချင်တော့ဘူးတဲ့။

ဘန်ကောက်မှာ မျက်စိဆေးကုသမှု ခံယူနေရတဲ့ သမီးလေး အေးဝတ်ရည်သောင်းအတွက် ဖခင်တစ်ယောက်ရဲ့ ခံစားချက်တွေ ကို ဦးJoseph Myint Aung က အခုလို ပြောပြထားပါတယ်။ အေးဝတ်ရည်သောင်းဟာ စက်တင်ဘာလ ၂၂ ရက်နေ့က မျက်စိ ကုသဖို့အတွက် ဘန်ကောက် ကို ထွက်သွားခဲ့ပါတယ်။

Photo: Joseph Myint Aung acbook
သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာ စက်တင်ဘာလ ၂၂ ရက်နေ့ ည ၉ နာရီက ထိုင်းနိုင်ငံ ဘန်ကောက်မှာ မျက်စိကုသမှု ခံယူဖိ့ု ထွက်သွားတယ်လို့ သိရပါတယ်။ အေးဝတ်ရည်သောင်းဟာ မျက်စိမကောင်းတဲ့ ကြားက သူ့ပရိသတ်တွေအပေါ် ထားတဲ့ မေတ္တာ၊ စေတနာ တွေနဲ့ ပုံလှလှလေးတွေ တင်ပေးဖြစ်တယ်လို့ သိရပါတယ်။

''သူချစ်တဲ့FBကပရိတ်သတ်တွေအတွက် ပုံတင်ပေးရအုံးမှာဆိုပြီး မျက်စိမသက်သာတဲ့ကြားကပုံလှလှလေးတွေတင်ပေးနေတာက သမီးရဲ့ ပရိသတ် အပေါ်ထားတဲ့မေတ္တာကိုအဖေသိလိုက်ပါပြီ။ အခုဒီစာကိုဖတ်နေရသူတွေ မျက်စိနှစ်လုံးနဲ့ ဖတ်နေရတာ အရမ်း ကံကောင်းပါတယ် ဗျာ။ သမီးလေးကတော့မျက်လုံးတလုံးထဲနဲ့ဖတ်နေရရှာတာပါ။ Bangkok ကိုဆေးကုသွားတဲ့ သမီးလေးရဲ့ မျက်လုံးလေး အမြန်သက်သာ ပျောက်ကင်းပါစေ''ဆိုပြီးတော့ အေးဝတ်ရည်သောင်းရဲ့ ဖခင်ဖြစ်သူ Joseph Myint Aung ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ ညက ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Joseph Myint Aung acbook
အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရတဲ့ သမီးဖြစ်သူ အေးဝတ်ရည်သောင်းအပေါ် ထားတဲ့ ဖခင်မေတ္တာတွေကတော့ အံ့မခန်းအောင် ပါပဲ။ မျက်စိမကောင်းတဲ့ ကြားက ပရိသတ်တွေနဲ့ အဆက်မပြတ်စေဖို့ အနုပညာအလုပ်ကို ကြိုးစားပမ်းစား ဆောင်ရွက်နေတဲ့ အေးဝတ်ရည် သောင်းအကြောင်းကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။

''ကိုယ့်မျက်လုံးလေးမသက်သာရင် လက်ခံထားတဲ့အလုပ်တွေကို အတတ်နိုင်ဆုံးလျော့ရမှာလေ။ ခက်တာက သမီးကအလုပ် လုပ်ရင် လောဘ ကြီးလွန်းတယ်။ ခုရက်အတွင်းမှာဘဲ ရိုက်လိုက်တဲ့ကြော်ငြာတွေ Photo Shooting တွေပွဲတက်တွေ ဇယ်ဆက်နေတာဘဲ စားချိန် လည်း မမှန် ဘူး'' လို့ သူကဆိုပါတယ်။
Photo: Joseph Myint Aung acbook

 ကိုယ့်ကျန်းမာရေးထက် အနုပညာအလုပ်တွေကို ဦးစားပေးတတ်တဲ့ အေးဝတ်ရည်သောင်းကို ဇာတ်ကားတွေ ဆက်ရိုက်ဖို့ လက်မခံသင့်တော့ တဲ့အကြောင်းကိုလည်း စိတ်မကောင်းစွာနဲ့ ဆက်လက်ရေးသားခဲ့ပါသေးတယ်။

''သမီးကအလုပ်လုပ်နေရင်စားဖို့မေ့နေရော၊ ညဆိုလဲမိုးကြီးချုပ်မှ ပြန်ရောက်ရတဲ့ရက်တွေများနေပြီ ဆိုတာ သမီးကိုလိုက်စောင့်ရှောက်တဲ့ အဖေအသိဆုံးပါ။ကိုယ့်မျက်လုံးမှမသက်သာတာ လက်ခံထားတဲ့ကားရိုက်တွေဖျက်ပစ်သင့်ရင်ဖျက်ပစ်ရမှာ အလုပ်တွေလည်း ထပ်ပြီး လက်မခံပါနဲ့ တော့သမီးလေးရယ်။ ကိုယ့်မျက်စေ့လေးသက်သာအောင်သာဂရုစိုက်ပေးပါတော့'' လို့ ဆိုပါတယ်။

Photo: Joseph Myint Aung acbook
Joseph Myint Aung ဟာ သရုပ်ဆောင် နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်းတို့ရဲ့ ဖခင်ဖြစ်ပါတယ်။ သမီး ၃ ယောက်စလုံးက လေးစားချစ်ခင်ရတဲ့ ဖခင်ပါ။ သမီး ၃ ယောက် အထဲမှာမှ မအေးသောင်းရဲ့ အကြောင်းတွေကို ရေးသားထားတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top