မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

တစ္ခါက လယ္သမားတစ္ဦးဟာ သူ႕ရဲ႕ ေမြးျမဴေရးျခံ၀န္းေလးမွာ သိုးတစ္ေကာင္၊ ႏြားတစ္ေကာင္နဲ႕ ၀က္တစ္ေကာင္ကို အတူတူ တစ္၀င္းထဲမွာ ေမြးထားပါတယ္။ ဒီလုိနဲ႕ တစ္ရက္မွာ လယ္သမားၾကီးဟာ ျခံထဲလာျပီး ၀က္ကိုလာဖမ္းဖုိ႕ ၾကိဳးစားေတာ့ ၀က္ကထြက္ေျပးလုိက္ မိမလုိျဖစ္ရင္ ရုန္းရင္းဆန္ခတ္နဲ႕ ေအာ္ဟစ္ေနေတာ့တာပါ။ ဒါနဲ႕ပဲ အနားမွာရွိေနတဲ့ သိုးနဲ႕ႏြားက နားမခံႏုိင္လုိ႕ ၀က္ကို ေျပာတာေပ့ါ။ ငါတုိ႕ကိုလည္း ျခံရွင္က ခဏခဏလာဖမ္းပါတယ္။ ဖမ္းတုန္းက ငါတုိ႕ႏွစ္ေကာင္လံုး မင္းေလာက္ အျဖစ္သည္းျပီး ေအာ္ဟစ္မေနပါဘူးကြာ။ ၀က္လည္း သူ႕ကိုေ၀ဖန္ေနေတာ့ ေဒါသထြက္ထြက္နဲ႕ သိုးနဲ႕ႏြားကို ျပန္ေျပာေတာ့တာေပ့ါ။ မင္းတုိ႕ကိုဖမ္းတုန္းက ႏြားႏို႕နဲ႕သိုးေမႊးေတြလုိခ်င္လုိ႕ေလ ။ ျခံရွင္က သူလုိခ်င္တာရသြားရင္ မင္းတုိ႕အသားလည္းမနာရဘူး ။ အခု ငါ့ကိုဖမ္းတာက ငါ့အသက္ကိုးကြ။ ငါ့အသားနဲ႕ ငါ့အသက္ပါသြားမွာ ငါမေအာ္လုိ႕ မေျပးလုိ႕ရမလားကြ။


အေျခေနျခင္းမတူတဲ့အခါ၊ အေၾကာင္းရင္း ေသေသခ်ာခ်ာ မသိတဲ့အခါ မေ၀ဖန္ပါနဲ႕။ ကိုယ့္ရဲ႕ဘာမဟုတ္တဲ့စကားေလးဟာ သူ႕ရဲ႕ခံစားခ်က္ေတြကို ထိုးႏွက္သလိုျဖစ္သြားတတ္တယ္။

-မာရင္ရင္
ဖိုးသူေတာ္ (www.phothutaw.com)
Credit:မႏုႆ ရဲ႕ စာမ်က္ႏွာေလးမ်ား
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ခါက လယ်သမားတစ်ဦးဟာ သူ့ရဲ့ မွေးမြူရေးခြံဝန်းလေးမှာ သိုးတစ်ကောင်၊ နွားတစ်ကောင်နဲ့ ဝက်တစ်ကောင်ကို အတူတူ တစ်ဝင်းထဲမှာ မွေးထားပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ လယ်သမားကြီးဟာ ခြံထဲလာပြီး ဝက်ကိုလာဖမ်းဖို့ ကြိုးစားတော့ ဝက်ကထွက်ပြေးလိုက် မိမလိုဖြစ်ရင် ရုန်းရင်းဆန်ခတ်နဲ့ အော်ဟစ်နေတော့တာပါ။ ဒါနဲ့ပဲ အနားမှာရှိနေတဲ့ သိုးနဲ့နွားက နားမခံနိုင်လို့ ဝက်ကို ပြောတာပေ့ါ။ ငါတို့ကိုလည်း ခြံရှင်က ခဏခဏလာဖမ်းပါတယ်။ ဖမ်းတုန်းက ငါတို့နှစ်ကောင်လုံး မင်းလောက် အဖြစ်သည်းပြီး အော်ဟစ်မနေပါဘူးကွာ။ ဝက်လည်း သူ့ကိုဝေဖန်နေတော့ ဒေါသထွက်ထွက်နဲ့ သိုးနဲ့နွားကို ပြန်ပြောတော့တာပေ့ါ။ မင်းတို့ကိုဖမ်းတုန်းက နွားနို့နဲ့သိုးမွှေးတွေလိုချင်လို့လေ ။ ခြံရှင်က သူလိုချင်တာရသွားရင် မင်းတို့အသားလည်းမနာရဘူး ။ အခု ငါ့ကိုဖမ်းတာက ငါ့အသက်ကိုးကွ။ ငါ့အသားနဲ့ ငါ့အသက်ပါသွားမှာ ငါမအော်လို့ မပြေးလို့ရမလားကွ။

အခြေနေခြင်းမတူတဲ့အခါ၊ အကြောင်းရင်း သေသေချာချာ မသိတဲ့အခါ မဝေဖန်ပါနဲ့။ ကိုယ့်ရဲ့ဘာမဟုတ်တဲ့စကားလေးဟာ သူ့ရဲ့ခံစားချက်တွေကို ထိုးနှက်သလိုဖြစ်သွားတတ်တယ်။

-မာရင်ရင်
ဖိုးသူတော် (www.phothutaw.com)
Credit:မနုဿ ရဲ့ စာမျက်နှာလေးများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top