ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေသဆုံးသြားတဲ့အခါ ဘယ္လုိေတြ႔ၾကံဳ ခံစားရမလဲဆုိတာ ရွင္းျပခဲ့တဲ့ ေသရြာျပန္အမ်ိဳးသား

ေသရြာျပန္ေတြ တကယ္ရွိတယ္ဆုိတာကို ယုံၾကည္သူေတြအတြက္ေတာ့ ဒီေဆာင္းပါးကို ဖတ္ၿပီးသြားတာနဲ႔ ဘ၀မွာ ဘယ္လုိေနထုိင္ျပဳမူရမလဲဆုိတဲ့ အက်ိဳးရွိတဲ့ လမ္းညႊန္ခ်က္ကို ရရွိႏုိင္မွာ မလြဲပါဘူး။ ေသရြာျပန္ေတြ၊ ေနာက္ဘ၀ေတြ၊ ေသၿပီးတဲ့ အျခားမဲ့ဘ၀ေတြကုိ မယုံတဲ့သူေတြအတြက္ေတာ့ ဒီေဆာင္းပါးက အျငင္းပြားစရာေတြ ျဖစ္ေစပါလိမ့္မယ္။

ဒီေဆာင္းပါးကို ေသမင္းနဲ႔ ကိုယ္တုိင္ ႀကဳံေတြ႕ရသူတစ္ဦးရဲ႕ ေျပာျပခ်က္ကုိ အေျခခံၿပီး Mirror က ေဖာ္ျပခဲ့တာပါ။ အဆုိပါ အမ်ိဳးသားဟာ ေရနစ္ၿပီးေနာက္ နာရီပိုင္းၾကာတဲ့အခါမွာ ေဆးဘက္ဆုိင္ရာ အယူအဆရ ေသဆုံးခဲ့ၿပီလုိ႔ ေဒါက္တာေတြက သတ္မွတ္တာကို ခံခဲ့ရပါတယ္။

သူ႔ရဲ႕အမည္ကုိ ေဖာ္ျပထားျခင္းမရွိေပမယ့္ Reddit အေကာင့္နာမည္ကေတာ့ LongLastingLimp လုိ႔ ေဖာ္ျပထားပါတယ္။ သူက ” ေသၿပီးရင္ ဘာေတြဆက္ျဖစ္တယ္ဆုိတာကို က်ေနာ္တုိ႔ ျပန္ၾကားရဖုိ႔ ေတာ္ေတာ္ေလး ခဲယဥ္းပါတယ္ …

တကယ္ေတာ့ ေသၿပီးၿပီဆုိမွေတာ့ လက္ရွိက်န္ရစ္သူေတြနဲ႔ ဘယ္လုိ ဆက္သြယ္ႏုိ္င္မွာလဲဗ်ာ “လုိ႔ အစပ်ိဳးခဲ့ပါတယ္။သူက ဆက္လက္ၿပီး ” ဒါေပမယ့္ ေသရြာျပန္ဆုိတာ ကတယ္ရွိပါတယ္ … က်ေနာ္က ေရနစ္ၿပီး ေသၿပီလုိ႔ ယူဆခံခဲ့ရသူပါ …

က်ေနာ္အေတြ႕အႀကဳံရေတာ့ ေဒါက္တာေတြက ခင္ဗ်ားကို ေသၿပီလုိ႔ ေျပာလုိက္တာနဲ႔ ခင္ဗ်ား ေနာက္ဘ၀ဆုိတာကုိ တကယ္ျမင္ရမွာ အမွန္ပါဘဲ .. ၿပီးေတာ့ လူယုတ္မာ လူေကာင္းတုိ႔ရဲ႕ ကြဲျပားျခားနားတဲ့ လမ္းေတြကိုလည္း ျမင္ေတြ႕ရမွာပါ “လုိ႔ ေရးသားခဲ့ပါတယ္။


သူက ဆက္လက္ၿပီး ” ေသသြားေတာ့ ခရီးသြားရတာနဲ႔ တူတယ္ဗ် … က်ေနာ့္အတြက္ကေတာ့ လူေကာင္းေတြက ဘယ္ကုိသြားရတယ္ … လူယုတ္မာေတြက ဘယ္ကုိ သြားရမယ္ဆုိတာကုိ ေကာင္းေကာင္း သိခဲ့ပါတယ္ … ျဖစ္စဥ္ႏွစ္ခုေပၚကုိ မူတည္ၿပီး ခင္ဗ်ားေသမေသကို ခင္ဗ်ားကိုယ္တုိင္ သိသြားမွာပါ” လုိ႔ ေရးသားထားပါတယ္။

သူက ” အဲဒီျဖစ္စဥ္ႏွစ္ခုမွာ တစ္ခုကေတာ့ ခင္ဗ်ားဟာ အလင္းေတြ ထိန္ထိန္ညီးေနတဲ့ လမ္းမႀကီးေပၚမွာ တစ္ေရြ႕ေရြ႕သြားလာေနရမွာ ျဖစ္ပါတယ္ … ဒီလုိမွမဟုတ္ရင္ ပိန္းပိတ္ေအာင္ ေအာင္ေမွာင္ေနတဲ့လမ္းမႀကီးထဲမွာ ဘာကုိမွ မျမင္ရဘဲ စမ္းတ၀ါး၀ါး ခင္ဗ်ား သြားေနရမွာပါ … ဒါက ခင္ဗ်ား ေသဆုံးျခင္းရဲ႕ လကၡဏာပါဘဲ “လုိ႔ ေျပာခဲ့ပါတယ္။

အေမွာင္လမ္းမႀကီးဟာ ေမွာင္ေန႐ုံသာ မကဘဲ၊ အလြန္ကို ထိတ္လန္႔စရာေတြနဲ႔ ျပည့္ႏွက္ေနတဲ့ အသံေတြဟာ စိတ္ကုိ ေနာက္တစ္ႀကိမ္ ေသသြားေစေလာက္ေအာင္အထိ ေျခာက္ျခားေစတယ္လုိ႔ သူက ဆုိပါတယ္။ ဒီလုိခံစားမႈကို ခံစားရၿပီးေနာက္မွာ သင္ရဲ႕ေျခလွမ္းတုိင္းဟာ ငရဲကို ပုိနီးလာၿပီလုိ႔ ဆုိတဲ့ သေဘာလုိ႔ သူက ေျပာပါတယ္။

သူက ” ခင္ဗ်ား လူေကာင္းလား လူဆုိးလားဆုိတာက အေရးမႀကီးပါဘူး … ေသဆုံးၿပီးေနာက္ ခင္ဗ်ား ဘာကုိမွ လိမ္လုိ႔မရေတာ့ဘဲ… လူတုိင္းမွာ ကိုယ္ကုိယ္တုိင္ သတ္မွတ္ထားတဲ့ လမ္းေၾကာင္းက ရွင္းရွင္းလင္းလင္းေလွ်ာက္ရမွာ အေသအခ်ာပါဘဲ …

လူေကာင္းဆုိရင္ေတာ့ အလင္းေရာင္ဥမင္ပုံစံႀကီးထဲမွာ ေလွ်ာက္လွမ္းရမွာ ျဖစ္ၿပီး၊ ခင္ဗ်ားနားထဲမွာ ဒီကမာၻမွာ မၾကားဖူးတဲ့ သာယာဖြယ္အသံေတြကုိ ၾကားသိရမွာ ျဖစ္ပါတယ္ “လုိ႔ ေျပာခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: daily hot new
# Unicode Version ျဖင့္ ဖတ္ပါ #
သေဆုံးသွားတဲ့အခါ ဘယ်လိုတွေ့ကြုံ ခံစားရမလဲဆိုတာ ရှင်းပြခဲ့တဲ့ သေရွာပြန်အမျိုးသား

သေရွာပြန်တွေ တကယ်ရှိတယ်ဆိုတာကို ယုံကြည်သူတွေအတွက်တော့ ဒီဆောင်းပါးကို ဖတ်ပြီးသွားတာနဲ့ ဘဝမှာ ဘယ်လိုနေထိုင်ပြုမူရမလဲဆိုတဲ့ အကျိုးရှိတဲ့ လမ်းညွှန်ချက်ကို ရရှိနိုင်မှာ မလွဲပါဘူး။ သေရွာပြန်တွေ၊ နောက်ဘဝတွေ၊ သေပြီးတဲ့ အခြားမဲ့ဘဝတွေကို မယုံတဲ့သူတွေအတွက်တော့ ဒီဆောင်းပါးက အငြင်းပွားစရာတွေ ဖြစ်စေပါလိမ့်မယ်။

ဒီဆောင်းပါးကို သေမင်းနဲ့ ကိုယ်တိုင် ကြုံတွေ့ရသူတစ်ဦးရဲ့ ပြောပြချက်ကို အခြေခံပြီး Mirror က ဖော်ပြခဲ့တာပါ။ အဆိုပါ အမျိုးသားဟာ ရေနစ်ပြီးနောက် နာရီပိုင်းကြာတဲ့အခါမှာ ဆေးဘက်ဆိုင်ရာ အယူအဆရ သေဆုံးခဲ့ပြီလို့ ဒေါက်တာတွေက သတ်မှတ်တာကို ခံခဲ့ရပါတယ်။

သူ့ရဲ့အမည်ကို ဖော်ပြထားခြင်းမရှိပေမယ့် Reddit အကောင့်နာမည်ကတော့ LongLastingLimp လို့ ဖော်ပြထားပါတယ်။ သူက ” သေပြီးရင် ဘာတွေဆက်ဖြစ်တယ်ဆိုတာကို ကျနော်တို့ ပြန်ကြားရဖို့ တော်တော်လေး ခဲယဉ်းပါတယ် …

တကယ်တော့ သေပြီးပြီဆိုမှတော့ လက်ရှိကျန်ရစ်သူတွေနဲ့ ဘယ်လို ဆက်သွယ်နိုင်မှာလဲဗျာ “လို့ အစပျိုးခဲ့ပါတယ်။သူက ဆက်လက်ပြီး ” ဒါပေမယ့် သေရွာပြန်ဆိုတာ ကတယ်ရှိပါတယ် … ကျနော်က ရေနစ်ပြီး သေပြီလို့ ယူဆခံခဲ့ရသူပါ …

ကျနော်အတွေ့အကြုံရတော့ ဒေါက်တာတွေက ခင်ဗျားကို သေပြီလို့ ပြောလိုက်တာနဲ့ ခင်ဗျား နောက်ဘဝဆိုတာကို တကယ်မြင်ရမှာ အမှန်ပါဘဲ .. ပြီးတော့ လူယုတ်မာ လူကောင်းတို့ရဲ့ ကွဲပြားခြားနားတဲ့ လမ်းတွေကိုလည်း မြင်တွေ့ရမှာပါ “လို့ ရေးသားခဲ့ပါတယ်။

သူက ဆက်လက်ပြီး ” သေသွားတော့ ခရီးသွားရတာနဲ့ တူတယ်ဗျ … ကျနော့်အတွက်ကတော့ လူကောင်းတွေက ဘယ်ကိုသွားရတယ် … လူယုတ်မာတွေက ဘယ်ကို သွားရမယ်ဆိုတာကို ကောင်းကောင်း သိခဲ့ပါတယ် … ဖြစ်စဉ်နှစ်ခုပေါ်ကို မူတည်ပြီး ခင်ဗျားသေမသေကို ခင်ဗျားကိုယ်တိုင် သိသွားမှာပါ” လို့ ရေးသားထားပါတယ်။

သူက ” အဲဒီဖြစ်စဉ်နှစ်ခုမှာ တစ်ခုကတော့ ခင်ဗျားဟာ အလင်းတွေ ထိန်ထိန်ညီးနေတဲ့ လမ်းမကြီးပေါ်မှာ တစ်ရွေ့ရွေ့သွားလာနေရမှာ ဖြစ်ပါတယ် … ဒီလိုမှမဟုတ်ရင် ပိန်းပိတ်အောင် အောင်မှောင်နေတဲ့လမ်းမကြီးထဲမှာ ဘာကိုမှ မမြင်ရဘဲ စမ်းတဝါးဝါး ခင်ဗျား သွားနေရမှာပါ … ဒါက ခင်ဗျား သေဆုံးခြင်းရဲ့ လက္ခဏာပါဘဲ “လို့ ပြောခဲ့ပါတယ်။

အမှောင်လမ်းမကြီးဟာ မှောင်နေရုံသာ မကဘဲ၊ အလွန်ကို ထိတ်လန့်စရာတွေနဲ့ ပြည့်နှက်နေတဲ့ အသံတွေဟာ စိတ်ကို နောက်တစ်ကြိမ် သေသွားစေလောက်အောင်အထိ ခြောက်ခြားစေတယ်လို့ သူက ဆိုပါတယ်။ ဒီလိုခံစားမှုကို ခံစားရပြီးနောက်မှာ သင်ရဲ့ခြေလှမ်းတိုင်းဟာ ငရဲကို ပိုနီးလာပြီလို့ ဆိုတဲ့ သဘောလို့ သူက ပြောပါတယ်။

သူက ” ခင်ဗျား လူကောင်းလား လူဆိုးလားဆိုတာက အရေးမကြီးပါဘူး … သေဆုံးပြီးနောက် ခင်ဗျား ဘာကိုမှ လိမ်လို့မရတော့ဘဲ… လူတိုင်းမှာ ကိုယ်ကိုယ်တိုင် သတ်မှတ်ထားတဲ့ လမ်းကြောင်းက ရှင်းရှင်းလင်းလင်းလျှောက်ရမှာ အသေအချာပါဘဲ …

လူကောင်းဆိုရင်တော့ အလင်းရောင်ဥမင်ပုံစံကြီးထဲမှာ လျှောက်လှမ်းရမှာ ဖြစ်ပြီး၊ ခင်ဗျားနားထဲမှာ ဒီကမ္ဘာမှာ မကြားဖူးတဲ့ သာယာဖွယ်အသံတွေကို ကြားသိရမှာ ဖြစ်ပါတယ် “လို့ ပြောခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: daily hot new
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top