ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တစ္ေယာက္တည္း အထီးက်န္တာ မ်ားလာတဲ့အခါ လူေတြက စိတ္က်ေဝဒနာကို ခံစားလာရၿပီး တျဖည္းျဖည္းနဲ႔ ေဝဒနာက အျမစ္တြယ္လာတတ္ပါတယ္။ အထူးသျဖင့္ သက္ႀကီး႐ြယ္အိုေတြမွာဆို အထီးက်န္မႈက
ပိုၿပီးေတာ့ ႀကီးစိုးေနတတ္ပါတယ္။ ဒါေၾကာင့္ တစ္ေယာက္တည္း အထီးက်န္တဲ့အခါ ေဆာင္႐ြက္သင့္တဲ့ အခ်က္ (၅) ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ကိုယ့္ရဲ႕ ျဖစ္တည္မႈအေပၚ အျပစ္မျမင္ပါနဲ႔
ကိုယ့္ကိုယ္ကို အသုံးမက်ဘူး အျဖစ္မရွိဘူးလို႔ အၿမဲေတြးေနမယ္ ဆိုရင္ေတာ့ စိတ္ဓာတ္က ေအာက္ဆုံးကိုပဲ ထိုးက်ေနမွာပါ။ အေၾကာင္းအက်ိဳး အေကာင္းအဆိုးဆိုတာ အၿမဲဒြန္တြဲၿပီးလာတတ္တာ သဘာဝပဲလို႔ စိတ္ႏွလုံးထားၿပီး ကိုယ့္ကိုယ္ကို အျပစ္ျမင္စိတ္ မေမြးပါနဲ႔။
၂။ လူသားမဟုတ္တဲ့ မိတ္ေဆြရွာပါ
အိမ္ေမြးတိရ စၧာန္ ေမြးတာမ်ိဳး ၊ အႀကိဳက္ဆုံးစာအုပ္ ဒါမွမဟုတ္ အႀကိဳက္ဆုံးဇာတ္ကား စသျဖင့္ စိတ္ရဲ႕ အာဟာရေပးႏိုင္တဲ့ အရာေတြကို ရွာေဖြပါ။ သစ္ပင္စိုက္ပါ။ ကိုယ္ဝါသနာပါရာေတြကို တီထြင္ျပဳလုပ္တာကလည္း အထီးက်န္မႈကို ကုစားေပးရာ ေရာက္ပါတယ္။
၃။ လူသားမိတ္ေဆြနဲ႔ ဆက္သြယ္ေျပာဆိုပါ
ကိုယ္စိတ္ဓာတ္က်ခ်ိန္တိုင္း အၿမဲတမ္း အားေပးတတ္တဲ့ မိတ္ေဆြ သူငယ္ခ်င္းကို စာပို႔ ဖုန္းဆက္ၿပီး ရင္ဖြင့္ပါ။ အစပိုင္းမွာေတာ့ အထီးက်န္ပါတယ္ဆိုမွ ဒါမ်ိဳး မလုပ္ခ်င္ပါဘူးလို႔ စိတ္ထဲက ျငင္းဆိုေနေပမဲ့ ဒီလိုမ်ိဳး ရင္ဖြင့္လိုက္ရတာက တစ္ဝက္ေလာက္ သက္သာသြားတယ္ဆိုတာ ေတြ႕ရပါလိမ့္မယ္။
၄။ ဆန္းျပားတဲ့အရာေတြကို ရွာႀကံစဥ္းစားပါ
ေရာင္စုံ ျခယ္တာမ်ိဳး ၊ ပေဟဠိဥာဏ္စမ္းေျဖတာမ်ိဳး၊ စစ္တုရင္ကစားတာေတြက ဦးေႏွာက္ကို အလုပ္ေပးရပါတယ္။ ပ်င္းစရာေကာင္းတဲ့အခ်ိန္မွာ ဒီလိုမ်ိဳးေတြ စမ္းသပ္တာက အေကာင္းဆုံးပါပဲ။
၅။ သီခ်င္းဆိုပါ
အိမ္မွာ တစ္ေယာက္တည္း အထီးက်န္တယ္လို႔ ခံစားရတဲ့အခါ သီခ်င္းဆိုပါ။ ဒါက အထိေရာက္ဆုံး စိတ္ေပ်ာ္႐ႊင္ေစတဲ့ နည္းလမ္းပါပဲ။ ေရခ်ိဳးရင္း သီခ်င္းဆို ဒါမွမဟုတ္ အႀကိဳက္ဆုံး အဆိုေတာ္သီခ်င္းကို ဖြင့္ၿပီး တူတူတြဲဆိုလိုက္မယ္ဆိုရင္ အထီးက်န္ျခင္းက သက္သာသြားပါလိမ့္မယ္။
တစ္ေယာက္တည္း အထီးက်န္တယ္ဆိုတာက ခံစားရခက္တဲ့ ေဝဒနာတစ္မ်ိဳးပါ။ အေပၚမွာေျပာတဲ့ အခ်က္ ၅ ခ်က္ကို က်င့္သုံးၾကည့္မယ္ဆိုရင္ေတာ့ အထီးက်န္ျခင္းကင္းေဝးဖို႔ အေထာက္အကူေပးႏိုင္ပါလိမ့္မယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:YoYarLay
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ယောက်တည်း အထီးကျန်တာ များလာတဲ့အခါ လူတွေက စိတ်ကျဝေဒနာကို ခံစားလာရပြီး တဖြည်းဖြည်းနဲ့ ဝေဒနာက အမြစ်တွယ်လာတတ်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာဆို အထီးကျန်မှုက

ပိုပြီးတော့ ကြီးစိုးနေတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်း အထီးကျန်တဲ့အခါ ဆောင်ရွက်သင့်တဲ့ အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်ရဲ့ ဖြစ်တည်မှုအပေါ် အပြစ်မမြင်ပါနဲ့

ကိုယ့်ကိုယ်ကို အသုံးမကျဘူး အဖြစ်မရှိဘူးလို့ အမြဲတွေးနေမယ် ဆိုရင်တော့ စိတ်ဓာတ်က အောက်ဆုံးကိုပဲ ထိုးကျနေမှာပါ။ အကြောင်းအကျိုး အကောင်းအဆိုးဆိုတာ အမြဲဒွန်တွဲပြီးလာတတ်တာ သဘာဝပဲလို့ စိတ်နှလုံးထားပြီး ကိုယ့်ကိုယ်ကို အပြစ်မြင်စိတ် မမွေးပါနဲ့။

၂။ လူသားမဟုတ်တဲ့ မိတ်ဆွေရှာပါ

အိမ်မွေးတိရ စ္ဆာန် မွေးတာမျိုး ၊ အကြိုက်ဆုံးစာအုပ် ဒါမှမဟုတ် အကြိုက်ဆုံးဇာတ်ကား စသဖြင့် စိတ်ရဲ့ အာဟာရပေးနိုင်တဲ့ အရာတွေကို ရှာဖွေပါ။ သစ်ပင်စိုက်ပါ။ ကိုယ်ဝါသနာပါရာတွေကို တီထွင်ပြုလုပ်တာကလည်း အထီးကျန်မှုကို ကုစားပေးရာ ရောက်ပါတယ်။

၃။ လူသားမိတ်ဆွေနဲ့ ဆက်သွယ်ပြောဆိုပါ

ကိုယ်စိတ်ဓာတ်ကျချိန်တိုင်း အမြဲတမ်း အားပေးတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းကို စာပို့ ဖုန်းဆက်ပြီး ရင်ဖွင့်ပါ။ အစပိုင်းမှာတော့ အထီးကျန်ပါတယ်ဆိုမှ ဒါမျိုး မလုပ်ချင်ပါဘူးလို့ စိတ်ထဲက ငြင်းဆိုနေပေမဲ့ ဒီလိုမျိုး ရင်ဖွင့်လိုက်ရတာက တစ်ဝက်လောက် သက်သာသွားတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

၄။ ဆန်းပြားတဲ့အရာတွေကို ရှာကြံစဉ်းစားပါ

ရောင်စုံ ခြယ်တာမျိုး ၊ ပဟေဠိဉာဏ်စမ်းဖြေတာမျိုး၊ စစ်တုရင်ကစားတာတွေက ဦးနှောက်ကို အလုပ်ပေးရပါတယ်။ ပျင်းစရာကောင်းတဲ့အချိန်မှာ ဒီလိုမျိုးတွေ စမ်းသပ်တာက အကောင်းဆုံးပါပဲ။

၅။ သီချင်းဆိုပါ

အိမ်မှာ တစ်ယောက်တည်း အထီးကျန်တယ်လို့ ခံစားရတဲ့အခါ သီချင်းဆိုပါ။ ဒါက အထိရောက်ဆုံး စိတ်ပျော်ရွှင်စေတဲ့ နည်းလမ်းပါပဲ။ ရေချိုးရင်း သီချင်းဆို ဒါမှမဟုတ် အကြိုက်ဆုံး အဆိုတော်သီချင်းကို ဖွင့်ပြီး တူတူတွဲဆိုလိုက်မယ်ဆိုရင် အထီးကျန်ခြင်းက သက်သာသွားပါလိမ့်မယ်။

တစ်ယောက်တည်း အထီးကျန်တယ်ဆိုတာက ခံစားရခက်တဲ့ ဝေဒနာတစ်မျိုးပါ။ အပေါ်မှာပြောတဲ့ အချက် ၅ ချက်ကို ကျင့်သုံးကြည့်မယ်ဆိုရင်တော့ အထီးကျန်ခြင်းကင်းဝေးဖို့ အထောက်အကူပေးနိုင်ပါလိမ့်မယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:YoYarLay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top