မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×


 သူငယ္ခ်င္းအရင္းေခါက္ေခါက္ႀကီးျဖစ္တဲ့ စုိးျမတ္သူဇာရဲ႕ အေၾကာင္းေတြကုိ သရုပ္ေဆာင္ ျမတ္ေကသီေအာင္က ေျပာျပလာ ပါတယ္။ တစ္ေယာက္ရဲ႕ အႀကိဳက္ကုိလည္း တစ္ေယာက္က သိတယ္လုိ႔ ဆုိပါတယ္။

သရုပ္ေဆာင္ အကယ္ဒမီ စုိးျမတ္သူဇာနဲ႔ သရုပ္ေဆာင္ ျမတ္ေကသီေအာင္တုိ႔ဟာ အရမ္းကုိ ခ်စ္ခင္ၾကတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ျဖစ္ပါတယ္။ သူတုိ႔ဟာ အႏုပညာေလာကမွာလည္း ေအာင္ျမင္ၾကသူေတြပါ။ စုိးျမတ္သူဇာက ဘယ္လုိ သူငယ္ခ်င္းအမ်ဳိးအစားထဲမွာ ပါမလဲ ဆိုတာကုိ Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။


 '' အစ္မရဲ႕ စိတ္ကုိ အကုန္နားလည္ႏိုင္သလုိ သူ႔ကုိလည္း အစ္မ အျပည့္အဝနားလည္ႏုိင္သူတစ္ေယာက္ပါ။ ၿပီးေတာ့ သူက ကုိယ့္ထက္ေတာ္ တယ္။ သူ႔ကုိ သြားၿပီး ဆရာလုပ္လုိ႔ မရဘူး။ ဒါေပမယ့္ တစ္ခါတေလ တခ်ဳိ႔ ကိစၥမ်ဳိးေတြဆုိရင္ေတာ့ ကုိယ့္ကုိ လာတုိင္ပင္တာေပါ့ေနာ္။ တျခား ကိစၥေလးေတြပါ အလုပ္ကိစၥဆုိရင္ေတာ့ သူကဆရာမႀကီးပါ'' လုိ႔ သူကဆုိပါတယ္။
တစ္ေယာက္ရ႔ဲအႀကိဳက္ကုိ တစ္ေယာက္သိတယ္။

 Photo: စုိးျမတ္သူဇာေဖ့စ္ဘြတ္
ျမတ္ေကသီေအာင္နဲ႔ စုိးျမတ္သူဇာတုိ႔ဟာ အသက္ ၁၈ ႏွစ္အရြယ္က စၿပီး အႏုပညာအလုပ္ေတြ လုပ္ရင္းနဲ႔ ခင္မင္ရင္းႏွီး လာၾကတယ္လုိ႔ ျမတ္ ေကသီေအာင္ ကေျပာပါတယ္။ စုိးျမတ္သူဇာကုိလည္း ေမြးေန႔လက္ေဆာင္ မေပးျဖစ္သလုိ ျမတ္ေကသီေအာင္ ကုိလည္း ေမြးေန႔ လက္ ေဆာင္ မေပးျဖစ္ဘူးလုိ႔ စက္တင္ဘာလ ၃ ရက္ေန႔က ေရႊတိဂုံေစတီေတာ္မွာ ျပဳလုပ္ခဲ့တဲ့ စုိးျမတ္သူဇာရဲ႕ ေမြးေန႔ကုိ လာရင္း ေျဖဆုိခဲ့တာပါ။

'' သူနဲ႔ သူငယ္ခ်င္းျဖစ္တာ ၁၈ ႏွစ္ကတည္းကဆုိေတာ့  အႏွစ္ ၃၀ ေလာက္ရွိၿပီေပါ့ေနာ္။ သူ႔ကုိ ေမြးေန႔ လက္ေဆာင္ တစ္ႏွစ္မွ မေပးျဖစ္ဘူး။ ေမြးေန႔ လက္ေဆာင္ ေပးစရာမွ မလုိတာ သူငယ္ခ်င္းအရင္းေခါက္ေခါက္ကုိး။ သူကလည္း အစ္မကုိ တစ္ႏွစ္မွ ေမြးေန႔ လက္ေဆာင္ မေပး ဖူးဘူး။ ဒါေပမယ့္ ဘယ္သြားသြား ဘယ္လာလာ အထူးအဆန္းေလးေတြ ေတြ႔လုိ႔ သူႀကိဳက္တတ္တာရွိရင္ ကိုယ္ဝယ္လာေပးတယ္။ သူလည္း ကုိယ္ႀကိဳက္တတ္မယ္ ထင္တဲ့ ပစၥည္းေလးေတြဆုိ ပုိ႔ေပးတယ္''လုိ႔ ဆုိပါတယ္။

ျမတ္ေကသီေအာင္ ဟာ အခုလက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြ သိပ္မလုပ္ျဖစ္ေတာ့ပါဘူး။ သူ႔အေနနဲ႔ ကုိယ္ပုိင္စီးပြားေရးအလုပ္ကုိဘဲ ဦးစားေပးေဆာင္ရြက္ေနတာကုိ ေတြ႕ရပါတယ္။ စိုးျမတ္သူဇာကေတာ့ လက္ရွိအခ်ိန္ထိ အႏုပညာလႈပ္ရွားမႈေတြ ဆက္တုိင္ ေဆာင္ရြက္ေနရ သူျဖစ္ၿပီး ေအာင္ျမင္မႈေတြလည္း အမ်ားႀကီး ပုိင္ဆုိင္ထားတာျဖစ္ပါတယ္။

ျမတ္ေကသီေအာင္ ဟာ  ၾကည္လင္ေအးျမတဲ့ မ်က္နွာ ေလးနဲ႔ ပရိသတ္ရဲ႕အခ်စ္ေတြကို ရယူထားတဲ့ အႏုပညာရွင္ တစ္ေယာက္ ျဖစ္ပါတယ္။ စိတ္သေဘာထား ျပည့္ဝသူ၊ ပြင့္လင္းသူျဖစ္တဲ့သူမဟာ အႏုပညာအလုပ္ေတြ မလုပ္ျဖစ္ေတာ့ေပမဲ့ အခုထိ ပရိသတ္အားေပးမႈကို ရရွိထား တုန္းပါပဲ။
"ေမြးေန႔လက္ေဆာင္တစ္ႏွစ္မွ မေပးျဖစ္ဘူး။ ေပးစရာမွ မလုိတာ။ သူငယ္ခ်င္းအရင္းေခါက္ေခါက္ကို။ သူကလည္း ကိုယ့္ကို တစ္ႏွစ္မွ မေပးဘူး" လို႔ ေျပာျပလာတဲ့ ျမတ္ေကသီေအာင္
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 တစ်ယောက်ရဲ့အကြိုက်ကို တစ်ယောက်သိတယ်။

သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဖြစ်တဲ့ စိုးမြတ်သူဇာရဲ့ အကြောင်းတွေကို သရုပ်ဆောင် မြတ်ကေသီအောင်က ပြောပြလာ ပါတယ်။ တစ်ယောက်ရဲ့ အကြိုက်ကိုလည်း တစ်ယောက်က သိတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာနဲ့ သရုပ်ဆောင် မြတ်ကေသီအောင်တို့ဟာ အရမ်းကို ချစ်ခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ သူတို့ဟာ အနုပညာလောကမှာလည်း အောင်မြင်ကြသူတွေပါ။ စိုးမြတ်သူဇာက ဘယ်လို သူငယ်ချင်းအမျိုးအစားထဲမှာ ပါမလဲ ဆိုတာကို Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' အစ်မရဲ့ စိတ်ကို အကုန်နားလည်နိုင်သလို သူ့ကိုလည်း အစ်မ အပြည့်အဝနားလည်နိုင်သူတစ်ယောက်ပါ။ ပြီးတော့ သူက ကိုယ့်ထက်တော် တယ်။ သူ့ကို သွားပြီး ဆရာလုပ်လို့ မရဘူး။ ဒါပေမယ့် တစ်ခါတလေ တချို့ ကိစ္စမျိုးတွေဆိုရင်တော့ ကိုယ့်ကို လာတိုင်ပင်တာပေါ့နော်။ တခြား ကိစ္စလေးတွေပါ အလုပ်ကိစ္စဆိုရင်တော့ သူကဆရာမကြီးပါ'' လို့ သူကဆိုပါတယ်။

မြတ်ကေသီအောင်နဲ့ စိုးမြတ်သူဇာတို့ဟာ အသက် ၁၈ နှစ်အရွယ်က စပြီး အနုပညာအလုပ်တွေ လုပ်ရင်းနဲ့ ခင်မင်ရင်းနှီး လာကြတယ်လို့ မြတ် ကေသီအောင် ကပြောပါတယ်။ စိုးမြတ်သူဇာကိုလည်း မွေးနေ့လက်ဆောင် မပေးဖြစ်သလို မြတ်ကေသီအောင် ကိုလည်း မွေးနေ့ လက် ဆောင် မပေးဖြစ်ဘူးလို့ စက်တင်ဘာလ ၃ ရက်နေ့က ရွှေတိဂုံစေတီတော်မှာ ပြုလုပ်ခဲ့တဲ့ စိုးမြတ်သူဇာရဲ့ မွေးနေ့ကို လာရင်း ဖြေဆိုခဲ့တာပါ။

'' သူနဲ့ သူငယ်ချင်းဖြစ်တာ ၁၈ နှစ်ကတည်းကဆိုတော့  အနှစ် ၃၀ လောက်ရှိပြီပေါ့နော်။ သူ့ကို မွေးနေ့ လက်ဆောင် တစ်နှစ်မှ မပေးဖြစ်ဘူး။ မွေးနေ့ လက်ဆောင် ပေးစရာမှ မလိုတာ သူငယ်ချင်းအရင်းခေါက်ခေါက်ကိုး။ သူကလည်း အစ်မကို တစ်နှစ်မှ မွေးနေ့ လက်ဆောင် မပေး ဖူးဘူး။ ဒါပေမယ့် ဘယ်သွားသွား ဘယ်လာလာ အထူးအဆန်းလေးတွေ တွေ့လို့ သူကြိုက်တတ်တာရှိရင် ကိုယ်ဝယ်လာပေးတယ်။ သူလည်း ကိုယ်ကြိုက်တတ်မယ် ထင်တဲ့ ပစ္စည်းလေးတွေဆို ပို့ပေးတယ်''လို့ ဆိုပါတယ်။


မြတ်ကေသီအောင် ဟာ အခုလက်ရှိမှာတော့ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုဘဲ ဦးစားပေးဆောင်ရွက်နေတာကို တွေ့ရပါတယ်။ စိုးမြတ်သူဇာကတော့ လက်ရှိအချိန်ထိ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုင် ဆောင်ရွက်နေရ သူဖြစ်ပြီး အောင်မြင်မှုတွေလည်း အများကြီး ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

မြတ်ကေသီအောင် ဟာ  ကြည်လင်အေးမြတဲ့ မျက်နှာ လေးနဲ့ ပရိသတ်ရဲ့အချစ်တွေကို ရယူထားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ စိတ်သဘောထား ပြည့်ဝသူ၊ ပွင့်လင်းသူဖြစ်တဲ့သူမဟာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမဲ့ အခုထိ ပရိသတ်အားပေးမှုကို ရရှိထား တုန်းပါပဲ။
"မွေးနေ့လက်ဆောင်တစ်နှစ်မှ မပေးဖြစ်ဘူး။ ပေးစရာမှ မလိုတာ။ သူငယ်ချင်းအရင်းခေါက်ခေါက်ကို။ သူကလည်း ကိုယ့်ကို တစ်နှစ်မှ မပေးဘူး" လို့ ပြောပြလာတဲ့ မြတ်ကေသီအောင်
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top