ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဧရာ၀တီတုိင္း ေဒသၾကီး ၊ ဟသၤာတၿမိဳ႕နယ္၊ ဒူးယားၿမိဳ႕  မွာ စက္တင္ဘာလ နံနက္ပုိင္းက  ေဆးထိုးမွား၍ အမ်ိဳးသား ၁ ဦး ေသဆုံးခဲ့ေၾကာင္း သိရပါသည္။

ျဖစ္စဥ္မွာ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ ၁၈ ရက္ေန႔ နံနက္ ၁၁း၀၀ အခ်ိန္ ဟသၤာတၿမိဳ႕နယ္၊ ဒူးယားၿမိဳ႕ တိုက္နယ္ေဆး႐ုံမွ ေဒါက္တာမာလာထြန္းက ေဆးထိုးမွား၍ ေသဆုံးသူ ဦးသိန္းေဆြ(၄၁)ႏွစ္ ဟသၤာတ ၿမိဳ႕နယ္ေနသူအား ရဲေဆးစာ လာေရာက္ေပးပို႔ရန္အေၾကာင္းၾကားသျဖင့္ ဒူးယားနယ္ေျမရဲစခန္း မႉးမွ သြားေရာက္ေပးပို႔ခဲ့ၿပီး ျဖစ္စဥ္အားေမးျမန္းခဲ့ပါတယ္။

 စက္တင္ဘာလ ၁၆ ရက္ေန႔ နံနက္ ၀၉း၃၀ အခ်ိန္တြင္ ဦးသိန္းေဆြသည္ ရင္ဘတ္ေအာင့္သျဖင့္ ဒူးယားၿမိဳ႕၊ (၂)ရပ္ကြက္၌ ေဒါက္တာ ေကာင္းထက္ (၂၆)ႏွစ္ ဖြင့္လွစ္ထားသည့္ ေဆးခန္းသို႔ သြားေရာက္ျပသရာ ေဒါက္တာေကာင္းထက္မွ ဦးသိန္းေဆြအား အေၾကာေဆး ၁ လုံးထိုးေပးကာ ခဏအၾကာတြင္ ပင္နယ္စလင္ေဆးအား ထပ္မံထိုးေပးၿပီးေနာက္ မိနစ္ ၂၀ ခန္႔အၾကာ ဦးသိန္းေဆြမွာ သတိလစ္သြားသျဖင့္ ဒူးယားတိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ လမ္း၌ ေသဆုံးသြားခဲ့ေၾကာင္းႏွင့္ ၁၁၁၀ အခ်ိန္တြင္ ေဒါက္တာ မာလာထြန္းမွ ဦးသိန္းေဆြ၏ အေလာင္းအား ရင္ခြဲစစ္ေဆးရာ ေဆးထိုးမွား၍ ေသဆုံးျခင္းျဖစ္ေၾကာင္း သိရွိခဲ့သျဖင့္ စစ္ေဆးေတြ႕ရွိခ်က္အား ဟသၤာတခ႐ိုင္ျပည္သူ႔ေဆး႐ုံအုပ္ႀကီးထံ တင္ျပခဲ့ပါတယ္။

ခ႐ိုင္ေဆး႐ုံအုပ္ႀကီး၏ ၫႊန္ၾကားခ်က္အရ ရဲေဆးစာေပးပို႔ရန္ ဒူးယားနယ္ေျမရဲစခန္းသို႔ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ စက္တင္ဘာလ ၁၈ ရက္ေန႔ နံနက္ ၁၁း၃၀ အခ်ိန္တြင္ ေဒါက္တာ ေကာင္းထက္(ဖမ္းမမိ)အား ဒူးယားနယ္ေျမရဲစခန္း (ပ)၁၅၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က (ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ)ျဖင့္ အမႈဖြင့္ စုံစမ္းလ်က္ရွိေၾကာင္း ျပည္ထဲေရး၀န္ၾကီး ဌာန၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သစ္ထူးလြင္

#Unicode Version#
ဧရာဝတီတိုင်း ဒေသကြီး ၊ ဟင်္သာတမြို့နယ်၊ ဒူးယားမြို့  မှာ စက်တင်ဘာလ နံနက်ပိုင်းက  ဆေးထိုးမှား၍ အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁းဝဝ အချိန် ဟင်္သာတမြို့နယ်၊ ဒူးယားမြို့ တိုက်နယ်ဆေးရုံမှ ဒေါက်တာမာလာထွန်းက ဆေးထိုးမှား၍ သေဆုံးသူ ဦးသိန်းဆွေ(၄၁)နှစ် ဟင်္သာတ မြို့နယ်နေသူအား ရဲဆေးစာ လာရောက်ပေးပို့ရန်အကြောင်းကြားသဖြင့် ဒူးယားနယ်မြေရဲစခန်း မှူးမှ သွားရောက်ပေးပို့ခဲ့ပြီး ဖြစ်စဉ်အားမေးမြန်းခဲ့ပါတယ်။

 စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၀၉း၃၀ အချိန်တွင် ဦးသိန်းဆွေသည် ရင်ဘတ်အောင့်သဖြင့် ဒူးယားမြို့၊ (၂)ရပ်ကွက်၌ ဒေါက်တာ ကောင်းထက် (၂၆)နှစ် ဖွင့်လှစ်ထားသည့် ဆေးခန်းသို့ သွားရောက်ပြသရာ ဒေါက်တာကောင်းထက်မှ ဦးသိန်းဆွေအား အကြောဆေး ၁ လုံးထိုးပေးကာ ခဏအကြာတွင် ပင်နယ်စလင်ဆေးအား ထပ်မံထိုးပေးပြီးနောက် မိနစ် ၂၀ ခန့်အကြာ ဦးသိန်းဆွေမှာ သတိလစ်သွားသဖြင့် ဒူးယားတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခဲ့ကြောင်းနှင့် ၁၁၁၀ အချိန်တွင် ဒေါက်တာ မာလာထွန်းမှ ဦးသိန်းဆွေ၏ အလောင်းအား ရင်ခွဲစစ်ဆေးရာ ဆေးထိုးမှား၍ သေဆုံးခြင်းဖြစ်ကြောင်း သိရှိခဲ့သဖြင့် စစ်ဆေးတွေ့ရှိချက်အား ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးထံ တင်ပြခဲ့ပါတယ်။

ခရိုင်ဆေးရုံအုပ်ကြီး၏ ညွှန်ကြားချက်အရ ရဲဆေးစာပေးပို့ရန် ဒူးယားနယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းနှင့် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁း၃၀ အချိန်တွင် ဒေါက်တာ ကောင်းထက်(ဖမ်းမမိ)အား ဒူးယားနယ်မြေရဲစခန်း (ပ)၁၅၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျော့မှုကြောင့် လူသေမှု)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သစ်ထူးလွင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top