iMyanmarHouse.com - Best Property Website for Myanmar
×




#Unicode Version#
အလုပ်သမားတစ်ဦးအတွက် လစာဟာ အင်မတန်အရေးကြီးပါတယ်။လူတိုင်းဟာ တလလုံး ခက်ခက်ခဲခဲကြိုးပမ်းခဲ့ပြီး လကုန်တဲ့အခါ သူတို့ရဲ့ အသီးအပွင့်ဖြစ်တဲ့ လစာကို မြင်ချင်တွေ့ချင်တာ သဘာဝပါပဲ။လစာထုတ်ရက်ကို အကြောင်းအမျိုးမျိုးကြောင့် တရက်လောက်နောက်ကျရင်ပဲ အလုပ်သမားမိသားစုတွေ ကမောက်ကမဖြစ်တတ်ပါတယ်။
လစာနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားမှာ အခုဖြစ်တဲ့အဖြစ်အပျက်ကတော့ အလုပ်သမား သားအဖနှစ်ယောက်က သူဌေးကို သတ်လိုက်တယ်ဆိုတာပါပဲ။သူတို့ကို သုံးနှစ်စာ လစာထုတ်မပေးတဲ့အတွက် သူတို့သားအဖနှစ်ယောက်ပေါင်းပြီး သူဌေးကို သတ်လိုက်တာဖြစ်ပါတယ်။သုံးနှစ်တာ လစာဝင်ငွေ အင်ဒိုနီးရှားငွေ သန်း 20 ကျော် သူဌေးဆီက ရမှာဖြစ်ပါတယ်။ဒါကို မပေးလို့ အိပ်ပျော်နေတဲ့ သူဌေးဖြစ်သူ အသက် 54 နှစ်အရွယ် Dasrullah ဆိုတဲ့ အမျိုးသားဟာ အလုပ်သမားသားအဖရဲ့ လက်ချက်နဲ့ သေပွဲဝင်သွားပါတယ်။
သူဌေးကို သတ်ဖို့ ဖခင်ဘက်က သားဖြစ်သူက ကူညီခဲ့တာဖြစ်ပြီး သူတို့ဟာ သူဌေးရဲ့ လိင်အင်္ဂါကို ဖြတ်တောက်ပစ်လိုက်ပါတယ်။ဖခင်ဖြစ်တဲ့ Terusman က သူ့သားကို “ဒီခွေးသားကို ငါ ကိုယ်တိုင် အပိုင်းပိုင်းဖြတ်တောက်ပစ်မယ်” လို့ ပြောပြီး သတ်လိုက်တာဖြစ်ပါတယ်။ဒီလိုသတ်နေစဉ် သူ့သားက ဝင်ကူညီခဲ့လို့ လူသတ်မှုဟာ သားအဖ နှစ်ဦးကျူးလွန်မိလျက်သားဖြစ်ခဲ့တာဖြစ်ပါတယ်။ပြီးတော့ ဖခင်ဖြစ်သူဟာ မိုက်ရူးရဲဆန်စွာ သူဌေးရဲ့ လိင်အင်္ဂါနဲ့ အခြားအစိတ်အပိုင်းအချို့ကို ရေနွေးနဲ့ပြုတ်ပြီး သူတို့အတူ စားသောက်လိုက်ပါတယ်။တကယ်ဆို သူ့သားဟာ အသက် 15 နှစ်သာ ရှိပေမယ့် ဒီကိစ္စကို ဖခင်နဲ့ အတူ တည်တည်ငြိမ်ငြိမ်လုပ်ဆောင်ခဲ့ပါတယ်။

ရဲတွေရဲ့ စစ်တမ်းမှာတော့ သူတို့ဟာ အေးအေးဆေးဆေး အကွက်ချပြီး တိုင်ပင်ပြီးမှ သတ်တာမဟုတ်ပဲ သတ်မယ့်နေ့မှ သားအဖနှစ်ယောက် တယောက်တနေရာဆီက ဆုံကြတာဖြစ်တယ်လို့ သိရပါတယ်။
သူတို့ဟာ သူတို့လုပ်ရပ်အတွက် ဝမ်းနည်းပုံမပေါ်ပဲ ဒါဟာ ဖြစ်သင့်တဲ့ ကိစ္စလို့ မှတ်ယူထားပုံရလို့ စိတ္တဇဆန်နေပြီလားဆိုပြီး တချို့သတင်းဌာနက ကောက်ချက်ထားပါတယ်။တကယ်တော့ သုံးနှစ်တာ လစားငွေဆိုတာ ဘယ်လို အလုပ်သမားအတွက်ကို မဆို မနည်းမနော ဖြစ်လာနိုင်တဲ့ ငွေပမာဏဖြစ်ပြီး ဒီလို ကိစ္စဟာ အင်ဒိုမှာဖြစ်ကြတာမဟုတ်ပဲ ကတိမတည်တဲ့ သူဌေးနဲ့ အလုပ်သမားကိစ္စဟာ နိုင်ငံတော်တော်များများမှာ ဖြစ်နေကြတာဖြစ်ပါတယ်။
Terusman ကတော့ သူဌေးရဲ့ လိင်အင်္ဂါကို ပြုတ်ပြီး စားသောက်တာ ကောင်းကြောင်းနဲ့ သူဌေးဆိုတဲ့ သတ္တဝါက အဆီအနှစ်တွေ စားသုံးခဲ့တော့ သူ့လိင်အင်္ဂါက အရသာပိုရှိတယ်လို့ ပြောပါတယ်။သူတို့ဟာ ဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး ငြင်းချက်မရှိ ဝန်ခံတာလည်းဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  ပြောချင်လွန်းလို့
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top