အက်ဥ္းသား ၄၁ ဦး ထြက္ေျပးလြတ္ေျမာက္ခဲ့ေသာ ဘားအံအက်ဥ္းေထာင္ ဂိတ္ေပါက္ (ဓာတ္ပံု − ေစာေအာင္မင္းဦး)
ကားလုၿပီး အက်ဥ္းသား ၄၁ ဦးစလံုး ထြက္ေျပးႏုိင္ျခင္းသည္ အလြန္အံၾသစရာေကာင္းေၾကာင္း ဘားအံေထာင္က်ဖူးသူ မွတ္ခ်က္ျပဳ



ရဲတပ္ဖြဲ႕၀င္မ်ားက စက္ေလွဂိတ္တြင္ လိုက္လံစစ္ေဆးရွာေဖြေနစဥ္ (ဓာတ္ပံု - ကရင္ျပည္နယ္ရဲတပ္ဖြဲ႕)

 ေထာင္ဒဏ္တစ္သက္တစ္ကြၽန္းက်ခံထားရသူ ဦးေဆာင္၍ ဘားအံအက်ဥ္းေထာင္ရွိ အက်ဥ္းသား ၄၁ ဦးက ယမန္ေန႔နံနက္တြင္ ေထာင္ပိုင္ကားကိုလုယူထြက္ေျပးရာ ည ၈ နာရီအထိ ၁၄ ဦးျပန္လည္ဖမ္းမိခဲ့ၿပီး လြတ္ေျမာက္ေနေသာ ၂၇ ဦးကုိ ျမန္မာ - ထုိင္းနယ္စပ္တစ္ေလွ်ာက္အပါအ၀င္ ေနရာစုံ၌ ပိတ္ဆုိ႔ရွာေဖြေနသည္။

စက္တင္ဘာ ၁၆ ရက္နံ နက္ ၈ နာရီ မိနစ္ ၄၀ ဝန္းက်င္က ဘားအံၿမိဳ႕အက်ဥ္းေထာင္၀င္းအတြင္း အက်ဥ္းသားမ်ားသန္႔ရွင္းေရးလုပ္ေနခ်ိန္တြင္ လူသတ္မႈ၊ လက္နက္မႈ၊ မူးယစ္ေဆးမႈတို႔ျဖင့္ ျပစ္ဒဏ္က်ေနသူ ၄၁ ဦးက ေထာင္ပိုင္အမႈိက္သိမ္းကားကို  လုယူထြက္ေျပးသြားျခင္းျဖစ္သည္။

‘‘ေခါင္းေဆာင္တဲ့သူက ေထာင္ဒဏ္တစ္သက္က်တဲ့သူ။ အမႈိက္သယ္တဲ့ယာဥ္ကုိေမာင္းၿပီး အက်ဥ္းေထာင္ၿခံတံခါးေလးခ်ပ္ကို တိုက္ၿပီး ထြက္သြားတာ။ အရာရွိတစ္ေယာက္ဒဏ္ရာရတယ္’’ ဟု အက်ဥ္းဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴးဦးမင္းထြန္းစုိးက ေျပာသည္။

ယခုကဲ့သို႔ အက်ဥ္းသား ၄၁ ဦးစလံုး တစ္ခ်ိန္တည္း ထြက္ေျပး လြတ္ေျမာက္ျခင္းမွာ အက်ဥ္းဦး စီးဌာနတြင္ သမိုင္း၀င္ျဖစ္စဥ္အ ျဖစ္မွတ္တမ္း၀င္သြားေၾကာင္း အ က်ဥ္းဦးစီးဌာနမွ အရာရွိေဟာင္း တစ္ဦးက ၎၏ေဖ့စ္ဘြတ္တြင္ ေရးသားထားသည္။

မူးယစ္ေဆးႏွင့္ လက္နက္မႈ မ်ားျဖင့္ ေထာင္ဒဏ္တစ္သက္ တစ္ကြၽန္းက်ေနေသာ ေက်ာ္မိန္ လ (ခ) အေရွာင္က ေထာင္ကားယာဥ္ေမာင္းအက်ဥ္းေထာင္၀န္ထမ္း ဒုတပ္ၾကပ္ ေက်ာ္၀င္းစိန္ကို ဆြဲခ် ထိုးႀကိတ္၍ ကားကုိ ေမာင္းၿပီး ေထာင္တံခါး ေလးဆင့္ကို တိုက္ဖြင့္ကာ ေထာင္ေရွ႕ရွိ ဘားအံ-လႈိင္းဘြဲ ကားလမ္းအတိုင္း ထြက္ေျပးျခင္းျဖစ္သည္ဟု ဆိုသည္။ အမိႈက္ကားေပၚႏွင့္ ကားေအာက္တြင္ အက်ဥ္းသား စုစုေပါင္း ၄၁ ဦး လိုက္ပါသြားခဲ့သည္ဟု ထုတ္ျပန္သည္။ ၎တို႔ကိုတပ္မေတာ္၊ ရဲတပ္ဖြဲ႕ႏွင့္ နယ္ျခားေစာင့္တပ္ဖြဲ႕ (BGF) က ပိတ္ဆုိ႔ရွာေဖြရာ ဦးေဆာင္သူ အပါအ၀င္စက္တင္ဘာ ၁၆ ရက္ည ၈ နာရီခန္႔အထိ ၁၄ ဦး ျပန္လည္ဖမ္းမိခဲ့သည္ဟု ဦးမင္းထြန္းစုိးက ေျပာသည္။

‘‘ျမ၀တီမွာဆုိ ပူးေပါင္းဂိတ္ မွာ တစ္ဖြဲ႕၊ ခ်စ္ၾကည္ေရးတံတား မွာ တစ္ဖြဲ႕၊ ေသာင္ရင္းျမစ္ကေန ျဖတ္မကူးႏုိင္ေအာင္လည္း BGF ကေစာင့္ေနတယ္။ ေထာင္သား ေတြနဲ႔ တူႏုိင္တဲ့သြင္ျပင္လကၡဏာ ေတြ၊ အထူးသျဖင့္ လက္ေကာက္ ၀တ္ေနရာမွာ ဒဏ္ရာရွိတဲ့သူ ေတြ၊ မသကၤာရသူေတြကုိ သ တင္းပုိ႔ုဖို႔ အကုန္ျဖန္႔ထားတယ္။ ထုိင္းဘက္ကုိ မကူးႏုိင္ေအာင္’’ ဟု ျမ၀တီခ႐ိုင္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး ႀကီးေအာင္ႏုိင္ထြန္းက ေျပာ သည္။

အမ်ိဳးသားေရး ပညာေရးသ ပိတ္ဆႏၵျပ ေက်ာင္းသားေခါင္း ေဆာင္ေဟာင္းတစ္ဦးျဖစ္ၿပီး ဘား အံအက်ဥ္းေထာင္တြင္ ခုနႏွစ္ ျပစ္ ဒဏ္က်ခံခဲ့ဖူးေသာ ကိုနႏၵာစစ္ ေအာင္က . . .

‘‘ဘားအံေထာင္မွာ ေထာင္ဘူးက အဲဒီေလာက္ကားနဲ႔ တိုက္ေျပးရေအာင္မလြယ္ဘူး။ ကြၽန္ေတာ္တုိ႔ ႏွစ္႐ွည္ေနလာတဲ့ ေထာင္။ ေထာင္က်အေဆာင္မွာ အေဆာင္ဝင္းသက္သက္။ တိုက္ဝင္းကသက္သက္။ ေထာင္က်ေတြကို ေထာင္ဝင္းထဲ အဲလိုလူ ၄၀ ေလာက္ထုတ္ထားေလ့မွ မ႐ွိ တာ။ ေထာင္က်ေဆာင္နဲ႔ မ်က္ ႏွာခ်င္းဆိုင္ ေဆးခန္းေတာင္လြယ္ လြယ္ သြားလို႔ရၾကတာမွ မဟုတ္ တာ။

ေထာင္ဘူးတံခါးက ဒီ ေလာက္ထုထည္ႀကီးႀကီးႀကီးကို။ ကားနဲ႔တိုက္ဖြင့္ဖို႔ လြယ္ပါ့မလား။ ကြၽန္တာ့္အထင္ေတာ့ မပြင့္ ေလာက္ဘူးထင္တယ္။ (ကြၽန္ ေတာ္ ထင္ျမင္ခ်က္ေျပာတာပါ။)

ေနာက္ဒီေန႔က တနဂၤေႏြ အ လုပ္ဘုတ္ေရာ၊ ေထာင္အျပင္ ဘုတ္ပါပိတ္ရက္။ ေထာင္တံခါး မႀကီးကို ပိတ္ထားတာ။ ေထာင္ ဝင္းထဲေရာ၊ အျပင္ကိုေရာ အ က်ဥ္းသား အလုပ္ဘုတ္မွ မထုတ္ တာ။ တနဂၤေႏြ၊ တနလၤာကလြဲလို႔ ခါတိုင္းရက္ေတြမွ ဘူးတံခါးေပါက္ ငယ္က အျပင္ဘုတ္ အဲ ၈ နာရီခြဲ ေလာက္ဆိုထုတ္ေသးတယ္။ ထူး ဆန္းတယ္။ ဘားအံေထာင္မွာ ၂၀၀၅ ကေန ၂၀၁၂ အထိ ကြၽန္ေတာ္ ခုနစ္ႏွစ္ ေနလာရတာ။ ဒီေထာင္ဓေလ့ကို ကြၽန္ေတာ္ အ ေတာ္နားလည္တယ္။ ေနာက္. . . အဲေထာင္ကားေမာင္းတဲ့ ကိုေက်ာ္ ဝင္းစိန္ဆိုတာ ေထာင္ဝန္ထမ္းမိသားစုသေႏၶ။ ေထာင္သဘာ။ အေတာ္သတိႀကီးတဲ့သူ။ ေနာက္ ေထာင္ႏွစ္ အကန္႔သတ္မ႐ွိတို႔ လြတ္ရက္မ႐ွိတို႔ ဆိုတာက ပံုမွန္ အားျဖင့္ေတာ့ ကြၽန္ေတာ္တို႔ ႐ွိတုန္းကတိုက္မွာထားတာ။ အျပင္ ေထာင္က်ေဆာင္ထားလည္း သူတို႔ကို ေထာင္ဝင္းထဲေတာင္ အလုပ္မွ ထုတ္ခိုင္းေလ့မ႐ွိတာ။ အေတာ္အံၾသစရာကိစၥပဲ’’ဟု ၎ ၏ ေဖ့စ္ဘြတ္ခ္တြင္ ယမန္ေန႔ည က ေရးသားထားသည္။

ထို႔အျပင္ လြန္ခဲ့ေသာေလး ႏွစ္ခန္႔က ေနအိမ္မီးေလာင္မႈ ေၾကာင့္ ေထာင္သုံးလက်ဖူးၿပီး ေထာင္တြင္းအေတြ႔အႀကံဳ အထိုက္အေလ်ာက္ရိွခဲ့သူ ကေလးလြင္ျပင္ အရပ္ဘက္အဖြဲ႔မွကိုသန္႔ဇင္လင္းက လုံၿခံဳေရးအထပ္ထပ္  တားဆီးကာရံထားေလ့ရိွသည့္ အက်ဥ္းေထာင္၀င္းအတြင္းမွ လူ ၄၀ ေက်ာ္ တစ္ၿပိဳင္နက္ထြက္ ေျပး လြတ္ေျမာက္သြားသည့္ ျဖစ္ ရပ္သည္ အလြန္အံ့ၾသစရာ ေကာင္းသည္ဟု ေ၀ဖန္သည္။

‘‘ေထာင္ရဲ႕မူအရ တံခါးတစ္ ခ်ပ္ဟာ ဖြင့္ၿပီးလို႔ ျဖတ္သြားၿပီး တာနဲ႔ ျပန္ပိတ္တာပဲ။အထဲက  အလယ္မွာလဲ ေထာင္အရာ႐ွိနဲ႔ ဝန္ထမ္းေတြ ၂၄ နာရီ တာဝန္ယူ ရတဲ့ အေဆာင္ေလးက ရွိေနေသး တယ္။ ေနာက္တစ္ခုက ေထာင္ ေတြမွာေပးထားတဲ့ ကားေတြအ မ်ားစုက ဘယ္ကားမွ မေကာင္း ဘူး။ ဒါေၾကာင့္မို႔ အဲဒီကားအမ်ား စုဟာ စတတ္ဘက္ထရီမေကာင္း လို႔ ေထာင္သားေတြနဲ႔ တြန္းႏိႈးရ တာက ေဆာင္းတိုင္းလိုလိုပဲ။ အဲ ဒီလို အတြန္းေကာင္းလို႔ ေထာင္ သားေတြ ထြက္ေျပးဖူးတယ္။ ဒီ တစ္ႀကိမ္ ဘားအံေထာင္ကေန ကားလုၿပီး ေမာင္းေျပးတဲ့သူေတြ အင္မတန္ ကံေကာင္းတာပဲ။ ကားေပၚ လူ ၄၀ ေက်ာ္တက္တာ ေထာင္အထဲက တာဝန္ရွိသူေတြ ဘာမွမသိလိုက္ဘူး။ တရၾကမ္း ေမာင္းတဲ့ ကားေပၚကေန တစ္ ေယာက္မွ လိမ့္က်မက်န္ခဲ့ဘူး။  ပိုကံေကာင္းတာက ေထာင္တံခါး ေသာ့ကိုင္ရတဲ့ ဝန္ထမ္းပါ၊ အၿမဲ အေပါက္ဝမွာ ရပ္ၿပီးတာဝန္ယူရ တဲ့သူက ကားဝင္တိုက္တဲ့ တံခါး ေတြနဲ႔ မတိုက္မိ၊ မထိခိုက္တာပဲ၊ အင္မတန္ ကံႀကီးပါေပ့’’ ဟု  လူ မႈကြန္ရက္တြင္ ေရးသားထား သည္။

ရဲတပ္ဖြဲ႕ႏွင့္ အက်ဥ္းေထာင္ ၀န္ထမ္းမ်ားရွိလ်က္ အက်ဥ္း သားအုပ္စုလိုက္ လြတ္ေျမာက္ ျခင္းသည္ တာ၀န္ရိွသူမ်ား၏လုပ္ ရပ္ကုိ ဆန္းစစ္ရန္လုိေၾကာင္း ဘားအံၿမိဳ႕ခံမ်ားႏွင့္ အရပ္ဘက္ အဖြဲ႕မ်ားက ျပင္းျပင္းထန္ထန္ ေ၀ဖန္သည္။

‘‘ျဖစ္ၿပီးမွ ေျပာတာမ်ိဳး မ ဟုတ္ဘူး။ အက်ဥ္းေထာင္က အမ်ားႀကီးေပါ့ေလ်ာ့တယ္။ အခု လြတ္သြားသူေတြက လမ္းစရိတ္ ဘာညာရဖုိ႔ လုယက္၊ လူသတ္ၿပီးထြက္ေျပးဖုိ႔လည္း ၀န္ေလးမွာ မဟုတ္ဘူူး။ သတိနဲ႔သြားလာၾကဖို႔ ၿမိဳ႕ခံေတြကို သတိေပးေနတယ္’’ဟု လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ ဘားအံၿမိဳ႕နယ္ေကာ္မတီဝင္ ဦးေဇာ္ရဲထက္က ေျပာသည္။

အက်ဥ္းသား ၄၀ ဦး တစ္ၿပိဳင္နက္လြတ္ေျမာက္ျခင္းသည္ သံသ ယဝင္စရာျဖစ္ေနသည္ဟု ႏုိင္ငံ ေရးစိတ္ပါဝင္စားသူ ဦးမင္းၫြန္႔ က ေျပာသည္။

‘‘သိပ္လြယ္လြန္းေတာ့ လည္း သံသယရွိစရာပဲေလ။ ဘာေၾကာင့္ ဒီေလာက္လြယ္ရတာလဲ’’ ဟု ေမးခြန္းထုတ္သည္။

ကရင္ျပည္နယ္ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး မ်ိဳးမင္းေနာင္၏ဖုန္းသို႔ ဆက္ သြယ္ေမးျမန္းရာ ၎၏မိသားစု ဝင္တစ္ဦးက ဖုန္းကိုင္ေဆာင္ၿပီး ဆက္သြယ္မည္ဟု ဆိုေသာ္လည္း ျပန္လည္ဆက္သြယ္ျခင္းမရွိေပ။ အက်ဥ္းသားမ်ား ထြက္ေျပးလြတ္ ေျမာက္မႈအတြင္း  အက်ဥ္းေထာင္ တာဝန္ရွိသူမ်ားအား မည္ကဲ့သို႔ အေရးယူမည္ကို မသိရေသးဟု အက်ဥ္းဦးစီးဌာန (ေနျပည္ေတာ္)က ေျပာသည္။

ထြက္ေျပးသည့္ အက်ဥ္း သား ၄၀ ဦးျဖစ္ေၾကာင္း အက်ဥ္း ဦးစီးဌာနက ေျပာေသာ္လည္း ကရင္ျပည္နယ္ရဲတပ္ဖြဲ႕က မီဒီယာအခ်ိဳ႕အား ၄၁ ဦးဟု ေျဖၾကား

ထားသည္။ ထြက္ေျပးသူမ်ားအ နက္ ၂ ႏွစ္ျပစ္ဒဏ္မွလြတ္ေျမာက္ ရန္ သံုးလသာလိုေတာ့သည့္ အက်ဥ္းသားတစ္ဦးလည္း ပါဝင္သည္ဟု ေဒသခံမ်ားက ဆုိသည္။ လြတ္ေျမာက္ေနဆဲအက်ဥ္းသား မ်ားကို လိႈင္းဘြဲၿမိဳ႕နယ္ရွိ သစ္ေတာႀကိဳးဝိုင္းအတြင္းတြင္လည္း လိုက္လံရွာေဖြေနသည္။

ကရင္ျပည္နယ္တရားလႊတ္ ေတာ္တရားသူႀကီးခ်ဳပ္ဦးေဆာင္ ေသာ စစ္ေဆးေရးအဖြဲ႕က ဘားအံအက်ဥ္းေထာင္ကို စက္တင္ဘာ ၆ ရက္က သြားေရာက္စစ္ေဆးခဲ့ ေသးသည္။ ဘားအံအက်ဥ္း ေထာင္တြင္ အက်ဥ္းသားႏွစ္ ေထာင္ခန္႔ရွိသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ကားလုပြီး အကျဉ်းသား ၄၁ ဦးစလုံး ထွက်ပြေးနိုင်ခြင်းသည် အလွန်အံသြစရာကောင်းကြောင်း ဘားအံထောင်ကျဖူးသူ မှတ်ချက်ပြု

အကျဉ်းသား ၄၁ ဦး ထွက်ပြေးလွတ်မြောက်ခဲ့သော ဘားအံအကျဉ်းထောင် ဂိတ်ပေါက် (ဓာတ်ပုံ − စောအောင်မင်းဦး)


ရဲတပ်ဖွဲ့ဝင်များက စက်လှေဂိတ်တွင် လိုက်လံစစ်ဆေးရှာဖွေနေစဉ် (ဓာတ်ပုံ - ကရင်ပြည်နယ်ရဲတပ်ဖွဲ့)

 ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံထားရသူ ဦးဆောင်၍ ဘားအံအကျဉ်းထောင်ရှိ အကျဉ်းသား ၄၁ ဦးက ယမန်နေ့နံနက်တွင် ထောင်ပိုင်ကားကိုလုယူထွက်ပြေးရာ ည ၈ နာရီအထိ ၁၄ ဦးပြန်လည်ဖမ်းမိခဲ့ပြီး လွတ်မြောက်နေသော ၂၇ ဦးကို မြန်မာ - ထိုင်းနယ်စပ်တစ်လျှောက်အပါအဝင် နေရာစုံ၌ ပိတ်ဆို့ရှာဖွေနေသည်။

စက်တင်ဘာ ၁၆ ရက်နံ နက် ၈ နာရီ မိနစ် ၄၀ ဝန်းကျင်က ဘားအံမြို့အကျဉ်းထောင်ဝင်းအတွင်း အကျဉ်းသားများသန့်ရှင်းရေးလုပ်နေချိန်တွင် လူသတ်မှု၊ လက်နက်မှု၊ မူးယစ်ဆေးမှုတို့ဖြင့် ပြစ်ဒဏ်ကျနေသူ ၄၁ ဦးက ထောင်ပိုင်အမှိုက်သိမ်းကားကို  လုယူထွက်ပြေးသွားခြင်းဖြစ်သည်။

‘‘ခေါင်းဆောင်တဲ့သူက ထောင်ဒဏ်တစ်သက်ကျတဲ့သူ။ အမှိုက်သယ်တဲ့ယာဉ်ကိုမောင်းပြီး အကျဉ်းထောင်ခြံတံခါးလေးချပ်ကို တိုက်ပြီး ထွက်သွားတာ။ အရာရှိတစ်ယောက်ဒဏ်ရာရတယ်’’ ဟု အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးမင်းထွန်းစိုးက ပြောသည်။

ယခုကဲ့သို့ အကျဉ်းသား ၄၁ ဦးစလုံး တစ်ချိန်တည်း ထွက်ပြေး လွတ်မြောက်ခြင်းမှာ အကျဉ်းဦး စီးဌာနတွင် သမိုင်းဝင်ဖြစ်စဉ်အ ဖြစ်မှတ်တမ်းဝင်သွားကြောင်း အ ကျဉ်းဦးစီးဌာနမှ အရာရှိဟောင်း တစ်ဦးက ၎င်း၏ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။

မူးယစ်ဆေးနှင့် လက်နက်မှု များဖြင့် ထောင်ဒဏ်တစ်သက် တစ်ကျွန်းကျနေသော ကျော်မိန် လ (ခ) အရှောင်က ထောင်ကားယာဉ်မောင်းအကျဉ်းထောင်ဝန်ထမ်း ဒုတပ်ကြပ် ကျော်ဝင်းစိန်ကို ဆွဲချ ထိုးကြိတ်၍ ကားကို မောင်းပြီး ထောင်တံခါး လေးဆင့်ကို တိုက်ဖွင့်ကာ ထောင်ရှေ့ရှိ ဘားအံ-လှိုင်းဘွဲ ကားလမ်းအတိုင်း ထွက်ပြေးခြင်းဖြစ်သည်ဟု ဆိုသည်။ အမှိုက်ကားပေါ်နှင့် ကားအောက်တွင် အကျဉ်းသား စုစုပေါင်း ၄၁ ဦး လိုက်ပါသွားခဲ့သည်ဟု ထုတ်ပြန်သည်။ ၎င်းတို့ကိုတပ်မတော်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ပိတ်ဆို့ရှာဖွေရာ ဦးဆောင်သူ အပါအဝင်စက်တင်ဘာ ၁၆ ရက်ည ၈ နာရီခန့်အထိ ၁၄ ဦး ပြန်လည်ဖမ်းမိခဲ့သည်ဟု ဦးမင်းထွန်းစိုးက ပြောသည်။

‘‘မြဝတီမှာဆို ပူးပေါင်းဂိတ် မှာ တစ်ဖွဲ့၊ ချစ်ကြည်ရေးတံတား မှာ တစ်ဖွဲ့၊ သောင်ရင်းမြစ်ကနေ ဖြတ်မကူးနိုင်အောင်လည်း BGF ကစောင့်နေတယ်။ ထောင်သား တွေနဲ့ တူနိုင်တဲ့သွင်ပြင်လက္ခဏာ တွေ၊ အထူးသဖြင့် လက်ကောက် ဝတ်နေရာမှာ ဒဏ်ရာရှိတဲ့သူ တွေ၊ မသင်္ကာရသူတွေကို သ တင်းပို့ုဖို့ အကုန်ဖြန့်ထားတယ်။ ထိုင်းဘက်ကို မကူးနိုင်အောင်’’ ဟု မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြီးအောင်နိုင်ထွန်းက ပြော သည်။

အမျိုးသားရေး ပညာရေးသ ပိတ်ဆန္ဒပြ ကျောင်းသားခေါင်း ဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ဘား အံအကျဉ်းထောင်တွင် ခုနနှစ် ပြစ် ဒဏ်ကျခံခဲ့ဖူးသော ကိုနန္ဒာစစ် အောင်က . . .

‘‘ဘားအံထောင်မှာ ထောင်ဘူးက အဲဒီလောက်ကားနဲ့ တိုက်ပြေးရအောင်မလွယ်ဘူး။ ကျွန်တော်တို့ နှစ်ရှည်နေလာတဲ့ ထောင်။ ထောင်ကျအဆောင်မှာ အဆောင်ဝင်းသက်သက်။ တိုက်ဝင်းကသက်သက်။ ထောင်ကျတွေကို ထောင်ဝင်းထဲ အဲလိုလူ ၄၀ လောက်ထုတ်ထားလေ့မှ မရှိ တာ။ ထောင်ကျဆောင်နဲ့ မျက် နှာချင်းဆိုင် ဆေးခန်းတောင်လွယ် လွယ် သွားလို့ရကြတာမှ မဟုတ် တာ။

ထောင်ဘူးတံခါးက ဒီ လောက်ထုထည်ကြီးကြီးကြီးကို။ ကားနဲ့တိုက်ဖွင့်ဖို့ လွယ်ပါ့မလား။ ကျွန်တာ့်အထင်တော့ မပွင့် လောက်ဘူးထင်တယ်။ (ကျွန် တော် ထင်မြင်ချက်ပြောတာပါ။)

နောက်ဒီနေ့က တနင်္ဂနွေ အ လုပ်ဘုတ်ရော၊ ထောင်အပြင် ဘုတ်ပါပိတ်ရက်။ ထောင်တံခါး မကြီးကို ပိတ်ထားတာ။ ထောင် ဝင်းထဲရော၊ အပြင်ကိုရော အ ကျဉ်းသား အလုပ်ဘုတ်မှ မထုတ် တာ။ တနင်္ဂနွေ၊ တနင်္လာကလွဲလို့ ခါတိုင်းရက်တွေမှ ဘူးတံခါးပေါက် ငယ်က အပြင်ဘုတ် အဲ ၈ နာရီခွဲ လောက်ဆိုထုတ်သေးတယ်။ ထူး ဆန်းတယ်။ ဘားအံထောင်မှာ ၂၀၀၅ ကနေ ၂၀၁၂ အထိ ကျွန်တော် ခုနစ်နှစ် နေလာရတာ။ ဒီထောင်ဓလေ့ကို ကျွန်တော် အ တော်နားလည်တယ်။ နောက်. . . အဲထောင်ကားမောင်းတဲ့ ကိုကျော် ဝင်းစိန်ဆိုတာ ထောင်ဝန်ထမ်းမိသားစုသန္ဓေ။ ထောင်သဘာ။ အတော်သတိကြီးတဲ့သူ။ နောက် ထောင်နှစ် အကန့်သတ်မရှိတို့ လွတ်ရက်မရှိတို့ ဆိုတာက ပုံမှန် အားဖြင့်တော့ ကျွန်တော်တို့ ရှိတုန်းကတိုက်မှာထားတာ။ အပြင် ထောင်ကျဆောင်ထားလည်း သူတို့ကို ထောင်ဝင်းထဲတောင် အလုပ်မှ ထုတ်ခိုင်းလေ့မရှိတာ။ အတော်အံသြစရာကိစ္စပဲ’’ဟု ၎င်း ၏ ဖေ့စ်ဘွတ်ခ်တွင် ယမန်နေ့ည က ရေးသားထားသည်။

ထို့အပြင် လွန်ခဲ့သောလေး နှစ်ခန့်က နေအိမ်မီးလောင်မှု ကြောင့် ထောင်သုံးလကျဖူးပြီး ထောင်တွင်းအတွေ့အကြုံ အထိုက်အလျောက်ရှိခဲ့သူ ကလေးလွင်ပြင် အရပ်ဘက်အဖွဲ့မှကိုသန့်ဇင်လင်းက လုံခြုံရေးအထပ်ထပ်  တားဆီးကာရံထားလေ့ရှိသည့် အကျဉ်းထောင်ဝင်းအတွင်းမှ လူ ၄၀ ကျော် တစ်ပြိုင်နက်ထွက် ပြေး လွတ်မြောက်သွားသည့် ဖြစ် ရပ်သည် အလွန်အံ့သြစရာ ကောင်းသည်ဟု ဝေဖန်သည်။

‘‘ထောင်ရဲ့မူအရ တံခါးတစ် ချပ်ဟာ ဖွင့်ပြီးလို့ ဖြတ်သွားပြီး တာနဲ့ ပြန်ပိတ်တာပဲ။အထဲက  အလယ်မှာလဲ ထောင်အရာရှိနဲ့ ဝန်ထမ်းတွေ ၂၄ နာရီ တာဝန်ယူ ရတဲ့ အဆောင်လေးက ရှိနေသေး တယ်။ နောက်တစ်ခုက ထောင် တွေမှာပေးထားတဲ့ ကားတွေအ များစုက ဘယ်ကားမှ မကောင်း ဘူး။ ဒါကြောင့်မို့ အဲဒီကားအများ စုဟာ စတတ်ဘက်ထရီမကောင်း လို့ ထောင်သားတွေနဲ့ တွန်းနှိုးရ တာက ဆောင်းတိုင်းလိုလိုပဲ။ အဲ ဒီလို အတွန်းကောင်းလို့ ထောင် သားတွေ ထွက်ပြေးဖူးတယ်။ ဒီ တစ်ကြိမ် ဘားအံထောင်ကနေ ကားလုပြီး မောင်းပြေးတဲ့သူတွေ အင်မတန် ကံကောင်းတာပဲ။ ကားပေါ် လူ ၄၀ ကျော်တက်တာ ထောင်အထဲက တာဝန်ရှိသူတွေ ဘာမှမသိလိုက်ဘူး။ တရကြမ်း မောင်းတဲ့ ကားပေါ်ကနေ တစ် ယောက်မှ လိမ့်ကျမကျန်ခဲ့ဘူး။  ပိုကံကောင်းတာက ထောင်တံခါး သော့ကိုင်ရတဲ့ ဝန်ထမ်းပါ၊ အမြဲ အပေါက်ဝမှာ ရပ်ပြီးတာဝန်ယူရ တဲ့သူက ကားဝင်တိုက်တဲ့ တံခါး တွေနဲ့ မတိုက်မိ၊ မထိခိုက်တာပဲ၊ အင်မတန် ကံကြီးပါပေ့’’ ဟု  လူ မှုကွန်ရက်တွင် ရေးသားထား သည်။

ရဲတပ်ဖွဲ့နှင့် အကျဉ်းထောင် ဝန်ထမ်းများရှိလျက် အကျဉ်း သားအုပ်စုလိုက် လွတ်မြောက် ခြင်းသည် တာဝန်ရှိသူများ၏လုပ် ရပ်ကို ဆန်းစစ်ရန်လိုကြောင်း ဘားအံမြို့ခံများနှင့် အရပ်ဘက် အဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်သည်။

‘‘ဖြစ်ပြီးမှ ပြောတာမျိုး မ ဟုတ်ဘူး။ အကျဉ်းထောင်က အများကြီးပေါ့လျော့တယ်။ အခု လွတ်သွားသူတွေက လမ်းစရိတ် ဘာညာရဖို့ လုယက်၊ လူသတ်ပြီးထွက်ပြေးဖို့လည်း ဝန်လေးမှာ မဟုတ်ဘူူး။ သတိနဲ့သွားလာကြဖို့ မြို့ခံတွေကို သတိပေးနေတယ်’’ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်ကော်မတီဝင် ဦးဇော်ရဲထက်က ပြောသည်။

အကျဉ်းသား ၄၀ ဦး တစ်ပြိုင်နက်လွတ်မြောက်ခြင်းသည် သံသ ယဝင်စရာဖြစ်နေသည်ဟု နိုင်ငံ ရေးစိတ်ပါဝင်စားသူ ဦးမင်းညွန့် က ပြောသည်။

‘‘သိပ်လွယ်လွန်းတော့ လည်း သံသယရှိစရာပဲလေ။ ဘာကြောင့် ဒီလောက်လွယ်ရတာလဲ’’ ဟု မေးခွန်းထုတ်သည်။

ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၏ဖုန်းသို့ ဆက် သွယ်မေးမြန်းရာ ၎င်း၏မိသားစု ဝင်တစ်ဦးက ဖုန်းကိုင်ဆောင်ပြီး ဆက်သွယ်မည်ဟု ဆိုသော်လည်း ပြန်လည်ဆက်သွယ်ခြင်းမရှိပေ။ အကျဉ်းသားများ ထွက်ပြေးလွတ် မြောက်မှုအတွင်း  အကျဉ်းထောင် တာဝန်ရှိသူများအား မည်ကဲ့သို့ အရေးယူမည်ကို မသိရသေးဟု အကျဉ်းဦးစီးဌာန (နေပြည်တော်)က ပြောသည်။

ထွက်ပြေးသည့် အကျဉ်း သား ၄၀ ဦးဖြစ်ကြောင်း အကျဉ်း ဦးစီးဌာနက ပြောသော်လည်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့က မီဒီယာအချို့အား ၄၁ ဦးဟု ဖြေကြား

ထားသည်။ ထွက်ပြေးသူများအ နက် ၂ နှစ်ပြစ်ဒဏ်မှလွတ်မြောက် ရန် သုံးလသာလိုတော့သည့် အကျဉ်းသားတစ်ဦးလည်း ပါဝင်သည်ဟု ဒေသခံများက ဆိုသည်။ လွတ်မြောက်နေဆဲအကျဉ်းသား များကို လှိုင်းဘွဲမြို့နယ်ရှိ သစ်တောကြိုးဝိုင်းအတွင်းတွင်လည်း လိုက်လံရှာဖွေနေသည်။

ကရင်ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်ဦးဆောင် သော စစ်ဆေးရေးအဖွဲ့က ဘားအံအကျဉ်းထောင်ကို စက်တင်ဘာ ၆ ရက်က သွားရောက်စစ်ဆေးခဲ့ သေးသည်။ ဘားအံအကျဉ်း ထောင်တွင် အကျဉ်းသားနှစ် ထောင်ခန့်ရှိသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top