မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

“စာေမးပြဲကလည္း နီးလာၿပီ။ စာေတြကလည္း မရေသးဘူး။ ဟိုဟိုက္ပါေတြကေတာ့ ၅ ခန္းေလာက္ျပတ္ေနၿပီေျပာတယ္။ ငါကေတာ့တစ္ခန္းေတာင္အႏိုင္ႏိုင္နဲ႔။ အေမေရ လုပ္ပါဦး။ သမီး က် မလား မသိဘူး။ ကယ္ၾကပါဦး ”

အဲဒီလိုျဖစ္ေနၿပီလား။ ဒီလို ပူပူေလာင္ေလာင္ႀကီး စာက်က္ေနရင္ ေတာ္ေတာ္နဲ႔ စာမရ ျဖစ္တတ္လို႔

စိတ္ေလးကို ေအးေအးခ်မ္းခ်မ္းေလး ဘယ္လိုထားၾကမလဲ။

(၁) ဘယ္ဟာမရေသးလို႔ ေသာကေတြမ်ားေနတာလဲ (ဘာကိုဦးစားေပးမလဲ)


စာကမရေသးေတာ့ ဟိုဟာလည္းက်က္ခ်င္ ဒီဟာလည္းက်က္ခ်င္ ေနာက္ဆုံးဟိုဟာလည္းမၿပီး ဒီဟာလည္းမၿပီးျဖစ္ကုန္ေတာ့ ပိုစိတ္ေသာကမ်ားျပန္ေရာ။ ဒီအပုဒ္ရွည္က အမွတ္၂ဝဖိုး ၃ဝဖိုးေလာက္ေပးမွာလား....ဒီအီေကြးရွင္းက ၏ သည္ မေ႐ြး မွတ္မိေနဖို႔ လိုသလား...ဒီအခန္းက ပါကိုပါမွာလား...အဲဒီဟာေတြကို ဦးစားေပးသာလုပ္ပါ။ ဘယ္ဟာေတြက အေရးႀကီးလဲ မသိရင္ ဆရာ/ဆရာမေတြကို ေမးပါ။ သူငယ္ခ်င္းအခ်င္းခ်င္းေမးပါ။ ပါေသာ္ရွိ မပါေသာ္ရွိ ဒီဟာေတြရသြားရင္ စိတ္ကလုံၿခဳံသလို ခံစားရပါလိမ့္မယ္။

(၂) တျခားသူေတြနဲ႔မယွဥ္နဲ႔


ဟိုတစ္ေယာက္ေတာ့ ဘယ္ႏွဘာသာပိုင္ေနၿပီ။ ငါကေတာ့ ဒါေလးေတာင္မရေသးဘူး ဆိုတဲ့ အေတြးေတြက စာေမးပြဲ နီးလာရင္ အဆိုးဆုံးပါ။ စိတ္ထဲမထားပါနဲ႔။ သူရေတာ့လည္းဘာျဖစ္လဲ။ ငါလည္းတစ္ခ်ိန္ရမွာပဲ လို႔ပဲ ေတြးလ္ိုက္ပါ။ စာေမးပြဲေရာက္ရင္ သူရပါတယ္ဆိုတဲ့ အခန္းေတြ အပိုဒ္ေတြမပါပဲ ကိုယ္ရတဲ့ အပုဒ္ေလးပဲ ကြက္ၿပီးပါလာတာျဖစ္ႏိုင္တာပဲ။ ကိုယ့္အတြက္သာ ကိုယ္စဥ္းစားပါ။

(၃) က်န္းမာေအာင္ေန


ဒီအ႐ြယ္ေရာက္ေနၿပီပဲ။ ဘယ္အစားအစာဆို ငါဝမ္းေလၽွာတတ္တယ္။ ငါဒါစားၿပီးရင္ေတာ့ ေခါင္းမူးေခါင္းကိုက္တတ္တယ္ဆိုတာ သိမွာပါ။ ၾကားဖူးေနၾက ျဖစ္တဲ့ မွတ္ညဏ္ေကာင္းေစတဲ့ အေစ့အဆန္ေတြ၊ အသားငါးေတြ၊ အသီးအႏွံေတြမ်ားမ်ားစားေပး။ စာက်က္လို႔ေညာင္းရင္လည္း အိမ္ေရွ႕ေလးထြက္ၿပီး ဟိုနားဒီနားလမ္းေလၽွာက္ပါ။ စာမရပါဘူးဆိုေနမွ တစ္ေန႔ ၈/၉ နာရီအိပ္ပါ လာေျပာေနတာေတြက သဘာဝမက်မွန္းလည္း သိပါတယ္။ ဒါေပမဲ့လည္း အိပ္ေရးမဝရင္ စိတ္မၾကည္တတ္လို႔ ေန႔ခင္းေတြကို နာရီဝက္ေလာက္ ျပန္အိပ္ေပးပါ။ စာေမးပြဲေျဖၿပီးျပန္လာရင္ ေတာ့၂ နာရီေလာက္ ေကာင္းေကာင္းအိပ္ေပးပါ။

(၄) အသက္ကိုေျဖးေျဖး႐ႉ


အသက္ကို တိုတိုနဲ႔ ျမန္ျမန္႐ႉေနရင္ ဦးေႏွာက္က ကိုယ့္ကို အႏၲရာယ္ က်ေရာက္ေနတယ္လို႔ အမွတ္မွားၿပီး ျပန္တိုက္ခိုက္မလား သို႔ ထြက္ေျပးမလားဆိုၿပီး ခႏၶာကိုယ္ကို အသင့္ျဖစ္ေနေအာင္ ထိတ္ထိတ္ပ်ာပ်ာ ျဖစ္ေစတတ္ပါတယ္။ အသက္ကိုေျဖးညင္းစြာ ႐ႉပါ။ ဦးေႏွာက္ကို ေအာက္ဆီဂ်င္မ်ားမ်ားေရာက္ရင္ ေသြးလွည့္ပတ္မႈအားေကာင္းေစၿပီး စိတ္ဖိစီးမႈနဲ႔ စိုးရိမ္ေၾကာင့္ၾကမႈေတြကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

(၅) အေႏွာင့္အယွက္ေတြ အကုန္ပိတ္


႐ုပ္ရွင္ေတြ၊ သီခ်င္းေတြ၊ အိုပါးေတြ၊ ဂိမ္းေတြ၊ ဆိုရွယ္မီဒီယာ ေတြက ထြက္မေျပးပါဘူး၊ တစ္သက္လုံး သုံးလို႔ ၾကည့္လို႔ရပါတယ္။ ကိုယ့္ကို စာမက်က္ျဖစ္ေအာင္ လုပ္တဲ့ ဘယ္လိုကိစၥမ်ိဳးမဆို မလုပ္မိေအာင္ ကိုယ့္စိတ္ကို ႏိုင္ေအာင္ထားပါ။ သုံးရင္ကိုယ္ပဲ အျပစ္ရွိတယ္လို႔ခံစားရၿပီး စိတ္ဖိစီးဦးမွာပါ။

(၆)အေကာင္းဘက္ကျမင္ေအာင္ေတြး၊ ကိုယ့္ကိုယ္ကိုယုံ


ဒီေလာက္က်က္ေနတာ ဒီေခါင္းက မွတ္ကိုမမွတ္မိႏိုင္ဘူးဆိုၿပီး အျပစ္တင္ေနမယ့္အစား အခုထိ က်က္လိုက္ေမ့လိုက္ ျဖစ္ေနေပမယ့္လည္း ငါ့ဦးေႏွာက္ေလးက စာေမးပြဲခန္းထဲမွာဆို ျပန္သတိရမွာပါ။ ငါ့ကိုဒုကၡေရာက္ေအာင္ သူမလုပ္လိုက္ဘူး လို႔ ေတြးပါ။ မိမိကိုယ္ကို အျပစ္ျပန္တင္ေနမယ့္အစား မိမိအတြက္ မွတ္ေပးေနတဲ့ ဦးေႏွာက္ကို ဒုတိယလူေနရာကေန စဥ္းစားၿပီး အေကာင္းျမင္ေပးပါ။ သူ႕ကိုယုံၾကည္ေပးပါ။

စာေမးပြဲရွိတဲ့ စာဖတ္ပရိသတ္ေတြအကုန္လုံး က်က္ထားသမၽွ မေမ့မေလ်ာ့ပဲ ကိုယ္ရည္မွန္းထားသလို ေအာင္ေအာင္ျမင္ျမင္ ေျဖဆိုႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.yoyarlay
# Unicode Version ျဖင့္ ဖတ္ပါ #
“စာမေးပွဲကလည်း နီးလာပြီ။ စာတွေကလည်း မရသေးဘူး။ ဟိုဟိုက်ပါတွေကတော့ ၅ ခန်းလောက်ပြတ်နေပြီပြောတယ်။ ငါကတော့တစ်ခန်းတောင်အနိုင်နိုင်နဲ့။ အမေရေ လုပ်ပါဦး။ သမီး ကျ မလား မသိဘူး။ ကယ်ကြပါဦး ”

အဲဒီလိုဖြစ်နေပြီလား။ ဒီလို ပူပူလောင်လောင်ကြီး စာကျက်နေရင် တော်တော်နဲ့ စာမရ ဖြစ်တတ်လို့

စိတ်လေးကို အေးအေးချမ်းချမ်းလေး ဘယ်လိုထားကြမလဲ။

(၁) ဘယ်ဟာမရသေးလို့ သောကတွေများနေတာလဲ (ဘာကိုဦးစားပေးမလဲ)

စာကမရသေးတော့ ဟိုဟာလည်းကျက်ချင် ဒီဟာလည်းကျက်ချင် နောက်ဆုံးဟိုဟာလည်းမပြီး ဒီဟာလည်းမပြီးဖြစ်ကုန်တော့ ပိုစိတ်သောကများပြန်ရော။ ဒီအပုဒ်ရှည်က အမှတ်၂ဝဖိုး ၃ဝဖိုးလောက်ပေးမှာလား....ဒီအီကွေးရှင်းက ၏ သည် မရွေး မှတ်မိနေဖို့ လိုသလား...ဒီအခန်းက ပါကိုပါမှာလား...အဲဒီဟာတွေကို ဦးစားပေးသာလုပ်ပါ။ ဘယ်ဟာတွေက အရေးကြီးလဲ မသိရင် ဆရာ/ဆရာမတွေကို မေးပါ။ သူငယ်ချင်းအချင်းချင်းမေးပါ။ ပါသော်ရှိ မပါသော်ရှိ ဒီဟာတွေရသွားရင် စိတ်ကလုံခြုံသလို ခံစားရပါလိမ့်မယ်။

(၂) တခြားသူတွေနဲ့မယှဉ်နဲ့

ဟိုတစ်ယောက်တော့ ဘယ်နှဘာသာပိုင်နေပြီ။ ငါကတော့ ဒါလေးတောင်မရသေးဘူး ဆိုတဲ့ အတွေးတွေက စာမေးပွဲ နီးလာရင် အဆိုးဆုံးပါ။ စိတ်ထဲမထားပါနဲ့။ သူရတော့လည်းဘာဖြစ်လဲ။ ငါလည်းတစ်ချိန်ရမှာပဲ လို့ပဲ တွေးလိုက်ပါ။ စာမေးပွဲရောက်ရင် သူရပါတယ်ဆိုတဲ့ အခန်းတွေ အပိုဒ်တွေမပါပဲ ကိုယ်ရတဲ့ အပုဒ်လေးပဲ ကွက်ပြီးပါလာတာဖြစ်နိုင်တာပဲ။ ကိုယ့်အတွက်သာ ကိုယ်စဉ်းစားပါ။

(၃) ကျန်းမာအောင်နေ

ဒီအရွယ်ရောက်နေပြီပဲ။ ဘယ်အစားအစာဆို ငါဝမ်းလျှောတတ်တယ်။ ငါဒါစားပြီးရင်တော့ ခေါင်းမူးခေါင်းကိုက်တတ်တယ်ဆိုတာ သိမှာပါ။ ကြားဖူးနေကြ ဖြစ်တဲ့ မှတ်ညဏ်ကောင်းစေတဲ့ အစေ့အဆန်တွေ၊ အသားငါးတွေ၊ အသီးအနှံတွေများများစားပေး။ စာကျက်လို့ညောင်းရင်လည်း အိမ်ရှေ့လေးထွက်ပြီး ဟိုနားဒီနားလမ်းလျှောက်ပါ။ စာမရပါဘူးဆိုနေမှ တစ်နေ့ ၈/၉ နာရီအိပ်ပါ လာပြောနေတာတွေက သဘာဝမကျမှန်းလည်း သိပါတယ်။ ဒါပေမဲ့လည်း အိပ်ရေးမဝရင် စိတ်မကြည်တတ်လို့ နေ့ခင်းတွေကို နာရီဝက်လောက် ပြန်အိပ်ပေးပါ။ စာမေးပွဲဖြေပြီးပြန်လာရင် တော့၂ နာရီလောက် ကောင်းကောင်းအိပ်ပေးပါ။

(၄) အသက်ကိုဖြေးဖြေးရှူ

အသက်ကို တိုတိုနဲ့ မြန်မြန်ရှူနေရင် ဦးနှောက်က ကိုယ့်ကို အန္တရာယ် ကျရောက်နေတယ်လို့ အမှတ်မှားပြီး ပြန်တိုက်ခိုက်မလား သို့ ထွက်ပြေးမလားဆိုပြီး ခန္ဓာကိုယ်ကို အသင့်ဖြစ်နေအောင် ထိတ်ထိတ်ပျာပျာ ဖြစ်စေတတ်ပါတယ်။ အသက်ကိုဖြေးညင်းစွာ ရှူပါ။ ဦးနှောက်ကို အောက်ဆီဂျင်များများရောက်ရင် သွေးလှည့်ပတ်မှုအားကောင်းစေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို လျော့ချပေးနိုင်ပါတယ်။

(၅) အနှောင့်အယှက်တွေ အကုန်ပိတ်

ရုပ်ရှင်တွေ၊ သီချင်းတွေ၊ အိုပါးတွေ၊ ဂိမ်းတွေ၊ ဆိုရှယ်မီဒီယာ တွေက ထွက်မပြေးပါဘူး၊ တစ်သက်လုံး သုံးလို့ ကြည့်လို့ရပါတယ်။ ကိုယ့်ကို စာမကျက်ဖြစ်အောင် လုပ်တဲ့ ဘယ်လိုကိစ္စမျိုးမဆို မလုပ်မိအောင် ကိုယ့်စိတ်ကို နိုင်အောင်ထားပါ။ သုံးရင်ကိုယ်ပဲ အပြစ်ရှိတယ်လို့ခံစားရပြီး စိတ်ဖိစီးဦးမှာပါ။

(၆)အကောင်းဘက်ကမြင်အောင်တွေး၊ ကိုယ့်ကိုယ်ကိုယုံ

ဒီလောက်ကျက်နေတာ ဒီခေါင်းက မှတ်ကိုမမှတ်မိနိုင်ဘူးဆိုပြီး အပြစ်တင်နေမယ့်အစား အခုထိ ကျက်လိုက်မေ့လိုက် ဖြစ်နေပေမယ့်လည်း ငါ့ဦးနှောက်လေးက စာမေးပွဲခန်းထဲမှာဆို ပြန်သတိရမှာပါ။ ငါ့ကိုဒုက္ခရောက်အောင် သူမလုပ်လိုက်ဘူး လို့ တွေးပါ။ မိမိကိုယ်ကို အပြစ်ပြန်တင်နေမယ့်အစား မိမိအတွက် မှတ်ပေးနေတဲ့ ဦးနှောက်ကို ဒုတိယလူနေရာကနေ စဉ်းစားပြီး အကောင်းမြင်ပေးပါ။ သူ့ကိုယုံကြည်ပေးပါ။

စာမေးပွဲရှိတဲ့ စာဖတ်ပရိသတ်တွေအကုန်လုံး ကျက်ထားသမျှ မမေ့မလျော့ပဲ ကိုယ်ရည်မှန်းထားသလို အောင်အောင်မြင်မြင် ဖြေဆိုနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:.yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top