မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×










#Unicode Version#
မန္တလေး ၆၂လမ်း ၃၁×၃၂ကြားညနေ4နာရီ ဆေးကြောင်နေတယ်လို့ထင်ရတဲ့လူငယ်တစ်ယောက်ကျွန်တော့်အိမ်နောက်ဖေးကနေအိမ်အပေါက်ထိဝင်လာပြီး ကျွန်တော့်အမျိုးသမီးကိုဘုမသိဘမသိ အလကားနေရင်းရန်ပြုတိုက်ခိုက်လို့

မိန်းမကလည်းတုံ့ပြန်ကာကွယ်ရင်းသူခိုးသူခိုးလို့အော်လို့ အုပ်ချုပ်ရေးရုံးမှာရှိတဲ့ရဲရယ်အုပ်ချုပ်ရေးမှူးနဲ့ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တယ်။

ကိုယ်နဲ့လည်းတခါမှမသိ၊ရန်ငြိုးရန်စလည်းမရှိဘဲနဲ့လုပ်သွားတာပါ။ မန္တလေးမြို့ခံတယောက်အနေနဲ့နေလာတာလည်းနှစ်၅၀ကျော်ပြီဒီလိုမျိုးတခါမှလည်းမဖြစ်ဖူးဘူး။

သူများတွေလမ်းမှာသွားရင်းအလကားနေအရိုက်ခံရတာတွေကြားကြားနေရတာ။

အခုကိုယ်တိုင်ကြုံတွေ့ရတယ်။ အခုဖြစ်တဲ့ကိစ္စကလုယက်မှုတော့မထင်မိ၊ဆေးကြောင်ကြောင်နေတဲ့ပုံစံမျိုး။ကျူးလွန်သူမှတ်ပုံတင်ကမောင်ညီညီချစ်သီပေါမြို့ကလို့သိရတယ်။

အားလုံးသူ့ကိုဝိုင်းလိုက်တော့ သီလရှင်စာသင်တိုက်ထဲဝင်ပြေးပြီး သူ့ကိုဝိုင်းလုပ်မှာကြောက်လို့သတိလစ်ချင်ယောင်ဆောင်နေတဲ့ပုံစံပါ။

အခုမန္တလေးမြို့နေရာအနှံ့အပြားမှာနေ့စဉ်ဒုစရိုက်မှုတွေနေ့ရောညပါအမျိုးမျိုးဖြစ်ပွားနေတဲ့အတွက်အထူးဂရုစိုက်နေတဲ့ကြားထဲကဖြစ်သွားတာပါ။ ကျွန်တော့်မိန်းမတော့ကြီးကြီးမားမားဒဏ်ရာတော့ဘာမှမရပါဘူး။မိတ်ဆွေတွေစိတ်ပူနေမှာစိုးလို့ပါ။ ပြစ်မှုကျူးလွန်သူက သူ့ဟာသူသတိလစ်ဆေးကြောင်ကြောင်နေတဲ့ပုံစံဖြစ်နေလို့ဘာမှမေးမရတာနဲ့တာဝန်ရှိသူတွေကဆေးရုံကြီးကိုပဲအရင်ပို့လိုက်ရတယ်။ အမှတ်၃ရဲစခန်းကိုလည်းအကြောင်းကြားထားပြီးပါပြီ။
ဖိုးသူတော် (www.phothutaw.com)
Credit:  နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top