ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အာလာဒင္ဆိုတာ ကမၻာတစ္ဝန္းလူသိမ်ားတဲ့ အမည္နာမတစ္ခုျဖစ္ပါတယ္။
ကေလးငယ္ေတြကအစ လူႀကီးေတြအဆံုး အာလာဒင္လို႔ ဆိုလိုက္တာနဲ႔ မီးခြက္ကိုင္ရင္း ေကာ္ေဇာပ်ံစီးေလ့ရွိတဲ့ လူငယ္ေလးကို ေျပးျမင္မိၾကမွာပါ။ စင္စစ္အားျဖင့္ အာလာဒင္ဆိုတာ အေရွ႕အလယ္ပိုင္းေဒသရဲ႕ ႐ိုးရာပံုျပင္ေတြထဲက ဇာတ္ေကာင္တစ္ခုျဖစ္ပါတယ္။ တစ္ေထာင့္တစ္ညပံုျပင္ေတြလို႔ လူသိမ်ားတဲ့ “The Book of One Thousand and One Nights” ကေန အစျပဳခဲ့တဲ့ ဇာတ္ေကာင္လည္း ျဖစ္ပါတယ္။ ဒီပံုျပင္ေတြဟာ ၁၈ ရာစုေလာက္မွာ ေပၚေပါက္ခဲ့တယ္လို႔ ဆိုၾကပါတယ္။ အာလာဒင္နဲ႔ ပတ္သက္တဲ့ ဇာတ္လမ္းေလးတစ္ပုဒ္ကေတာ့ ေရွးအခါက တ႐ုတ္ႏိုင္ငံမွာ ဆင္းရဲသားေကာင္ေလး တစ္ေယာက္ ေနထုိင္ပါတယ္။ သူ႔အမည္ကေတာ့ အာလာဒင္လို႔ ေခၚပါတယ္။ အာလာဒင္ဟာ သူ႔အေမနဲ႔ အတူေနထိုင္ပါတယ္။

တစ္ေန႔မွာေတာ့ လူခ်မ္းသာတစ္ေယာက္ သူတို႔ ေနထုိင္ရာအိမ္ကို ေရာက္ရွိလာၿပီး သူ႔အေမနဲ႔ စကားေျပာခဲ့ပါတယ္။ အဲဒီလူခ်မ္းသာက အာလာဒင္အေမကို ကၽြန္ေတာ္က အာေရးဗီးယားေဒသက ကုန္သည္တစ္ေယာက္ပါ။ ကၽြန္ေတာ္အေနနဲ႔ သင့္ရဲ႕သားကို ကၽြန္ေတာ္နဲ႔ အတူ လိုက္ပါေစဖုိ႔ အလိုရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။ အာလာဒင္ရဲ႕ ဘဝကိုလည္း မေတာင့္မတမေၾကာင့္က်ေစဖို႔ ေစာင့္ေရွာက္မယ့္အေၾကာင္း ေျပာၿပီး အာလာဒင္ကို ေတာင္းဆိုခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ အာလာဒင္ရဲ႕ အေမက အာလာဒင္ကို အဲဒီလူနဲ႔ အတူ ထည့္ေပးလိုက္ဖို႔ သေဘာတူခဲ့ပါတယ္။ အာလာဒင္ကို လာေခၚတဲ့ကုန္သည္ဟာ စင္စစ္အားျဖင့္ ကုန္သည္ဟန္ေဆာင္ထားတဲ့ မ်က္လွည့္ပညာရွင္တစ္ဦးျဖစ္ေနခဲ့ပါတယ္။ ေနာက္တစ္ေန႔မွာေတာ့ အာလာဒင္ဟာ ကုန္သည္နဲ႔ အတူ လိုက္ပါသြားခဲ့ပါတယ္။ နာရီေပါင္းမ်ားစြာ ခရီးႏွင္ၿပီးတဲ့ေနာက္မွာေတာ့ ကုန္သည္က တစ္ေနရာမွာ ရပ္တန္႔ခဲ့ပါတယ္။

အာလာဒင္လည္း အဲဒီနားမွာ ရပ္နားခဲ့ၿပီး အဲဒီေနရာဟာ သဲကႏၱရအတြင္းက ယိုယြင္းေနတဲ့ ေနရာတစ္ေနရာ ျဖစ္ေနခဲ့ပါတယ္။ အဲဒီေနရာ ေရာက္ရွိခ်ိန္မွာေတာ့ ကုန္သည္အေယာင္ေဆာင္ထားတဲ့ မ်က္လွည့္ပညာရွင္ဟာ ကာလာပါတဲ့ေပါင္ဒါမႈန္႔ေတြကို သူ႔ရဲ႕ အိတ္ကပ္ထဲက ထုတ္ၿပီး ေျမျပင္ေပၚႀကဲခ်ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ေျမျပင္ေပၚမွာ အေငြ႔ေတြနဲ႔ ဖံုးလႊမ္းသြားခဲ့ၿပီး အေငြ႔ေတြ ရွင္းလင္းသြားခ်ိန္မွာေတာ့ ေျမျပင္ဟာ ပြင့္သြားခဲ့ၿပီး လိႈဏ္ေခါင္းႀကီးတစ္ခုျဖစ္သြားခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ အဲဒီ မ်က္လွည့္ပညာရွင္က အာလာဒင္ကို အဲဒီလိႈဏ္ေခါင္းထဲဆင္းဖို႔နဲ႔ အထဲမွာ မီးခြက္ေဟာင္းတစ္ခုရွိေၾကာင္း အဲဒီ မီးခြက္ကို ရွာေဖြၿပီး ယူလာဖို႔ ေျပာခဲ့ပါတယ္။

အာလာဒင္လည္း အလြန္အံ့ၾသေၾကာက္ရြံခဲ့ေပမယ့္ စကားကို မလြန္ဆန္ႏုိင္တာေၾကာင့္ ေျမေအာက္ကိုဆင္းခဲ့ရပါတယ္။ ေျမေအာက္မွာ ေရႊ၊ ေငြေတြနဲ႔ အတူ မီးခြက္ေဟာင္းတစ္လံုးကို ေတြ႔ရွိခဲ့ၿပီး အာလာဒင္က သူမီးခြက္ကို ေတြ႔ရွိၿပီျဖစ္ေၾကာင္းနဲ႔ သူ႔ကို အေပၚဆြဲတင္ေပးဖို႔ မ်က္လွည့္ပညာရွင္ကို ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ မ်က္လွည့္ပညာရွင္က အာလာဒင္ကုိ အေပၚကို ဆြဲမတင္ေပးခဲ့ပဲ မီးခြက္ကိုသာ ေပးပို႔ေျပာခဲ့ပါတယ္။ အာလာဒင္ကလည္း သူ႔ကိုအရင္ဆြဲတင္ေပးဖို႔ ေျပာတဲ့အတြက္ ေဒါသထြက္ၿပီး တြင္းေပါက္ကို သူ႔ရဲ႕ အတတ္ပညာနဲ႔ ပိတ္ပစ္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ အာလာဒင္ကို မ်က္လွည့္ပညာရွင္ရဲ႕ မူလသြင္ျပင္ကို ျမင္ေယာင္လာခဲ့ၿပီး သူယူေဆာင္ခုိင္းတဲ့ မီးခြက္အေၾကာင္းစဥ္းစားေနခဲ့ပါတယ္။ အဲဒီေနာက္ မီးခြက္ကို ဟိုပြတ္ဒီပြတ္လုပ္ရင္း မီးခြက္ထဲက အေငြ႔ေတြထြက္လာကာ လူသားတစ္ဦးထြက္လာခဲ့ပါတယ္။ သူက အာလာဒင္ကို ဆရာသခင္၊ ကၽြန္ေတာ္က မီးခြက္ေစာင့္ဘီလူးျဖစ္ပါတယ္။ သင္က ကၽြန္ေတာ္ကို ကယ္တင္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။ သင္လုိရာဆုေတာင္းပါလို႔ ေျပာခဲ့ပါတယ္။ အာလာဒင္က သူ႔ကို အိမ္ျပန္ပို႔ေပးဖို႔ ဆုေတာင္းခဲ့ၿပီး အာလာဒင္လည္း အိမ္ကို ျပန္ေရာက္သြားခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ မီးခြက္ကို အေျချပဳၿပီး ျဖစ္လာတဲ့ ျဖစ္စဥ္ေတြ၊ လူယုတ္မာေတြကို ရွင္းလင္းတဲ့ျဖစ္စဥ္ေတြကို ေဖာ္ျပထားပါတယ္။ အာလာဒင္နဲ႔ပတ္သက္တဲ့ ပံုျပင္ေတြဟာ ကမၻာတစ္ဝန္းေက်ာ္ၾကားၿပီး ဒီကေန႔ထိထက္တိုင္ လူအမ်ားၾကားေရပန္းစားဆဲ ျဖစ္ပါတယ္။ အာလာဒင္ပါဝင္တဲ့ ဇာတ္လမ္းေတြကိုလည္း စာအုပ္၊ ႐ုပ္သံဇာတ္လမ္း၊ ဂိမ္းေတြအျဖစ္ ဖန္တီးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: WoowBox
# Unicode Version ျဖင့္ ဖတ္ပါ #

အာလာဒင်ဆိုတာ ကမ္ဘာတစ်ဝန်းလူသိများတဲ့ အမည်နာမတစ်ခုဖြစ်ပါတယ်။
ကလေးငယ်တွေကအစ လူကြီးတွေအဆုံး အာလာဒင်လို့ ဆိုလိုက်တာနဲ့ မီးခွက်ကိုင်ရင်း ကော်ဇောပျံစီးလေ့ရှိတဲ့ လူငယ်လေးကို ပြေးမြင်မိကြမှာပါ။ စင်စစ်အားဖြင့် အာလာဒင်ဆိုတာ အရှေ့အလယ်ပိုင်းဒေသရဲ့ ရိုးရာပုံပြင်တွေထဲက ဇာတ်ကောင်တစ်ခုဖြစ်ပါတယ်။ တစ်ထောင့်တစ်ညပုံပြင်တွေလို့ လူသိများတဲ့ “The Book of One Thousand and One Nights” ကနေ အစပြုခဲ့တဲ့ ဇာတ်ကောင်လည်း ဖြစ်ပါတယ်။ ဒီပုံပြင်တွေဟာ ၁၈ ရာစုလောက်မှာ ပေါ်ပေါက်ခဲ့တယ်လို့ ဆိုကြပါတယ်။ အာလာဒင်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ ရှေးအခါက တရုတ်နိုင်ငံမှာ ဆင်းရဲသားကောင်လေး တစ်ယောက် နေထိုင်ပါတယ်။ သူ့အမည်ကတော့ အာလာဒင်လို့ ခေါ်ပါတယ်။ အာလာဒင်ဟာ သူ့အမေနဲ့ အတူနေထိုင်ပါတယ်။

တစ်နေ့မှာတော့ လူချမ်းသာတစ်ယောက် သူတို့ နေထိုင်ရာအိမ်ကို ရောက်ရှိလာပြီး သူ့အမေနဲ့ စကားပြောခဲ့ပါတယ်။ အဲဒီလူချမ်းသာက အာလာဒင်အမေကို ကျွန်တော်က အာရေးဗီးယားဒေသက ကုန်သည်တစ်ယောက်ပါ။ ကျွန်တော်အနေနဲ့ သင့်ရဲ့သားကို ကျွန်တော်နဲ့ အတူ လိုက်ပါစေဖို့ အလိုရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ အာလာဒင်ရဲ့ ဘဝကိုလည်း မတောင့်မတမကြောင့်ကျစေဖို့ စောင့်ရှောက်မယ့်အကြောင်း ပြောပြီး အာလာဒင်ကို တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အာလာဒင်ရဲ့ အမေက အာလာဒင်ကို အဲဒီလူနဲ့ အတူ ထည့်ပေးလိုက်ဖို့ သဘောတူခဲ့ပါတယ်။ အာလာဒင်ကို လာခေါ်တဲ့ကုန်သည်ဟာ စင်စစ်အားဖြင့် ကုန်သည်ဟန်ဆောင်ထားတဲ့ မျက်လှည့်ပညာရှင်တစ်ဦးဖြစ်နေခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ အာလာဒင်ဟာ ကုန်သည်နဲ့ အတူ လိုက်ပါသွားခဲ့ပါတယ်။ နာရီပေါင်းများစွာ ခရီးနှင်ပြီးတဲ့နောက်မှာတော့ ကုန်သည်က တစ်နေရာမှာ ရပ်တန့်ခဲ့ပါတယ်။

အာလာဒင်လည်း အဲဒီနားမှာ ရပ်နားခဲ့ပြီး အဲဒီနေရာဟာ သဲကန္တရအတွင်းက ယိုယွင်းနေတဲ့ နေရာတစ်နေရာ ဖြစ်နေခဲ့ပါတယ်။ အဲဒီနေရာ ရောက်ရှိချိန်မှာတော့ ကုန်သည်အယောင်ဆောင်ထားတဲ့ မျက်လှည့်ပညာရှင်ဟာ ကာလာပါတဲ့ပေါင်ဒါမှုန့်တွေကို သူ့ရဲ့ အိတ်ကပ်ထဲက ထုတ်ပြီး မြေပြင်ပေါ်ကြဲချခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မြေပြင်ပေါ်မှာ အငွေ့တွေနဲ့ ဖုံးလွှမ်းသွားခဲ့ပြီး အငွေ့တွေ ရှင်းလင်းသွားချိန်မှာတော့ မြေပြင်ဟာ ပွင့်သွားခဲ့ပြီး လှိုဏ်ခေါင်းကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီ မျက်လှည့်ပညာရှင်က အာလာဒင်ကို အဲဒီလှိုဏ်ခေါင်းထဲဆင်းဖို့နဲ့ အထဲမှာ မီးခွက်ဟောင်းတစ်ခုရှိကြောင်း အဲဒီ မီးခွက်ကို ရှာဖွေပြီး ယူလာဖို့ ပြောခဲ့ပါတယ်။

အာလာဒင်လည်း အလွန်အံ့သြကြောက်ရွံခဲ့ပေမယ့် စကားကို မလွန်ဆန်နိုင်တာကြောင့် မြေအောက်ကိုဆင်းခဲ့ရပါတယ်။ မြေအောက်မှာ ရွှေ၊ ငွေတွေနဲ့ အတူ မီးခွက်ဟောင်းတစ်လုံးကို တွေ့ရှိခဲ့ပြီး အာလာဒင်က သူမီးခွက်ကို တွေ့ရှိပြီဖြစ်ကြောင်းနဲ့ သူ့ကို အပေါ်ဆွဲတင်ပေးဖို့ မျက်လှည့်ပညာရှင်ကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မျက်လှည့်ပညာရှင်က အာလာဒင်ကို အပေါ်ကို ဆွဲမတင်ပေးခဲ့ပဲ မီးခွက်ကိုသာ ပေးပို့ပြောခဲ့ပါတယ်။ အာလာဒင်ကလည်း သူ့ကိုအရင်ဆွဲတင်ပေးဖို့ ပြောတဲ့အတွက် ဒေါသထွက်ပြီး တွင်းပေါက်ကို သူ့ရဲ့ အတတ်ပညာနဲ့ ပိတ်ပစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အာလာဒင်ကို မျက်လှည့်ပညာရှင်ရဲ့ မူလသွင်ပြင်ကို မြင်ယောင်လာခဲ့ပြီး သူယူဆောင်ခိုင်းတဲ့ မီးခွက်အကြောင်းစဉ်းစားနေခဲ့ပါတယ်။ အဲဒီနောက် မီးခွက်ကို ဟိုပွတ်ဒီပွတ်လုပ်ရင်း မီးခွက်ထဲက အငွေ့တွေထွက်လာကာ လူသားတစ်ဦးထွက်လာခဲ့ပါတယ်။ သူက အာလာဒင်ကို ဆရာသခင်၊ ကျွန်တော်က မီးခွက်စောင့်ဘီလူးဖြစ်ပါတယ်။ သင်က ကျွန်တော်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ သင်လိုရာဆုတောင်းပါလို့ ပြောခဲ့ပါတယ်။ အာလာဒင်က သူ့ကို အိမ်ပြန်ပို့ပေးဖို့ ဆုတောင်းခဲ့ပြီး အာလာဒင်လည်း အိမ်ကို ပြန်ရောက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မီးခွက်ကို အခြေပြုပြီး ဖြစ်လာတဲ့ ဖြစ်စဉ်တွေ၊ လူယုတ်မာတွေကို ရှင်းလင်းတဲ့ဖြစ်စဉ်တွေကို ဖော်ပြထားပါတယ်။ အာလာဒင်နဲ့ပတ်သက်တဲ့ ပုံပြင်တွေဟာ ကမ္ဘာတစ်ဝန်းကျော်ကြားပြီး ဒီကနေ့ထိထက်တိုင် လူအများကြားရေပန်းစားဆဲ ဖြစ်ပါတယ်။ အာလာဒင်ပါဝင်တဲ့ ဇာတ်လမ်းတွေကိုလည်း စာအုပ်၊ ရုပ်သံဇာတ်လမ်း၊ ဂိမ်းတွေအဖြစ် ဖန်တီးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: WoowBox
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top