ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

(ေက်ာင္းသာမ်ားအားလံုး စိုးရိမ္ဖြယ္မရွိပါ)9.9.2018 ညေန ၅:၃၀ ခန္႔အခ်ိန္တြင္မႏၲေလးျပင္ဦးလြင္အတက္လမ္း မိုင္တိုင္ ၁၀-မိုင္၅ဖာလံုအနီး ေငြေတာင္ေက်းရြာႏွင့္ ကုလားႀကီးျခံေက်းရြာအၾကား၌ ျပင္ဦးလြင္ အလင္းေဆာင္ေဘာ္ဒါေဆာင္မွ ဘုရားဖူးေလ့လာေရးထြက္လာေသာ ေက်ာင္းသားမ်ားလိုက္ပါလာသည့္ ဒိုင္နာယာဥ္တစ္စီးသည္ ဆိုင္ကယ္တစ္စီးအားတိမ္ေရွာင္ရင္း လမ္းညာဘက္သို႔ တိမ္းေမွာက္သြားေၾကာင္း သိရွိရပါသည္။ သတင္းရရျခင္း ေစတနာမြန္အသင္းမွ လူနာတင္ယာဥ္ျဖင့္ထြက္ခြာကူညီခဲ့ရာ

လူနာအျဖစ္ (၉)တန္းေက်ာင္းသား ၁၁-ေယာက္(၁၀)တန္းေက်ာင္းသား-၁၂ေယာက္ ဂိုက္ဆရာ-၂ေယာက္တို႔အား ေက်ာက္မီးတိုက္နယ္ေဆးရံုသို႔ ပို႔ေဆာင္ၿပီး ဆရာဝန္ႏွင့္ ေဆး႐ုံတာဝန္ရွိသူမ်ားက ေရွးဦးျပဳစုေစာင့္ ေရွာက္ျခင္းမ်ား ေဆာင္ရြက္ႏိုင္ခဲ့ပါသည္။ ေက်ာင္းသားမ်ားအားလံုး စိုးရိမ္ဖြယ္ရာမရွိပါ။

သတိေမ့ေနေသာလူနာတစ္ဦး(ယာဥ္ေမာင္းဟုသိရ) ကို နိမၼာနရတိ(ကုလားႀကီးျခံေက်းရြာ)ကဦးစြာတင္ေဆာင္ၿပီး မႏၲေလးေဆးရံုႀကီးသို႔၎

လူနာ ၆-ဦးကို မႏၲေလးေဆးရံုႀကီးသို႔ေစတနာမြန္လူနာတင္ယာဥ္တစ္စီးျပင္ဦးလြင္ ေစ်းေတာင္ေက်ာင္းႀကီးမွ တစ္စီးျပင္ဦးလြင္သို႔ျပန္မည့္ေက်ာင္းသားလူငယ္မ်ားကိုျပင္ဦးလြင္ေစ်းေတာင္ေက်ာင္းႀကီးကားတစ္စီးမွ၎စုေပါင္းကူညီေဆာင္ရြက္ႏိုင္ခဲ့ပါသည္။

ျဖစ္ပြားရာသို႔ အုန္းေခ်ာနယ္ေျမခံ စခန္းမႈးႏွင္႔တပ္ဖြဲ႔ဝင္မ်ားမွလည္း ဦးစြာေရာက္ရွိလိုအပ္သည္မ်ားပံ႔ပိုးေပးျခင္း လူနာမ်ားကို ေက်ာက္မီးေဆးရံုသို႔ပို႔ေဆာင္ေပးျခင္းတို႔ ကို ကူညီေဆာင္ရြက္ေပးၾကေၾကာင္းသိရပါည္။ေ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေစတနာမြန္လူမႈကူညီေရးအသင္း(အုန္းေခ်ာ)

#Unicode Version#
(ကျောင်းသာများအားလုံး စိုးရိမ်ဖွယ်မရှိပါ)9.9.2018 ညနေ ၅:၃၀ ခန့်အချိန်တွင်မန္တလေးပြင်ဦးလွင်အတက်လမ်း မိုင်တိုင် ၁၀-မိုင်၅ဖာလုံအနီး ငွေတောင်ကျေးရွာနှင့် ကုလားကြီးခြံကျေးရွာအကြား၌ ပြင်ဦးလွင် အလင်းဆောင်ဘော်ဒါဆောင်မှ ဘုရားဖူးလေ့လာရေးထွက်လာသော ကျောင်းသားများလိုက်ပါလာသည့် ဒိုင်နာယာဉ်တစ်စီးသည် ဆိုင်ကယ်တစ်စီးအားတိမ်ရှောင်ရင်း လမ်းညာဘက်သို့ တိမ်းမှောက်သွားကြောင်း သိရှိရပါသည်။ သတင်းရရခြင်း စေတနာမွန်အသင်းမှ လူနာတင်ယာဉ်ဖြင့်ထွက်ခွာကူညီခဲ့ရာ

လူနာအဖြစ် (၉)တန်းကျောင်းသား ၁၁-ယောက်(၁၀)တန်းကျောင်းသား-၁၂ယောက် ဂိုက်ဆရာ-၂ယောက်တို့အား ကျောက်မီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဆရာဝန်နှင့် ဆေးရုံတာဝန်ရှိသူများက ရှေးဦးပြုစုစောင့် ရှောက်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ကျောင်းသားများအားလုံး စိုးရိမ်ဖွယ်ရာမရှိပါ။

သတိမေ့နေသောလူနာတစ်ဦး(ယာဉ်မောင်းဟုသိရ) ကို နိမ္မာနရတိ(ကုလားကြီးခြံကျေးရွာ)ကဦးစွာတင်ဆောင်ပြီး မန္တလေးဆေးရုံကြီးသို့၎င်း

လူနာ ၆-ဦးကို မန္တလေးဆေးရုံကြီးသို့စေတနာမွန်လူနာတင်ယာဉ်တစ်စီးပြင်ဦးလွင် ဈေးတောင်ကျောင်းကြီးမှ တစ်စီးပြင်ဦးလွင်သို့ပြန်မည့်ကျောင်းသားလူငယ်များကိုပြင်ဦးလွင်ဈေးတောင်ကျောင်းကြီးကားတစ်စီးမှ၎င်းစုပေါင်းကူညီဆောင်ရွက်နိုင်ခဲ့ပါသည်။

ဖြစ်ပွားရာသို့ အုန်းချောနယ်မြေခံ စခန်းမှုးနှင့်တပ်ဖွဲ့ဝင်များမှလည်း ဦးစွာရောက်ရှိလိုအပ်သည်များပံ့ပိုးပေးခြင်း လူနာများကို ကျောက်မီးဆေးရုံသို့ပို့ဆောင်ပေးခြင်းတို့ ကို ကူညီဆောင်ရွက်ပေးကြကြောင်းသိရပါည်။ေ

ဖိုးသူတော် (www.phothutaw.com)
Credit: စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top