မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×




ပြန်လည်မျှဝေသည်..
# Unicode Version ဖြင့် ဖတ်ပါ #
7-9-2018 ရက်နေ့ ပန်းတောင်းမြို့၏တောင်ဘက် လေးမိုင်ခန့်အကွာ ပန်းတောင်းတောင်ကုတ်လမ်းဘေး/ ပန်းတောင်းမြို့နယ် မင်းရပ်ရပ်ကွက် အတွင်းရှိ အစ္စလာမ်ဘာသာဝင်များပိုင်ဆိုင်သော နေအိမ်တစ်လုံး၏ နောက်ဖေးတွင် လူသေများအားမြုပ်နှံသည့် ဂူပုံသဏ္ဍန်များအား တည်ဆောက်ထားရှိကြောင်း သတင်းအရ ပန်းတောင်းမြို့ တာဝန်ရှိ အဖွဲ့အစည်းများ ပူးပေါင်း၍ ဝင်ရောက်စစ်ဆေးရာ ဂူပုံသဏ္ဍန်အဆောက်ဦး ငါးလုံးအားတွေ့ရှိခဲ့ပြီး အထဲတွင်သဲများအပြည့်ဖြည့်လျက် အဖြူရောင်ပိတ်စများဖုံးအုပ်ထားရှိကြောင်း တွေ့ရပါသည်။
ဂူ၏ထိပ်ဘက်တွင် အစိမ်းရောင်ပိတ်စနှင့် အစ္စလာမ်ဘာသာရေးအလံတိုင်များကို ချိတ်ဆွဲထားကြောင်းလည်း တွေ့ရှိခဲ့ရပါသည်။ အိမ်ရှင်မိသားစု၏ပြောပြချက်အရ ထိုနေရာသည် မြင့်မြတ်သောနေရာဖြစ်ကြောင်း။ ကွယ်လွန်သူအမေဖြစ်သူ၏ ညွှန်ကြားချက်ကြောင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း။

မည့်သည့်လူသေအလောင်းမှ မြုပ်နှံထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
အဆိုပါအဆောက်ဦးများသည် ခွင့်ပြုချက်မရှိပဲ တည်ဆောက်ထားခြင်းကြောင့်

အထက်ပါကိစ္စနှင့်ပတ်သက်၍ ပန်းတောင်းမြို့နယ်တာဝန်ရှိ အဖွဲ့စည်းများမှ ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မောင်ညိုမှိုင်း
ရာဇဝင်မင်းသားကြီး(Sm1977)
ပြန်လည်မျှဝေသည်..
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top