ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

လက္ရွိအခ်ိန္မွာ အဆုပ္နဲ႔ ႏွလုံးကင္ဆာကို ခံစားေနရၿပီျဖစ္တဲ့ အသက္(၅၇)ႏွစ္အရြယ္ အမ်ိဳးသားဟာ သူ႕ဘဝတစ္သက္တာမွာ ေဆးလိပ္အလိပ္ေပါင္း (၃)သိန္းေက်ာ္အထိ ေသာက္ခဲ့တယ္လုိ႔ ဆုိပါတယ္။ သူဟာ အဲဒီလုိ အလြန္အကၽြံေဆးလိပ္ေသာက္ခဲ့တဲ့အတြက္ ဆုိးရြားလွတဲ့ ကင္ဆာေရာဂါကို ခံစားခဲ့ရတာပါ။

သူရဲ႕နာမည္ကေတာ့ Anthony Pillage ျဖစ္ၿပီး၊ ယခင္က သူဟာ ကိုယ္ခံပညာရွင္အျဖစ္ ရပ္တည္ခဲ့သူပါ။ ကင္ဆာမျဖစ္ခင္ အခ်ိန္ကအထိ လူသန္၊ လူမာတစ္ေယာက္ျဖစ္ၿပီး၊ က်စ္လစ္တဲ့ခႏၶာကိုယ္ကုိ ပိုင္ဆုိင္ခဲ့သူပါ။ သူဟာ Thymic carcinoma လုိ႔ေခၚတဲ့ ရွားပါးတဲ့ကင္ဆာအႀကိတ္ ႏွလုံးနဲ႔အဆုပ္မွာ လာေပါက္ခဲ့ပါတယ္





































ပထမေတာ့ စပ်စ္သီးအရြယ္ဆုိေပမယ့္ အတြင္းထဲမွာ လႈိက္စားၿပီး ႏွလုံးနဲ႔အဆုပ္ တစ္႐ွဴးေတြကို ဖ်က္ဆီးတဲ့ကင္ဆာမ်ိဳးျဖစ္ပါတယ္။ Anthony ဟာ ကုိဗင္ထရီမွာေနထုိင္သူျဖစ္ၿပီး၊ ကင္ဆာေရာဂါကို စတင္ခံစားၿပီးေနာက္ လူကလည္း ခ်က္ခ်င္း ခၽြတ္ၿခံဳက်ကာ ေနာက္ဆုံး အိပ္ယာထက္မွာ ဘုံးဘုံးလဲပါေတာ့တယ္။

Anthony ဟာ သူရဲ႕ေနာက္ဆုံးဘဝ အသက္ရွင္တဲ့ လအပိုင္းအျခားေလးမွာပင္ ႐ုိက္ကူးခဲ့တဲ့ ဗြီဒီယိုမွတ္တမ္းကို လူမႈကြန္ရက္ေပၚမွာတင္ခဲ့ရာ လူေပါင္းသန္းခ်ီ ၾကည့္႐ႈခဲ့ၿပီး သတိသံေဝက ရဖြယ္ရာျဖစ္ခဲ့ပါတယ္။ Anthony ဟာ အသက္(၁၇)ႏွစ္အရြယ္ကတည္းက ေဆးလိပ္ကို စြဲစြဲၿမဲၿမဲ ေသာက္ခဲ့သူပါ။

တစ္ရက္ကုိ ေဆးလိပ္အလိပ္ (၄၀) သုိ႔မဟုတ္ စီးကရက္ႏွစ္ဘုူးအထိ ကုန္ေအာင္ေသာက္ခဲ့ၿပီး ၿပီးခဲ့တဲ့ေလးႏွစ္က ကင္ဆာမျဖစ္ခင္ က်န္ခဲ့တဲ့ (၃၆)ႏွစ္အတြင္းမွာ ေဆးလိပ္အလိပ္ေပါင္း (၅)သိန္းေက်ာ္ ကုန္ခဲ့တဲ့သေဘာပါ။ ေလွ်ာေလွ်ာ့ေပါ့ေပါ့ေပါ့ တြက္မယ္ဆုိရင္ သူဟာ အနည္းဆုံး ေဆးလိပ္ (၃)သိန္းေက်ာ္ ေသာက္ခဲ့တယ္လုိ႔ ဆုိရမွာ ျဖစ္ပါတယ္။


(၂၀၁၅)ခုႏွစ္ ဇြန္နဝါရီလမွာေတာ့ သူရဲ႕ကင္ဆာအဆင့္ဟာ ေနာက္ဆုံးအေနအထားကို ေရာက္လာခဲ့ၿပီး၊ ေနာက္ထပ္ (၆)လသာ အမ်ားဆုံးေနရေတာ့မယ္လုိ႔ ဆရာဝန္ေတြက ေျပာပါတယ္။ ဒါေပမယ့္ ေရာဂါဆုိးကို ၾကာရွည္ခံစားဖုိ႔ ဝဋ္နာကံနာပါလာတဲ့ Anthony ဟာ သူတုိ႔ေျပာသလုိ (၆)လၾကာတဲ့အထိ မေသေသးဘဲ၊ အိပ္ယာထက္မွာ လဲေလွ်ာင္းေနရဆဲပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
လက်ရှိအချိန်မှာ အဆုပ်နဲ့ နှလုံးကင်ဆာကို ခံစားနေရပြီဖြစ်တဲ့ အသက်(၅၇)နှစ်အရွယ် အမျိုးသားဟာ သူ့ဘဝတစ်သက်တာမှာ ဆေးလိပ်အလိပ်ပေါင်း (၃)သိန်းကျော်အထိ သောက်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အဲဒီလို အလွန်အကျွံဆေးလိပ်သောက်ခဲ့တဲ့အတွက် ဆိုးရွားလှတဲ့ ကင်ဆာရောဂါကို ခံစားခဲ့ရတာပါ။

သူရဲ့နာမည်ကတော့ Anthony Pillage ဖြစ်ပြီး၊ ယခင်က သူဟာ ကိုယ်ခံပညာရှင်အဖြစ် ရပ်တည်ခဲ့သူပါ။ ကင်ဆာမဖြစ်ခင် အချိန်ကအထိ လူသန်၊ လူမာတစ်ယောက်ဖြစ်ပြီး၊ ကျစ်လစ်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့သူပါ။ သူဟာ Thymic carcinoma လို့ခေါ်တဲ့ ရှားပါးတဲ့ကင်ဆာအကြိတ် နှလုံးနဲ့အဆုပ်မှာ လာပေါက်ခဲ့ပါတယ်

ပထမတော့ စပျစ်သီးအရွယ်ဆိုပေမယ့် အတွင်းထဲမှာ လှိုက်စားပြီး နှလုံးနဲ့အဆုပ် တစ်ရှူးတွေကို ဖျက်ဆီးတဲ့ကင်ဆာမျိုးဖြစ်ပါတယ်။ Anthony ဟာ ကိုဗင်ထရီမှာနေထိုင်သူဖြစ်ပြီး၊ ကင်ဆာရောဂါကို စတင်ခံစားပြီးနောက် လူကလည်း ချက်ချင်း ချွတ်ခြုံကျကာ နောက်ဆုံး အိပ်ယာထက်မှာ ဘုံးဘုံးလဲပါတော့တယ်။

Anthony ဟာ သူရဲ့နောက်ဆုံးဘဝ အသက်ရှင်တဲ့ လအပိုင်းအခြားလေးမှာပင် ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းကို လူမှုကွန်ရက်ပေါ်မှာတင်ခဲ့ရာ လူပေါင်းသန်းချီ ကြည့်ရှုခဲ့ပြီး သတိသံဝေက ရဖွယ်ရာဖြစ်ခဲ့ပါတယ်။ Anthony ဟာ အသက်(၁၇)နှစ်အရွယ်ကတည်းက ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်ခဲ့သူပါ။

တစ်ရက်ကို ဆေးလိပ်အလိပ် (၄၀) သို့မဟုတ် စီးကရက်နှစ်ဘုူးအထိ ကုန်အောင်သောက်ခဲ့ပြီး ပြီးခဲ့တဲ့လေးနှစ်က ကင်ဆာမဖြစ်ခင် ကျန်ခဲ့တဲ့ (၃၆)နှစ်အတွင်းမှာ ဆေးလိပ်အလိပ်ပေါင်း (၅)သိန်းကျော် ကုန်ခဲ့တဲ့သဘောပါ။ လျှောလျှော့ပေါ့ပေါ့ပေါ့ တွက်မယ်ဆိုရင် သူဟာ အနည်းဆုံး ဆေးလိပ် (၃)သိန်းကျော် သောက်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

(၂၀၁၅)ခုနှစ် ဇွန်နဝါရီလမှာတော့ သူရဲ့ကင်ဆာအဆင့်ဟာ နောက်ဆုံးအနေအထားကို ရောက်လာခဲ့ပြီး၊ နောက်ထပ် (၆)လသာ အများဆုံးနေရတော့မယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဒါပေမယ့် ရောဂါဆိုးကို ကြာရှည်ခံစားဖို့ ဝဋ်နာကံနာပါလာတဲ့ Anthony ဟာ သူတို့ပြောသလို (၆)လကြာတဲ့အထိ မသေသေးဘဲ၊ အိပ်ယာထက်မှာ လဲလျှောင်းနေရဆဲပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top