iMyanmarHouse.com - Best Property Website for Myanmar
×

မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခရိုင္၊ ငဖဲၿမိဳ႕နယ္၊ သာစည္ေက်းရြာအနီးတြင္ စက္တင္ဘာ (၂၄)ရက္ နံနက္ (၅)နာရီအခ်ိန္ခန္႔က တရားမဝင္ ပိေတာက္ခြဲသားမ်ား သယ္ယူေဆာင္လာတဲ့ ေဖာကားတစီးႏွင့္အတူ သစ္ပိုင္ရွင္၊ ယာဥ္ေမာင္းတို႔ (၂)ဦးအား ဖမ္းဆီးခဲ့ေၾကာင္း ပဒါန္းနယ္ေျမရဲစခန္းမွဴး ရဲအုပ္ေက်ာ္ေဇယ်က ေျပာသည္။

ပဒါန္း-ငဖဲကားလမ္းတြင္ တရားမဝင္သစ္မ်ား သယ္ယူေၾကာင္းသတင္းအရ ေစာင့္ဆိုင္းေနစဥ္ ပဒါန္း-ငဖဲသြားကားလမ္း သာစည္ေက်းရြာအနီး မိုင္တိုင္အမွတ္ (၂/၂) ႏွင့္ (၂/၃)မိုင္အၾကား ငဖဲျမိဳ႕နယ္ဘက္မွ ပဒါန္းေက်းရြာဘက္သို႔ ယာဥ္ေမာင္း ေဇာ္ထြန္း

(ခ)ေဇာ္မင္းထြန္း ေမာင္းႏွင္ေသာ 2E/2317 လီဖန္းအမ်ဳိးအစား၊ ၆ ဘီး အနီေရာင္ ေဖာကားအား ရပ္တန္႔စစ္ေဆးရာ ၎ယာဥ္ေပၚတြင္ ညီမင္းထြန္းလိုက္ပါလွ်က္ ပိေတာက္သစ္ခဲြသား ဆိုဒ္စုံ (၃၅)ေခ်ာင္း၊ (၃.၀၁၃၄)တန္၊ နဘဲ သစ္ခဲြသား (၂)ေခ်ာင္း၊ (၀.၃၀၃၈)တန္၊ စုစုေပါင္း (၃၇)ေခ်ာင္း၊ (၃.၃၁၇၂)တန္တို႔အား တရားမဝင္ သယ္ေဆာင္လာေၾကာင္း ေတြ႔ရိွရျပီး ပူးေပါင္းအဖြဲ႔မွ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

တရားမဝင္ ပိေတာက္ခဲြသားသစ္မ်ား လက္ဝယ္ေတြ႔ရိွသူ ယာဥ္ေမာင္း ေဇာ္ထြန္း (ခ)ေဇာ္မင္းထြန္း၊ ေအာင္ေမတၱာ(ဘီ) ရပ္ကြက္ ၆ လမ္း၊ မေကြးၿမိဳ႕ေနသူႏွင့္ သစ္ပိုင္႐ွင္ ညီမင္းထြန္း၊ စစ္ငန္းေက်းရြာ၊ စတုတၱရာေနသူတို႔အား ငဖဲျမိဳ႕နယ္၊ ပဒါန္းနယ္ေျမရဲစခန္းတြင္ သစ္ေတာဥပေဒ၊ ၄၂(က)ျဖင့္ အေရးယူထားေႀကာင္း ပဒါန္းရဲစခန္းက သိရသည္။…..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မ်ဳိးလိႈင္ဝင္း(ငဖဲ)
NewsWatch

#Unicode Version#
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ သာစည်ကျေးရွာအနီးတွင် စက်တင်ဘာ (၂၄)ရက် နံနက် (၅)နာရီအချိန်ခန့်က တရားမဝင် ပိတောက်ခွဲသားများ သယ်ယူဆောင်လာတဲ့ ဖောကားတစီးနှင့်အတူ သစ်ပိုင်ရှင်၊ ယာဉ်မောင်းတို့ (၂)ဦးအား ဖမ်းဆီးခဲ့ကြောင်း ပဒါန်းနယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ဇေယျက ပြောသည်။

ပဒါန်း-ငဖဲကားလမ်းတွင် တရားမဝင်သစ်များ သယ်ယူကြောင်းသတင်းအရ စောင့်ဆိုင်းနေစဉ် ပဒါန်း-ငဖဲသွားကားလမ်း သာစည်ကျေးရွာအနီး မိုင်တိုင်အမှတ် (၂/၂) နှင့် (၂/၃)မိုင်အကြား ငဖဲမြို့နယ်ဘက်မှ ပဒါန်းကျေးရွာဘက်သို့ ယာဉ်မောင်း ဇော်ထွန်း

(ခ)ဇော်မင်းထွန်း မောင်းနှင်သော 2E/2317 လီဖန်းအမျိုးအစား၊ ၆ ဘီး အနီရောင် ဖောကားအား ရပ်တန့်စစ်ဆေးရာ ၎င်းယာဉ်ပေါ်တွင် ညီမင်းထွန်းလိုက်ပါလျှက် ပိတောက်သစ်ခွဲသား ဆိုဒ်စုံ (၃၅)ချောင်း၊ (၃.၀၁၃၄)တန်၊ နဘဲ သစ်ခွဲသား (၂)ချောင်း၊ (ဝ.၃၀၃၈)တန်၊ စုစုပေါင်း (၃၇)ချောင်း၊ (၃.၃၁၇၂)တန်တို့အား တရားမဝင် သယ်ဆောင်လာကြောင်း တွေ့ရှိရပြီး ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တရားမဝင် ပိတောက်ခွဲသားသစ်များ လက်ဝယ်တွေ့ရှိသူ ယာဉ်မောင်း ဇော်ထွန်း (ခ)ဇော်မင်းထွန်း၊ အောင်မေတ္တာ(ဘီ) ရပ်ကွက် ၆ လမ်း၊ မကွေးမြို့နေသူနှင့် သစ်ပိုင်ရှင် ညီမင်းထွန်း၊ စစ်ငန်းကျေးရွာ၊ စတုတ္တရာနေသူတို့အား ငဖဲမြို့နယ်၊ ပဒါန်းနယ်မြေရဲစခန်းတွင် သစ်တောဥပဒေ၊ ၄၂(က)ဖြင့် အရေးယူထားကြောင်း ပဒါန်းရဲစခန်းက သိရသည်။…..

ဖိုးသူတော် (www.phothutaw.com)
Credit: မျိုးလှိုင်ဝင်း(ငဖဲ)
NewsWatch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top