×

ရဟန္းေတြကို ေခါက္ဆြဲ၊ မုန္႔ဟင္းခါး ကပ္ရင္ သိမွတ္စရာ

(ေခါက္ဆြဲကို အရွည္တိုင္း ကပ္ေနတာ အႀကိမ္ေပါင္း မနည္းေတာ့ဘူး ဘုန္းႀကီးေတြ ဆြမ္းဘုန္းၿပီး အာပတ္ေျဖရလို႔ ဘယ္ေလာက္ေတာင္ ဒုကၡမ်ား ခဲ့ရလဲမသိဘူး။ သာမညဖလ သုတၱန္မွာ ဖားေအာက္ဆရာေတာ္ႀကီးိး ေဟာထားတာကို နားေထာင္ၿပီး အခုမွသိလို႔ စာသားျပန္ရိုက္ၿပီး ျပန္လည္ ေဖၚျပလိုက္ပါတယ္။)

ဆရာေတာ္ႀကီးရဲ့ တရား

ညကမေျပာျဖစ္ဘဲ က်န္ခဲ့တာ တခုရွိတယ္ ပါးစပ္နဲ႔ ကိုက္ျဖတ္ၿပီး မစားရဘူးလို႔ေျပာခဲ့ပါတယ္။ ဆန္ထြက္ပစၥည္း ၊ ဂ်ံဳထြက္ပစၥည္း၊ အသား၊ ငါး ေပါင္းလိုက္ေတာ့ ကိုက္ျဖတ္ၿပီး မစားရတဲ့ အစားအစာ အမ်ိိဳးအစား ငါးမ်ိဳးရွိတယ္။

ဘုန္းႀကီးက ၾကက္သား၀က္သားကိုပဲ အာရံုစိုက္သြားေတာ့ ၾကက္သား၀က္သားေတြကို ပါးစပ္နဲ႔ ကိုက္ျဖတ္ၿပီး စားတာကိုပဲ ေတြးၿပီး ေျပာမိတယ္။ ဒါေပမဲ့ ဒီဘက္မွာ သက္သတ္လႊတ္ဘက္မွာ ရႈပ္ေထြးေနတာကေတာ့ မုန္႔ဟင္းခါးနဲ႔ ေခါက္ဆြဲ ျဖစ္ပါတယ္ေနာ္။ သူက ဆန္ထြက္ပစၥည္းနဲ႔ ဂ်ံဳထြက္ပစၥည္း ျဖစ္ေနပါတယ္။

ဆန္ထြက္ပစၥည္း ဂံ်ဴထြက္ပစၥည္းျဖစ္ေတာ့ ခ်က္တဲ့ပုဂၢိဳလ္ေတြက ဘယ္လုိအုိင္ဒီယာလဲေတာ့ မသိဘူး မုန္႔ဟင္းခါး ဆိုရင္လည္း သူတို႔က ေလွေလွာ္လို႔ရမွ ႀကိဳက္တယ္။ ခပ္ပ်စ္ပ်စ္ဆိုရင္ သူတို႔က သိပ္မႀကိဳက္ခ်င္ဘူး။ ေခါက္ဆြဲဆိုလည္း ဘာေခါက္ဆြဲ ညာေခါက္ဆြဲ စံုေနတာေပါ့ေလ သူကတလံ ႏွစ္လံေလာက္ ရွည္ေနမွ ႀကိဳက္တယ္။ အဲဒီေခါက္ဆြဲေတြကို ပါးစပ္ထဲ သြင္းလိုက္ေတာ့ အကုန္လံုးက မ၀င္ျပန္ဘူး။

မ၀င္ေတာ့ ဘာလုပ္ရလဲ ပါးစပ္ကေလးနဲ႔ ပိတ္ဆို႔ ျဖတ္ခ်လိုက္ရတယ္။ အဲဒါပဲ အဲဒါပဲ ဟုတ္တယ္မဟုတ္လား၊ ဒါ ရဟန္းေတြမွာ အာပတ္သင့္တဲ့ လုပ္ငန္းပဲ။

ဒါေၾကာင့္ ဘုန္းႀကီးက ၾကာဇံကိုေတာ့ လက္သံုးသစ္ေလးသစ္ ပမာဏေလာက္ ျဖတ္ၿပီး ခ်က္ဖို႔ အၾကံေပးထားဖူးပါတယ္။ ေခါက္ဆြဲနဲ႔ မုန္႔ဟင္းခါးေတာ့ အၾကံမေပးဖူး ျဖစ္ေနတယ္။ ေခါက္ဆြဲလည္း ျဖတ္ေတာက္ရတာ လြယ္ပါတယ္။

ေနာ္။ လက္ေလးသစ္္ ပမာဏေလာက္ ျဖတ္ၿပီးေတာ့ ကိုယ္ႀကိဳက္သလို ခ်က္ျပဳတ္စီမံမယ္ဆိုရင္လည္း ရဟန္းေတာ္မ်ားအတြက္ လြယ္ကူသြားမည့္ သေဘာရွိတယ္။

အလားတူပဲ မုန္႔တီလည္းပဲ နည္းနည္းပ်စ္ပ်စ္ေလးဆိုရင္ လက္နဲ႔ပဲ ျဖတ္ရတာ လြယ္ကူတဲ့သေဘာ ရွိပါတယ္။ ဟင္းက က်ဲေနမယ္ ဆိုရင္ေတာ့ နည္းနည္းေလး ျဖတ္ရခက္တဲ႕ သေဘာေတာ့ ရွိပါတယ္။

Bibliography
ဖားေအာက္ဆရာေတာ္ (2011). သာမညဖလသုတၱန္ (၁၆/၃၂).

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dhamma Channel
# Unicode Version ျဖင့္ ဖတ္ပါ #
ရဟန်းတွေကို ခေါက်ဆွဲ၊ မုန့်ဟင်းခါး ကပ်ရင် သိမှတ်စရာ

(ခေါက်ဆွဲကို အရှည်တိုင်း ကပ်နေတာ အကြိမ်ပေါင်း မနည်းတော့ဘူး ဘုန်းကြီးတွေ ဆွမ်းဘုန်းပြီး အာပတ်ဖြေရလို့ ဘယ်လောက်တောင် ဒုက္ခများ ခဲ့ရလဲမသိဘူး။ သာမညဖလ သုတ္တန်မှာ ဖားအောက်ဆရာတော်ကြီးိး ဟောထားတာကို နားထောင်ပြီး အခုမှသိလို့ စာသားပြန်ရိုက်ပြီး ပြန်လည် ဖေါ်ပြလိုက်ပါတယ်။)

ဆရာတော်ကြီးရဲ့ တရား

ညကမပြောဖြစ်ဘဲ ကျန်ခဲ့တာ တခုရှိတယ် ပါးစပ်နဲ့ ကိုက်ဖြတ်ပြီး မစားရဘူးလို့ပြောခဲ့ပါတယ်။ ဆန်ထွက်ပစ္စည်း ၊ ဂျုံထွက်ပစ္စည်း၊ အသား၊ ငါး ပေါင်းလိုက်တော့ ကိုက်ဖြတ်ပြီး မစားရတဲ့ အစားအစာ အမျိုးအစား ငါးမျိုးရှိတယ်။

ဘုန်းကြီးက ကြက်သားဝက်သားကိုပဲ အာရုံစိုက်သွားတော့ ကြက်သားဝက်သားတွေကို ပါးစပ်နဲ့ ကိုက်ဖြတ်ပြီး စားတာကိုပဲ တွေးပြီး ပြောမိတယ်။ ဒါပေမဲ့ ဒီဘက်မှာ သက်သတ်လွှတ်ဘက်မှာ ရှုပ်ထွေးနေတာကတော့ မုန့်ဟင်းခါးနဲ့ ခေါက်ဆွဲ ဖြစ်ပါတယ်နော်။ သူက ဆန်ထွက်ပစ္စည်းနဲ့ ဂျုံထွက်ပစ္စည်း ဖြစ်နေပါတယ်။

ဆန်ထွက်ပစ္စည်း ဂံျူထွက်ပစ္စည်းဖြစ်တော့ ချက်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုအိုင်ဒီယာလဲတော့ မသိဘူး မုန့်ဟင်းခါး ဆိုရင်လည်း သူတို့က လှေလှော်လို့ရမှ ကြိုက်တယ်။ ခပ်ပျစ်ပျစ်ဆိုရင် သူတို့က သိပ်မကြိုက်ချင်ဘူး။ ခေါက်ဆွဲဆိုလည်း ဘာခေါက်ဆွဲ ညာခေါက်ဆွဲ စုံနေတာပေါ့လေ သူကတလံ နှစ်လံလောက် ရှည်နေမှ ကြိုက်တယ်။ အဲဒီခေါက်ဆွဲတွေကို ပါးစပ်ထဲ သွင်းလိုက်တော့ အကုန်လုံးက မဝင်ပြန်ဘူး။

မဝင်တော့ ဘာလုပ်ရလဲ ပါးစပ်ကလေးနဲ့ ပိတ်ဆို့ ဖြတ်ချလိုက်ရတယ်။ အဲဒါပဲ အဲဒါပဲ ဟုတ်တယ်မဟုတ်လား၊ ဒါ ရဟန်းတွေမှာ အာပတ်သင့်တဲ့ လုပ်ငန်းပဲ။

ဒါကြောင့် ဘုန်းကြီးက ကြာဇံကိုတော့ လက်သုံးသစ်လေးသစ် ပမာဏလောက် ဖြတ်ပြီး ချက်ဖို့ အကြံပေးထားဖူးပါတယ်။ ခေါက်ဆွဲနဲ့ မုန့်ဟင်းခါးတော့ အကြံမပေးဖူး ဖြစ်နေတယ်။ ခေါက်ဆွဲလည်း ဖြတ်တောက်ရတာ လွယ်ပါတယ်။

နော်။ လက်လေးသစ် ပမာဏလောက် ဖြတ်ပြီးတော့ ကိုယ်ကြိုက်သလို ချက်ပြုတ်စီမံမယ်ဆိုရင်လည်း ရဟန်းတော်များအတွက် လွယ်ကူသွားမည့် သဘောရှိတယ်။

အလားတူပဲ မုန့်တီလည်းပဲ နည်းနည်းပျစ်ပျစ်လေးဆိုရင် လက်နဲ့ပဲ ဖြတ်ရတာ လွယ်ကူတဲ့သဘော ရှိပါတယ်။ ဟင်းက ကျဲနေမယ် ဆိုရင်တော့ နည်းနည်းလေး ဖြတ်ရခက်တဲ့ သဘောတော့ ရှိပါတယ်။

Bibliography
ဖားအောက်ဆရာတော် (2011). သာမညဖလသုတ္တန် (၁၆/၃၂).

ဖိုးသူတော် (www.phothutaw.com)
Credit: Dhamma Channel
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top