×

ဝိဉာဥ္ကသာမေျပာခဲ့ရင္ ဒီအမွန္တရားဟာ ထာဝရေပ်ာက္ကြယ္သြားေလမလား …

ေဒၚသဇင္ေအာင္

အၾကားအျမင္ ႏွင့္ ေ႐ွ႕ျဖစ္ေဟာ

(ကြယ္လြန္သူမ်ားႏွင့္လည္း ဆက္သြယ္ေပးႏိုင္သည္)

ၿခံဝင္းေ႐ွ႕တြင္ခ်ိတ္ထားေသာ ဆိုင္းဘုတ္ေၾကာင့္ သူတို႔လာခ်င္သည့္လိပ္စာမွန္ၿပီဟု ေက်နပ္သြားသည္။ ေဝေဝ က ၿခံတံခါး႐ွိ လူေခၚေခါင္းေလာင္းကို ႏွိပ္ဖို႔ ရြယ္လိုက္စဥ္ လက္တစ္ဘက္ကသူ႔ကိုဆြဲလုိက္သည္။ လွည့္ၾကည့္လုိက္ေတာ့ မူယာ ..

“ေနပါဦး ေဝေဝ၊ ဘာလို႔ ဒါေတြလုပ္ခ်င္ေနရတာတုန္း… အလိမ္အညာေတြ ယံုမေနစမ္းပါနဲ႔”

“အလိမ္အညာပဲျဖစ္ျဖစ္ ဘာျဖစ္ျဖစ္ ကိုကိုနဲ႔ေတြ႔ရဖို႔ ဘာမဆုိငါလုပ္မယ္.. နင္လည္း မဆုိင္တာဝင္မပါပါနဲ႔”

ေဒါသစိတ္ေၾကာင့္ ေဝေဝေျပာမိသြားၿပီး စိတ္မေကာင္းျဖစ္သြားသည္။ တကယ္က မူယာဒီကိုပါလာဖို႔ ေဝေဝက အတင္းေခၚလာျခင္းျဖစ္သည္ေလ..

“နင္ စိတ္ခ်မ္းသာသလုိပဲလုပ္ပါ ငါကမျဖစ္သင့္တာမျဖစ္ေအာင္ေျပာတာပါ”

မူယာ က စိတ္ေလွ်ာ့လုိက္ပံုရသည္။ ေဝေဝ ဆက္မေျပာေတာ့ဘဲ လူေခၚေခါင္းေလာင္းကိုႏွိပ္လုိက္သည္။

……….

အခန္းထဲတြင္ အေမႊးတိုင္အနံ႔မ်ားကမႊန္ထူေနသည္။ တစ္ခန္းလံုးကို အေမွာင္ခ်ထားၿပီး ဝါဆိုဖေယာင္းတိုင္ႀကီး တစ္တိုင္သာ ထြန္းထားသည္။

“ကိစၥကိုေျပာ”

စားပြဲတစ္ဘက္မွ အမ်ိဳးသမီးႀကီးက သံျပတ္ျဖင့္ ေျပာသည္။

ေဝေဝက အိတ္ထဲမွ ဓာတ္ပံုတစ္ပံုကို ထုတ္လုိက္သည္။

“ဒါက ကၽြန္မခ်စ္သူပါ။ မင္းမင္း လို႔ေခၚပါတယ္။လြန္ခဲ့တဲ့တစ္ပတ္ကပဲ တိုက္ေပၚကျပဳတ္က်ၿပီးဆံုးသြားတာပါ။”

“အဲဒီေတာ့ …”

“ရဲေတြက ကိုယ့္ကိုယ္ကိုယ္ သတ္ေသတာလုိ႔ ေကာက္ခ်က္ခ်ပါတယ္။ ကၽြန္မက လက္မခံႏိုင္ပါဘူး ဒါေၾကာင့္ ကိုကို႔ကို အမွန္တရားေတြ ေမးခ်င္လုိ႔ပါ”

အမ်ိဳးသမီးက ေခါင္းတဆတ္ဆတ္ညိတ္ျပသည္။

“ေအး ဒါဆုိသူနဲ႔ ဆက္သြယ္ေပးမယ္။ ဒါေပမဲ့ ငါေျပာမယ့္ စည္းကမ္းေတြကို လုိက္နာရမယ္။ အဲဒါေတြက ကိစၥမၿပီးမခ်င္း ထမသြားရဘူး။ ဓာတ္ပံုမရိုက္ရဘူး အေရးအႀကီးဆံုးက ဒီအခန္းထဲမွာ ႐ွိတဲ့သူေတြ ကိစၥမၿပီးမခ်င္း ဘယ္သူမွ အျပင္မထြက္ရဘူး။ ထြက္ရင္ေသလိမ့္မယ္။ ဒါပဲ”

သူ႔စကားေၾကာင့္ ေဝေဝ ေရာ မူယာ ပါေၾကာက္စိတ္ျဖင့္ တုန္သြားမိသည္။

ေဝေဝကေတာ့ လုပ္မည္ဟုဆံုးျဖတ္ထား၍ “နားလည္ပါတယ္” ဟုသာ ေျဖလုိက္သည္။ မူယာတစ္ေယာက္ေတာ့ မ်က္ႏွာျဖဴေလ်ာ္ေလ်ာ္ ျဖစ္ေနသည္။

အမ်ိဳးသမီးႀကီးက မင္းမင္းရဲ႕ ဓာတ္ပံုကို ကိုင္ကာ ခႏၶာကိုယ္ကို အေ႐ွ႕အေနာက္ရမ္းေနသည္။ျဖည္းျဖည္းခ်င္းရမ္းရာမွ ပိုပိုျမန္လာသည္။ ပါးစပ္မွလည္း ဂါထာမ်ားကို တတြတ္တြတ္႐ြတ္ေနသည္။

ထို႔ေနာက္ …..

ျဗဳန္းကနဲ အရာအားလံုးၿငိမ္သက္သြားသည္။ အမ်ိဳးသမီးႀကီးလည္း လႈပ္႐ွားမႈ ရပ္သြားသည္။

“ေဝ  ..”

႐ုတ္တရက္ ထြက္လာေသာ အသံေၾကာင့္ ေဝေဝ တုန္ယင္သြားသည္။ မူယာတစ္ေယာက္ေတာ့ စိတ္လႈပ္႐ွားတာလား ေၾကာက္တာလားမသိ မ်က္ရည္မ်ားပင္စီးက်လာသည္။

အသံ ကတစ္ကယ့္ကို ကိုကို႔အသံပါ။ ဘဝျခားေပမဲ့ ေဝေဝ အမွတ္ရေနဆဲပါ

“ေဝ ေနေကာင္းရဲ႕လား”

“ေဝ ေနေကာင္းပါတယ္၊ ေဝ ကိုကို႔ကို သတိရေနပါတယ္။”

ကိုကိုဆီက အသံထြက္မလာပါ။

ေဝေဝ က ေနာက္ထပ္ေျပာလုိက္သည္။

“ကိုကို ကေရာ ေဝ့ ကို သတိမရဘူးလား။ ရဲေတြက ကိုကို ေသတာ ကိုယ့္ကိုယ္ကိုယ္သတ္ေသတာတဲ့ အဲဒါ ဟုတ္ရဲ႕လား ကိုကို ဘာလို႔ အဲ့ဒီလို လုပ္ရတာလဲ ကိုကိုရယ္ ..”

“ကိုကို ေသတာ ကိုယ့္ကိုယ္ကိုယ္ သတ္ေသတာမဟုတ္ပါဘူး အသတ္ခံရတာပါ”

“ရွင္ …”

ကိုကို႔စကားက ေဝေဝလံုးဝထင္မထားေသာစကားျဖစ္သည္။ ထိုစဥ္ ေဘးမွ မူယာက ခပ္တုိးတိုးေျပာသည္။

“ေဝေဝ ငါ ျပန္ေတာ့မယ္ဟာ”

“ဘယ္လုိျဖစ္ေနတာလဲ ေနပါဦး ဒီကိစၥ မၿပီးမခ်င္း အျပင္မထြက္ရဘူးေလ”

အေရးထဲ မူယာကတစ္မ်ိဳးပါလား ..

“ဘယ္လိုျဖစ္ရတာလဲ ကိုကို၊ ကိုကို႔ကို ဘယ္သူသတ္တာလဲ”

“ဘယ္သူသတ္တာလဲဆိုတာ မေျပာခင္ ေဝ့ကို ကိုကို ဝန္ခံစရာ႐ွိတယ္။ ကိုကို ေဝ့ကြယ္ရာမွာ ေဖာက္ျပန္ခဲ့မိတယ္။ ကိုကိုေနာင္တရလို႔ အမွားျပန္ျပင္ဖုိ႔ ႀကိဳးစားပါတယ္။ အဲဒီေန႔က ကိုကို သူနဲ႔ထပ္ၿပီး မဆက္သြယ္ေတာ့ဘူးဆိုတာ ႐ွင္းျပဖို႔ႀကိဳးစားတယ္။ သူကလက္မခံဘူး ေဝ့ကို အျဖစ္မွန္ေတြ အကုန္ေျပာမယ္တဲ့။ ကိုကို သူ႔ကိုေဖ်ာင္းဖ်တာကိုလက္မခံဘဲ ကိုကို႔ကို တိုက္ေပၚက တြန္းခ်လိုက္တာပဲ”

“႐ွင္ ….”

ၾကားရတာေတြက မယံုႏိုင္စရာပါလား …

“အဲ့ဒါဘယ္သူလဲ ကိုကို”

“အဲဒါ မူယာ ပဲ …”

“ရွင္ ……”

ကိုကိုက သူ႔နာမည္ေျပာလိုက္စဥ္မွာပင္ မူယာတစ္ေယာက္ အခန္းအျပင္သို႔ ထြက္ေျပးသြားသည္။ အခန္းတံခါးသို႔ေရာက္ခါနီးမွာပင္ မူယာ့အား မျမင္ရေသာ အရာတစ္ခုက ေဆာင့္ဆြဲလုိက္သလုိ လဲက်သြားသည္။ ထုိ႔အျပင္ မူယာအား တစ္စံုတစ္ေယာက္က လည္ပင္းညွစ္ေနသလို ႐ုန္းကန္ေနသည္ကို ျမင္ရၿပီး မိနစ္အနည္းငယ္အၾကာ မူယာတစ္ေယာက္ ထာဝရၿငိမ္သက္သြားေတာ့သည္။

ေဝေဝ့ နားထဲမွာေတာ့ အၾကားအျမင္ဆရာမ ေျပာစကားကို ၾကားေယာင္ေနမိသည္။

“ဒီအခန္းထဲမွာ ႐ွိတဲ့သူေတြ ကိစၥမၿပီးမခ်င္း ဘယ္သူမွ အျပင္မထြက္ရဘူး။ ထြက္ရင္ ေသလိမ့္မယ္ …..”

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sugar Cane (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #


    ဝိဉာဉ်ကသာမပြောခဲ့ရင် ဒီအမှန်တရားဟာ ထာဝရပျောက်ကွယ်သွားလေမလား …

ဒေါ်သဇင်အောင်

အကြားအမြင် နှင့် ရှေ့ဖြစ်ဟော

(ကွယ်လွန်သူများနှင့်လည်း ဆက်သွယ်ပေးနိုင်သည်)

ခြံဝင်းရှေ့တွင်ချိတ်ထားသော ဆိုင်းဘုတ်ကြောင့် သူတို့လာချင်သည့်လိပ်စာမှန်ပြီဟု ကျေနပ်သွားသည်။ ဝေဝေ က ခြံတံခါးရှိ လူခေါ်ခေါင်းလောင်းကို နှိပ်ဖို့ ရွယ်လိုက်စဉ် လက်တစ်ဘက်ကသူ့ကိုဆွဲလိုက်သည်။ လှည့်ကြည့်လိုက်တော့ မူယာ ..

“နေပါဦး ဝေဝေ၊ ဘာလို့ ဒါတွေလုပ်ချင်နေရတာတုန်း… အလိမ်အညာတွေ ယုံမနေစမ်းပါနဲ့”

“အလိမ်အညာပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကိုကိုနဲ့တွေ့ရဖို့ ဘာမဆိုငါလုပ်မယ်.. နင်လည်း မဆိုင်တာဝင်မပါပါနဲ့”

ဒေါသစိတ်ကြောင့် ဝေဝေပြောမိသွားပြီး စိတ်မကောင်းဖြစ်သွားသည်။ တကယ်က မူယာဒီကိုပါလာဖို့ ဝေဝေက အတင်းခေါ်လာခြင်းဖြစ်သည်လေ..

“နင် စိတ်ချမ်းသာသလိုပဲလုပ်ပါ ငါကမဖြစ်သင့်တာမဖြစ်အောင်ပြောတာပါ”

မူယာ က စိတ်လျှော့လိုက်ပုံရသည်။ ဝေဝေ ဆက်မပြောတော့ဘဲ လူခေါ်ခေါင်းလောင်းကိုနှိပ်လိုက်သည်။

……….

အခန်းထဲတွင် အမွှေးတိုင်အနံ့များကမွှန်ထူနေသည်။ တစ်ခန်းလုံးကို အမှောင်ချထားပြီး ဝါဆိုဖယောင်းတိုင်ကြီး တစ်တိုင်သာ ထွန်းထားသည်။

“ကိစ္စကိုပြော”

စားပွဲတစ်ဘက်မှ အမျိုးသမီးကြီးက သံပြတ်ဖြင့် ပြောသည်။

ဝေဝေက အိတ်ထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်လိုက်သည်။

“ဒါက ကျွန်မချစ်သူပါ။ မင်းမင်း လို့ခေါ်ပါတယ်။လွန်ခဲ့တဲ့တစ်ပတ်ကပဲ တိုက်ပေါ်ကပြုတ်ကျပြီးဆုံးသွားတာပါ။”

“အဲဒီတော့ …”

“ရဲတွေက ကိုယ့်ကိုယ်ကိုယ် သတ်သေတာလို့ ကောက်ချက်ချပါတယ်။ ကျွန်မက လက်မခံနိုင်ပါဘူး ဒါကြောင့် ကိုကို့ကို အမှန်တရားတွေ မေးချင်လို့ပါ”

အမျိုးသမီးက ခေါင်းတဆတ်ဆတ်ညိတ်ပြသည်။

“အေး ဒါဆိုသူနဲ့ ဆက်သွယ်ပေးမယ်။ ဒါပေမဲ့ ငါပြောမယ့် စည်းကမ်းတွေကို လိုက်နာရမယ်။ အဲဒါတွေက ကိစ္စမပြီးမချင်း ထမသွားရဘူး။ ဓာတ်ပုံမရိုက်ရဘူး အရေးအကြီးဆုံးက ဒီအခန်းထဲမှာ ရှိတဲ့သူတွေ ကိစ္စမပြီးမချင်း ဘယ်သူမှ အပြင်မထွက်ရဘူး။ ထွက်ရင်သေလိမ့်မယ်။ ဒါပဲ”

သူ့စကားကြောင့် ဝေဝေ ရော မူယာ ပါကြောက်စိတ်ဖြင့် တုန်သွားမိသည်။

ဝေဝေကတော့ လုပ်မည်ဟုဆုံးဖြတ်ထား၍ “နားလည်ပါတယ်” ဟုသာ ဖြေလိုက်သည်။ မူယာတစ်ယောက်တော့ မျက်နှာဖြူလျော်လျော် ဖြစ်နေသည်။

အမျိုးသမီးကြီးက မင်းမင်းရဲ့ ဓာတ်ပုံကို ကိုင်ကာ ခန္ဓာကိုယ်ကို အရှေ့အနောက်ရမ်းနေသည်။ဖြည်းဖြည်းချင်းရမ်းရာမှ ပိုပိုမြန်လာသည်။ ပါးစပ်မှလည်း ဂါထာများကို တတွတ်တွတ်ရွတ်နေသည်။

ထို့နောက် …..

ဗြုန်းကနဲ အရာအားလုံးငြိမ်သက်သွားသည်။ အမျိုးသမီးကြီးလည်း လှုပ်ရှားမှု ရပ်သွားသည်။

“ဝေ  ..”

ရုတ်တရက် ထွက်လာသော အသံကြောင့် ဝေဝေ တုန်ယင်သွားသည်။ မူယာတစ်ယောက်တော့ စိတ်လှုပ်ရှားတာလား ကြောက်တာလားမသိ မျက်ရည်များပင်စီးကျလာသည်။

အသံ ကတစ်ကယ့်ကို ကိုကို့အသံပါ။ ဘဝခြားပေမဲ့ ဝေဝေ အမှတ်ရနေဆဲပါ

“ဝေ နေကောင်းရဲ့လား”

“ဝေ နေကောင်းပါတယ်၊ ဝေ ကိုကို့ကို သတိရနေပါတယ်။”

ကိုကိုဆီက အသံထွက်မလာပါ။

ဝေဝေ က နောက်ထပ်ပြောလိုက်သည်။

“ကိုကို ကရော ဝေ့ ကို သတိမရဘူးလား။ ရဲတွေက ကိုကို သေတာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာတဲ့ အဲဒါ ဟုတ်ရဲ့လား ကိုကို ဘာလို့ အဲ့ဒီလို လုပ်ရတာလဲ ကိုကိုရယ် ..”

“ကိုကို သေတာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာမဟုတ်ပါဘူး အသတ်ခံရတာပါ”

“ရှင် …”

ကိုကို့စကားက ဝေဝေလုံးဝထင်မထားသောစကားဖြစ်သည်။ ထိုစဉ် ဘေးမှ မူယာက ခပ်တိုးတိုးပြောသည်။

“ဝေဝေ ငါ ပြန်တော့မယ်ဟာ”

“ဘယ်လိုဖြစ်နေတာလဲ နေပါဦး ဒီကိစ္စ မပြီးမချင်း အပြင်မထွက်ရဘူးလေ”

အရေးထဲ မူယာကတစ်မျိုးပါလား ..

“ဘယ်လိုဖြစ်ရတာလဲ ကိုကို၊ ကိုကို့ကို ဘယ်သူသတ်တာလဲ”

“ဘယ်သူသတ်တာလဲဆိုတာ မပြောခင် ဝေ့ကို ကိုကို ဝန်ခံစရာရှိတယ်။ ကိုကို ဝေ့ကွယ်ရာမှာ ဖောက်ပြန်ခဲ့မိတယ်။ ကိုကိုနောင်တရလို့ အမှားပြန်ပြင်ဖို့ ကြိုးစားပါတယ်။ အဲဒီနေ့က ကိုကို သူနဲ့ထပ်ပြီး မဆက်သွယ်တော့ဘူးဆိုတာ ရှင်းပြဖို့ကြိုးစားတယ်။ သူကလက်မခံဘူး ဝေ့ကို အဖြစ်မှန်တွေ အကုန်ပြောမယ်တဲ့။ ကိုကို သူ့ကိုဖျောင်းဖျတာကိုလက်မခံဘဲ ကိုကို့ကို တိုက်ပေါ်က တွန်းချလိုက်တာပဲ”

“ရှင် ….”

ကြားရတာတွေက မယုံနိုင်စရာပါလား …

“အဲ့ဒါဘယ်သူလဲ ကိုကို”

“အဲဒါ မူယာ ပဲ …”

“ရှင် ……”

ကိုကိုက သူ့နာမည်ပြောလိုက်စဉ်မှာပင် မူယာတစ်ယောက် အခန်းအပြင်သို့ ထွက်ပြေးသွားသည်။ အခန်းတံခါးသို့ရောက်ခါနီးမှာပင် မူယာ့အား မမြင်ရသော အရာတစ်ခုက ဆောင့်ဆွဲလိုက်သလို လဲကျသွားသည်။ ထို့အပြင် မူယာအား တစ်စုံတစ်ယောက်က လည်ပင်းညှစ်နေသလို ရုန်းကန်နေသည်ကို မြင်ရပြီး မိနစ်အနည်းငယ်အကြာ မူယာတစ်ယောက် ထာဝရငြိမ်သက်သွားတော့သည်။

ဝေဝေ့ နားထဲမှာတော့ အကြားအမြင်ဆရာမ ပြောစကားကို ကြားယောင်နေမိသည်။

“ဒီအခန်းထဲမှာ ရှိတဲ့သူတွေ ကိစ္စမပြီးမချင်း ဘယ်သူမှ အပြင်မထွက်ရဘူး။ ထွက်ရင် သေလိမ့်မယ် …..”

ဖိုးသူတော် (www.phothutaw.com)
Credit: Sugar Cane (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top