ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





Credit: Burmesw - Asia
# Unicode Version ဖြင့် ဖတ်ပါ #
ရုပ်ရှင်လောကမှာ အောင်မြင်မှုတွေရရှိနေပြီဖြစ်တဲ့ ဒါရိုက်တာမိုက်တီးဟာ သြဂုတ်လအတွင်းက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး စက်တင်ဘာလ (၁၄)ရက်နေ့ကတော့ တတိယ အကြိမ်မြောက် ရုံးချိန်းမှာကြားနာခဲ့ပြီး လက်ရှိတရားစွဲဆိုထားတဲ့ အမှုကတော့ (ပ)၂၉/၂ဝ၁၈ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ)နဲ့ အမှုဖွင့်အရေးယူထားပြီး ယခုအခါမှာတော့ နောက်ထပ်ပုဒ်မ တစ်ခု ထပ်မံတိုးသွားတယ်လို့ သိရပါတယ်။

တာမွေမြို့မရဲစခန်းကနေ မူးယစ်ဆေးဝါး လက် ဝယ် တွေ့ရှိမှုပုဒ်မအပြင် မူးယစ်ဆေး ဝါးသုံးစွဲမှုပုဒ်မတစ်ခုပါ ထပ်တိုးလိုက် တဲ့အတွက် ဒါရိုက်တာမိုက်တီးကို လက်ရှိမှာ (ပ)၂၉/၂ဝ၁၈၊ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၆ (ဂ)နဲ့ အမှုဖွင့်စစ်ဆေး တော့မှာ ဖြစ်တယ် လို့လဲသိရပါတယ်။

၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်၊ ညပိုင်းက တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အ.ထ. က ၃ (တာမွေ) ရှေ့မှာ ရဲတပ်ဖွဲ့က ယာဉ်တန်းပိတ်ဆို့ရှာဖွေရာကနေ သန်းထွန်းဇော်(ခ)ဒါရိုက်တာ မိုက်တီးကို WY စာတန်းပါ ဆေးပြား ၂၆ ပြားနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Source – popular journal ‘s fb

ဖိုးသူတော် (www.phothutaw.com)
Credit: Burmesw - Asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top