ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ျမန္မာလုပ္သားႏွစ္ဦးကို ၂၀၁၅ ႏွစ္ကုန္ပိုင္းက ႐ုံးထုတ္ခဲ့စဥ္ (ဓာတ္ပံု - အီးပီေအ)

လိပ္ကြၽန္းလူသတ္မႈ ျဖင့္ ဘန္ေကာက္ၿမိဳ႕ဘန္ခြမ္အ က်ဥ္းေထာင္တြင္ ေသဒဏ္က်ခံ  ေနရေသာ ျမန္မာလုပ္သားႏွစ္ဦး   ထံ ကမၻာအႏွံ႔မွ၎တို႔ႏွစ္ဦးအား  ခ်စ္ခင္သနားသူမ်ားက ေပးပို႔ သည့္ ပို႔စကတ္ႏွင့္အမွတ္တရစာ ေစာင္မ်ားတစ္ဦးလွ်င္ငါးေထာင္  ခန္႔ေရာက္ရွိေနေၾကာင္း ျမန္မာ သံ႐ံုးအထူးအဖြဲ႕မွ ကိုမင္းဦးက ေျပာသည္။


စက္တင္ဘာ ၂၁ ရက္က ျမန္မာသံ႐ုံုးမွ တာ၀န္ရွိသူမ်ား သည္ ျမန္မာလုပ္သားႏွစ္ဦးထံ ေထာင္၀င္စာသြားေရာက္ေတြ႕ ရာတြင္ ထုိကဲ့သို႔ေတြ႕ရွိခဲ့ေၾကာင္း ကိုမင္းဦးကေျပာသည္။

ဘန္ခြမ္အက်ဥ္းေထာင္တြင္  ျမန္မာလုပ္သားႏွစ္ဦးအတြက္ ထားရွိေပးေသာ စာတုိက္ပံုးအ တြင္း ကမၻာအရပ္ရပ္မွ ေပးပို႔ သည့္စာမ်ားျပည့္ေန၍ ဘန္ ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ံုးကသိမ္း  ဆည္းထားရန္ ေထာင္တာ၀န္ရွိ မ်ားႏွင့္ ေဆြးေႏြးခဲ့ေၾကာင္း ကို မင္းဦးကေျပာသည္။

‘‘ပို႔စကတ္ေတြကအမ်ားႀကီး  ကိုေရာက္ေနတာ။ သူတို႔ကို ခ်စ္ တဲ့၊ သနားတဲ့သူေတြက ေပးပို႔တဲ့ စာေတြပါ။ အဲဒါကို သံ႐ံုးက သိမ္း ထားေပးဖို႔သေဘာတူခဲ့တယ္။ ေနာက္တစ္ပတ္ထဲမွာ သြားသိမ္း ၾကလိမ့္မယ္’’ ဟု ၎ကဆက္ လက္ေျပာသည္။

ေသဒဏ္က်ခံေနရေသာ  ျမန္မာလုပ္သားႏွစ္ဦးအနက္တစ္ လတိုက္ပိတ္ခံထားရသည့္ ေဇာ္ လင္းသည္ တစ္လေက်ာ္ေနၿပီျဖစ္ ေသာ္လည္း တိုက္ပိတ္ခံရဆဲျဖစ္ ေသာေၾကာင့္ ယခင္ေနရာ ေဟာင္းတြင္ ျပန္လည္ထားေပး ေရး ျမန္မာသံ႐ံုးက ေထာင္အာ ဏာပိုင္မ်ားကို ေတာင္းဆိုထား သည္။

‘‘စက္တင္ဘာလကုန္ရင္ ေတာ့ ထိုင္းအာဏာပိုင္ေတြက အစည္းအေ၀းထိုင္ၿပီး အရင္ေန ရာျပန္ထားေပးမယ္လို႔ ကတိေပး ပါတယ္။ ေနာက္ၿပီး ေဇာ္လင္းက သူနဲ႔ရန္ျဖစ္ထားတဲ့သူနဲ႔ အတူမ ထားဖို႔လည္း ေတာင္းဆိုလို႔ေျပာ ေပးခဲ့ပါတယ္။ အဲဒါကိုလည္း ေထာင္တာ၀န္ရွိသူေတြက သ ေဘာတူပါတယ္’’ ဟု ကိုမင္းဦးက ေျပာသည္။

ထုိင္းႏုိင္ငံေရွ႕ေနမ်ား ေကာင္စီမွ ေရွ႕ေန နေခၚခ်ဳမ္ဖူခ်ာ့ကလည္း ျမန္မာလုပ္သားႏွစ္ဦးကို အယူခံအမိန္႔အား စိုးရိမ္ထိတ္လန္႔ျခင္းမရွိေစရန္ႏွင့္ ၎တို႔ အတတ္ႏုိင္ဆံုးႀကိဳးစား ေဆာင္ရြက္ေပးေနေၾကာင္း ၾသဂုတ္အတြင္းက  ေထာင္၀င္စာသြားေရာက္ေတြ႕ဆံုစဥ္ ေျပာဆိုထားသည္။

လိပ္ကြၽန္း လူသတ္မႈအ တြက္ ေသဒဏ္ခ်မွတ္ခံထားရ ေသာ ျမန္မာလုပ္သားႏွစ္ဦး၏အ က်ိဳးေဆာင္ေရွ႕ေနမ်ားျဖစ္သည့္   ထိုင္းႏုိင္ငံေရွ႕ေနေကာင္စီမွ ေရွ႕ ေနမ်ားသည္ စာမ်က္ႏွာ ၃၁၈ မ်က္ႏွာပါရွိေသာ ေနာက္ဆံုးအ ယူခံကို ၂၀၁၇ ၾသဂုတ္ ၂၁ ရက္  က ထုိင္းႏိုင္ငံ ေကာ့စမီြတရား႐ံုး သို႔တင္သြင္းထားသည္။ ထို႔ ေၾကာင့္ ၾသဂုတ္ ၂၁ ရက္တြင္  အယူခံတင္သြင္းမႈတစ္ႏွစ္ျပည့္ ၿပီးျဖစ္သည္။

သို႔ေသာ္ျမန္မာဘက္ကတင္သြင္းသည့္ ေနာက္ဆံုးအယူခံကို ေခ်ဖ်က္သည့္ အယူခံေလွ်ာက္လဲခ်က္ကို တရားလိုထိုင္းရဲတပ္ဖြဲ႕ကၿပီးခဲ့သည့္ မတ္လ ၉ ရက္တြင္ တင္သြင္းခဲ့သည္။   ယခုေနာက္ဆံုးအယူခံ႐ံႈးနိမ့္ပါက  ျမန္မာလုပ္သားႏွစ္ဦးအေနျဖင့္ ထိုင္းဘုရင္မင္းျမတ္ထံအသနားခံစာတင္ရန္သာ က်န္ရွိေတာ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာလုပ်သားနှစ်ဦးကို ၂၀၁၅ နှစ်ကုန်ပိုင်းက ရုံးထုတ်ခဲ့စဉ် (ဓာတ်ပုံ - အီးပီအေ)

လိပ်ကျွန်းလူသတ်မှု ဖြင့် ဘန်ကောက်မြို့ဘန်ခွမ်အ ကျဉ်းထောင်တွင် သေဒဏ်ကျခံ  နေရသော မြန်မာလုပ်သားနှစ်ဦး   ထံ ကမ္ဘာအနှံ့မှ၎င်းတို့နှစ်ဦးအား  ချစ်ခင်သနားသူများက ပေးပို့ သည့် ပို့စကတ်နှင့်အမှတ်တရစာ စောင်များတစ်ဦးလျှင်ငါးထောင်  ခန့်ရောက်ရှိနေကြောင်း မြန်မာ သံရုံးအထူးအဖွဲ့မှ ကိုမင်းဦးက ပြောသည်။


စက်တင်ဘာ ၂၁ ရက်က မြန်မာသံရုံးမှ တာဝန်ရှိသူများ သည် မြန်မာလုပ်သားနှစ်ဦးထံ ထောင်ဝင်စာသွားရောက်တွေ့ ရာတွင် ထိုကဲ့သို့တွေ့ရှိခဲ့ကြောင်း ကိုမင်းဦးကပြောသည်။

ဘန်ခွမ်အကျဉ်းထောင်တွင်  မြန်မာလုပ်သားနှစ်ဦးအတွက် ထားရှိပေးသော စာတိုက်ပုံးအ တွင်း ကမ္ဘာအရပ်ရပ်မှ ပေးပို့ သည့်စာများပြည့်နေ၍ ဘန် ကောက်မြို့ရှိ မြန်မာသံရုံးကသိမ်း  ဆည်းထားရန် ထောင်တာဝန်ရှိ များနှင့် ဆွေးနွေးခဲ့ကြောင်း ကို မင်းဦးကပြောသည်။

‘‘ပို့စကတ်တွေကအများကြီး  ကိုရောက်နေတာ။ သူတို့ကို ချစ် တဲ့၊ သနားတဲ့သူတွေက ပေးပို့တဲ့ စာတွေပါ။ အဲဒါကို သံရုံးက သိမ်း ထားပေးဖို့သဘောတူခဲ့တယ်။ နောက်တစ်ပတ်ထဲမှာ သွားသိမ်း ကြလိမ့်မယ်’’ ဟု ၎င်းကဆက် လက်ပြောသည်။

သေဒဏ်ကျခံနေရသော  မြန်မာလုပ်သားနှစ်ဦးအနက်တစ် လတိုက်ပိတ်ခံထားရသည့် ဇော် လင်းသည် တစ်လကျော်နေပြီဖြစ် သော်လည်း တိုက်ပိတ်ခံရဆဲဖြစ် သောကြောင့် ယခင်နေရာ ဟောင်းတွင် ပြန်လည်ထားပေး ရေး မြန်မာသံရုံးက ထောင်အာ ဏာပိုင်များကို တောင်းဆိုထား သည်။

‘‘စက်တင်ဘာလကုန်ရင် တော့ ထိုင်းအာဏာပိုင်တွေက အစည်းအဝေးထိုင်ပြီး အရင်နေ ရာပြန်ထားပေးမယ်လို့ ကတိပေး ပါတယ်။ နောက်ပြီး ဇော်လင်းက သူနဲ့ရန်ဖြစ်ထားတဲ့သူနဲ့ အတူမ ထားဖို့လည်း တောင်းဆိုလို့ပြော ပေးခဲ့ပါတယ်။ အဲဒါကိုလည်း ထောင်တာဝန်ရှိသူတွေက သ ဘောတူပါတယ်’’ ဟု ကိုမင်းဦးက ပြောသည်။

ထိုင်းနိုင်ငံရှေ့နေများ ကောင်စီမှ ရှေ့နေ နခေါ်ချုမ်ဖူချာ့ကလည်း မြန်မာလုပ်သားနှစ်ဦးကို အယူခံအမိန့်အား စိုးရိမ်ထိတ်လန့်ခြင်းမရှိစေရန်နှင့် ၎င်းတို့ အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်ပေးနေကြောင်း သြဂုတ်အတွင်းက  ထောင်ဝင်စာသွားရောက်တွေ့ဆုံစဉ် ပြောဆိုထားသည်။

လိပ်ကျွန်း လူသတ်မှုအ တွက် သေဒဏ်ချမှတ်ခံထားရ သော မြန်မာလုပ်သားနှစ်ဦး၏အ ကျိုးဆောင်ရှေ့နေများဖြစ်သည့်   ထိုင်းနိုင်ငံရှေ့နေကောင်စီမှ ရှေ့ နေများသည် စာမျက်နှာ ၃၁၈ မျက်နှာပါရှိသော နောက်ဆုံးအ ယူခံကို ၂၀၁၇ သြဂုတ် ၂၁ ရက်  က ထိုင်းနိုင်ငံ ကော့စမွီတရားရုံး သို့တင်သွင်းထားသည်။ ထို့ ကြောင့် သြဂုတ် ၂၁ ရက်တွင်  အယူခံတင်သွင်းမှုတစ်နှစ်ပြည့် ပြီးဖြစ်သည်။

သို့သော်မြန်မာဘက်ကတင်သွင်းသည့် နောက်ဆုံးအယူခံကို ချေဖျက်သည့် အယူခံလျှောက်လဲချက်ကို တရားလိုထိုင်းရဲတပ်ဖွဲ့ကပြီးခဲ့သည့် မတ်လ ၉ ရက်တွင် တင်သွင်းခဲ့သည်။   ယခုနောက်ဆုံးအယူခံရှုံးနိမ့်ပါက  မြန်မာလုပ်သားနှစ်ဦးအနေဖြင့် ထိုင်းဘုရင်မင်းမြတ်ထံအသနားခံစာတင်ရန်သာ ကျန်ရှိတော့သည်။
ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top