ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မလင္းလင္းခိုင္ကို စက္တင္ဘာ ၂၁ ရက္က ႐ုံးထုတ္လာစဥ္

လူပ်ိဳဟု လိမ္ညာေပါင္း သင္းေသာေၾကာင့္ဆုိကာ အမ်ိဳး သားတစ္ဦးကို မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္ရွိ တည္းခိုခန္းတစ္ခု တြင္ ဓားျဖင့္ထိုးသတ္ခဲ့သည္ဟု ထြက္ဆိုထားသည့္ မလင္းလင္း ခုိင္အတြက္ တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦးက အခမဲ့ လိုက္ပါ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ၎ အမ်ိဳးသမီး၏ မိသားစုဝင္မ်ားက ေျပာသည္။


အိမ္ေထာင္ရွိလ်က္ႏွင့္ လူ ပ်ိဳဟုဆိုကာ လိမ္ညာေပါင္းသင္း ခဲ့သည့္ ခင္ပြန္းသည္က ထုိင္း- ျမန္မာနယ္စပ္ ျမဝတီၿမိဳ႕သုိ႔ ေခၚ ေဆာင္ၿပီးေနာက္ ကြမ္းယာသြား ဝယ္မည္ဆိုကာ အိမ္တစ္အိမ္ေရွ႕ တြင္ ပစ္ထားခဲ့ၿပီး အဆိုပါ ေနအိမ္မွ အမ်ိဳးသမီးတစ္ဦးက မလင္း လင္းခုိင္ကို ထိုင္းႏုိင္ငံသို႔ ပို႔ ေဆာင္မည္ဟု ေျပာဆိုသျဖင့္ အနီးရွိ အီၾကာေကြးသည္၏ လမ္း စရိတ္အကူအညီျဖင့္ ရန္ကုန္သို႔ ျပန္လာႏုိင္ခဲ့ေၾကာင္း မလင္းလင္း ခုိင္က ဗီဒီယို႐ိုက္ကူး၍ ေဖ့စ္ ဘြတ္ခ္စာမ်က္ႏွာတြင္ လႊင့္တင္ ကာ ဝန္ခံခဲ့သည္။

ထိုအေၾကာင္းကို ရဲစခန္းႏွင့္ တရား႐ံုးသို႔ ဦးတိုက္ေလွ်ာက္ထား ေသာ္လည္း အေရးယူေပးျခင္းမရွိ သျဖင့္ ခင္ပြန္းအေပၚ နာၾကည္း၍ဆုိကာ ၎ထီေပါက္သည္ဟု သတင္းလႊင့္၍ ရန္ကုန္သို႔ ခင္ပြန္းကိုေခၚခဲ့ၿပီးေနာက္ တည္းခိုခန္းတြင္ ဓားျဖင့္ ထိုးသတ္ခဲ့ေၾကာင္း တရားခံအမ်ိဳးသမီးက ဝန္ခံခဲ့သည္။

ထိုဝန္ခံခ်က္ကို စက္တင္ ဘာ ၂၁ ရက္က ေဖ့စ္ဘြတ္ခ္လူမႈ ကြန္ရက္ေပၚသို႔ တင္ခဲ့ရာ စက္ တင္ဘာ ၂၂ ရက္ ည ၈ နာရီခန္႔ အထိ ၾကည့္႐ႈသူ ကိုးသိန္းခြဲေက်ာ္ ရွိၿပီး ျပန္လည္မွ်ေဝသူ ႏွစ္ေသာင္းခြဲေက်ာ္ရွိသည္။

ထိုဗီဒီယို ထြက္ေပၚၿပီး ေနာက္ တရားလႊတ္ေတာ္ေရွ႕ေန ဦးမိုးဟိန္းက အဆုိပါ အမ်ိဳးသမီး အတြက္ အခမဲ့ဥပေဒအကူအညီ ေပးလိုသျဖင့္ ဆက္သြယ္ပါရန္ အေၾကာင္း၊ ေရွ႕ေန၏ ဖုန္းနံပါတ္ ႏွင့္ ပို႔စ္ကိုလည္း ေဖ့စ္ဘြတ္ခ္သံုး စြဲသူမ်ားက လူမႈကြန္ရက္တြင္ မွ်ေဝခဲ့သည္။ ထို႔ေနာက္ ဦးမိုး ဟိန္းႏွင့္ အဆက္အသြယ္ရရွိခဲ့ ေၾကာင္း မလင္းလင္းခုိင္၏ မိသားစုဝင္မ်ားက ဆုိသည္။

‘‘ဥပေဒအကူအညီလိုအပ္ ေနတဲ့အတြက္ လူသားခ်င္းစာနာ လုိ႔ ပရဟိတစိတ္တစ္ခုတည္းနဲ႔ ကူညီေပးတာပါ’’ဟု တရားလႊတ္ ေတာ္ေရွ႕ေန ဦးမိုးဟိန္းက ရွင္းျပ သည္။

ရဲတပ္ဖြဲ႕ ထုတ္ျပန္ခ်က္ႏွင့္ ဗီဒီယို ဖိုင္၏ ကြဲလြဲခ်က္မ်ား

လူမႈကြန္ရက္တြင္ ရဲတပ္ဖြဲ႕ ၏ သတင္းထုတ္ျပန္ခ်က္က ဦးစြာထြက္ေပၚျခင္းျဖစ္ၿပီး ႏွစ္နာရီအ ကြာတြင္ က်ဴးလြန္သူ အမ်ိဳးသမီး ၏ ကိုယ္တုိင္ဝန္ခံခ်က္ ဗီဒီယိုဖိုင္ ေပၚထြက္ျခင္းျဖစ္သည္။

စက္တင္ဘာ ၁၆ ရက္က မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္ရွိ တည္းခိုခန္းတစ္ခုတြင္ အမ်ိဳးသား တစ္ဦး ဓားဒဏ္ရာမ်ားျဖင့္ ေသ ဆံုးမႈႏွင့္ပတ္သက္၍ က်ဴးလြန္သူူ အမ်ိဳးသမီးကို စက္တင္ဘာ ၂၁ ရက္တြင္ ဖမ္းဆီးမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

အသတ္ခံရသည့္ အမ်ိဳးသားသည္ အိမ္ေထာင္ရွိလ်က္ႏွင့္ လူပ်ိဳဟု လိမ္ညာေျပာဆို၍ ျပစ္မႈက်ဴး လြန္သူ အမ်ိဳးသမီးအား ေပါင္း သင္းေနထိုင္သျဖင့္ ဓားျဖင့္ ထိုး သတ္သည္ဟု သတင္းထုတ္ျပန္ သည္။

လူသတ္မႈက်ဴးလြန္သူ အ သက္ (၃၉)ႏွစ္အရြယ္ မလင္းလင္းခုိင္သည္ ေဒါပံုၿမိဳ႕နယ္ ဗိုလ္ထြန္း ဇံရပ္ကြက္အတြင္း ေနထိုင္သူဟု စံုစမ္းသိရွိရ၍ ၎ကို စက္တင္ ဘာ ၂၁ ရက္ နံနက္ ၃ နာရီခန္႔က ေဒါပံုၿမိဳ႕နယ္ ယမံုနာ (၂) ရပ္ ကြက္အတြင္းရွိ လက္ဖက္ရည္ ဆိုင္တစ္ဆုိင္မွ ဖမ္းမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထုတ္ျပန္ခ်က္တြင္ ေဖာ္ ျပထားသည္။

ဗီဒီယိုဖိုင္တြင္မူ အမ်ိဳးသမီး က ၎ကိုုယ္တုိင္ ရဲစခန္းတြင္ အဖမ္းခံမည္ျဖစ္ေၾကာင္း ဝန္ခံ ေျပာဆိုထားသည္။ ထို႔အျပင္ က်ဴး လြန္သူ အမ်ိဳးသမီးကိုယ္တိုင္ဝန္ခံ ေရးအတြက္ ကူညီေပးသည့္ မအိ သဇင္ထြန္း (မခ်စ္မ) က ၎ကိုယ္ တိုင္ ခ႐ိုင္ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးကို ဖုန္းဆက္၍ လာဖမ္းရန္အကူအညီေတာင္းခဲ့ေၾကာင္း 7Day Daily သတင္းစာအား ေျပာ သည္။

‘‘အစ္မရယ္ ကိုယ္ကိုယ္တုိင္ အဖမ္းခံရင္ ဂုဏ္ရွိတယ္။ သူမ်ား ဖမ္းမွ မိတာနဲ႔ မတူဘူးဆုိၿပီးေတာ့ ကြၽန္မတုိ႔ အဖမ္းခံခဲ့တယ္။ ခ႐ိုင္ ရဲတပ္ဖြဲ႕က ခ႐ိုင္ဒနက ရဲအုပ္ကို ဖုန္းဆက္အကူအညီေတာင္းၿပီး ေတာ့ သူ႔အကူအညီနဲ႔ စခန္းသြား ခဲ့တယ္’’ဟု မအိသဇင္ထြန္းက ေျပာသည္။

ထို႔အျပင္ ဗီဒီဖိုင္တြင္ လူ သတ္မႈက်ဴးလြန္သူ အမ်ိဳးသမီးက ၎အေပၚ ခင္ပြန္းသည္က ကာမ လိမ္လည္ရယူသည့္အျပင္ ျမဝတီ ၿမိဳ႕သို႔ ေသြးေဆာင္ေခၚေဆာင္ သြားကာ ပစ္ထားခဲ့သျဖင့္ ေတာင္ ဒဂံုရဲစခန္းသို႔ သြားေရာက္အမႈဖြင့္ ေၾကာင္း၊ ေတာင္ဒဂံုရဲစခန္းက ဧရာဝဏ္ရဲစခန္းသို႔ သြားရန္သာ လမ္းၫႊန္ေၾကာင္း၊ ဧရာဝဏ္ ရဲစခန္းကလည္း ေတာင္ေျမာက္ ရဲစခန္းသို႔သာ ျပန္သြားရန္ ထပ္မံ လႊဲေျပာင္းေၾကာင္း ေျပာဆိုထား သည္။ ထို႔ေနာက္ ေတာင္ဒဂံု ရဲစခန္းက တရား႐ံုးသို႔ ဦးတိုက္ ေလွ်ာက္ရန္ ေျပာဆို၍ ေတာင္ ဒဂံုၿမိဳ႕နယ္ တရား႐ံုး၌ ဦးတိုက္ ေလွ်ာက္ခဲ့ရာ ဥပေဒအရာရွိက ျဖစ္စဥ္သည္ ျမဝတီၿမိဳ႕တြင္ ျဖစ္ပြားျခင္းေၾကာင့္ ျမဝတီတရား႐ံုး သို႔ သြားရန္သာ လမ္းၫႊန္ေၾကာင္း ဝန္ခံခ်က္ ဗီဒီယိုတြင္ အမ်ိဳးသမီး က ေျပာၾကားထားသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ အမည္မေဖာ္လိုသူ အႀကီးတန္း ရဲအရာရွိတစ္ဦးက ‘‘ရဲအေရးပိုင္ ပါတယ္။ ျမဝတီမွာ ဖြင့္လိုက္လို႔ ဘာညာ ေလွ်ာက္ေျပာေနတာ။ ဖြင့္လို႔ရတယ္။ ကာမကို လိမ္လည္ရယူတာ ၄၁၇ ဆုိေတာ့ ဦးတိုက္ ေလွ်ာက္ရတယ္ေလ။ အဲဒါနဲ႔ လုပ္လိုက္တာ ျဖစ္မယ္။ အမွန္က တစ္လင္တစ္မယားနဲ႔ စြဲရမွာ။ တစ္လင္တစ္မယားဆုိေတာ့ ဖြင့္ ေပးရမွာေပါ့။ ရဲဘက္က ဖြင့္ေပး မယ္ဆိုရင္ေတာ့ ဖြင့္ေပးလို႔ရ တယ္’’ဟု မွတ္ခ်က္ျပဳသည္။

သို႔ေသာ္ ရဲတပ္ဖြဲ႕၏ ထုတ္ ျပန္ခ်က္တြင္ ယင္းအခ်က္မ်ား မပါဝင္ေပ။

7Day Daily သတင္းစာက ေတာင္ဒဂံုၿမိဳ႕နယ္ရဲစခန္းသို႔ စက္ တင္ဘာ ၂၂ ရက္က ဖုန္းဆက္ သြယ္ေမးျမန္းရာ ‘‘ကြၽန္ေတာ္တုိ႔ အေနနဲ႔ ေျပာပိုင္ခြင့္မရွိေသးဘူး ေပါ့ေနာ္။ ဟိုမွာ အမႈစစ္ေဆးေန တဲ့ကာလဆုိေတာ့ ဒါကို ကြၽန္ ေတာ္တုိ႔က ေျပာပိုင္ခြင့္မရွိေသး ဘူး’’ဟု တာဝန္ရွိသူတစ္ဦးက ဆုိ သည္။

ယင္းကဲ့သို႔ ရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္ႏွင့္ မလင္း လင္းခုိင္ ကိုယ္တိုင္ဝန္ခံခ်က္ ဗီဒီ ယိုဖိုင္တြင္ ကြဲလြဲခ်က္အခ်ိဳ႕ရွိေန သည့္အေပၚ ရန္ကုန္တုိင္း ရဲတပ္ဖြဲ႕႐ံုးသို႔ ေမးျမန္းရာ ‘‘သတင္း ထုတ္ျပန္တယ္ဆုိတာ Short to the point ပဲေလ။ ဝတၳဳလိုခ်ေရး လို႔မရဘူးေလ။ အြန္လိုင္းမွာ တင္ တယ္ဆိုတာကလည္း မက္ေဆ့ခ်္ေပးတဲ့သေဘာေလ။ က်န္တဲ့ဟာေတြက တရား႐ံုးေရာက္မွ ဆက္ရင္ဆုိင္ရမွာ။ ဝတၳဳလိုမ်ိဳးေတာ့ ေဖ့စ္ဘြတ္ခ္မွာ တင္လုိ႔မရဘူး ေလ။ ျဖစ္ပြားတယ္၊ ေပၚေပါက္တယ္။ ဒါပဲေရးလို႔ရမယ္ေလ။ ဝတၳဳလို တစ္ေၾကာင္းခ်င္းစီ အ ေသးစိတ္ေရးလုိ႔မရဘူးေလ’’ဟု ရဲအရာရွိတစ္ဦးက ဆုိသည္။

ယင္းကြဲလြဲခ်က္ႏွင့္ ပတ္ သက္၍ မလင္းလင္းခုိင္ အမွန္အ တုိင္း ဝန္ခံေစရန္ တုိက္တြန္းခဲ့သူ မအိသဇင္ထြန္းက ‘‘သူတို႔ကို (ရဲတပ္ဖြဲ႕) အယံုအၾကည္မရွိလုိ႔ ကြၽန္မတုိ႔က ဗီဒီယိုဖိုင္ကို တင္ တာေလ။ သူတုိ႔ကို နဂိုကတည္း က ကြၽန္မတုိ႔က အယံုအၾကည္မွ မရွိတာ။ မရွိလို႔ မီဒီယာကို အား ကိုးတာေလ။ ဒါေၾကာင့္ (ဒီလို ထုတ္ျပန္တဲ့အေပၚ) ကြၽန္မတုိ႔က ထူးၿပီးခံစားေနစရာမလိုဘူးေလ’’ ဟု ေဝဖန္သည္။

မလင္းလင္းခိုင္၏ မိသားစုဝင္မ်ား ႏွင့္ ဗီဒီယိုဖိုင္ ၾကည့္႐ႈသူမ်ား၏ မွတ္ခ်က္မ်ား

မလင္းလင္းခိုင္သည္ ေလး တန္းအထိ ေက်ာင္းေနဖူးၿပီး ႐ိုး႐ိုး ေအးေအးႏွင့္ သည္းခံတတ္သူ တစ္ဦးျဖစ္ေၾကာင္း ၎၏ မိဘ မ်ားႏွင့္ မိသားစုဝင္မ်ားက ေျပာ သည္။ ၎သည္ ေမာင္ႏွမေျခာက္ေယာက္တြင္ အႀကီးဆံုးျဖစ္သည္။ ပထမအိမ္ေထာင္ႏွင့္ ကြဲၿပီး ေနာက္ သားေယာက်္ားကေလး ႏွစ္ဦးရွိေၾကာင္း မလင္းလင္းခုိင္ ၏ ညီမ မေအးေအးခိုင္ကဆုိ သည္။ ေသဆံုးသူႏွင့္ မလင္း လင္းခုိင္တုိ႔ ႏွစ္ဦးစလံုးသည္ ယခင္က အိမ္ေထာင္ကိုယ္စီက် ဖူးသူမ်ားျဖစ္ၿပီး မလင္းလင္းခုိင္ ေနာက္အိမ္ေထာင္ျပဳခဲ့ျခင္းကို မိသားစုဝင္မ်ားက မသိရွိေၾကာင္း ေျပာသည္။ ထိုအမ်ိဳးသားေၾကာင့္ မလင္းလင္းခုိင္ ဒုကၡေရာက္ခဲ့ သည့္အေၾကာင္းမ်ား၊ လူသတ္ခဲ့ သည့္ အေၾကာင္းမ်ားကို ၎တုိ႔ အိမ္သို႔ အုပ္ခ်ဳပ္ေရးမွဴးမ်ား လာ ေရာက္ေျပာဆိုမွသာ သိရွိရ ေၾကာင္း ဖခင္ျဖစ္သူက ေျပာ သည္။

မလင္းလင္းခိုင္၏ ဖခင္က ‘‘မွန္တယ္။ အဲဒီလိုသတ္လိုက္ တာ နည္းေတာင္နည္းေသးတယ္ လို႔ ေတြးမိတယ္။ ေယာက်္ားတန္ မဲ့နဲ႔ မတရားလုပ္တာေလ။ မတရားလုပ္တာကို မႀကိဳက္တဲ့ စိတ္ဓာတ္လည္းရွိတယ္’’ဟု 7Day Daily သတင္းစာအား မွတ္ ခ်က္ျပဳသည္။

ထို႔အျပင္ မလင္းလင္းခုိင္ ႀကံဳေတြ႕ခဲ့ရသည့္ ျဖစ္ရပ္အေပၚ ဥပေဒေၾကာင္းအရ မေျဖရွင္းေပး ခဲ့သည့္ ရဲအရာရွိမ်ား၊ တရားေရး ဝန္ထမ္းမ်ားကို အေရးယူေပးေစ လိုေၾကာင္း ဖခင္ ဦးတင္ထြန္းက ေျပာၾကားသည္။

မလင္းလင္းခုိင္၏ ကိုယ္ တိုင္ဝန္ခံခ်က္ ဗီဒီယိုဖိုင္တြင္ လည္း ဥပေဒေၾကာင္းအရ ေျဖ ရွင္းခြင့္မေပးသည့္ ရဲႏွင့္ ေရွ႕ေန ကို အေရးယူေပးေစလိုေၾကာင္း၊ ေသဆံုးသူ ထြန္းလင္းေအာင္ကို သတ္သည့္ တရားခံသည္ တရား ေရးမ႑ိဳင္ႏွင့္ ဝန္ထမ္းမ်ားျဖစ္ ေၾကာင္း မွတ္ခ်က္ျပဳထားသည္။

လြင္တင္ဦးဆုိသည့္ အ ေကာင့္ကလည္း ‘‘အဓိက၊ တရား ခံအစစ္ကေတာ့ တရားဥပေဒဆို တဲ့ဟာႀကီးနဲ႔ ျပည္သူ႔လစာစားေန တဲ့ ဝန္ထမ္းတခ်ိဳ႕ရဲ႕ ေစတနာ ယုတ္ညံ့မႈပါပဲဗ်ာ’’ဟု မွတ္ခ်က္ ျပဳထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
မလင်းလင်းခိုင်ကို စက်တင်ဘာ ၂၁ ရက်က ရုံးထုတ်လာစဉ်

လူပျိုဟု လိမ်ညာပေါင်း သင်းသောကြောင့်ဆိုကာ အမျိုး သားတစ်ဦးကို မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းတစ်ခု တွင် ဓားဖြင့်ထိုးသတ်ခဲ့သည်ဟု ထွက်ဆိုထားသည့် မလင်းလင်း ခိုင်အတွက် တရားလွှတ်တော်ရှေ့နေတစ်ဦးက အခမဲ့ လိုက်ပါ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း အမျိုးသမီး၏ မိသားစုဝင်များက ပြောသည်။


အိမ်ထောင်ရှိလျက်နှင့် လူ ပျိုဟုဆိုကာ လိမ်ညာပေါင်းသင်း ခဲ့သည့် ခင်ပွန်းသည်က ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့သို့ ခေါ် ဆောင်ပြီးနောက် ကွမ်းယာသွား ဝယ်မည်ဆိုကာ အိမ်တစ်အိမ်ရှေ့ တွင် ပစ်ထားခဲ့ပြီး အဆိုပါ နေအိမ်မှ အမျိုးသမီးတစ်ဦးက မလင်း လင်းခိုင်ကို ထိုင်းနိုင်ငံသို့ ပို့ ဆောင်မည်ဟု ပြောဆိုသဖြင့် အနီးရှိ အီကြာကွေးသည်၏ လမ်း စရိတ်အကူအညီဖြင့် ရန်ကုန်သို့ ပြန်လာနိုင်ခဲ့ကြောင်း မလင်းလင်း ခိုင်က ဗီဒီယိုရိုက်ကူး၍ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် လွှင့်တင် ကာ ဝန်ခံခဲ့သည်။

ထိုအကြောင်းကို ရဲစခန်းနှင့် တရားရုံးသို့ ဦးတိုက်လျှောက်ထား သော်လည်း အရေးယူပေးခြင်းမရှိ သဖြင့် ခင်ပွန်းအပေါ် နာကြည်း၍ဆိုကာ ၎င်းထီပေါက်သည်ဟု သတင်းလွှင့်၍ ရန်ကုန်သို့ ခင်ပွန်းကိုခေါ်ခဲ့ပြီးနောက် တည်းခိုခန်းတွင် ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း တရားခံအမျိုးသမီးက ဝန်ခံခဲ့သည်။

ထိုဝန်ခံချက်ကို စက်တင် ဘာ ၂၁ ရက်က ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်ပေါ်သို့ တင်ခဲ့ရာ စက် တင်ဘာ ၂၂ ရက် ည ၈ နာရီခန့် အထိ ကြည့်ရှုသူ ကိုးသိန်းခွဲကျော် ရှိပြီး ပြန်လည်မျှဝေသူ နှစ်သောင်းခွဲကျော်ရှိသည်။

ထိုဗီဒီယို ထွက်ပေါ်ပြီး နောက် တရားလွှတ်တော်ရှေ့နေ ဦးမိုးဟိန်းက အဆိုပါ အမျိုးသမီး အတွက် အခမဲ့ဥပဒေအကူအညီ ပေးလိုသဖြင့် ဆက်သွယ်ပါရန် အကြောင်း၊ ရှေ့နေ၏ ဖုန်းနံပါတ် နှင့် ပို့စ်ကိုလည်း ဖေ့စ်ဘွတ်ခ်သုံး စွဲသူများက လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။ ထို့နောက် ဦးမိုး ဟိန်းနှင့် အဆက်အသွယ်ရရှိခဲ့ ကြောင်း မလင်းလင်းခိုင်၏ မိသားစုဝင်များက ဆိုသည်။

‘‘ဥပဒေအကူအညီလိုအပ် နေတဲ့အတွက် လူသားချင်းစာနာ လို့ ပရဟိတစိတ်တစ်ခုတည်းနဲ့ ကူညီပေးတာပါ’’ဟု တရားလွှတ် တော်ရှေ့နေ ဦးမိုးဟိန်းက ရှင်းပြ သည်။

ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်နှင့် ဗီဒီယို ဖိုင်၏ ကွဲလွဲချက်များ

လူမှုကွန်ရက်တွင် ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်က ဦးစွာထွက်ပေါ်ခြင်းဖြစ်ပြီး နှစ်နာရီအ ကွာတွင် ကျူးလွန်သူ အမျိုးသမီး ၏ ကိုယ်တိုင်ဝန်ခံချက် ဗီဒီယိုဖိုင် ပေါ်ထွက်ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၆ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် အမျိုးသား တစ်ဦး ဓားဒဏ်ရာများဖြင့် သေ ဆုံးမှုနှင့်ပတ်သက်၍ ကျူးလွန်သူူ အမျိုးသမီးကို စက်တင်ဘာ ၂၁ ရက်တွင် ဖမ်းဆီးမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အသတ်ခံရသည့် အမျိုးသားသည် အိမ်ထောင်ရှိလျက်နှင့် လူပျိုဟု လိမ်ညာပြောဆို၍ ပြစ်မှုကျူး လွန်သူ အမျိုးသမီးအား ပေါင်း သင်းနေထိုင်သဖြင့် ဓားဖြင့် ထိုး သတ်သည်ဟု သတင်းထုတ်ပြန် သည်။

လူသတ်မှုကျူးလွန်သူ အ သက် (၃၉)နှစ်အရွယ် မလင်းလင်းခိုင်သည် ဒေါပုံမြို့နယ် ဗိုလ်ထွန်း ဇံရပ်ကွက်အတွင်း နေထိုင်သူဟု စုံစမ်းသိရှိရ၍ ၎င်းကို စက်တင် ဘာ ၂၁ ရက် နံနက် ၃ နာရီခန့်က ဒေါပုံမြို့နယ် ယမုံနာ (၂) ရပ် ကွက်အတွင်းရှိ လက်ဖက်ရည် ဆိုင်တစ်ဆိုင်မှ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ဗီဒီယိုဖိုင်တွင်မူ အမျိုးသမီး က ၎င်းကိုယ်တိုင် ရဲစခန်းတွင် အဖမ်းခံမည်ဖြစ်ကြောင်း ဝန်ခံ ပြောဆိုထားသည်။ ထို့အပြင် ကျူး လွန်သူ အမျိုးသမီးကိုယ်တိုင်ဝန်ခံ ရေးအတွက် ကူညီပေးသည့် မအိ သဇင်ထွန်း (မချစ်မ) က ၎င်းကိုယ် တိုင် ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကို ဖုန်းဆက်၍ လာဖမ်းရန်အကူအညီတောင်းခဲ့ကြောင်း 7Day Daily သတင်းစာအား ပြော သည်။

‘‘အစ်မရယ် ကိုယ်ကိုယ်တိုင် အဖမ်းခံရင် ဂုဏ်ရှိတယ်။ သူများ ဖမ်းမှ မိတာနဲ့ မတူဘူးဆိုပြီးတော့ ကျွန်မတို့ အဖမ်းခံခဲ့တယ်။ ခရိုင် ရဲတပ်ဖွဲ့က ခရိုင်ဒနက ရဲအုပ်ကို ဖုန်းဆက်အကူအညီတောင်းပြီး တော့ သူ့အကူအညီနဲ့ စခန်းသွား ခဲ့တယ်’’ဟု မအိသဇင်ထွန်းက ပြောသည်။

ထို့အပြင် ဗီဒီဖိုင်တွင် လူ သတ်မှုကျူးလွန်သူ အမျိုးသမီးက ၎င်းအပေါ် ခင်ပွန်းသည်က ကာမ လိမ်လည်ရယူသည့်အပြင် မြဝတီ မြို့သို့ သွေးဆောင်ခေါ်ဆောင် သွားကာ ပစ်ထားခဲ့သဖြင့် တောင် ဒဂုံရဲစခန်းသို့ သွားရောက်အမှုဖွင့် ကြောင်း၊ တောင်ဒဂုံရဲစခန်းက ဧရာဝဏ်ရဲစခန်းသို့ သွားရန်သာ လမ်းညွှန်ကြောင်း၊ ဧရာဝဏ် ရဲစခန်းကလည်း တောင်မြောက် ရဲစခန်းသို့သာ ပြန်သွားရန် ထပ်မံ လွှဲပြောင်းကြောင်း ပြောဆိုထား သည်။ ထို့နောက် တောင်ဒဂုံ ရဲစခန်းက တရားရုံးသို့ ဦးတိုက် လျှောက်ရန် ပြောဆို၍ တောင် ဒဂုံမြို့နယ် တရားရုံး၌ ဦးတိုက် လျှောက်ခဲ့ရာ ဥပဒေအရာရှိက ဖြစ်စဉ်သည် မြဝတီမြို့တွင် ဖြစ်ပွားခြင်းကြောင့် မြဝတီတရားရုံး သို့ သွားရန်သာ လမ်းညွှန်ကြောင်း ဝန်ခံချက် ဗီဒီယိုတွင် အမျိုးသမီး က ပြောကြားထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အမည်မဖော်လိုသူ အကြီးတန်း ရဲအရာရှိတစ်ဦးက ‘‘ရဲအရေးပိုင် ပါတယ်။ မြဝတီမှာ ဖွင့်လိုက်လို့ ဘာညာ လျှောက်ပြောနေတာ။ ဖွင့်လို့ရတယ်။ ကာမကို လိမ်လည်ရယူတာ ၄၁၇ ဆိုတော့ ဦးတိုက် လျှောက်ရတယ်လေ။ အဲဒါနဲ့ လုပ်လိုက်တာ ဖြစ်မယ်။ အမှန်က တစ်လင်တစ်မယားနဲ့ စွဲရမှာ။ တစ်လင်တစ်မယားဆိုတော့ ဖွင့် ပေးရမှာပေါ့။ ရဲဘက်က ဖွင့်ပေး မယ်ဆိုရင်တော့ ဖွင့်ပေးလို့ရ တယ်’’ဟု မှတ်ချက်ပြုသည်။

သို့သော် ရဲတပ်ဖွဲ့၏ ထုတ် ပြန်ချက်တွင် ယင်းအချက်များ မပါဝင်ပေ။

7Day Daily သတင်းစာက တောင်ဒဂုံမြို့နယ်ရဲစခန်းသို့ စက် တင်ဘာ ၂၂ ရက်က ဖုန်းဆက် သွယ်မေးမြန်းရာ ‘‘ကျွန်တော်တို့ အနေနဲ့ ပြောပိုင်ခွင့်မရှိသေးဘူး ပေါ့နော်။ ဟိုမှာ အမှုစစ်ဆေးနေ တဲ့ကာလဆိုတော့ ဒါကို ကျွန် တော်တို့က ပြောပိုင်ခွင့်မရှိသေး ဘူး’’ဟု တာဝန်ရှိသူတစ်ဦးက ဆို သည်။

ယင်းကဲ့သို့ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်နှင့် မလင်း လင်းခိုင် ကိုယ်တိုင်ဝန်ခံချက် ဗီဒီ ယိုဖိုင်တွင် ကွဲလွဲချက်အချို့ရှိနေ သည့်အပေါ် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးသို့ မေးမြန်းရာ ‘‘သတင်း ထုတ်ပြန်တယ်ဆိုတာ Short to the point ပဲလေ။ ဝတ္ထုလိုချရေး လို့မရဘူးလေ။ အွန်လိုင်းမှာ တင် တယ်ဆိုတာကလည်း မက်ဆေ့ချ်ပေးတဲ့သဘောလေ။ ကျန်တဲ့ဟာတွေက တရားရုံးရောက်မှ ဆက်ရင်ဆိုင်ရမှာ။ ဝတ္ထုလိုမျိုးတော့ ဖေ့စ်ဘွတ်ခ်မှာ တင်လို့မရဘူး လေ။ ဖြစ်ပွားတယ်၊ ပေါ်ပေါက်တယ်။ ဒါပဲရေးလို့ရမယ်လေ။ ဝတ္ထုလို တစ်ကြောင်းချင်းစီ အ သေးစိတ်ရေးလို့မရဘူးလေ’’ဟု ရဲအရာရှိတစ်ဦးက ဆိုသည်။

ယင်းကွဲလွဲချက်နှင့် ပတ် သက်၍ မလင်းလင်းခိုင် အမှန်အ တိုင်း ဝန်ခံစေရန် တိုက်တွန်းခဲ့သူ မအိသဇင်ထွန်းက ‘‘သူတို့ကို (ရဲတပ်ဖွဲ့) အယုံအကြည်မရှိလို့ ကျွန်မတို့က ဗီဒီယိုဖိုင်ကို တင် တာလေ။ သူတို့ကို နဂိုကတည်း က ကျွန်မတို့က အယုံအကြည်မှ မရှိတာ။ မရှိလို့ မီဒီယာကို အား ကိုးတာလေ။ ဒါကြောင့် (ဒီလို ထုတ်ပြန်တဲ့အပေါ်) ကျွန်မတို့က ထူးပြီးခံစားနေစရာမလိုဘူးလေ’’ ဟု ဝေဖန်သည်။

မလင်းလင်းခိုင်၏ မိသားစုဝင်များ နှင့် ဗီဒီယိုဖိုင် ကြည့်ရှုသူများ၏ မှတ်ချက်များ

မလင်းလင်းခိုင်သည် လေး တန်းအထိ ကျောင်းနေဖူးပြီး ရိုးရိုး အေးအေးနှင့် သည်းခံတတ်သူ တစ်ဦးဖြစ်ကြောင်း ၎င်း၏ မိဘ များနှင့် မိသားစုဝင်များက ပြော သည်။ ၎င်းသည် မောင်နှမခြောက်ယောက်တွင် အကြီးဆုံးဖြစ်သည်။ ပထမအိမ်ထောင်နှင့် ကွဲပြီး နောက် သားယောကျ်ားကလေး နှစ်ဦးရှိကြောင်း မလင်းလင်းခိုင် ၏ ညီမ မအေးအေးခိုင်ကဆို သည်။ သေဆုံးသူနှင့် မလင်း လင်းခိုင်တို့ နှစ်ဦးစလုံးသည် ယခင်က အိမ်ထောင်ကိုယ်စီကျ ဖူးသူများဖြစ်ပြီး မလင်းလင်းခိုင် နောက်အိမ်ထောင်ပြုခဲ့ခြင်းကို မိသားစုဝင်များက မသိရှိကြောင်း ပြောသည်။ ထိုအမျိုးသားကြောင့် မလင်းလင်းခိုင် ဒုက္ခရောက်ခဲ့ သည့်အကြောင်းများ၊ လူသတ်ခဲ့ သည့် အကြောင်းများကို ၎င်းတို့ အိမ်သို့ အုပ်ချုပ်ရေးမှူးများ လာ ရောက်ပြောဆိုမှသာ သိရှိရ ကြောင်း ဖခင်ဖြစ်သူက ပြော သည်။

မလင်းလင်းခိုင်၏ ဖခင်က ‘‘မှန်တယ်။ အဲဒီလိုသတ်လိုက် တာ နည်းတောင်နည်းသေးတယ် လို့ တွေးမိတယ်။ ယောကျ်ားတန် မဲ့နဲ့ မတရားလုပ်တာလေ။ မတရားလုပ်တာကို မကြိုက်တဲ့ စိတ်ဓာတ်လည်းရှိတယ်’’ဟု 7Day Daily သတင်းစာအား မှတ် ချက်ပြုသည်။

ထို့အပြင် မလင်းလင်းခိုင် ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်အပေါ် ဥပဒေကြောင်းအရ မဖြေရှင်းပေး ခဲ့သည့် ရဲအရာရှိများ၊ တရားရေး ဝန်ထမ်းများကို အရေးယူပေးစေ လိုကြောင်း ဖခင် ဦးတင်ထွန်းက ပြောကြားသည်။

မလင်းလင်းခိုင်၏ ကိုယ် တိုင်ဝန်ခံချက် ဗီဒီယိုဖိုင်တွင် လည်း ဥပဒေကြောင်းအရ ဖြေ ရှင်းခွင့်မပေးသည့် ရဲနှင့် ရှေ့နေ ကို အရေးယူပေးစေလိုကြောင်း၊ သေဆုံးသူ ထွန်းလင်းအောင်ကို သတ်သည့် တရားခံသည် တရား ရေးမဏ္ဍိုင်နှင့် ဝန်ထမ်းများဖြစ် ကြောင်း မှတ်ချက်ပြုထားသည်။

လွင်တင်ဦးဆိုသည့် အ ကောင့်ကလည်း ‘‘အဓိက၊ တရား ခံအစစ်ကတော့ တရားဥပဒေဆို တဲ့ဟာကြီးနဲ့ ပြည်သူ့လစာစားနေ တဲ့ ဝန်ထမ်းတချို့ရဲ့ စေတနာ ယုတ်ညံ့မှုပါပဲဗျာ’’ဟု မှတ်ချက် ပြုထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top